မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Sunday, October 27, 2013
အများပြည်သူများ ရှောင်ရှားသင့်သော လုပ်ဆောင်ချက်များနှင့် အစားအစာများ
      လူတိုင်း နေ့စဉ်ထိတွေ့ စားသုံးနေသော အရာများနှင့် လုပ်ဆောင်ချက်များသည် ကျန်းမာရေးနှင့် လျော်ညီစွာ စားသုံးသင့်ပါကြောင်း သိမှတ်သမျှ ပြန်လည်ဖောက်သည်ချပြောလိုက်ပါရစေ။ 
နိုင်ငံခြားတိုင်းပြည် များတွင် သကြားကို မူလသဘာဝ အရောင်အတိုင်း ၀ါညစ်ညစ်သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံ၌မူ ဟိုက်ဒရိုဟု ခေါ်သော (Chemical) ချွတ်ဆေးသုံး၍ ဖြူဖွေးသော သကြားများကို ရွေးချယ် စားသုံးကြတာကို တွေ့ရပါတယ်။ 
ထန်းညက်သည်လည်း မူလအညိုရောင်ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံး ဆားသည်ပင်လျှင် ဓာတုချွတ်ဆေးသုံး၍ ဖြူဖွေးအောင် လုပ်ကြ ပါတယ်။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြ**့ သဘာဝအရောင်ကို ရွေးချယ် စားသောက်သင့်တယ်ဆိုတာ ပြောချင်ပါတယ်။
နောက် အသုံးမပြုသင့်ပဲ ရှောင်ရှားသင့်တာကတော့ တကယ်လို့သာ ကင်ဆာရောဂါဖြစ်ပွားမှာကို ကြောက်ခဲ့ရင်ပေါ့လေ။ ပလတ်စတစ်နှင့် ဖော့ဗူးတွေကို ရှောင်ရှားရမှာပဲဖြစ်ပါတယ်။ ဟိုးရှေးယခင်ကတော့ ဘာပဲဝယ်ဝယ် တစ်လုံးချိုင့်လေး လက်ကဆွဲပြီး သွားဝယ်ကြတာကို ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ မြင်ဖူးခဲ့သလို ကိုယ်တိုင်လည်း လက်ဖက်ရည်ဝယ်ဝယ်၊ အအေးဝယ်ဝယ် အိမ်က အဘွားက ယူသွားခိုင်းလို့ ၀ယ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့ အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ ယူသွားရမှာ အလုပ်ရှုပ်တာနဲ့ မသယ်တော့ပဲ အလွယ်ထည့်ပေးတာနဲ့ ကျွန်တော်လို ၀ယ်ခဲ့မယ်လို့ ထင်မြင်မိပါတယ်။
ဒီတော့ မုန့်ဟင်းခါးပဲ ၀ယ်ဝယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အသုပ်စုံတွေ၊ ထုံချိုင်းတွေ၊ အကြော်စုံတွေ၊ အကင်တွေပဲ ထုပ်ထုပ်၊ ပလတ်စတစ်တွေ၊ ကြွတ်ကြွတ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြတာကို အများအားဖြ**့ တွေ့ရှိနေရပါတယ်။
ပလတ်စတစ်တွေထဲမှာ ပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ဓာတ်နဲ့ စတိုင်းရင်း (Styrene) ဆိုတဲ့ ဓာတုပစ္စည်း တွေဟာ အပူဓာတ်နဲ့ပဲတွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြု ပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက် တွေမှာ  မိုနိုမာ (Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ သုတေသနပြုသူများက တွေ့တယ်လို့ သိရှိရပါတယ်။ ဒီဓာတုပစ္စည်းတွေ အကုန်လုံးဆိုးရွားတဲ့ ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူး တွေနဲ့ပဲ အစားအသောက်တွေကို သတိထားပြောင်းလဲကြစေချင်ပါတယ်။
ပြီးတော့ ဒန်ပေါက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း (Styrene) ဓာတ်ပါတဲ့ ပလတ်စတစ်အုပ်စုတွေဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝ အသုံးမပြုဖို့ ဆင်ခြင်သင့်ကြောင်း...။
နောက် အသုပ်ဆိုင်တွေ၊ အကြော်ဆိုင်တွေ၊ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင် တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ်လူတွေ အများအားဖြ**့ လမ်းဘေးပလက်ဖောင်းတွေပေါ်မှာ အသီးသီး ခင်းကျင်းရောင်းချနေတာတွေ မြင်ဖူးကြမယ်ထင်ပါတယ်။ နေ့စဉ် လူတွေ မြိန်ရည်ယှက်ရည် စားသောက်နေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ်၊ ကင်ဆာရောဂါဖြစ်စေတတ်တဲ့ ဓာတု တာရှည်ခံဆေးတွေကတော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း (H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ခေါ်တဲ့ အဆိပ်တွေပါပဲ။ ဆာ(လ်)ဖျူရစ်အက်ဆစ်က နည်းနည်းလေး ထည့်ရုံနဲ့ အချဉ်ရည်အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာ သုံးတဲ့ အက်ဆစ်တစ်မျိုး ပါပဲတဲ့။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ တွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝ ရှောင်ကျဉ်သင့်တဲ့ အထဲမှာ ပါဝင်နေပါတယ်။
အချိုရည် အသောက်များတဲ့ ကိုကိုမမတွေနဲ့ ကလေးတွေကို ဂျယ်ရီဝယ်ကျွေးတဲ့ မိခင်များ သတိထား ရမှာကတော့ အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကဖိန်းဓာတ်များ ပါဝင်ပြီး ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါများအပြင် အသည်းကင်ဆာရောဂါတို့ကိုပါ ဖြစ်ပွားစေ တတ်ကြောင်း လေ့လာဖတ်ရှုရပါသည်။ ထို့အတူ ဂျယ်ရီဗူးများတွင်လည်း တရုတ်မှလာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzoate ခေါ် တာရှည်ခံဆေးပါဝင်တဲ့ ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြ**့ သားသားမီးမီးတို့ကို အရမ်းမကျွေးသင့်ပါ။ ဖြစ်နိုင်လျှင် လုံးဝ မကျွေးပဲ ရောင်းလည်း မရောင်းသင့်ပါကြောင်း သိမှတ်ရပါတယ်။
နောက် မီးဖိုချောင်သုံး အိမ်ရှင်မများ သတိပြုစရာတွေကတော့ မယ်လမင်းလို့ခေါ်တဲ့ ဖိုက်ဘာ ပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြု ပစ္စည်းဖြစ်သဖြ**့ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါ များကို ဖြစ်ပွားစေသဖြ**့ လုံးဝအသုံးမပြုသင့်ပါ။
အစားအသောက်များထဲတွင် တားမြစ်အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုဇွန်ချဉ်နီနီ၊ အ၀ါရောင်ဆိုးထားသော ငါးပုဏ္ဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ် စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်သဖြ**့ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါကြောင်း ဖတ်မှတ်သိရှိရပါတယ်။ တစ်ဆက်တည်း သတိပြု ရှောင်ကြဉ်သင့်တဲ့အထဲမှာ ပါဝင်တဲ့ အသီးအနှံများမှာ ဓာတုဟော်မုန်းဆေးများ အသုံးပြုထားပြီး အဆမတန်ကြီးထွားနေသော မုံလာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ၊ ပိုးသတ်ဆေးအပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုံလာထုပ်၊ မုံညှင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းထားပြီး မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာဖြစ်စေနိုင်သဖြ**့ ရှောင်ရှားသင့်ပါတယ်။
ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုဇွန်၊ ယူရီးယားဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာဖြစ်မှာ ကြောက်ရင်တော့ ရှောင်ရှားစားသောက်နိုင်ပါတယ်။ အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာသီးနှင့် ဆီးသီး စတဲ့ ပုံမှန်စိုက်ပျိုးထားသော အသီးအနှံမဟုတ်ပဲ ဓာတုပစ္စည်းများနှင့် ပြုပြင်ပြောင်းလဲထားတဲ့ အသီးမှန်သမျှ ကင်ဆာဖြစ်နိုင်ချေ အလွန်ရှိပါကြောင်း သိရှိရပါတယ်။ 
