မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Saturday, July 13, 2013

ဒူးနာရောဂါအတွက် နည်းလမ်း



ကွေးလွယ် ဆန့်လွယ်တဲ့ ရှူးဖိနပ်တွေက ဒူးနာ (Knee Arthritis) အတွက် ပိုပြီးသက်သောင့် သက်သာ ဖြစ်စေပေမယ့် ခြေဗလာနှင့် လျှောက်တာ လောက်တော့ မကောင်းဘူးလို့ ချီကာဂိုရှိ Rush တက္ကသိုလ်၊ ဆေးကောလိပ်မှ လေ့လာမှု တစ်ခုက ဆိုလိုက်ပါတယ်။ 
ခြေခုံမာတဲ့ ရှူးဖိနပ်များက လူကြိုက်များတယ်။ ဒူးနာရှိသူ အများအပြားက ယင်းရှူးဖိနပ်များကို ဝတ်နေကြတယ်}လို့ လေ့လာမှု ဦးဆောင်သူ Fr.Najia Shakoor က ပြောပါတယ်။ 
သို့ပေမယ့် အဲဒီရှူး ဖိနပ်တွေက ပိုပြီးကွေးလွယ် ဆန့်လွယ်တဲ့ ရှူးဖိနပ်တွေနှင့်စာရင် ဒူးဆစ်ပေါ်မှာ ပိုပြီးသိသာတဲ့ ဝန်ပိစေပါတယ်။
Dr . Shakoor က ဒူးနာရှိ သူများ အတွက် ခြေခုံပြား ကွေးလွယ် ဆန့်လွယ်တဲ့ ရှူးဖိနပ်မျိုးဝတ်ဖို့ အကြံပေး ပါတယ်။ ရှူးဖိနပ်မှာ ခြေခုံပါးလေ လှုပ်ရှား မှုသိအာရုံက ပိုကောင်းလေ ဖြစ်တယ်။
မြေကြီးနှင့် ခြေဖဝါးထိတဲ့ အချိန်ကို သိရှိတဲ့ သဘောကို ဆိုလိုတာ ဖြစ်တယ်။ ယင်းသို့သိခြင်းက ပုံမှန်ဦးနှောက်နှင့် ကြွက်သားတို့ရဲ့ အလို အလျောက် တုံ့ပြန်ချက်များ ဖြစ်စေပြီး မြေကို ထိဆောင့်ခြင်း ဒဏ်ကို ခြေထောက် ခံစားရမှုမှ အကာအကွယ်ပေး တယ်လို့ သိရ ပါတယ်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...