မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 10, 2013

ခင်ကြီးဖျော်ဟာ ဘာကြောင့် မ တစ်လုံးကျေဆရာတော် ဖြစ်ရတာလဲ

တောင်တွင်းဆရာတော် ခင်ကြီးဖျော်မှာ မသိသောအရာ၊ မတတ်သောအရာ လုံးဝ မရှိသည့်အတွက် မ တစ်လုံးကျေ ဆရာတော်အဖြစ် ထင်ရှားခဲ့ခြင်းဖြစ်၏။
 သာဓကဆောင်ရလျှင်... တစ်နေ့သ၌ နောင်တော်မင်းကြီးက ဆရာတော်သည် သဘင်အတီးအမှုတ်ကို နားလည်မည်မထင်။ ကျောင်းတွင် ဆိုင်းတီးစေဟုဆို၍ ဆိုင်းသမားများ ဘုရင်၏အမိန့်အရ သွား၍ တီးရသည်။ ထိုအခါ ဆရာတော် က ဆိုင်းသမားများအား ဤအလုံးကိုပေါင်း၊ ဤအရာကိုခွဲ၊ ဤအရာကိုတွဲ၊ လက်က ဤသို့ထားဟု ခိုင်းစေရာ ဆိုင်းသမားများလည်း ဆရာတော် ပြောဆိုသည့်အတိုင်းလုပ်၍ ဆရာတော်ပြောသည့် အတိုင်း တီးကြည့်သော အခါ မကြုံစဖူး၊ မကြားဖူးသော တီးကွက် တီးလက်ကို ရကြသည်။ အဆိုပါ တီးလုံးတီးကွက်ကို မြဝတီမင်းကြီး ဦးစလက်ထက်ကျမှ စာသင်းသွင်း၍ သီချင်းအမည်တပ်ရာ သမာဒေဝနတ်သီချင်းဟု ကျော်စောလေသည်။
တစ်ကြိမ်တွင်လည်း ဆရာတော်သည် အခြားပညာရပ်များကို တစ်ဖက်ကမ်းရောက် တတ်မြောက်သော် လည်း တံငါတို့၏ ကွန်ပစ်ခြင်းအတတ်ကိုမူ ရဟန်းတို့နှင့်မဆိုင်၍ မတတ်ဟု ပြောဆိုကြလေသည်။
ထိုအခါ ဆရာတော်က ညဥ့်အချိန် ကျောင်းမှ ရဟန်းတစ်ပါးနှင့် ကပ္ပိယတစ်ဦးကိုခေါ်၍ စစ်ကိုင်းမြို့ ထူပါရုံဘုရားအနီးမှ တံငါသည်တစ်ယောက်ကိုခေါ်ကာ ကွန်ပစ်ခိုင်းသည်။
ကွန်တွင်ပါလာသော ငါးအရေအတွက်ကို မှတ်ထားသည်။ ထိုနောက် ဆရာတော်က နည်းပြ၍ ကပ္ပိယကို ကွန်ပစ်ခိုင်းရာ ငါးအရေအတွက် ပိုမိုရရှိ လေသည်။ ထိုရသမျှ ငါးများကို ရေသို့ပြန်လွှတ်ရသည်။
တစ်ကြိမ်တွင်လည်း နောင်တော်မင်းတရားက ဆရာတော်သည် စစ်တုရင်အတတ်ကိုကား တတ်မည်မဟုတ်ဟု ယူဆ၍ စစ်တုရင် ထိုးသည့်ဘက်၌ အကောင်းဆုံး တတ်ကျွမ်းသော သူတစ်ယောက်ကို ခေါ်ကာ စစ်တုရင်ပစ္စည်းများ နှင့်တကွ ကျောင်းသို့လွှတ်၍ ကစားစေသည်။ ပထမနှစ်ပွဲတွင် သူမသာ ကိုယ် မသာ ဖြစ်၍ နောက်ကစားပွဲများတွင် ဆရာတော်ကချည်း ဆက်၍ အနိုင်ရသည်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...