ပြောရင်တော့ ဆုံးမှာမဟုတ်ပါဘူး။ စားအုန်းဆီတွေ မစားသင့်ကြောင်းတော့ အားလုံးသိကြမယ်ထင်ပါတယ်နော်။ ပြောသာပြောရတာ စီးပွားရေးလုပ်စားတဲ့သူတွေ ကလည်း ၀မ်းစာအတွက် မလုပ်မဖြစ် လုပ်နေကြတော့ ဒါတွေမှ မစားရင်လည်း ဘာတွေစားရမလဲလို့ စောဒက တက်စရာ ရှိပါတယ်။ စားတော့ စားကြပေါ့ အလွန်အကျွံစားရင်တော့ ရောဂါပိုဖြစ်မြန်မယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုမှ မပြောရင်လည်း ရောင်းစားတဲ့သူတွေက လာရိုက်မှာလည်း ကြောက်ရသေးတယ်။ နောက် ဘာလုပ်ကိုင် စားသောက်ကြမလဲဆိုတာလည်း စဉ်းစားစရာ ဖြစ်လို့နေပါတယ်။ ညီမလေးတစ်ယောက်ဆို အမြဲလမ်းဘေး အသုပ်တွေ စားဖြစ်တော့ နောက်ဆုံး ဗိုက်ခဏခဏအောင့်ကာ ဆေးရုံမှာ ပြရတော့တဲ့အဆင့်ကို ရောက်ရှိ သွားပြီး အစာအိမ်မှန်ပြောင်းကြည့်ရတဲ့အဆင့်တောင် ဖြစ်သွားပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီလိုရောဂါဖြစ်စေ နိုင်တဲ့ ဓာတုပစ္စည်းအသုံးမပြုတဲ့ အစားအစာများကိုသာ ရောင်းချသင့်ပါကြောင်းနှင့် စားသုံးသူများအနေဖြင့် လည်း သတိထားရှောင်ကြဉ်သင့်ပါကြောင်း ပြောရင်းနဲ့ ခုလိုသိမှတ်ရအောင် လမ်းညွှန်ပေးသော မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောလိုက်ရပါတော့တယ်။  
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းသို့ ၀င်ရောက်လိုသူများနှင့် အကူအညီတောင်းခံလိုသူများ ဖုန်း ၆၄၄၀၉၀ နှင့် ၀၉၄၂၁၁၂၁၈၉၀ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပေးလိုက်ပါရစေ..။
မျှဝေခြင်း ဖြစ်ပါသည်..။
ဆက်ဖတ်ရန်
ထူးဆန်းထွေလာပြည်မြန်မာ (မြန်မာရဲ့ ပထမဆုံး ထူးဆန်းမှုကြီးများ)
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။
 (၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။
 (၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။
(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။
(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
 (၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။ 
(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်) အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
(၈) လေအေးစက်တပ်ထားသောအခန်းများတွင်နောက်မှီကုလား ထိုင်ပေါ် ထိုင်၍ တောင်းစားသောသူတောင်းစားများမှာမြန်မာနိုင်ငံတခု တည်းတွင် သာရှိသည်။
(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
 (၁၀)ဆင်ဆာ
(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့်  (Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည် မြန်မာတနိုင်ငံ တည်းတွင်သာရှိသည်။
 (၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍ ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။
 (၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရ ဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ် သည်။
 (၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။
(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။
(၁၆) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပိုင်ရှင်ရှိနေသည့် တိုင်းပြည်တွင် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။
 (၁၇) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့  မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့်၍ အသုံးပြုသောစံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။
 (၁၈) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ် ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော် သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထွင်ကြံဆ အသုံးချခဲ့သည်။
 (၁၉) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော တိုင်းပြည်ဖြစ်သည်။
(၂၀) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ် ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့် အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သည်။
(၂၁) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ ဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ် သော ထူးခြားသည့်နိုင်ငံဖြစ်သည်။
 (၂၂) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။
(၂၃) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။ (အက်ဒီဆင်အားဂုဏ်ပြုသောအားဖြ**့ သူ၏မွေးနေ့ တွင် အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား ခဲ့ဖူးပါသည်)
(စာပေမြို့တော်)
ရဲတေဇကျော် မှ ကူးယူတင်ပြပါသည်..။
ဆက်ဖတ်ရန်
နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။
၁။ စာတုမဟာရာဇ်နတ် = နတ်သက် နှစ်     ၅၀၀၊လူ့တွက်ကိန်းအသက် နှစ်       ၉,၀၀၀,၀၀၀။
၂။ တာဝတိံသာ နတ်   = နတ်သက် နှစ်    ၁၀၀၀၊လူ့တွက်ကိန်းအသက် နှစ်    ၃၆,၀၀၀,၀၀၀။
၃။ ယာမာနတ်           =  နတ်သက် နှစ်   ၂၀၀၀၊လူ့တွက်ကိန်းအသက် နှစ်   ၁၄၄,၀၀၀,၀၀၀။
၎။ တုသိတာနတ်        = နတ်သက် နှစ်   ၄၀၀၀၊လူ့တွက်ကိန်းအသက် နှစ်  ၅၇၆,၀၀၀,၀၀၀။
၅။ နိမ္မာနရတိနတ်       = နတ်သက် နှစ်   ၈၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၂၃၀၄,၀၀၀,၀၀၀။
၆။ ပရနိမ္မိတ၀သ၀တ္ထိ   = နတ်သက် နှစ်  ၁၆၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၉၂၁၆,၀၀၀,၀၀၀။
                              တို့ ဖြစ်ကြပါတယ်။ ။
{သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်
  နုတ်ရေးသားပါတယ်။}
ဆက်ဖတ်ရန်
'အနာထပိဏ် သူဌေးကတော်ကြီး၏ နာမည် ဘယ်လိုခေါ်သလဲ'
   ဒကာ။           ။ ဆရာတော်တို့တရားဟောတဲ့အခါ သာဝတ္ထိပြည် ဇေတ၀န်ကျောင်း ဒကာ အနာထပိဏ်သူဌေးကြီးက ဘယ်သို့ဘယ်ညာ စသည်ဖြင့် သူဌေးကြီးအကြောင်း ဂုဏ်ပုဒ်တွေချည်း ထုတ်ထုတ် ဟောသွားကြတာပဲ။ ပြီးတော့ အနာထပိဏ်သူဌေးကြီး၏သား ကာလ သတို့သားတို့အကြောင်း၊ သူဌေးကြီး၏ သမီးတော် စူဠသုဘဒ္ဒါတို့ , မဟာသုဘဒ္ဒါတို့ အကြောင်းကိုသာ ဟော ဟော သွားကြတာပဲ၊ သူဌေးကတော်ကြီးရဲ့ အကြောင်းတော့ မဟောကြလို့ နာမည်ကိုတောင်မှ မသိကြရဘူး၊ ဒါ့ကြောင့် သူဌေးကတော်ကြီးရဲ့နာမည်ကို မေးရတာပါ ဆရာတော်။
ဆရာ။           ။ အော်….ဒါကတော့ တရားကြောဒေသနာ ရေစီးကြောင်းထဲ ၀င်လာတဲ့အခါမျိုးမှာသာ ဟောကြတာပါလေ၊ ကဲ…နားထောင်။
          အနာထပိဏ်သူဌေးကြီး ဇေတ၀န်ကျောင်းတော်ကြီးကို အသုံးအဆောင် အားလုံး အပြည့်အစုံနှင့်တကွ ဆောက်လုပ်ပြီးလို့ မြတ်စွာဘုရားသခင်အား ကျောင်းတော်တင်ပွဲကြီး ဆင်နွှဲ ပေးလှူကြရန်အတွက် သံဃာတော်ပေါင်းများစွာနဲ့ ပင့်ဆောင်တော်မူလာတဲ့ အခန်းမှာ…..
(၁)     ပသေနဒီ ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီးသည် ခမည်းတော် ကောသလမင်းကြီး၏ ခွင့်ပြုချက်အရ အခြံအရံ သတို့သမီးငါးရာနှင့်အတူ ရေပြည့်အိုး ပန်းနံ့သာ စသည်တို့ စွဲကိုင်ကာ မြတ်ဘုရားထံ လမ်းခရီးက ကြိုဆို၍ ကျောင်းတော်သို့ ပင့်ဆောင်ရန်အတွက် ရိုသေစွာ ရှိခိုးကြလျက် ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်ပြီး သင့်လျော်ရာ နေရာက ရပ်တည်နေကြစဉ် မြတ်စွာဘုရားက သုမနာမင်းသမီးအား တရားဟောတော်မူလိုက်ရာ သုမနာမင်းသမီးနှင့်တကွ အခြံအရံ သတို့သမီးငါးရာတို့ပါ သောတာပတ္တိမဂ်ဖိုလ် ရကြ၍ သောတာပန်တွေ ဖြစ်သွားကြတယ်တဲ့။
