မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Saturday, November 30, 2013

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး


နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး
(နေပြည်တော် အထူးသတင်း)


နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိ လမ်းမကြီးတစ်ခုတွင် ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင် လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်ဒေသခံများအကြား ပြောဆိုနေကြသည်

သူရဲခြောက်သည်ဆိုသောလမ်းမကြီး၏ တည်နေရာမှာ လွှတ်တော်အဆောက် အဦးများ နှင့် မလှမ်းမကမ်းတွင်ရှိပြီး ဦးတင်အေး ဦးသန်းရွှေ ဦးမောင်အေး ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့ နေအိမ်များ၏ အနောက်ဖက်ပတ်လမ်းအဖြစ် ဖောက်လုပ်ထားသောလမ်းဖြစ်သည်

နေအိမ်များဟုနာမည်တပ်ထားသော်လည်း လူရိပ်လူရောင်တခါမျှ မတွေ့ရပဲ ညဘက်ဆိုလျှင်လည်း အမှောင်ချထားတာများကြောင်း ဒေသခံများမှ ပြောကြသည်

လူသွားလူလာအလွတ် ပြတ်တောက်သောလမ်းဖြစ်ပြီး တခါတရံ လက်နှက်ကိုင် အစောင့်များဖြင့် ပိတ်ထားတတ်တသောလမ်းလည်း ဖြစ်သည်

ထိုနေရာတွင် ဦးသန်းရွှေ၏ အိမ်မှာ အနိမ့်အဖြစ်တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများဖို့ကာ ကွယ်ထားသဖြင့် လမ်းမှ လှမ်းကြည့်လျှင်မမြင်ရဟု သိရသည် ခြံထဲတွင်လည်း သစ်ပင် ဝါးပင်များ ပိတ်ပိတ်မှောင်နေအောင် စိုက်ထားသည် ဟု သိရသည်

၊အနားတစ်ဝိုက်ရှိ နေလက်စ ရွာဝိုင်းကလေးများကိုလည်း လူအဝင်အထွက်တင်းကျပ်ထားပြီး ညအိပ်ဧည့်သည် တားမြစ်ထားကြောင်းသိရသည်

အနီးအနားတစ်ဝိုက်တွင် အခြားလူနေအဆောက်အဦးများ လုံးဝမဆောက်လုပ်စေပဲ သစ်ပင်များ စိုက်ခင်းများဖြင့်သာ ထားရှိကြောင်းသိရသည် ညဘက်သွားလျှင် အလွန်ခြောက်ခြားဖွယ်ကောင်းသော လမ်းဖြစ်သည်

နေပြည်တော်သို့မကြာခဏသွားရသူတစ်ယောက်က အဲဒီမှာ လမ်းရှိမှန်းတောင် မသိဘူးဗျ

လို့ဆိုကြောင်းသိရပါသည်

အဆိုပါလမ်းသို့ ညသန်းခေါင်အချိန် ကိုယ်ပိုင်ကားဖြင့်
သွားမိသူတစ်ဦးက ကျနော် အဲဒီဘက်ကို မောင်းသွားမိတာ ညဘက်ကြီးဗျ သန်းခေါင်လောက်ရှိမယ် ကားရှေ့မီးရောင်မှာ အရိပ်လိုလို လူလိုလို တွေ့တော့ ကျနော်လည်း ဟွန်းတီးလိုက်တာ လှိုဏ်သံလိုလို

ပြန်ကြားရတယ် အဲဒါနဲ့ သေချာအောင်လို့ဆိုပြီး နောက်တစ်ချက်ထပ်တီးလိုက်တာ နောက်တစ်ခါထပ်ကြားရတယ်ဗျို့ တော်ပြီ နောက် အဲဒီဘက်မသွားတော့ဘူးဆိုပြီး နောက် ကျနော် ယောင်လို့တောင် မသွားတော့ဘူးဗျ ဟုပြောပါသည်

အဆိုပါသတင်းကိုကြားသော အင်ဂျင်နီယာတစ်ဦးကမူ အဲဒီနားမှာ မြေအောက်လှိုဏ်ခေါင်းတွေရှိပုံရတယ်ဗျ လို့ မှတ်ချက်ချဘူးကြောင်းလည်း သိရသည်

အဆိုပါ သရဲခြောက်သည်ဟုဆိုသောလမ်းကို ဂူဂယ်မတ် တွင် 19.759918,96.14306 ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါသည်

(နေပြည်တော်မှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)
မျှဝေပါသည်..။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...