မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Showing posts with label ကျန်းမားရေးသုတ. Show all posts
Showing posts with label ကျန်းမားရေးသုတ. Show all posts
Wednesday, December 24, 2014
မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်
ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း
အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်
ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ
မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကို
မျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်..။
ဆက်ဖတ်ရန်
ဝမ်းဗိုက်အဆီကို ပိုကျစေရန်
ဝမ်းဗိုက်အဆီချလိုသူ အမျိုးသားတွေအတွက် သတင်းကောင်းတစ်ပုဒ်ပါ။ ၀ိတ်မတာဟာ စက်ဘီးစီးတာ၊ ပြေးတာတွေထက် ၀မ်းဗိုက်အဆီကို ပိုကျစေတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။ သက်လတ်ပိုင်း အမျိုးသားတွေဟာ တစ်နေ့ကို ၀ိတ်မတဲ့လေ့ကျင့်ခန်း မိနစ်၂၀ ပုံမှန်လုပ်ပေးရင် ၀မ်းဗိုက်အဆီတွေ ကျလာပါလိမ့်မယ်။
အေရိုးဗစ် လှုပ်ရှားမှု လုပ်တာဟာ ၀ိတ်မတာလောက် ၀မ်းဗိုက်အဆီမကျပေမယ့် အဲဒီ့နှစ်ခုကို တွဲလုပ်တာဟာ ၀ိတ်မတာသက်သက် လုပ်သူတွေထက် အဆီပိုကျတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကို တိုင်းတာတာထက် ၀မ်းဗိုက်က အဆီအနည်းအများကို တိုင်းတာတာဟာ ပိုကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှုန ည်းလမ်းတစ်ရပ် ဖြစ်တယ်လို့ သုတေသီတွေက သတိပေးပြောကြားခဲ့ပါတယ်။ ၀ိတ်လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ နာမကျန်းဖြစ်မှုတွေကို ၃၄ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ပါးစေပြီး အထူးသဖြင့် ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်..။
ဆက်ဖတ်ရန်
Thursday, December 5, 2013
နံနက် အိပ်ယာမှ နိုးနိုးချင်း လေ့ကျင့်ခန်း လုပ်ပါ (
နံနက် အိပ်ယာမှနိုးလျှင် ကျောများ တောင့်တင်းခြင်း၊ ခြေထောက်နာ ခြင်းနှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ နာကျင်မှုကို ဖြစ်စေပါသည်။
ယင်းတို့ကို ဖြေလျော့ပြီး ပေါ့ပါးသည့် ကိုယ်ခန္ဓာ ရရှိစေရန် အောက်ပါ လေ့ကျင့်ခန်းများကို အိပ်ယာထဲ၌ပင် ပြုလုပ်ပါ။
(၁) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ ခန္ဓာကိုယ်ကို ညာသို့စောင်းပါ။ ပြီးလျှင် ဘယ်သို့ လှိမ့်၍စောင်းပါ။ (၁၀)ကြိမ် ပြုလုပ်ပါ။
(၂) ပက်လက် အနေအထားတွင် လက်နှစ်ဖက်ကို ဘေးမှာ ခပ်လျော့လျော့ ကပ်ထားပြီး ခြေထောက်နှစ် ဖက်ကို မျက်နှာကျက် ဆီသို့ မတင်ပါ။ (၁၀)စက္ကန့်ထားပါ။ ဤအနေအထား အတိုင်း (၁၀)ကြိမ်ပြုလုပ်ပါ။ သတိပြု ရန်မှာ ခြေဖျားကို ဖြေလျော့ ထားပါ။ ခြေချောင်းများကို ချွန်မထားပါနှင့် ခြေသလုံး ကြွက်တတ်တက်သည်။
(၃) ပက်လက်နေ၍ ခြေတစ်ဖက်၏ ဒူးကို ရင်ညွှန့်အထိကွေးချပါ။ စက္ကန့် (၂၀)ခန့်ထားပါ။ ဤနည်းဖြင့် ညာဒူး၊ ဘယ်ဒူး ပြောင်းပြီး တစ်ဖက်ကို (၃)ကြိမ်ပြုလုပ်ပါ။
(၄) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ လက်နှစ်ဖက်ကို မိမိအိပ်သည့် ခေါင်းရင်းဖက် ဖြည်းဖြည်း ဆန့်ထုတ်ပါ။ (၁၀)ကြိမ်ပြုလုပ်ပါ။
(၅)ပက်လက် ဆန့်အိပ်ပြီး ညာခြေကို ဖြည်းဖြည်းချင်း ညာဘက်ကို ဆန့်ထုတ်ပါ။ ညာဘက်ပြီးလျှင် ဘယ်ဘက် ခြေထောက်ကို အလားတူပြု လုပ်ပါ။ခြေထောက်ကို ဆန့်ထားဖို့ မမေ့ပါနှင့်။
ထုံးစံအတိုင်း တစ်ဖက်ကို (၁၀)ကြိမ်ပြုလုပ်ပါ။
ဆက်ဖတ်ရန်
ဆံပင်ဖြောင့်မည့် သူများအတွက် သိသင့်သည်များ
“