          ဒါတင်မကသေးဘူး၊ ကြိုဆိုရေးအဖွဲ့များဖြစ်ကြတဲ့ အခြား သတို့သမီးငါးရာတို့လည်း သောတာပန်တွေ ဖြစ်သွားကြပြန်တယ်တဲ့၊ ထို့အတူပဲ အခြား မာတုဂါမ အမျိုးသမီးငါးရာတို့လည်း သောတာပတ္တိဖိုလ်၌ တည်ကြပြန်ကုန်တယ်တဲ့၊ သူတို့လိုပဲ ဥပါသကာ ဒါယကာ ယောက်ျားငါးရာတို့ဟာလည်း သောတာပတ္တိဖိုလ်၌ တည်နေကြပြန်ကုန်၏ တဲ့။
          ကဲ…မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်သို့ မရောက်သေးမီ လမ်းခရီးအကြားမှာပင် ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီးနှင့်အတူ သောတာပန် အရိယာပေါင်း နှစ်ထောင် ကျွတ်တမ်းဝင်သွားကြပြီ၊ အဲဒီ အရိယာ နှစ်ထောင်တို့ဟာ မြတ်စွာဘုရားသခင်၏ ရှေ့တော်မှနေရာယူကာ တန်းစီပြီး ကျောင်းတော်သို့ လိုက်ပို့ကြတယ် တဲ့။
(၂)     အဲသည်နောက်မှ အနာထပိဏ်သူဌေးကြီးက မိမိ၏သားကိုလည်း အခြားသူဌေးသား ငါးရာတို့နှင့်အတူတကွ အဆင်းအရောင် ငါးမျိုးရှိသော အ၀တ်တန်ဆာတို့ကို တင့်တယ်စွာဝတ်ဆင်စေကာ တောက်ပပြောင်လင်း အရောင်တလက်လက် ထွက်နေသော အလံတံခွန် ငါးရာတို့ကို ကိုင်ဆောင်ကာ လိုက်ပါပို့ဆောင်စေတယ်တဲ့။
(၃)     အဲသည်နောက်က အနာထပိဏ်သူဌေးကြီး၏ သမီးများဖြစ်ကြတဲ့ စူဠ သုဘဒ္ဒါ, မဟာသုဘဒ္ဒါတို့နှင့်အတူ အခြံအရံ သူဌေးသမီးပေါင်း ငါးရာတို့က ရေပြည့်အိုးများ ရွက်ဆောင်ကာ လိုက်ပါ ပို့ဆောင်ကြတယ်တဲ့။
(၄)     အဲသည် သူဌေးသမီးပေါင်း ငါးရာတို့ နောက်ကမှ အနာထပိဏ်သူဌေးကတော်ကြီးဖြစ်တဲ့ ပုညလက္ခဏဒေ၀ီကလည်း ရတနာမျိုးစုံတို့ဖြင့် ဆင်ယင် ထုံးဖွဲ့ ၀တ်ဆင်ကာ အဖော်သူဌေးကတော် ငါးရာတို့နှင့်အတူ နံ့သာရေမွှေးတို့နဲ့ ပြည့်လျှံကြိုင်လှိုင်နေသော ရွှေခွက်တွေကို ပိုက်ကာ ပိုက်ကာ မြတ်စွာဘုရားသခင်အား ဇေတ၀န်ကျောင်းတော်သို့ လိုက်ပါပို့ဆောင်ကြတယ်တဲ့။
(၅)     ယင်းတို့အားလုံးရဲ့နောက်ကမှ အနာထပိဏ်သူဌေးကြီးက အကောင်းဆုံးသစ်လွင် တောက်ပဆုံးသော သူဌေးဝတ်စုံတို့ကို ၀တ်ဆင်လျက် အခြားသူဌေးပေါင်း ငါးရာတို့လည်း အသစ်စက်စက်ဖြစ်သော သူဌေးဝတ်စုံတို့ကို ၀တ်ဆင်ကြကာ အတူတကွ မြတ်စွာဘုရားသခင်အား ၀ပ်တွားရိုသေစွာ ခရီးဦးကြိုဆို ပင့်ဆောင်လာကြတယ်တဲ့။
          မြတ်စွာဘုရားသခင်သည် ယင်းဖော်ပြပါအတိုင်း ပင့်ဆောင်သူ ဥပါသကာ, ဥပါသိကာ ပရိသတ်တို့ကို ရှေ့ကထားပြီး ရဟန်းတော်ပေါင်း များစွာတို့ကိုခြံရံကာ ကိုယ်တော်မြတ်၏ အသားတော်မှ ၀ါရွှေသော ရောင်ခြည်တော်တို့ကို ထွက်စေလျက် အထူးထူးသော တောသစ်ပင်တို့ကို ရွှေရည်ဖြင့် ဆမ်းဖြန်းလိမ်းကျံ၍ ထားသကဲ့သို့ အတုမရှိတင့်တယ်သော မြတ်စွာဘုရား၏ အသရေတော်ဖြင့် ဇေတ၀န်ကျောင်းတိုက်တော်သို့ ၀င်ကြွတော်မူလေသည် တဲ့။
ကဲ…..အဲဒီ ဇေတ၀န်ကျောင်းတော်ကြီး ပေးလှူပွဲ တရားတော်ထဲမှာ အနာထပိဏ်သူဌေးကတော်ကြီးလည်း ပါပါတယ်၊ သူဌေးကတော်ကြီးရဲ့နာမည်က (ပုညလက္ခဏဒေ၀ီ)တဲ့၊ ရှင်းပြီလား။
          ဒကာ။           ။ ခုမှပဲ အနာထပိဏ်သူဌေးကတော်ကြီးရဲ့ နာမည်ကို ရှင်းလင်းသေချာစွာ သိရတော့တယ် ဆရာတော်၊ ကျောင်းတော်တက်ခန်း တရားကလည်း ကောင်းလိုက်တာ ဘုရား။
 http://www.thamameggin.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။
ဆက်ဖတ်ရန်
Sunday, October 20, 2013
လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်းသို့သွားရာ လှေခါးအထစ်(၃၀)
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
ဆက်ဖတ်ရန်
Saturday, October 19, 2013
ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်းက မတ္တရာဆရာတော်
    မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်း
ကရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အ
ကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့  အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျ
တော့ ဆွမ်းကိုပျော့အောင် ချက်ထားပါတယ်။ အဲဒီတော့..ဆရာတော်ကြီးက “အေး..ဒီနေ့ဆွမ်းက
ပျော့နေတယ်၊ ၀ါးရသက်သာလို့ ကောင်းတာပေါ့ကွယ်” တဲ့။ အဲဒါနဲ့ ပျော့တာမပြောရင် မာရင်ဘာ
ပြောမလဲဆိုပြီး ဆွမ်းကိုမာမာချက်တော့..“အေး..ဒီနေ့ဆွမ်းက မာမာတောင့်တောင့်လေး စားရ
တာပေါ့” လို့ပြောပြန်ပါတယ်။ ဒါနဲ့ တစ်နေ့ကျတော့ ဆားလေးလေးငန်ငန် ချက်ပြီးဆွမ်းကပ်တော်
“ဒီနေ့..ဆားငန်ငန်လေးလေးနဲ့ဆိုတော့ အစာပိုကြေတာပေါ့” လို့ ပြောပါတယ်။ ဆားငန်ရမလား
ဆိုပြီး စိတ်မဆိုးဘဲ ဆားငန်သည့်အတွက်ကြောင့် အစာပိုကြေတာပေါ့တဲ့။ နောက်တစ်ရက်ကျတော့
ဆားမပါဘဲချက်ကာ ဆွမ်းကပ်လိုက်တော့ “အေး..ဒီနေ့ ရေငတ် သက်သာတာပေါ့” လို့ ပြောပြန်ပါ
တယ်။ စိတ်ဆိုးဆူပူတာ မရှိပါ။
         အဲဒီလို အကောင်းဘက်ကနေ တွေးပြီးတော့ ကိုယ့်စိတ်ကိုယ်ထိန်းတာ သူတော်ကောင်းတွေ
ရဲ့ စိတ်နေသဘောထား တစ်ခုဖြစ်ပါတယ်။ ဒေါသဖြစ်စရာ မရှိဘူး။ သာမန်ပုဂ္ဂိုလ်ဆိုရင် ထမင်း
ပျော့ရင် ပျော့ရမလားဆိုပြီး ရန်ဖြစ်ကြ၊ ထမင်းမာရင် မာရမလာဆိုပြီး၊ ဆားငန်ရင် ငန်ရမလားဆို
ပြီး၊ ဆားမပါရင် ဆားမပါရမလားဆိုပြီး ရန်ဖြစ်ကြပါမယ်။ အဆင်မပြေ ဖြစ်ကြပါမယ်။ မတ္တရာဆ  
ရာတော်လိုမျိုး သဘောထားကြမယ်ဆိုရင် ဘာပြဿနာမှတက်မှာ မဟုတ်ပါ။
         တရားချစ်ခင် သူတော်စင်တို့ကလည်း မတ္တရာဆရာတော်ကြီးလို စိတ်ထားလေးများထားနိုင်
ကြကာ မိမိတို့ဘ၀အတွက်ကောင်းသထက်ကောင်း မြင့်မြတ်သထက်မြင့်မြတ်ကာ နိဗ္ဗာန်ချမ်းသာကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။
  {၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
   သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပါသည်။}
    “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
ဆက်ဖတ်ရန်
Friday, October 18, 2013
မရေရာသေးသော ငါ အနာဂတ်တွေနဲ့ အခုတခါ ၀ါကျွတ်ပြန်ပြီ(သီးတင်းကျွတ်အတွက်အထူး)
ဘဝဇာတ်ခုံမှာ
အမျိုးမျိုးကခုန်ရင်း
တစ်ရက်တစ်ရက်နဲ့
အသက်က ရင့်ဝါလာတယ်
 လတွေကလဲ တလပြီး တလ
ပြောင်းလဲနေတယ်
ဟော့....ကြည့်
အခုသီတင်းကျွတ် ရောက်ပြန်ပြီ..
သေမယ့်နေက တရက် ပြီး တရက် တလ
ပိုနီးလာပြီ...
ဟူး.................................
ချစ်သူကလဲ မရှိ
လူတွေအတွက်လဲ
ခုထိငါဟာ
မြူတမှုန့်စာလောက်တောင်
လူတွေကိုအေးမြမူ မပေးနိုင်သေး ။
အရေးတော်တော်များများကို
အတွေးတော်တော်များများနဲ့
အကြွေးထားခဲ့မိတယ်
ပြန်ယူ၊ပြန်ရွေးလို့လည်းမရ။
ပြန်စလိုလဲမပေါ်...
လမ်းဘယ်မှာဆုံးမှာလဲ
မသိဘဲနဲ့ 
အကျိုးမရှိတဲ့ခြေလှမ်းတွေနဲံ့ 
လှမ်းလာခဲ့တယ်
ခုတော့
လူမိုက်၊လူညံ့ဆိုတဲ့ခေါင်းစဉ်တွေနဲ့
ဝါကျွက်ပြန်ပြီ
တနေထွက်လို တနေ၀င်ပြန်ပြီ
ခုတော
ကိုယ့်ဦးဏှောက်မှာကိုယ်တိုင်ရေးဆွဲလိုက်သော...
အသုံးမကျသော
နွေတညရဲ့
အပူမမျှတဲ့
ငါကံကြမ္မာ
အခုတော  ကိုချေ ကိုယ်တုပ် ကိုထုပ်ကိုယ်ဖြေ
နဲ့ အသက်ကြီးရပြန်ပြီပေါ။ ။
နွေည
ခံစားရေးဖွဲ့သည်။
ဆက်ဖတ်ရန်
Monday, October 14, 2013
ဆဲဆိုခြင်း မြောက်သည် မမြောက်သည်.
