မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 10, 2013

ခေတ်ဟောင်းရုပ်ရှင်ကို ဘယ်လိုစခဲ့ရသလဲ

ယနေ့ မြန်မာ့ရုပ်ရှင်လောကသည် အတော်အတန် ဖွံ့ဖြိုးခဲ့ပြီး ဆင့်ပွားဖြစ်သည့် ဗီဒီယို၊ ဗီစီဒီ၊ ဒီဗွီဒီ များလည်း တိုးတက်ပေါ်ထွက်လာခဲ့ပါပြီ။
ခေတ်ဟောင်း မြန်မာ့ရုပ်ရှင်၏အစ အခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရသည်။ ကမ္ဘာ့အနောက်နိုင်ငံတွင် ၁၈၉၄ ခုနှစ်မှစ၍ ရုပ်ရှင်ပြခဲ့ပြီး မြန်မာနိုင်ငံတွင်မူ နှစ်ပေါင်း(၂၅)နှစ် နောက်ကျပြီးမှသာ ပေါ်ထွက်လာခဲ့ပါသည်။
ပထမဆုံး မြန်မာ့ရုပ်ရှင်မှာ ဘိလပ်သွား ကိုယ်စားလှယ်ကြီး ဦးထွန်းရှိန်၏ ဈာပနသတင်းကားဖြစ်၍ ဒါရိုက်တာအဖြစ် ဓာတ်ပုံပညာရှင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်က ရိုက်ကူးခဲ့ပါသည်။
၁၉၂၀ ပြည့်၌ ရန်ကုန်မြို့ရှိ စီနီမာဒီပဲရစ်ရုံကြီးတွင် အမေရိကန် ရုပ်ရှင်ကားတစ်ကားနှင့် ပူးတွဲပြသခဲ့ရာ မြန်မာလူထုကြီးက တစ်ခဲနက် အားပေးခဲ့ကြပါသည်။
ဇာတ်လမ်းပါသော ဇာတ်ကားကို ဘားမားဖလင်မှ ရိုက်ကူးခဲ့ပြီး ဇာတ်ကားအမည်မှာ “မေတ္တာနှင့် သူရာ” ဖြစ်သည်။ ဆရာကြီးပီမိုးနင်း၏ ဇာတ်လမ်းဖြစ်ပြီး မြန်မာ့ ရုပ်ရှင် ဇာတ်လမ်းပါ ဇာတ်ကားများအနက် ပထမဦးဆုံးလည်း ဖြစ်ပါသည်။
ဦးတုန်ကြီးနှင့် လန်ဒန်အတ် ဦးအုန်းမောင်တို့က ဒါရိုက်တာအဖြစ် ရိုက်ကူးကြသည်။ မင်းသားမှာ မြန်မာအဆွေ ဦးဘညွန့်၏သား ဦးညီပု၊ မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီဖြစ်ပြီး ၎င်းဇာတ်ကားကို ရန်ကုန်မြို့ရှိ စီနာမာဒီပဲရစ်ရုံကြီးတွင်ပင် ပြသ ခဲ့ပါသည်။
၎င်းနောက် “ကျေးတောသူ မနု” ဇာတ်ကားကို ထပ်မံရိုက်ကူးခဲ့ပါသည်။ လန်ဒန်အတ် ကုမ္ပဏီမှဖြစ်ပြီး ဦးညီပုနှင့် ခင်ခင်နုတို့ ပါဝင်သရုပ်ဆောင် ခဲ့ကြပါသည်။
၁၉၂၀ မှ ၁၉၂၉ ခုနှစ်အတွင်း ရုပ်ရှင် ကုမ္ပဏီပေါင်း(၄၀)ကျော် ပေါ်ပေါက်ခဲ့ဖူးသည်။ ၁၉၃၃ ခုနှစ်စတင်၍ “မြန်မာအဆွေ” ကို “အေဝမ်း” ဟူ၍ အမည်ပြောင်းလဲလိုက်သည်။
မြန်မာအသံထွက် ပထမဆုံးဇာတ်ကားမှာ “ငွေပေးလို့မရ” ဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင် ရိုက်ကူးပြီး မင်းသားအေးကိုနှင့် မင်းသမီး ခင်မေလေးတို့ ပါဝင်သည်။ အဆိုပါဇာတ်ကားကို ရန်ကုန်မြို့ရှိ ဘားမားအင်ပီရီးရယ် ကုမ္ပဏီက ဘုံဘေတွင် သွားရောက် ရိုက်ကူးခဲ့သော်လည်း အသံ အနေအထားမှာ စိတ်တိုင်းကျလောက်အောင် ပီပြင်မှုမရှိခဲ့ပေ။
ဒုတိယ အသံထွက်ရုပ်ရှင်ကားမှာ “ပဋိက္ခရား” ဖြစ်ပြီး ဗြိတိသျှဘားမား ကုမ္ပဏီမှ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မင်းသားကိုလှဖေနှင့် မင်းသမီး ခင်ခင်ရီတို့ ပါဝင်ထားကြပြီး ရန်ကုန်မြို့၌ပင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် ယနေ့ပွဲလယ်တင့်နေသော မြန်မာ့ရုပ်ရှင် ဖြစ်မြောက်လာအောင် ရှေးမဆွက အနုပညာရှင် များ အတတ်ပညာရှင်များက ကြိုးပမ်းခဲ့ကြရပါ၏။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...