ဆံပင်သားကို မီးအပူဖြောင့်စက်နဲ့ စက်ဆွဲပြီး ဖြောင့်ဆေးသုံးကာ ဖြောင့် လိုက်မယ် ဆိုရင် ဘယ်လောက်ပဲ ကောက်သားရှိတဲ့ ဆံပင်သားဖြစ်ပါစေ ဖြောင့်စင်းပြီး လှပသွား တတ်ကြတယ်။ ဆံပင်သားဖြောင့်စင်း လှပနေတာဟာ အ မျိုးသမီးတွေ သာမက အမျိုးသားတွေပါ နှစ်သက်တတ်ကြတယ်။ ဆံပင်သား ဖြောင့်ချင်ကြတဲ့သူတွေက အကြောင်းပြ ချက်မျိုးစုံရှိကြတယ်။ ပင်ကိုကောက် သားရှိတဲ့သူတွေ၊ ဆံပင်သားက ဖြောင့် စင်းမနေဘဲ ပင်ကို ဆံပင်သား လှိုင်းတွန့် ပါသူတွေ၊ ဆံသားကြမ်းတမ်းတဲ့သူတွေနဲ့ ဆံပင်ဖြောင့်စင်းနေတာကို သဘောကျ နှစ်သက်တဲ့သူတွေက ဆံပင်သားကို ပို ပြီးလှပနေအောင်နဲ့ ဆွဲဆောင်မှုရှိအောင် ဆံပင်ဖြောင့် တတ်ကြတယ်။
ဘယ်လို အကြောင်းကြောင့်ပဲ ဆံ ပင်ဖြောင့်ပါစေ။ အဓိက ကတော့ ကိုယ့် ဆံသားနဲ့ ဦးရေပြားကို မထိခိုက်စေဘဲ လှပဖို့နဲ့ ပုံစံကျသွားစေဖို့လိုပါတယ်။ ဆံပင်ဖြောင့်တယ်ဆိုရင် လူအတော် များများက ဆံပင်တစ်ချောင်းချင်း ဖြောင်းစင်းနေတာကို သဘောကျတတ် ကြပြီး၊ နည်းနည်းလေးဆံပင်သား သိမ် နေမယ်၊ ကွေးနေမယ် ဆိုရင်တောင် မကြိုက်တတ်ကြဘူး။ ဒါဟာ ဆံပင် ဖြောင့်တဲ့သူတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒတစ်ခုပါပဲ။ ဆံပင်သားဖြောင့်တော့ မယ်ဆိုရင် ဆံပင်မှာ အလွှာသုံးလွှာရှိပါ တယ်။ အရမ်းကို သေးမျှင်တဲ့ ကျွန်မတို့ရဲ့ ဆံပင်တစ်ချောင်းမှာ အလွှာသုံးလွှာပါ ဝင်နေတယ်လို့ ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားထား ပါတယ်။
ဆံပင်ဖြောင့်တော့မယ် ဆိုရင် ပထမဆုံး ဖြောင့်ဆေးနဲ့အရင်ဆံပင်ကို ထိရပါတယ်။ ပြီးရင် ဆံပင်ဖြောင့်တာ ပိုပြီး ပုံစံကျစေဖို့အတွက် ဖြောင့်စက်ကို အပူဆုံးအဆင့်ပေးပြီး ဆံပင်ကို စက်ဆွဲ ပါတော့တယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ အလွှာသုံးလွှာထဲက နောက်ဆုံး အ လွှာအထိ မီးအပူနဲ့ ဆေးတွေရောက် ရှိသွားမယ်ဆိုရင်တော့ ဆံပင်သားဟာ ပင်ကိုမူလ သင့်ဆံပင်သားလိုမဟုတ် တော့ဘဲ။ အရမ်းကို ဖြောင့်စင်းနေတဲ့ ဆံပင်သားဖြစ်သွားပါတော့တယ်။ ဒါကို ဆံပင်ဖြောင့်တဲ့သူတွေက အရမ်းကို သဘောကျတတ်ကြပါတယ်။ ဆံပင် ဖြောင့်ထားတဲ့အပိုင်းဟာ ဦးရေပြားက ဆံပင်သားပေါက်လာလေလေ၊ အဖျား ပိုင်းက ဆံပင်သားရဲ့ အလေးချိန်နဲ့ အိကျ လာလေလေဖြစ် တာကြောင့် ကြာလာတဲ့ အခါမှာ
ဆံပင်ထိပ်ပိုင်းက ပြောင်လာပါ တော့တယ်။ ဦးရေပြားကနေ ထွက်တဲ့ ဆံပင်ဟာလည်း တဖြည်းဖြည်း ပုံစံ ပြောင်းလာ ပါတော့တယ်။ ပင်ကို ဆံပင်သားကို ပြန်မရတော့ဘဲ တဖြည်း ဖြည်းနဲ့ ဆံပင်က ပါးလာပြီး ဦးရေပြားကို မြင်ရတဲ့အထိ ဖြစ်လာပါတော့တယ်။ ဒါကို ဦးရေပြားမာသွားတယ်လို့ခေါ်ပါ တယ်။ ဒီလိုအခြေအနေမှာ ဆံပင်ပေါက် တာလည်း နှေးလာတတ် ပါတယ်။
ဆံပင်ဖြောင့်တဲ့ သူပဲဖြစ်ဖြစ်၊ ကောက်တဲ့ သူပဲဖြစ်ဖြစ် အလှအပကို စိတ်ဝင်စားတဲ့ သူတိုင်းဟာ ပုံစံတစ်မျိုး တည်းကို စိတ်မဝင်စားဘဲ အမျိုးမျိုး စိတ် ရဲ့ အလှအပ ပုံစံဖန်တီးမှုကိုလိုက်ပြီး ပြောင်းလဲနေတတ်ကြပါတယ်။ ဒါ ကြောင့် ဒီနေ့ဆံပင်ဖြောင့်ပြီးပေမယ့် နောက်နေ့ ဆံပင်ကောက်ချင်ရင် ကောက်ချင်တတ်ကြပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကို အရမ်းကပ်ပြီး ဖြောင့်တာ မျိုးကို မလုပ် သင့်ပါဘူး။ ဆံပင် အလွှာသုံး လွာထဲက ပထမ အဆင့် အလွှာလောက်ကိုပဲ ဆံပင် ဖြောင့်ဆေးဝင်အောင် စက်ဆွဲပေးသင့် ပါတယ်။ ဒါမှ နောက်ထပ်ဘယ်လိုဆံပင် ပုံစံတွေပဲပြောင်းပါစေ သင့်ဆံပင်နဲ့ ဦးရေ ပြာကို မထိခိုက်စေဘဲ လှပတဲ့ ဆံပင် စတိုင်တွေကို နောက်ထပ်ဖန်တီးနိုင်မှာ ဖြစ်တယ် ဆိုတာကို သဘောပေါက်နား လည်နိုင်စေဖို့ အတွက် ဆံပင်နဲ့မိတ်ကပ် အလှဖန်တီးသူ သင်းပျံ့နွယ်မှ မငယ်လေး က အကြံပြုပြောပြပေးထားတာတွေကို အလှအပရေးရာတွေစိတ်ဝင်စားတဲ့ သူ တိုင်းအတွက် ရေးသားတင်ပြ လိုက်ရပါ တယ်။
ဆက်ဖတ်ရန်
Monday, December 2, 2013
ပျိုမေတို့ လှစေဖို့ - အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း
နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသားအရေ ပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ်ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။
နေလောင်ဒဏ် သက်သာစေခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။
ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။
အိုမင်းမှုကို နှေးကွေးစေခြင်း
နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
အသားအရေ ဝင်းပစေခြင်း
နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင် တောက် ပစေပါတယ်။ မျက်နှာအသားအရေကိုလည်း အဖုအပိမ့်ကင်းကာ ဝင်းပစေပါတယ်။
အရေပြားပြဿနာများကို သက်သာစေခြင်း
နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်းယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။အရေပြားမှာ ဖြစ်ပေါ်တဲ့ အကြောပြတ် ရာတွေကိုလည်း မှိန်ဖျော့သွားစေပါတယ်။
အသားအရေကျန်းမာလှပရေးအတွက်နနွင်းမှုန့်အသုံးပြုနည်း
နနွင်းမှုန့်ကို စားမည်ဆိုလျှင် - နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း
တစ်ဇွန်းကို ရေနွေးပူပူထဲ ထည့်မွှေကာ စားပေးပါ။ နေ့စဉ် မှန်မှန် စားပေးပါက အသားအရေက
ဖြည်းဖြည်းချင်း ပိုမိုလှပလာပါလိမ့်မယ်။
နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် - နနွင်းမှုန့်ကို ရေနဲ့စေးပျစ်တဲ့ အနှစ်ရတဲ့အထိ မွှေပြီးအရေပြားပေါ် လိမ်းပေးပါ။
အချိန် ၁၀ မိနစ်ကြာရင် ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။
ဆက်ဖတ်ရန်
မနက်အိပ်ယာ ထထခြင်း နွားနို့မသောက်သင့်
မနက်အိပ်ယာထထခြင်း ရေသောက်တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။
အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာအကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ်ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန်မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။
နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ်ဝတယ် ဆိုခြင်း ဖြစ်ပြီး ဗိုက်ထဲမှာ အက်ဆစ်ဓာတ်တွေပြည့်နေတာတော့သတိထားမိသူနည်းမှာ ဖြစ်ပါတယ်။
ဝမ်းထဲမှာ ချေဖျက်စရာ အစာမရှိတော့တဲ့အတွက် အစာချေဖျက်ပေးတဲ့ Gastric acid ဟာ အစာအိမ်ထဲမှာ နေရာတကာ ရှိနေပါတယ်။ ပရိုတိန်းဓာတ်/ ကစီဓာတ် ပြည့်နေတဲ့ နွားနို့ တစ်ခွက်ကို သောက် လိုက်ခြင်းအားဖြင့် အစာချေဖြတ်စရာ မရှိလို့ အားခဲနေတဲ့ Gastric acid က ဝင်လာတဲ့ နွားနို့ကို အငမ်းမရ ချေဖျက်ပါတော့တယ်။ ဒီမှာ Gastric Acid က ပရိုတိန်းဓာတ်ကို ချေဖျက်ဖို့ ကောင်းကောင်း ဓာတ်မပြုနိုင်ပါဘူး။ ဒါကြောင့် မချေဖျက်နိုင်တဲ့ ၊ ဝမ်းထဲသို့ စွဲယူရန် ခဲယဉ်းတဲ့ အာဟာရ ဓာတ်တွေဟာ အူလမ်းကြောင်းတွေမှာ ကျန်ခဲ့ပါတယ်။
ဒါကြောင့် ဖြစ်လာတဲ့အကျိုးဆက်ကတော့ သောက်လိုက်တဲ့ နွားနို့ဟာ အာဟာရ မဖြစ်တဲ့အပြင် အစာမကြေခြင်း နဲ့ ဝမ်းလျှောခြင်းကို ဖြစ်စေ ပါတယ်။
ဒါကြောင့် မနက်အိပ်ယာထ နွားနို့သောက်ချင်သပဆိုရင်တော့ အစားအစာ တစ်ခုခုနဲ့ တွဲသင့်ပါတယ်။ ဥပမာ- ကွတ်ကီး၊ ဘီစကစ်၊ ပေါင်မုန့် အစရှိသဖြင့်။ အဲဒီအစားအစာတွေနဲ့သာ ရောစားသောက်ရင် နွားနို့ဟာ အစာအိမ်မှာ အခြေဖျက်ခံဖို့အတွက် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အူလမ်းကြောင်းတွေထဲကို အလိုအလျောက်ပျံ့ နှံ့ပြီး အထက်ဖော်ပြပါ ဆိုးကျိုးများကို ဖြစ်ပေါ်နေနိုင်ပါတယ်။ နွားနို့၊ ပဲနို့တို့ဆိုရင် အစာအိမ်ထဲမှာ အစာရှိမှ သောက်သုံးသင့်တဲ့ ကဆီဓာတ်ကြွယ်အစား အစာများ ဖြစ်ပါတယ်။
ဒါကြောင့် မနက်အိပ်ယာထချိန်မှာ အကောင်းဆုံးက ရေတစ် ခွက် ဖြစ်ပြီး နွားနို့၊ ပဲနို့ သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
အောင်ခမ်း ( ရိုးရာလေး )
ဆက်ဖတ်ရန်
Saturday, November 30, 2013
ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ
ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။
အခု ပြန်တွေ့တော့ လန်းဆန်း ကျန်းမာ တက်ကြွနေတော့ စကား စမြည် ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခု ရလာတာကို ဝေမျှခြင်လို့ပါ။
အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေက လန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံး သွားတာနဲ့ ဒါကြောင့် ကျမတို့ ရုံးက အန်တီ ဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိ စေချင်ဘူး၊ သူများတွေ သူ့ကို သေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူး ဆိုပီးရင် ဖွင့်ရှာပါတယ်။
ကျမ ရဲ့ အချစ်ဆုံး ကြီးကြီးလဲ ကင်ဆာနဲ့ ဆုံးသွားသလို အမလို ခင်မင်ပြီး ချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွား ရရှာပါတယ်။ အထူးသဖြင့် ကျမတို့ မိသားစုနဲ့ နှစ်အိမ်တစ်အိမ် လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲ ဆုံးပါး သွားကြတယ်။အရင်ကတော့ ပန်းခါး ဆိုတာ အရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေး တွေကို ရေနွေးကြမ်း လိုလုပ်သောက် ရတာပါ၊ အရမ်းကို ခါးတော့ ကျမတောင် စမ်းသောက်ကြည့်ပီး တွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမို သွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲ
ဘာထည့်ထည့် အရသာ မရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။
ကင်ဆာ ရောဂါ ဖြစ်နေ သူများအတွက် သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာ အကြောင်းအစုံလင် နားမလည် ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါ သတ်ပစ် တာဖြစ်ပီး ဒီဒူးရင်း သြဇာ အရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ် ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြ ပါတယ်။
ကျမ ညီမလေး ကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံ အမျိုးစားခြင်း မတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲ မတူနိုင်ပါ ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ကျမ အကြံ ပေးခြင် တာကတော့ အနည်းနဲ့ အများ ပျောက်သွား သည်ဖြစ်စေ သက်သာ သွားသည်ဖြစ်စေ အန္တရယ် မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့ တိုက်တွန်း ပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး သားခြင်း များမှာလဲ ကင်ဆာ ရောဂါရှိတဲ့ သူများရှိရင် ထပ်ဆင့် ဝေငှ ပေးကြပါ။
နတ်သမီး ဥယျာဉ်မှ ပြန်လည်မျှဝေပါသည်..။
ဆက်ဖတ်ရန်
ကျန်းမာရေးအတွက် Detox လုပ်နည်း
ကျွန်တော်တို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။
စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။
အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။
လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။
ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။
1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း
2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း
3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း
4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း
5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း
6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။
ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။
တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။
ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။
ဆက်ဖတ်ရန်
ှဆီးချို သွေးချို ရောဂါ အကြောင်း..