ဖရုသ၀ါစာ ဆိုတာ ဒုစရိုက်(၁၀)ပါးထဲမှာ တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ဒုစရိုက်(၁၀)ပါးကို ကျူးလွန်တဲ့သူဟာ အပါယ်ကျပါတယ်။ မိဘတွေက သားသမီးကို၊ ဆရာက တပည့်ကို ဆဲဆူဆုံးမတဲ့အခါ ဖရုသ၀ါစာဖြစ်ရင် မိဘဆရာတွေ အကုန်လုံး အပါယ်ကျကုန်မှာပေါ့။
ဒုစရိုက်(၁၀)ပါးမှာ==”ကိုယ်၌ဖြစ်သော ကာယကံ(၃)ပါး”=၁။ ပါဏာတိပါတ၊ ၂။ အဒိန္နဒါန၊ ၃။ ကာမေသုမိစ္ဆာစာရ၊ ”နုတ်၌ဖြစ်သော ၀စီကံ(၄)ပါး”၄။ မုသာဝါဒ၊ ၅။ ပိသုဏ၀ါစာ၊ ၆။ ဖရုသ၀ါစာ၊ ၇။ သမ္ဖပ္ပလာပ၊ ”စိတ်၌ဖြစ်သောမနောကံ(၃)ပါး” ၈။ အဘိဇ္ဈာ၊ ၉။ ဗျာ
ပါဒ၊ ၁၀။ မိစ္ဆာဒိဌိ၊ တို့ ဖြစ်ပါတယ်။
      အဲဒီ(၁၀)ပါးထဲက တစ်ပါးပါးကို ကျူးလွန်ရင် အပါယ်ကျပါတယ်။ ကျူးလွန်လို့ အပါယ်ကျရောက်ရတဲ့ သာဓက ၀တ္ထုတွေလည်း အများကြီးရှိပါတယ်။  ဖရုသ၀ါစာရဲ့  အနက်က ကြမ်းတမ်းသောစကားပဲ၊ အဌကထာမှာ ဖွင့်ထားတာက လွှသွားကို ကိုင်တွယ်တဲ့အခါ ကြမ်းတမ်းသော အတွေ့ ကို ထိတွေ့ ရသလို ကြမ်းတမ်းစွာ ဆဲဆိုလိုက်တဲ့အတွက် ကြားရသူ တစ်
ဖက်သားအဖို့  နားမခံသာ နှလုံးမသာ ရှိလှအောင် အခံရခက်တဲ့ စကားမျိုး ဖြစ်ပါတယ်။
      ဖရုသ၀ါစာဖြစ်ဖို့  အင်္ဂါ(၃)ပါးရှိတယ်၊ ဘာတွေလဲဆိုတော့....၁။ စိတ်ဆိုးခြင်း၊ ၂။ ဆဲရေးအပ်သူ(အဆဲခံရသူ) ၃။ ဆဲရေးခြင်းတို့ ဖြစ်တယ်။ အဲဒီအင်္ဂါ(၃)ပါးနဲ့ ညီညွတ်မှ ဖရုသ၀ါစာလို့  ခေါ်ဆိုနိုင်တယ်။ ကြမ်းတမ်းသော စကားလို့  ဆိုတဲ့နေရာမှာ စေတနာသာ အဓိကပါ။
ကြမ်းတမ်းတဲ့ စကားတိုင်းကို ဖရုသ၀ါစာလို့  မဆိုနိုင်သလို၊ စကားသံမှာ ကြားရသူ တစ်ဖက်
သားအဖို့  နူးညံ့တယ်လို့  ယူဆရပေမယ့်၊ ”ဖရုသ၀ါစာ” ဖြစ်နေတတ်တယ်။ အဲဒီအကြောင်းကို အဌသာလိနီ အဌကထာနဲ့  သီလက္ခန် အဌကထာ ဖရုသ၀ါစာ အဖွင့်မှာ သာဓက၀တ္ထုတွေနဲ့  ဆုံးဖြတ်ပြထားတယ်။ 
      စကားကြမ်းတမ်းပေမယ့် ဖရုသ၀ါစာ ကံမမြောက်တဲ့  ၀တ္ထုကို သာဓက ပြောရမယ်ဆိုရင်==”တစ်ခါက သူငယ်လေးတစ်ယောက်ဟာ တောထဲကိုသွားဖို့  ဟန်ပြင်တယ်။ အဲဒီမှာမိခင်ဖြစ်သူက မသွားဖို့  အတန်တန် တောင်းပန်တယ်။ ဒါပေမဲ့ သားဖြစ်သူ သူငယ်က မိခင်
ရဲ့ စကားကို ဂရုမစိုက်ဘူး။ တောကိုသွားဖို့ ပဲ ပြင်ဆင်နေတယ်၊ ဒီအခါမှာ မိခင်က သားကိုတောထဲမသွားစေလိုတဲ့အတွက် ”နင့်ကို ကျွဲရိုင်းမကြီး လိုက်ခတ်ပါစေ။” လို့  ဆဲရေးကြိမ်းမောင်းလိုက်တယ်။ မိခင်ကဘယ်လောက်လဲ ဆဲရေးကြိမ်းမောင်းကြိမ်းမောင်း နာခံမှု မရှိဘူး။တောထဲကိုပဲ ထွက်သွားပါတယ်။
      တောထဲရောက်တော့... အံ့သြစရာပဲ.. ကျွဲရိုင်းမကြီးကမိခင်ဆဲရေးလိုက်တဲ့အတိုင်း သူငယ်ကို လိုက်ခတ်ပါလေရော၊ အဲဒီအခါ ကျတော့မှ သူငယ်က မိခင်ရဲ့ စကားကို မနာယူမိတဲ့အတွက် နောင်တရမိတော့တယ်။ ဒီတော့ သူငယ်က ဘာမှစဉ်းစား မနေတော့ဘူး။ သစ္စာဆိုလိုက်တယ်၊ ” မိခင်သည် ငါ့ကို တောသို့ မသွားစေလိုသည့်အတွက် စိတ်ဆိုး၍ ပြောမိသောစကားသာဖြစ်၏။ သို့ အတွက် အမေပြောသလို မဖြစ်ပါစေနဲ့  အမေစိတ်မှာ ရှိသလိုသာ ဖြစ်ပါစေ။ ဤစကား မှန်ကန်ပါက ကျွဲရိုင်းမသည် ငါ၏နောက်သို့  မလိုက်စေသတည်း။” အဲဒီလိုသစ္စာဆိုတဲ့စကား ဆုံးတာနဲ့  ကျွဲရိုင်းမဟာ ရောက်တဲ့နေရာမှာပဲ ရပ်ပြီး ရှေ့ဆက်မတိုးတော့
ဘူး။ တိုင်မှာ ချည်ထားတဲ့အတိုင်း ငြိမ်နေတော့တာပဲ၊ ဒီလိုနဲ့  အဲဒီသူငယ်  အသက်ချမ်းသာရာရသွားတယ်။
      အဲဒီဝတ္ထုကိုကြည့် မိခင်ရဲ့ စကားက သိပ်ကြမ်းတမ်းနေတယ်။ ဒါပေမဲ့ သားငယ် အပေါ်မှာ ကျွဲရိုင်းမ ခတ်စေလိုတဲ့ စေတနာမပါဘူး၊ သားငယ် တောကို မသွားစေလိုလို့  လတ်တလောပြောလိုက်ရတဲ့ စကားသာ ဖြစ်တယ်။ အဌကထာမှာ မိခင်ရဲ့ အတွင်းစိတ် နူးညံ့နေတဲ့
အတွက် ဖရုသ၀ါစာ မဖြစ်ဘူးလို့  ဆုံးဖြတ်ထားတယ်။ ဆရာသမားတွေ တပည့်ကို ဆူဆဲတဲ့အခါ တတ်စေ၊ တော်စေလိုတဲ့ ဆန္ဒဖြစ်တဲ့အတွက် ဖရုသ၀ါစာ မဖြစ်ဘူး။
      စကားနူးညံ့နေပေမယ့် ဖရုသ၀ါစာ ဖြစ်ပုံသာဓကကို ပြောပြရရင်==”လူတစ်ယောက်ဟာ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်တယ်၊ အဲဒီတော့ ဘုရင်က ရာဇ၀တ်သားကို သတ်ပစ်ဖို့ အလိုရှိတယ်၊ ဒါပေမဲ့ အမိန့် ချတဲ့ နေရာကျတော့ မျက်နှာပြုံးပြုံးရွှင်ရွှင်နဲ့ ”ဒီရာဇ၀တ်သား
ဟာ ဒီပြစ်မှုဒီပြစ်မှုတွေ ကျူးလွန်တဲ့အတွက် တရားဥပဒေကြောင်းအရ ဤရာဇ၀တ်သားကိုချမ်းသာစွာ သိပ်ထားလိုက်ကြ” လို့ အမိန့် ချလိုက်တယ်။ တကယ်တော့ ဒါသေမိန့် ချလိုက်တာပဲ၊ ဒါကိုဘေးက ၀န်ကြီးတွေ၊ အမတ်တွေကလည်း သိတယ်၊ အဲဒါကိုကြည့် ဘုရင်ပြောလိုက်တဲ့စကားက ကြားရသူ တစ်ဖက်သားအဖို့  နားချမ်းသာစရာပဲ၊ အတွင်းစိတ်စေတနာကတော့ အလွန်ကြမ်းကြုတ် နေတဲ့အတွက် ဖရုသ၀ါစာ ဖြစ်ကြောင်း ဆုံးဖြတ်ပြထားတယ်။
      ဒါဆို ဖရုသ၀ါစာမှာ စေတနာက အဓိကပါ။ ”အဆဲခံရတဲ့သူဟာ သီလ၊ သမာဓိ၊ ပညာစတဲ့ ဂုဏ်မရှိရင် သိပ်အပြစ်မကြီးပါဘူးတဲ့။ သီလ၊ သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေနဲ့  ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို ဆဲဆူမိရင်တော့ အပြစ်က သိပ်ကြီးလေးလှပါတယ်။ ဒီတော့ ဖရုသ၀ါစာ
မဖြစ်အောင် နေနိုင်သဖြ**့ နိဗ္ဗာန်ထိတိုင် လျောက်လှမ်းနိုင်ကြပါစေသတည်း။
{ ရဝေနွယ်(အင်းမ)၏ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲမှ  ကောက်နုတ်    ရေးသားပါသည်။}
ဆက်ဖတ်ရန်
Saturday, October 12, 2013
ဆိုကရေးတီးပြောတဲ့ ဆန်ကာစစ်နည်း သုံးခု
တခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။
ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။
ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”
“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”
“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”
“မဟုတ်ဘူး”
“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”
“ မကြီးပါဘူး”
“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလား ဆိုတာလဲ မသိပဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ်တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”
အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်းတွေကို လူတိုင်း မပြောတတ်ကြဘူး။
(မှတ်သားသင့်လို့ ပြန်လည်ဝေမျှပါသည်)
ဆက်ဖတ်ရန်
ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ
 ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။
သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ တာဝန်ကျတာ ဖြစ်ပါတယ်။ ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။
၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက် လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊ ရေကူး ပင်ပန်းတဲ့အချိန်ကျတော့အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို ဘလောဂ် တစ်ခု လုပ်ပြီးတော့တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောင့်ရေး ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။
သူရောက်နေတဲ့ နေရာကလည်း ကမ္ဘာ့အလှဆုံး စာရင်းဝင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ တော်ရုံလူ မသွားနိုင်ပါဘူး။ ရှားရှားပါးပါး သန္တာကျောက် တန်းများ ပေါကြွယ်ဝပြီး အလှပေါင်းများစွာ ပြည့်စုံနေတဲ့ ကျွန်းငယ်လေး ဖြစ် ပါတယ်။ ခြောက်ဆို ပျင်းစရာ ကောင်းမယ်ထင်ပေမယ့် သူ့အတွက် ကတော့ ပျော်စရာချည်း ဖြစ်ပါတယ်။ လူများလည်း လာရောက် လည်ပတ်တဲ့အတွက် အထီးကျန်ခြင်းလည်း မရှိပါဘူး။
ခြောက်လ စာချုပ်ပြည့်သွာတော့လည်း အလုပ်က ထွက်ရမယ်လို့ ထင်ထား ခဲ့ပေမယ့် ထင်သလိုမဟုတ်ပဲ ရာထူးတောင် တက်သွားပါသေး တယ်။ Queensland (သန္တာကျောက်တန်းကျွန်းစု) အတွက် သံတမန်အဖြစ် အခန့်အပ်ခံလိုက်ရပါတယ်။ ကျွန်းစုကြီး ကမ္ဘာပေါ် ထင်ရှား ကျော်ကြား လာစေဖို့ တာဝန်အလွဲခံရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒီအတွက် ရတဲ့ လစာ ကျွန်းစောင့်ရတဲ့ လစာထက် ပိုတောင် တိုးသွားတယ်လို့ ဆိုပါတယ်။
