ဝမ်းဗိုက်အဆီချလိုသူ အမျိုးသားတွေအတွက် သတင်းကောင်းတစ်ပုဒ်ပါ။ ၀ိတ်မတာဟာ စက်ဘီးစီးတာ၊ ပြေးတာတွေထက် ၀မ်းဗိုက်အဆီကို ပိုကျစေတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။ သက်လတ်ပိုင်း အမျိုးသားတွေဟာ တစ်နေ့ကို ၀ိတ်မတဲ့လေ့ကျင့်ခန်း မိနစ်၂၀ ပုံမှန်လုပ်ပေးရင် ၀မ်းဗိုက်အဆီတွေ ကျလာပါလိမ့်မယ်။
အေရိုးဗစ်
လှုပ်ရှားမှု လုပ်တာဟာ ၀ိတ်မတာလောက် ၀မ်းဗိုက်အဆီမကျပေမယ့် အဲဒီ့နှစ်ခုကို
တွဲလုပ်တာဟာ ၀ိတ်မတာသက်သက် လုပ်သူတွေထက် အဆီပိုကျတယ်ဆိုတာကိုလည်း
ဖော်ပြထားပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကို တိုင်းတာတာထက် ၀မ်းဗိုက်က
အဆီအနည်းအများကို တိုင်းတာတာဟာ ပိုကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှုန
ည်းလမ်းတစ်ရပ် ဖြစ်တယ်လို့ သုတေသီတွေက သတိပေးပြောကြားခဲ့ပါတယ်။
ဝိတ်လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့
နာမကျန်းဖြစ်မှုတွေကို ၃၄ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ပါးစေပြီး
အထူးသဖြင့် ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်..။
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။