ဆီးချိုသွေးချိုရောဂါဆိုသည်မှာ ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသောအခါရောဂါတစ်ခုဖြစ်ကာ ခန္ဓာကိုယ်တွင်း အင်ဆူလင်ဟော်မုန်းဓာတ်ချို့တဲ့နေ၍ဖြစ်စေ ၊ အာနိသင်လျော့နည်းနေ၍ဖြစ်စေ ကစီဓာတ်တို့အားလုံး၏ဇီဝကမ္မဖြစ်စဉ်များ ပျက်စီးကာသွေးတွင်းအချိုဓာတ်များ များပြားနေသောရောဂါတစ်ခုဖြစ်ပါသည်။
ဖြစ်နိုင်ခြေရှိသူများ
          ဆီချိုသွေးချိုရောဂါမျိုးရိုးရှိသူများ ၊ အ၀လွန်ကဲသူများ ၊ ကိုယ်ကာယလှုပ်ရှားမှုနည်းသောသူများ ၊ သွေးအတွင်း အဆီဓာတ်မျာပြားသူများ ၊ သွေးတိုးရောဂါရှိသူများ အသက်(၄၀)ကျော်လာသူတိုင်း ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ပါသည်။ အထက်ပါအချက်အလက်များရှိသောသူများသည်ဖြစ်နိုင်ခြေပိုများသူများဖြစ်ကြပြီး ၎င်းအချက်အလက်များမရှိသော်လည်း လူတိုင်းသည်ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ပါသည်။
          အမျိုးအစားခွဲခြားခြင်း(Classification)အရ ဆီးချိုသွေးချိုရောဂါအမျိုးအစားလေးမျိုးရှိပါသည်။
(၁)     အမျိုးအစား(၁)ဆီးချိုသွေးချိုရောဂါ(Type 1 Diabetes)
(၂)     အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါ(Type 2 Diabetes)
(၃)     ကိုယ်ခန္ဓာအတွင်းရောဂါတစ်ခုခု သို့မဟုတ် အကြောင်းအချက်တစ်ခုခုကြောင့် နောက်ဆက်တွဲဆင့်ပွားဖြစ်ပေါ်လာ သောဆီးချိုသွေးချိုရောဂါ(Secondary Diabetes of other Specific Type of Diabetes)နှင့်
(၄)     ကိုယ်ဝန်ဆောင်စဉ်မှ ဖြစ်ပေါ်လာသောဆီးချိုသွေးချိုရောဂါ(Gestational Diabetes Mellitus)တို့ဖြစ်ကြပါသည်။
ရောဂါလက္ခဏာများ
          ဆီးချိုသွေးချိုရောဂါရှင်တစ်ဦးသည် အာခြောက်မည် ၊ ရေငတ်မည် ၊ နေ့ခင်းတွင်ဆီးအများကြီးသွားမည် ၊ ညဘက် တွင်လည်းမကြာခဏထပြီး ဆီးသွားမည် ၊ ကိုယ်အလေးချိန်ကျသွားမည် ၊ပိန်သွားမည်၊ဘာကြောင့်မှန်းမသိဘဲနုံးချည့်နေမည်၊ ကိုယ်လက်များယားယံပြီးကုတ်ခြစ်နေရမည် ၊ အင်္ဂါစပ်များယားယံမည် ၊ အမျိုးသမီးများအဖြူဆင်းမည် ၊ အနာများမကြာခဏ ပေါက်မည် ၊ အနာများကျက်ခဲမည်စသည့်ရောဂါလက္ခဏာများရှိတတ် ၊ ဖြစ်တတ်ပါသည်။
          ယင်းရောဂါများသည် ကလေးသူငယ်နှင့်လူငယ်များတွင်အဖြစ်များသည့်အမျိုးအစား(၁)ဆီးချိုသွေးချိုရောဂါတွင် ပို၍ သိသာပြင်းထန်စွာဖြစ်တတ်ပါသည်။ လူလတ်နှင့်လူကြီးများတွင်အဖြစ်များသည့်အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါများမှာ သိသိသာသာထင်ရှားခြင်းမရှိဘဲ ဖြစ်တတ်ပါသည်။
၎င်းဆီးချိုသွေးချိုရောဂါလက္ခဏာများအပြင်-
          -ဆီးသွားသည့်နေရာတွင် ပုရွက်ဆိတ်အုံနေတတ်သည်။
          -ခြေလက်များတုန်နေတတ်သည်။         
          -ခြေလက်များဖောရောင်တတ်သည်။
          ယင်းလက္ခဏာများ ဖြစ်ပေါ်လာခဲ့လျှင်လည်း ဆရာဝန်ထံသို့လာပြတတ်ကြပါသည်။