Queensland ဘုတ်အဖွဲ့က ရွေးချယ်လိုက်တဲ့ Ben ဟာ ကမ္ဘာ့ အလုပ် ကံအကောင်းဆုံးလူသား၊ ကမ္ဘာ့အကောင်းဆုံး အလုပ်ရသော လူသားအဖြစ် ယနေ့တိုင် လူသိများခဲ့ရပါတယ်။
--
Ref: greatist.com
Aung Kham ( ရိုးရာလေး )
ဆက်ဖတ်ရန်
စီးပွားဖြစ် လက်ထပ်ခြင်း
အဖေ ။ ။ ငါရွေးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ မင်းကို လက်ထပ်ပေးမယ်။
သား ။ ။ သား ဘာသာ သားရွေးချင်တယ်အဖေ
အဖေ ။ ။ ကောင်မလေးက ဘီလ်ဂိတ်ရဲ့ သမီးနော်
သား ။ ။ ဒါဆိုရင်တော့ အဖေ့သဘောပါဗျာ
နောက်နေ့မှာ အဖေက ဘီလ်ဂိတ်ဆီကို သွားတယ်။
အဖေ ။ ။ ခင်ဗျားသမီးနဲ့ လက်ထပ်ဖို့ ကျွန်တော့်မှာ ကောင်လေးတစ်ယောက်ရှိတယ်။
ဘီလ်ဂိတ် ။ ။ ကျွန်တော့်သမီးက လက်ထပ်ဖို့ သိပ်ငယ်ဦးမယ်ဗျာ
အဖေ ။ ။ ဒါပေမယ့် အဲဒီကောင်လေးက ကမ်ဘာ့ဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌလေးပါကွ
ဘီလ်ဂိတ် ။ ။ ဒါဆိုရင် တော့ဖြစ်ပါပြီဗျာ
နောက်ဆုံးမှာ အဖေဟာ ကမ်ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌကို သွားတွေ့ခဲ့တယ်။
အဖေ ။ ။ ခင်ဗျားတို့ ကမ်ဘာ့ဘဏ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ဖို့ သင့်တော်တဲ့သူကို ငါရှာတွေ့ထားတယ်။
ဥက္ကဋ္ဌ ။ ။ ငါလိုအပ်တဲ့ ဒုတိယဥက္ကဋ္ဌကို ရွေးထားပြီ
အဖေ ။ ။ အဲဒီကောင်လေးက ဘီလ်ဂိတ်ရဲ့ သားမက်နော်
ဥက္ကဋ္ဌ ။ ။ ဒါဆိုရင်တော့ ဖြစ်ပါပြီဗျာ
စီးပွားရေးတစ်ခုတော့ ဖြစ်သွားပြန်ပြီပေါ့ဗျာ။
ဥပဒေသ - သင့်မှာ ဘာမှမရှိဘူးဆိုရင်တောင်မှ သင်အရာရာတိုင်းရနိုင်ပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ အတွေးတော့ ရှိရမယ်။ by ဧဒင်ဥယျာဉ်
ဆက်ဖတ်ရန်
သင်မသိတဲ့ သင် ( ချက်လက်မှတ်လေးတစ်စောင် )
စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။ သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။
တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော "မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံဘဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ" လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။
သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက "မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ" လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။ စီးပွားရေးသမားကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ သူ့နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။ ထို့နောက်တော့ ချက်စာရွက်ကို သူ့လက်ထဲ လှမ်းပေးလိုက်ပြီး "ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ" လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။
ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ်သွားခဲ့ပါတယ်။
သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။
ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည်ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။
ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ်ဖက်ကို တွဲလိုက်ပါတယ်။
"အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ " လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး "အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်"လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။
တစ်ယောက်တည်း ကျန်ခဲ့တဲ့သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတ်ာလို့ တစ်ချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။
The Self Confidence (Author unknown)
ဆက်ဖတ်ရန်
ရုပ်ကိုလှအောင်ပြင်သလို စိတ်ကိုလည်း လှအောင်ပြင်
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလိုကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်း ထဲမှာစစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေ ဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ် ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေ
လို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက် တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသား အရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့
လှလှပပ ရှင်သန်နေထိုင်သင့်တယ်....။
ဆက်ဖတ်ရန်
ဘဝအတွက် ကြိုးစားနေချိန် ရှောင်ရှားဖွယ်ရာများ
မပျင်းနဲ့
ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။
မတွေဝေနဲ့
လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။
မစိုးရိမ်နဲ့
ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။
အားမငယ်နဲ့
ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။
အချစ်ဆိပ် မတက်နဲ့
ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံးနဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ Love ဆိုတာကြီးက The Wh*** Life မဟုတ်ပါဘူး။ Just a part of life ပါလေ။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။
စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းမဆက်၊ မအိပ်ဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ၊ သဲသဲကို သတိရလို့ပါဆိုပြီး ဖုန်းတွေဆက်ကြ နဲ့ အိပ်ရေး ပျက်အောင် လုပ်တဲ့ အခန်းဖော်ကြောင့် တိုက်ခန်း စပ်မငှားတော့တာ ကြာပါပြီ။ ဒီတော့ ချစ်တော့ ချစ်ပါ။ Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာပေါ့။ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။
အပျော်မမက်နဲ့
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။
ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။
အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။
အောင်ခမ်း (TSJ team)
ဆက်ဖတ်ရန်
အင်တာနက် လူမှုကွန်ရက်များ၏ ဆိုးကျိုးများ
ပိုက်ဆံပိုသုံးဖြစ်စေသည်
လူမှုကွန်ရက်များကို စွဲလန်း ခြင်း၊ အလွန်အမင်းအသုံးပြုခြင်း သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ( self-control ) ကိုလျော့ကျစေသည်။ Facebook အသုံးများသည့် နေ့တွင် ဈေးဝယ်ကြမ်းတတ်ကြောင်း လေ့လာမှုများအရသိရသည်။
အစားလွန်စေသည်
လူမှုကွန်ရက်များတွင် တွေ့ရတတ်သည့် အစားအသောက်ဓါတ်ပုံများသည် ဦးနှောက်၏ ဆာလောင် မွတ်သိပ်မှုဖြစ်စေသည့် အစိတ်အပိုင်းကို လှုံ့ဆော်ပေးနိုင်ပြီး အစာစားပြီးလျှင်သော်မှ ထပ်မံစားချင်စိတ်ဖြစ်စေသည်။
လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းကိုထိခိုက်စေသည်
Facebook နှင့် twitter တို့ကဲ့ သို့နေရာများသည် အယူအဆများ ဖြန့်ဝေရန် အသုံးပြုခံရလေ့ရှိပြီး ဓါတ်ပုံနှင့်စာသားများ ရေးသားဖြန့်ဝေသူအများစုမှာ ကြွားဝါလိုသည့် သဘောဖြင့် ရေးသားလေ့ရှိသော ကြောင့် စိတ်ဓါတ်ကျနေသူတစ်ဦး ဖတ်ရှုမိလျှင် စိတ်ကျရောဂါခံစားရသည်အထိ ဖြစ်စေနိုင်သည်။
ကိုယ့်ကိုယ်ကိုကျေနပ်အားရမှု ( self-esteem) ကိုလျော့ကျစေသည်။
ဂျာမနီတက္ကသိုလ်နှစ်ခု ပူး ပေါင်းလေ့လာထားသည့် သုတေသန တွင် facebook ပေါ်၌ ကြာမြင့်စွာအချိန်ဖြုန်းသူများသည် အထီးကျန်ခြင်း၊ စိတ်ညစ်ညူးခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်းတို့ ခံစားရသည်ကို တွေ့ရသည်။
ခင်မင်ရင်းနှီးမှုလျော့ကျစေသည်
အင်တာနက်ပေါ်တွင် စာရိုက် ၍စကားပြောခြင်းသည် လေသံအနိမ့် အမြင့်ကို ခံစား၍မရခြင်း၊ မျက်နှာ အမူအရာကို မမြင်ရခြင်းတို့ကြောင့် စကားလုံးများ အထအနကောက်ကာ ပြောချင်သည့်အဓိပ္ပါယ်နှင့် တစ်ဖက် လူနားလည်သည့်အဓိပ္ပာယ် ကွဲလွဲ တတ်သည်။
Source:RD
Health Updates Journal
ဆက်ဖတ်ရန်
..လူတိုင်းမသိတဲ့ အောင်မြင်မှု..
ကားပြင်ဝပ်ရှော့ (Workshop) ဆရာတစ်ယောက်ဆီမှာ 
ကားအင်ဂျင်တစ်လုံးကိုင်ဖို့ သွားအပ်ရင် .............
ဝပ်ရှော့ဆရာက အရင်ဆုံး အင်ဂျင်ကို တစ်စီဖြုတ်၊ ပြီးရင် အင်ဂျင်ရဲ့ Head နဲ့ Bar ပြင်တဲ့ဆိုင်ပို့၊ စလစ်ရိုက်တဲ့ဆိုင်ပို့၊ ကရိုင်းရှပ်သတဲ့ဆိုင်ပို့ စသဖြင့် တစ်ဆိုင်စီ ခွဲပို့မယ်။
Piston နဲ့ ring အသစ်ဝယ်ထည့်၊ Gasket one set တစ်စုံအသစ်ဝယ်ထည့်၊ နော်ဇယ်နဲ့ ပလန်ဂျာကိုလည်း သက်ဆိုင်ရာဆိုင်ကို ပို့ပြီးပြုပြင်၊ ပြီးရင်ပြန်တပ်။
ရေတိုင်ကီဆေးတဲ့ဆိုင်ပို့၊ အင်ဂျင်ဝိုင်အသစ်ဝယ်ထည့်၊ Filter လဲ၊ ပြီးရင် စက်နှိုးလို့ရပါပြီ။
အဲဒီလို အင်ဂျင်တစ်လုံး ပြန်ကိုင်ဖို့အတွက် ၀ပ်ရှော့ဆရာက သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် ပြုပြင်တဲ့ဆိုင် အနည်းဆုံး (၃)ဆိုင်လောက် ပို့ပြီးပြင်ရပါတယ်။ အသစ်လဲရမယ့်ပစ္စည်းအတွက်လည်း အနည်းဆုံး (၂)ဆိုင်လောက်က ၀ယ်ရပါတယ်။
တကယ်တော့ ၀ပ်ရှော့ဆရာ ဆိုတာ အကုန်လုံးကို လုပ်တတ်နေစရာမလိုပါဘူး။ တစ်စီဖြုတ်တတ်ဖို့၊ အပြစ်၊ ချို့ယွင်းချက်ကို တွေ့အောင်ရှာတတ်ဖို့ လိုအပ်ပါတယ်။ ဘယ်အစိတ်အပိုင်းကို ဘယ်ဆိုင်က ပြင်တာအကောင်းဆုံးဆိုတာတော့ သိထားဖို့လိုပါတယ်။ အသစ်ဝယ်လဲရမယ့်ပစ္စည်းအတွက်လည်း ဘယ်ဆိုင်က ပစ္စည်းက အမှန်ဆုံး၊ ဈေးအချိုဆုံးဆိုတာ သိဖို့လိုပါတယ်။ အားလုံးပြီးသွားရင် အစိတ်အပိုင်းအားလုံးကို မှန်ကန်စွာ ပြန်လည်စုစည်းတပ်ဆင် (Assembly) ပေးတတ်ဖို့လိုပါတယ်။
အဲဒီလို အားလုံးတပ်ဆင်ပြီးသွားလို့ ကားတစ်စီးကောင်းသွားရင် ၀ပ်ရှော့ဆရာပဲ နာမည်ရပါတယ်။ အစိတ်အပိုင်းတစ်ခုချင်းစီပြင်တဲ့သူတွေကတော့ နာမည်မရပါဘူး။ ဒါပေမယ့် အစိတ်အပိုင်းတစ်ခုညံ့လို့ ကားမကောင်းရင်တော့ ၀ပ်ရှော့ဆရာပဲ နာမည်ပျက်ပါတယ်။ အဲဒီအစိတ်အပိုင်းပြင်တဲ့သူကို လူသိပ်မသိလိုက်ပါဘူး။ 
နာမည်ကျော် တိုယိုတာ ကားကုမ္ပဏီကြီးဟာလည်း သူကိုယ်တိုင် ဘာပစ္စည်းတစ်ခုမှ သိပ်မထုတ်လုပ်ပဲ ကားအစိတ်အပိုင်းတစ်ခုချင်းစီအလိုက် အကောင်းဆုံးအရည်အသွေးထုတ်လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုချင်းစီကို ရွေးချယ်ထုတ်လုပ်ခိုင်းပြီး ပစ္စည်းအပ်နှံခိုင်းတာပါ။ ပြီးမှ အစိတ်အပိုင်းအားလုံးကို Assembly ပြုလုပ်လိုက်တာပါပဲ။ နာမည်ရတော့ TOYOTA ကပဲ ရပါတယ်။ 
အဓိကကတော့ အားလုံးအတွက် တာဝန်ယူရဲ၊ နာမည်ခံရဲရတာပါပဲ။
လူလောကမှာလည်း ဒီသဘောတရားအတိုင်းလို့ ထင်ပါတယ်။ အောင်မြင်သွားတဲ့သူတွေကို လေ့လာကြည့်ရင် သူကိုယ်တိုင် အားလုံးကို မလုပ်ပါဘူး။ လုပ်လည်း မလုပ်တတ်ပါဘူး။ ဒါပေမယ့် သူ့လုပ်ငန်းအစိတ်အပိုင်းတစ်ခုချင်းစီရဲ့ Key Point တွေကို အသေအချာ နားလည်ထားတယ်။ သူလိုအပ်တဲ့ အဆင့်တစ်ခုစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ဘယ်သူ့ဆီကနေ ညှစ်ထုတ်ရရှိနိုင်မယ်ဆိုတာကိုလည်း ကောင်းကောင်းကြီးသိနားလည်ထားတယ်။ ပြီးရင် အကောင်းဆုံး စုစည်းပေးတယ်။ အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အရည်အသွေးကို တစ်ချိန်လုံး ထိန်းသိမ်းထားနိုင်တယ်။ အဆင့်အားလုံးအတွက် သူက တာဝန်ယူရဲတယ်။ နာမည်ခံရဲတယ်။ ဒီသဘောတရားကြောင့် အောင်မြင်မှုရရှိကြတယ်လို့ မြင်မိပါတယ်။ 
REF>>>>Kyaw Hlaing Win လူဗိုလ်ဟူသည်.
ဆက်ဖတ်ရန်
ဒါလေးဖတ်ပြီးတွေးကြည့်ပါ ( ၃ )
(၁) တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ သားတော်(၁ဝ)ပါးထဲကနေ အမွေဆက်ဆံသူတစ်ယောက်ကိုရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရင်ကြီးဟာ ပညာရှိမှူးမတ်တစ်ဦးနဲ့ နှစ်ကိုယ်ကြားတိုင်ပင်ပြီး လမ်းဘေးဝဲယာမှာရေရှိတဲ့ လမ်းတစ်ခုပေါ် ကျောက်တုံးကြီးတစ်တုံးကို ချထားလိုက်တယ်။ အဲဒီလမ်းပေါ်ဖြတ်လျှောက်သူတိုင်းဟာ ကျောက်တုံးပေါ် ကျော်တက်မလား! 
ကျောက်တုံးကို ဘေးဖယ်မလား! 
ကျောက်တုံးကို ကွေ့ပတ်မလား! 
ကျောက်တုံးကြီးရဲ့အတားအဆီးကို ခံကြရမှာဖြစ်တယ်။ ဘုရင်ကြီးက သားတော်တွေခေါ်ပြီး မှူးမတ်ဆီကို လျှို့ဝှက်စာတစ်စောင်ပို့ဖို့ အဲဒီလမ်းကို ဖြတ်စေခဲ့ပါတယ်။
မင်းသားတွေက ဘုရင်ကြီးရဲ့အမိန့်အတိုင်း မှူးမတ်လက်ထဲကို စာအရောက်ပို့ခဲ့ကြတယ်။ ဘုရင်ကြီးက "ချစ်သားတို့.. အဲဒီလမ်းကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ?" 
လို့မေးတော့.... သားတော်တစ်ဦးက "ကျောက်တုံးကြီးပေါ် ဖြတ်ကျော်သွားခဲ့ပါတယ်" နောက်သားတော်တစ်ဦးက "လှေလှော် ဖြတ်ကျော်ခဲ့ပါတယ်"
သားတော်တချို့က "ရေထဲဆင်းကူးပြီး ဖြတ်ကျော်ခဲ့ပါတယ်" လို့ဖြေခဲ့ကြတယ်။
သားတော်အငယ်ဆုံးက "လမ်းအတိုင်း သွားခဲ့ပါတယ်" လို့ဖြေတော့ ဘုရင်ကြီးက "လမ်းမှာ ကျောက်တုံးကြီး ကာဆီးမထားဘူးလား?" လို့ ပြန်မေးပါတယ်။
"ကျောက်တုံးကို သားတော် အားစိုက်တွန်းလိုက်တာနဲ့ ကျောက်တုံးကြီးက ချောင်းထဲကျသွားပါတယ်" "ဒီလောက်ကြီးတဲ့ကျောက်တုံးကို လက်နဲ့တွန်းဖို့ သားတော်ဘယ်လိုစဉ်းစားခဲ့သလဲ?"
"သားတော်က ကြိုးစားပြီးတွန်းကြည့်ရုံပါ.. ဒါပေမဲ့ တွန်းလိုက်တာနဲ့ ကျောက်တုံးက ရွေ့သွားပါတယ်" တကယ်တော့ ဘုရင်ကြီးက မှူးမတ်နဲ့တိုင်ပင်ပြီး ပေါ့တဲ့အရာဝတ္ထုနဲ့ "ကျောက်တုံးကြီး"ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ 
ရာဇဝင်ပုံပြင်တွေထဲက အတိုင်းပါပဲ... နောက်ဆုံးမှာ ကြိုးစားအားထုတ်လိုစိတ်ရှိတဲ့ သားတော်ငယ်လေးကပဲ ဘုရင်ရဲ့အမွေကို ဆက်ခံခဲ့ပါတယ်။ 
ကိုယ့်ကံကြမ္မာကို တခြားလူလက်ထဲ ပုံအပ်တာ၊ တခြားတစ်ယောက်ဆီပုံအပ်ပြီး ကိုယ်က ဘာကြိုးစားအားထုတ်လိုစိတ်မှမရှိဘဲ တခြားလူကိုသာ ယုံကြည်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲဖန်ဆင်း၊ ကိုယ်တိုင်ပဲဖမ်းဆုပ်နိုင်ဖို့ သင်ယူတတ်ရပါမယ်။
(၂) (၁၉၆ဝ)ခုနှစ်က ဟားဗပ်တက္ကသိုလ်ပါမောက္ခ Rosenthalဟာ ကယ်ရီဖိုးယားပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျော်ကြားတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ 
ကျောင်းစဖွင့်ချိန်မှာ Rosenthalဟာ ကျောင်းအုပ်ဆရာကြီးထံ ခွင့်ပန်ပြီး ဆရာ/ဆရာမသုံးဦးကို ရုံးခန်းထဲ စေလွှတ်စေခဲ့တယ်။
ဆရာ၊ ဆရာမတွေကို Rosenthalက "ပြီးခဲ့တဲ့နှစ်တွေထဲမှာ ခင်ဗျားတို့ဟာ ဒီကျောင်းက အထူးချွန်ဆုံးသင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ စီစစ်ရွေးချယ်ထားတဲ့ အထက်မြက်ဆုံးကျောင်းသား အယောက်(၁ဝဝ)ကို အတန်းသုံးတန်းခွဲပြီး ခင်ဗျားတို့ကို သင်ကြားခိုင်းမှာဖြစ်ပါတယ်။ ဒီကျောင်းသားတွေရဲ့ အသိဉာဏ်က တခြားကျောင်းသားတွေထက် မြင့်ပါတယ်။ သူတို့ဒီထက်အမှတ်ကောင်းအောင် ခင်ဗျားတို့ သင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" 
လို့ပြောတော့ ဆရာ၊ ဆရာမတွေက ဝမ်းသာအားရ "အတတ်နိုင်ဆုံး ကြိုးစားမယ်"လို့ ဆိုပါတယ်။ ကျောင်းအုပ်ဆရာကြီးကလည်း ဒီကျောင်းသားတွေကို တခြားကျောင်းသားတွေကို ဆက်ဆံသလိုပဲ သာမန်ဆက်ဆံရမယ်။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကိုလည်း သူတို့ဟာ စီစစ်ရွေးချယ်ထားတဲ့ ကျောင်းသားဖြစ်ကြောင်း မသိစေရပါဘူးလို့ ဆရာ၊ ဆရာမတွေကို သတိပေးခဲ့ပါတယ်။ 
တစ်နှစ်နေပြီးနောက် အဲဒီအတန်းသုံးတန်းက ကျောင်းသားတွေက တစ်ကျောင်းလုံးရဲ့ရှေ့ဆုံးမှာ ရှိနေခဲ့တယ်။ ဒီအချိန်ကျမှ ကျောင်းအုပ်ဆရာကြီးက ဆရာ၊ ဆရာမတွေကို အဖြစ်မှန်ပြောပြပါတယ်။ တကယ်တော့ ဒီကျောင်းသားတွေဟာ တမင်စီစစ်ရွေးချယ်ခဲ့တဲ့ ထက်မြက်ကျောင်းသားတွေ မဟုတ်ပါဘူး။ ကျောင်းသားတွေထဲက ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ကျောင်းသားတွေပဲဖြစ်တယ်။ ဒီလိုဖြစ်မယ်လို့ ထင်မှတ်မထားခဲ့တဲ့ ဆရာ၊ ဆရာမတွေက သူတို့ရဲ့သင်ပြမှု အဆင့်မြင့်တယ်လို့ပဲ မှတ်ယူခဲ့ကြတယ်။ 
ကျောင်းအုပ်က နောက်အဖြစ်မှန်တစ်ခုကို ပြောပြပြန်တယ်။ တကယ်တော့ ဆရာ၊ ဆရာမတွေကို တစ်ကျောင်းလုံးထဲက အထူးချွန်ဆုံးကို ရွေးထုတ်ခဲ့တာ မဟုတ်ပါဘူး။ ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်။
လောကမှာ မွေးရာပါ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ မရှိခဲ့ပါဘူး။ တကယ်တော့ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ ကိုယ့်ရဲ့ကြိုးစားမှုမှာပဲ မူတည်ပါတယ်။ ခန္ဓာကိုယ်ထဲ တိမ်မြှုပ်နေတဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲတာပဲဖြစ်တယ်။ မလုပ်နိုင်ဘူး၊ မဖြစ်ပါဘူးဆိုသူတွေက ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းရည်တွေကို ထုတ်မသုံးဘဲ ဆက်လက်တိမ်မြှုပ်ထားစေတာပဲဖြစ်တယ်။
(၃) တစ်ခါက ငါးပြတိုက်တစ်ခုမှာ... ပြတိုက်ကို အလည်လာသူတစ်ဦးက ပြတိုက်အုပ်ချုပ်ရေးမှူးကို မေးတယ်။ 
"ဒီ ငါးမန်း ဘယ်လောက်ကြီးနိုင်သလဲ?"