          မည်သည့်ရောဂါလက္ခဏာများမှ မပြဘဲနှင့်လည်း ဆီးချိုသွေးချိုရောဂါဖြစ်နေတတ်ပါသည်။ သတိထားရမည့်အချက် ပင်ဖြစ်ပါသည်။မည်သည့်ရောဂါလက္ခဏာမှမပြ၍ ဆီးချိုသွေးချိုရောဂါမရှိဟု အမှတ်မှားနေမည်ကိုစိုးရိမ်ရပါသည်။ရောဂါ လက္ခဏာများမရှိသော်လည်း ဆီးချိုသွေးချိုရောဂါအဖြစ်များသည့် အခြားအကြောင်းအချက်များရှိနေလျှင်လည်းဆီးချိုသွေးချို ရောဂါကို ဂရုပြုရှာဖွေဖော်ထုတ်စောင့်ကြည့်နေရန်လိုအပ်ပါသည်။
ဆီးချိုသွေးချိုရောဂါနှင့်တွဲဖြစ်တတ်သောရောဂါများ
          ဆီးချိုသွေးချိုရောဂါနှင့်တွဲဖြစ်တတ်သည့်ရောဂါများကလည်းအရေးကြီးပါသည်။
ယင်းရောဂါများ မိမိတွင်ရှိနေပြီဆိုလျှင် ဆီးချိုသွေးချိုရောဂါလည်းရှိနိုင်ပြီဆိုပြီး ရောဂါကိုရှာဖွေစစ်ဆေးစောင့်ကြည့်နေရန် လိုအပ်ပါသည်။ဆီးချိုသွေးချိုတွဲ၍ဖြစ်တတ်သည့်ရောဂါများမှာ-
          -သွေးတိုးရောဂါ
          -သွေးတွင်းအဆီများသည့်ရောဂါ
          -အ၀လွန်ကဲသည့်ရောဂါများဖြစ်ကြပါသည်။
ယင်းရောဂါသုံးခုစလုံးသည်အဖြစ်များကြပြီး ယင်းရောဂါများရှိလျှင် ဆီးချိုသွေးချိုရောဂါလည်းတွဲပြီးဖြစ်တတ်သည်ကို သတိ ထားရန်လိုအပ်ပါသည်။
ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲရောဂါများမှာ-
          -မျက်စိကွယ်ခြင်း
          -ဦးနှောက်သွေးကြောပိတ်ကာ လေသင်တုန်းဖြတ်ခြင်း
          -ကျောက်ကပ်ရောဂါဖြစ်ခြင်း
          -ခြေထောက်ပုပ်ခြင်း
          -ရောဂါပိုးမွှားများ မကြာခဏ၀င်ရောက်ခြင်း
          -အနာကျက်ရန်ခဲယဉ်းခြင်း
          -ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ပေါ်လာသောနောက်ဆက်တွဲဆင့်ပွားရောဂါများကြောင့် မိခင်နှင့်ကလေးတို့၏ ကျန်းမာ ရေးနှင့်အသက်အန္တရယ်ကို ထိခိုက်နိုင်ခြင်းတို့ဖြစ်ကြပါသည်။
ဆီးချိုသွေးချိုရောဂါရှင်များ၏မှားယွင်းစွာယူဆပြီး ကျင့်သုံးမှု အလေ့အကျင့်များ
          ဆီးချိုသွေးချိုရောဂါရှင်များ၏ မှားယွင်းစွာယူဆပြုမူကျင့်သုံးမှုအလေ့အထများမှာ-
(၁)     တတ်သိနားလည်သော ဆေးပညာရှင်များ ၊ ဆီးချိုသွေးချိုရောဂါအထူးကုပညာရှင်များ၏ အကြံပေးချက်များကို လက်ခံလိုက်နာခြင်းမရှိဘဲ အစာအာဟာရများကို မိမိထင်မြင်ယူဆချက်သက်သက်နှင့်စားသုံးနေကြခြင်း
(၂)     သိပ္ပံနည်းကျလေ့လာစမ်းသပ်ချက်မှုများအပေါ်အခြေခံ၍အကြံပြုချက်များကိုမလိုက်နာဘဲ ဆီးချိုသွေးချိုဝေဒနာရှင် အချင်းချင်းထံမှဖြစ်စေ ၊ရပ်ကွက်ထဲမှလူများ၏ထင်မြင်ယူဆအကြံပေးချက်များကိုဖြစ်စေ လွဲမှားစွာလက်ခံလိုက်နာနေကြခြင်း
(၃)     အစားအစာနှင့်ဆေးဝါးကိုအချိန်ကိုက်၍ စားသုံးခြင်းမရှိဘဲစားချင်သလိုစားသုံးနေကြခြင်း
(၄)     စားသုံးသည့်အစားအစာများတွင် အဓိကအကျဆုံးကစီဓာတ်လုံလောက်စွာပါဝင်ခြင်းမရှိဘဲ အရည်နှင့်အသားဓာတ် များသက်သက်ပါဝင်နေခြင်း
(၅)     အစားအစာစားသုံးချိန်များကို တစ်သမတ်တည်းမရှိဘဲစည်းကမ်းမရှိစွာ စားချင်သလိုစားသုံးနေခြင်း
(၆) စားသုံးရန်မသင့်သော အစားအစာများကို တစ်ခါတလေပါ ၊ နည်းနည်းလေးစားတာပါစသဖြင့် ဆင်ခြေများပေးကာ စားသုံးတတ်ခြင်း။
          မတည့်သောအစာများကို တစ်ခါတစ်လေဖြစ်စေ ၊ နည်းနည်းလျှော့စားသည်ဖြစ်စေ စားသုံးသည်နှင့်သွေးချိုဓာတ် များတက်လာပြီးသွေးချိုထိန်းသိမ်းမှုများပျက်စီးတတ်ပါသည်။ မတည့်သောအချိုဓာတ်သည်ဆီးချိုသွေးချိုရောဂါရှင်များ၏ ကိုယ်တွင်းအင်္ဂါများကို တဖြည်းဖြည်းချင်းထိခိုက်ပျက်စီးစေတတ်ကြောင်းသတိမူသင့်ကြပါသည်။ အဆိပ်ဟူသမျှနည်းနည်း ဖြစ်စေ ၊ လျှော့၍တစ်ခါတစ်လေစားသုံးသည်ဖြစ်စေ ၊ မည်သို့သောပုံစံနှင့်စားသည်ဖြစ်စေ ကိုယ်ခန္ဓာကိုထိခိုက်အန္တရယ်ရှိ ကြောင်းသတိချပ်စေလိုပါသည်။
ဆီးချိုသွေးချိုရောဂါမဖြစ်အောင်လိုက်နာဆောင်ရွက်သင့်သည့်အချက်များ
(၁)     အစားလျှော့စားပါ။(ချိုလွန်း ၊ ငန်လွန်း ၊ အဆီများလွန်းသောအစားအစာများကိုလျှော့စားပါ)
(၂)     ရေများများသောက်ပါ ။ ရေဆာလျှင်ရေကိုသောက်ပါ ။ အချိုရည်များသောက်သုံးခြင်းဖြင့်ရေငတ်ခြင်းကို မဖြေပါနှင့်။
(၃)     ကိုယ်ခန္ဓာအ၀မလွန်အောင်ထိန်းထားပါ။ အ၀လွန်ခဲ့လျှင်လက်ရှိကိုယ်အလေးချိန်၏ ငါးရာခိုင်နှုန်းမှခုနစ်ရာခိုင်နှုန်း အထိလျှော့ချနိုင်အောင်ကြိုးစားပါ။
(၄)     လှုပ်ရှားမှုများသည့်လူ့ဘ၀တွင်နေထိုင်ပါ။ အထိုင်များခြင်း ၊ လှုပ်ရှားမှုနည်းခြင်းကိုရှောင်ပါ။မဝေးသောခရီးကို လမ်းလျှောက်သွားပါ။မမြင့်လွန်းသည့် အထပ်များကိုခြေဖြင့်သာအတက်/အဆင်းလုပ်ပါ။အိမ်ရှင်မများ အိမ်အလုပ်ကို တက်ကြွစွာလုပ်ကိုင်ခြင်း ၊ ခြံထဲတွင်ပေါင်းမြတ်သုတ်သင်ခြင်းဖြင့်လည်း လှုပ်ရှားမှုများလုပ်ကိုင်နိုင်ပါသည်။
(၅)     နားနေချိန်တွင်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့လျှင်မိနစ် ၃တစ်ပတ်လျှင်ငါးရက် စုစုပေါင်းမိနစ် ၁၅၀ထက်မနည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
(၆)     အမျှင်ဓာတ်များသော အစားအစာများများစားသုံးပါ ။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုများများနှင့်စုံအောင် စားသုံးပါ။
(၇)     ပြည့်ဝဆီများလျှော့၍စားသုံးပါ။တိရစ္ဆာန်မှရသောအဆီများ ဥပမာ-ကြက်အရေပြား ၊ ဘဲအရေပြား ၊ ကလီစာများ ၊ ၀က်ဆီ ၊ အမဲဆီ စသည်တို့ကိုရှောင်ပါ။ ငါးမှရသော အဆီများစားသုံးနိုင်ပါသည်။(ဥပမာ-ငါးကြင်းဆီ ၊ ငါးပတ်ဆီ)
(၈)     စိတ်ဖိစီးမှုများလျော့နိုင်လျော့အောင် ကြိုးစားနေထိုင်ပါ။ အိပ်ချိန် ၊ နားချိန်လုံးလောက်အောင်ယူပါ။ အာဟာရပြည့်ဝ အောင်စားပါ။ အရာရာကိုအပြုသဘောဖြင့်အကောင်းမြင်နိုင်အောင်ကြိုးစားပါ ။ အချိန်ကိုစနစ်တကျအသုံးချပါ။ပြဿနာများ ကိုတစ်ယောက်တည်းမဖြေရှင်းနိုင်လျှင်တတ်သိသူများထဲမှ အကြံဥာဏ်ယူ၍ဖြေရှင်းပါ။