 "ဒါက ခင်ဗျားရဲ့ ငါးကန်ပေါ်မူတည်ပါတယ်" 
"ငါးကန်လောက် ကြီးနိုင်သလား?" 
"ငါးကန်ထဲမှာဆိုရင် ငါးကန်ရဲ့အကြီးအငယ်နဲ့ ငါးမန်းအကန့်သတ်ခံထားရပါတယ်။ ပင်လယ်ထဲမှာဆိုရင်တော့ ငါးမန်းတွေဟာ ခြင်္သေ့တစ်ကောင်ကိုမြိုနိုင်တဲ့ထိ ကြီးနိုင်ပါတယ်" 
ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အတွေးအမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ပတ်ဝန်းကျင်က လူရဲ့တွေးတောခြင်းကို ကန့်သတ်နိုင်သလို လူကလည်း ကိုယ့်ရဲ့တွေးတောခြင်းကို ကိုယ်တိုင်ကန့်သတ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားပါနဲ့။ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြောင်းလဲခြင်းက စတင်နိုင်ပါတယ်။
ဆက်ဖတ်ရန်
ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
၁။ တည်ငြိမ်မှု့
ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက် နိုင်ကြသည် ။
၂ ။ ဂုဏ်သိက္ခာ
ရေနှင့် စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသော စကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။
၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင် တော်သော ဗိသုကာပညာရှင် များရှိသည်။ အဆောက် အအုံများသည်ယိုင်းယိုင် သွားသော်လည်း ပြိုမကျ ။
၎။ ထောက်ထားညှာတာမှု့
လောလောဆယ် လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )
၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင် လုယက်ခြင်းမရှိ လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။
၆။ အနာခံမှု့
နျူကလ**ယား ဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည် နောက်ချန်နေခဲ့သည်. ( ရေဒီယို ဓါတ်ရောင်ခြည် သင့်မှု့ ခံရမည်ကို သိလျက်နှင့် စွန့်လွှတ် အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူးနှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ ပေးဆပ်နိုင်ပါမည်နည်း။
၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်း လျှော့ချပေးကြသည် အစောင့်အရှောက် မရှိသော အေတီအမ် ( ငွေထုတ်စက် )စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီ စောင့်ရှောက်သည်။
၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရ မည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံး ကြသည် ။
၉။ မီဒီယာသတင်း
မီဒီယာများက အထိန်းအကွပ်ရှိသည် သတင်း ထုတ်ပြန်ရာ၌ နှိုင်းနှိုင်း ချိန်ချိန် ထိန်းထိန်း သိမ်းသိမ်း ရှိသည်။ ပရမ်းပတာ သတင်းထောက်မရှိ ။
၁၀။ အသိစိတ်
စတိုးဆိုင် တစ်ခုတွင် ဓါတ်အား ပြတ်တောက်၍ အမှောင်ကျ သွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန် ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာ သွားကြသည် ။
(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁။ )
ဆက်ဖတ်ရန်
Hacker's Keyboard
Myanmar IT group ကကို  Nay Minn တင်ထားတာပါ ကွန်ပျူတာလိုသုံးချင်တဲ့ သူတွေအတွက် ကွန်ပျူတာကီးဘုတ်သုံးချင်တဲ့သူတွေအတွက် ကွန်ပျူတာကီးဘုတ် function တွေ စုံသလောက်ပါပါတယ်ဗျ ( မြန်မာစာတော့မပါ..ပါ. မြန်မာလိုတော့ရေးလို့ ရမည်မဟုတ်ပါ)
အောက်မှာဒေါင်းပါရန်.
download--reuploaded by me :D
ဆက်ဖတ်ရန်
Friday, October 11, 2013
What is Batch file?
credit >>>  backb0neb00t3r
အမ်းးးးးးးးးးးး လိုင်းမကောင်းတာနဲ့  ခုတစ်လော copy တွေများနေတယ် :P ထားပါ အောက်မှာဖတ်ကြည့်ပေါ့ဗျာနော် >>>>>>>>>>>>>>>. 
Batch file ဆိုတာ cmd command တွေကို ပေါင်းရေးထားတဲ့ ပရိုဂရမ်တစ်ခုပါပဲ…. ဥပမာပေါ့ C:\a.txt ရယ် C:\folder\green.jpg ရယ်ဆိုတဲ့ ဖိုင် နှစ်ခုကို D:\ မှာ ကော်ပီကူးစေချင်ရင် cmd မှာ Copy C:\a.txt D: လို့  တစ်ခု copy C:\folder\green.jpg D: လို့  တစ်ခါ ဆိုပြီး ကော်မန်း နှစ်ခါ ရိုက်ရပါမယ် အဲ့လိုမျိုး ကော်မန်းနှစ်ခုကို ဖိုင်တစ်ဖိုင်ထဲမှာ ကြိုရေးပြီး အဲ့ဖိုင်ကို နှိပ်လိုက်တာနဲ့  တစ်ခါတည်းနဲ့  နှစ်ခုလုံး လုပ်ပြီးသားဖြစ်အောင် လုပ်လိုက်တာကို batch file ရေးတယ်လို့  ခေါ်ပါတယ် command အစုအဝေး ပေါ့ တစ်ချို့ က ဘာလုပ်လို့  ရလည်းလို့  တွေးရင်း တွေးမယ် ဥပမာပေါ့ temp ဖိုဒါထဲက မလိုအပ်တဲ့ ဖိုင်တွေရယ် recent ဖိုဒါထဲက မလိုအပ်တဲ့ ဖိုင်တွေရယ် စသဖြင့် ခဏခဏ ဖျက်ပေးရပါတယ်
ဆက်ဖတ်ရန်
Wednesday, October 9, 2013
စာဖတ်ခြင်းကြောင့် လက်တွေ့အကျိုး ( ၁၀ )ချက်
လူအများစုတွေဟာ စာအုပ်ဖတ်ခြင်းကို ၀ါသနာအရသော်လည်းကောင်း၊ ဗဟုသုတရလိုသောကြောင့်သော်လည်းကောင်း၊ တစ်ကိုယ်တည်းသီးသန့်နေ
လိုသောကြောင့်သော်လည်းကောင်း စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖတ်ရှုကြပါတယ်။ သို့သော်လည်း စာဖတ်ခြင်းအားဖြင့် သင့်ရဲ့ ပြင်ပလူနေမှု ဘ၀ကို အပေါင်းသင်္ကေတဖြစ်စေမဲ့ အချက်တွေကို သင်သိသွားမယ်ဆို လျှင်တော့ အံအားသင့်မှာပါ။
1. စာအုပ်ဖတ်ခြင်းဟာ အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို စာအုပ် ၂ နာရီခွဲခန့်ဖတ်တဲ့သူတွေဟာ မဖတ်တဲ့သူတွေထက် အသက်အရွယ်ကြီးလာရင် အယ်ဇိုင်းမားရောဂါဖြစ် နိုင်ခြေနည်းပါတယ်။ စာဖတ်ခြင်းအားဖြင့် ရောဂါကို ကာကွယ်နိုင်မှာလို့ ဆိုထားခြင်းမဟုတ်ပေမဲ့ စာဖတ်ခြင်း နဲ့ ရောဂါကာကွယ်ခြင်းတို့ဟာတော့ အနည်းငယ်ဆက်နွယ်နေပါတယ်။
2. နေ့စဉ်စာဖတ်ခြင်းအားဖြင့် နေ့စဉ်အကြောင်းအရာသစ်တွေကို လေ့လာနိုင်ပါတယ်။လေ့လာသူများရဲ့ သုတေသနမှတ်တမ်းမှာ ဖော်ပြထားချက်အရ စာဖတ်ခြင်းဟာ သင့်ကို ယခုထက်ပိုပြီး အသိပညာတွေတိုးပွားလာစေ မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သင့်ရဲ့ မှတ်ဥာဏ်ထဲမှ ဗဟုသုတတွေ
ကို ပြန်လည် ဖော်ထုတ်နိုင်စွမ်းရှိသလို အနာဂါတ်မှာလည်း မမေ့ပျောက် သွားအောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ အာရုံစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ စာများများဖတ်ပါက သင့်ဦးနှောက်မှာ သတင်းအချက် အလက်တွေ အသစ်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