သတိပြုလိုက်နာရမည့် ယေဘုယအချက်များ
(၁)     ဆီးချိုသွေးချိုရောဂါသည်များအတွက် သက်သက်သီးသန့်အစားအစာဟူ၍မရှိပါ။
(၂)     မိသားစုအတွက်ပြင်ဆင်ချက်ပြုတ်ထားသောအစားအစာများကို အချိုဓာတ်ပါသောအစားအစာများမှလွဲ၍ မိသားစု နှင့်အတူစားသုံးကြရန်
(၃)     ဒိုင်းယက်(Diet)ကော်ဖီ ၊ လက်ဖက်ရည် ၊ ကွေကာအုပ်စသည့်အစားအစာများမှာ အ၀လွန်ကဲသည်များဆက်၍ မ၀စေရန်စွမ်းအင်ကယ်လိုရီဓာတ်မများအောင် စီမံထားကြခြင်းသာဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှင်များ အတွက်အထူး သင့်တော်စွာ စားသုံးနိုင်သည်ဟုလွဲမှားစွာယူဆ၍မစားသုံးမိကြစေရန်
(၄)     အစားအစာကိုကုထုံးတစ်ခုအနေဖြင့် အလေးထားယူဆပြီးဆေးကိုအချိန်မှန်စားသုံးသကဲ့သို့အစားအစာများကိုလည်း အချိန်မှန်မှီဝဲသုံးဆောင်ကြရန်
(၅)     သွေးချိုဓာတ်ထိန်းသိမ်းမှုကောင်းမွန်လာစေရန်သွေးချိုထိန်းသောက်ဆေးနှင့်ဖြစ်စေ ၊ အင်ဆူလင်ဟော်မုန်းနှင့်ဖြစ် စေ အစားအစာကိုအချိန်ကိုက်စားသုံးရန်
(၆)     အဓိကစားသုံးသော နံနက်စာ ၊ နေ့လယ်စာ ၊ ညနေစာများတွင်ကစီဓာတ်ဖြင့် ပြုလုပ်ထားသောအစားအစာများ  မဖြစ်မနေပါဝင်ထည့်သွင်းစားသုံးကြရန်
(၇)     နေ့စဉ်စားသုံးသောအစားအစာများ၏ပမာဏကို အဖြစ်နိုင်ဆုံးတူအောင်စားသုံးကြရန်
(၈)     နေ့စဉ်အစားအစာစားသုံးချိန်များကိုအနီးကပ်ဆုံးတူအောင်နေ့စဉ်စားသုံးကြရန် ၊ နေ့စဉ်စားသုံးနေကြအချိန်များတွင် အချိန်မှန်စားသုံးနေကြရန်
(၉)     ဆီးချိုသွေးချိုရောဂါသည် တစ်သက်တာလုံးရှိနေမည့်ရောဂါဖြစ်သဖြင့် မိမိ၏စားသုံးမှုဓလေ့စရိုက်များမှာတစ်သက် လုံးလိုက်နာကျင့်သုံးမည့်အလေ့အကျင့်များဖြစ်ရန်လိုအပ်ပါသည်။သို့ဖြစ်ပါ၍အစားအစာများကိုတစ်ပွဲထိုးရှောင်ခြင်း ၊ စားသုံး ခြင်းများမပြုလုပ်ကြဘဲ စားသုံးမှုဓလေ့စရိုက်များကိုမိမိနှင့်သဘာဝလိုက်ဖက်သောဓလေ့စရိုက်များဖြစ်စေရန်အထူးပင် အရေး ကြီးလိုအပ်ပါသည်။
ဆီးချိုသွေးချိုရောဂါရှင်များအနေဖြင့် စားသုံးသင့်သည့် အစာအာဟာရများ ကိုရဲတင်းစွာ စားသုံးနိုင်သကဲ့သို့ မသင့်လျော်သော အစာအာဟာရများကိုလည်း လုံးဝမစားသုံးကြရန် အထူးပင်လိုအပ်လှပါသည်။ မစားသုံးသင့်သည်များ စား
သုံးပါက သွေးတွင်းသကြားဓာတ်များလွန်ကဲများပြားနေမည် ဖြစ်သကဲ့သို့ စားသုံးပါက သွေးတွင်းသကြားဓာတ်များလွန်ကဲ
များပြားနေမည် ဖြစ်သကဲ့သို့ စားနိုင်သည်ဆိုသော အစာများကို အလုံအလောက်မစားသုံးခဲ့လျှင်လည်း သွေးတွင်းအချိုဓာတ် များ  ကျဆင်းလွန်းကာ သတိလစ်မေ့မြောခြင်းမှ မသင့်လျော်သော အစာများကိုရော စားသုံးနိုင်သော
အစာများကို သိရှိထားရန် အထူးလိုအပ်ပါသည်။
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Blogger news
ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)
LinkWithin
Related Posts Plugin for WordPress, Blogger...