3. စာဖတ်သူအများစုဟာ များသောအားဖြင့် ရွေးချယ်မှု၊ လေ့ကျင့်မှု စသည်တို့ကို မှန်ကန်စွာ ပြုလုပ်နိုင်စွမ်းရှိပါတယ်။ National Endowment for the arts အဖွဲ့မှ လေ့လာသုံးသပ်ချက်အရ စာဖတ်ခြင်းဟာ ဘ၀တစ်လျှောက် အသုံးဝင်တဲ့ အမူအကျင့်ကောင်းတစ်ခုဖြစ်ကြောင်း ဘ၀တက်လမ်းတိုးတက်ဖို့အတွက်လည်း အခွင့်အလမ်းများကို ရှာဖွေရယူနိုင်ကြောင်း ဖော်ပြထားပါတယ်။
4. စာဖတ်ခြင်းဟာ ပင်ပန်းမှုကို ပြေပျောက်စေပါတယ်။
Cristel Russell ရဲ့ အဆိုအရ စာဖတ်ခြင်းဟာ ဘ၀အမောတွေဖြစ်တဲ့ စိတ်ဖိစီးမှုတွေ စိတ်ရှုတ်ထွေးမှုတွေကို ခဏတာ ကူညီဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် သင်စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတဲ့ အချိန် သို့မဟုတ် အနားယူဖို့လိုအပ်နေတဲ့အချိန်မှာ ဘာမှမလုပ်ပါနဲ့ စာအုပ်တစ်အုပ်ကောက်ဖတ်ပြီး ဘ၀အမောတွေကိုဖြေလျှော့လိုက်ပါ။
5. စာဖတ်ခြင်းဟာ သင့်ရဲ့ မှတ်ဥာဏ်ကို ပိုကောင်းစေပါတယ်။
သင် စာဖတ်တဲ့ အကြိမ်တိုင်းမှာ သင့်ဦးနှောက်က အကြောင်းအရာအသစ်တွေကိုဝင်ဆန့်နိုင်ဖို့ အခန်းသစ်တစ်ခုဖွဲ့ပေးပါတယ်။ ဒီနေရာလွတ်ဟာ သင်လိုအပ်တဲ့ အချက်အလက်တွေ သင်လိုချင်တဲ့ အချက်အလက်တွေကို ဖြည့်စည်းပေးသွားမှာပါ။
6. စာဖတ်ခြင်းဟာ သင့်ကို ပိုမိုပြီး စွဲဆောင်မှုရှိစေပါတယ် အထူးသဖြင့် အမျိုးသမီးတွေကိုပေါ့။
လေ့လာတွေ့ရှိချက်အရ စာဖတ်ခြင်းဟာ သင့်ကို ပိုပြီး ဥာဏ်ရည်ဥာဏ်သွေးကောင်းသူတစ်ယောက် အဖြစ် အမျိုးသမီးတွေရဲ့ အမြင်မှာ ထင်မြင်စေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေနဲ့ အနေနဲ့ စာဖတ်သည့်ဟန်က အမျိုးသမီးတွေကို စွဲဆောင်နိုင်စွမ်းရှိကြောင်းတွေ့ရှိရပါတယ်။
7. စာဖတ်ခြင်းအားဖြင့် အသေးစိတ်ကျကျတွေးခေါ်နိုင်မှု အရည်အသွေးကို မြှင့်တင်ပေးပါတယ်။
စာဖတ်ခြင်းအားဖြင့် စာရေးရာမှာ အသုံးပြုတဲ့ စကားလုံးအထားအသိုတွေကို မှတ်မိနိုင်စွမ်းရှိလာစေပါတယ်။ ဒီအချက်ဟာ တချို့သော စာရေးခြင်းအားဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် အလုပ်တွေမှာဖြစ်စေ သို့မဟုတ် အခြားသော အသက်မွေးဝမ်းကျောင်းအလုပ်များမှာဖြစ်စေ အရေးပါ ပါတယ်။
8. စာဖတ်ခြင်းအားဖြင့် ဝေါဟာရကြွယ်ဝလာစေပါတယ်။
စာများများဖတ်လေလေ စကားလုံးအသစ်အဆန်းများများသိရှိလေဖြစ်ပါတယ်။ သိရှိထားတဲ့ စကားလုံးအသစ်အဆန်းတွေကို အများနဲ့စကားပြောသည့်အခါမှာဖြစ်စေ စာပေရေးသားရာမှာဖြစ်စေ ထည့်သွင်းအသုံးပြုခြင်းအားဖြင့် ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်မှုအသစ်တစ်ခုကို ပြုလုပ်နိုင်ပါတယ်။
9. စိတ်ကူးယဉ်ဝတ္ထုများဖတ်ခြင်းဖြင့် လူသားခြင်း နားလည်ပေးသည့် အတွေးမျိုးရှိလာစေပါတယ်။
Buffalo တက္ကသိုလ်မှ ပညာရှင်များရဲ့ သုံးသပ်ချက်အရ ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူးယဉ်ဝတ္ထုများကိုဖတ်ခြင်းအားဖြင့် အသစ်အသစ်သော ခံစားမှုများ လှုပ်ရှားမှုများကို ပြုလုပ်လာနိုင်ပါတယ်။ ဒီအချက်ဟာ မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု နဲ့ လူမျိုးများကို လက်ခံနားလည်လာစေပါတယ်။
10. ယေဘုယျှအားဖြင့် စာဖတ်အားကောင်းသူတို့ဟာ သူတို့ အသက်မွေးဝမ်းကျောင်းမှာ ထိပ်ဆုံးက နေရာယူလေ့ရှိပါတယ်။ H***r Wilson-Fletcher မှ ပြောကြားချက်အရ “ တံခါးကို ဖွင့်လိုက်ပါ ဘ၀ကို အေးအေးဆေးဆေးနေလိုက်ပါ။ နောက်ဆုံးနေ့ကို ရောက်လာတဲ့ အခါမှာတော့ သင်ဘယ်စာကို ဖတ်နေလဲဆိုတာ အရေးမကြီးတော့ပါဘူး။ ဒီအရာသည်သာ မင်းကို အကောင်းဆုံးပေးမဲ့ ဖျော်ဖြေမှုပဲ “ လို့ ဘ၀မှာ အောင်မြင်ချင်တဲ့ လူတစ်ယောက်အနေနဲ့ စာဖတ်ခြင်းဟာ ဘယ်လောက် အရေးကြီးကြောင်း ရှင်းလင်းစွာပြောဆိုထားပါတယ်။
ဝင်းကို (MM Social Sky)
ဆက်ဖတ်ရန်
Monday, October 7, 2013
Laptop သုံးစွဲပုံ စနစ်မကျပါက အရေပြားလောင်ကျွမ်းမှုများ ဖြစ်စေနိုင်
သုံးစွဲပုံ စနစ်မကျပါက Laptop ကွန်ပျူတာများသည် အရေပြားကို ကင်ပြီးသား ဖြစ်သွားစေနိုင်ကြောင်း သိရသည်။ Laptopကို ပေါင်ပေါ်တွင် တိုက်ရိုက်တင်ကာသုံးစွဲသူများတွင် Toasted Skin Syndrome (TSS)ခေါ် အရေပြားပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာတတ်သည်။ 
Laptopမှ ထုတ်လွှတ်သော အပူဒဏ်ကို
ကာလရှည်ကြာစွာ ခံစားရသည့် အသက်(၁၂)နှစ်အရွယ် ကလေးငယ် တစ်ဦး၏
ပေါင်အရေပြားတွင် ရေမြှုပ်သဏ္ဍန် ပုံမှန်မဟုတ်သည့် အကွက်ကြောင်းများ ပေါ်ပေါက်လာသည်ကို တွေ့ရှိပြီးနောက် ဆွစ်ဇာလန် ဆရာဝန်များက ယခုလို TSSနှင့်
ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ ကလေးငယ်သည် ပေါင်ပေါ်တွင် Laptopကိုတင်ကာ ကွန်ပျူတာဂိမ်းများအား နာရီနှင့်ချီ
စွဲစွဲမြဲမြဲ ကစားခဲ့သူဖြစ်သည်။
“သူက Laptopကို ပေါင်ပေါ်တင်ထားတဲ့အချိန်
ဘယ်ဖက်ခြမ်းက အပူထွက်တာကို သတိထားမိပါတယ်။ ဒါပေမယ့် သိပ်ပြီး ဂရုတစိုက်
မရှိခဲ့ဘူး။ Laptopတင်ထားတဲ့ ပုံစံကိုလည်း မပြောင်းခဲ့ဘူး” ဟု ဆွစ်အရေပြားဆိုင်ရာ အထူးကု ပညာရှင်တစ်ဦးက Pediatrics ဆေးပညာ ဂျာနယ်သို့ ပြောကြားခဲ့သည်။ 
ယင်းကဲ့သို့ ဖြစ်ရပ်မျိုး အမေရိကန်နိုင်ငံ၊ဗာဂျီးနီးယားရှိ ဥပဒေ ကျောင်းသူတစ်ဦးလည်း ကြုံခဲ့ဖူးသည်။
ထိုမိန်းကလေး၏ အရေပြား လောင်ကျွမ်းမှုကို ကုသပေးခဲ့ရသည့် ဒေါက်တာ ကင်ဘာလေ ဆယ်လ်ကီက
လူနာမိန်းမပျိုလေးသည် Laptopကို တစ်နေ့လျင် (၆)နာရီမျှ ပေါင်ပေါ်တင်ကာ
ပုံမှန်သုံးစွဲလေ့ရှိကြောင်း ပြောကြားခဲ့သည်။
သူမ၏ အရေပြားပေါ် နေ့စဉ်ထိတွေ့ သက်ရောက်သော အပူချိန်သည် (၅၂)ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှ ရှိခဲ့ကြောင်း သိရသည်။ 
လွန်ခဲ့သော (၆)နှစ်အတွင်း Laptopမှ အပူကြောင့် အရေပြားတွင် ပြဿနာများ ဖြစ်ပေါ်မှုပေါင်း အနည်းဆုံး (၁၀)ခုမျှကို ဆေးပညာ ဂျာနယ်မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သေးသည်။
အဓိကအားဖြင့် Laptopကို အလွန်အကျွံ မြင့်မားသော စွမ်းဆောင်ရည်မျိုးဖြင့် သုံးစွဲရာတွင်
ယင်းသို့ဖြစ်တတ်ပြီး သာမန်အနေအထားမျိုးတွင်မူ Laptopမှ ထွက်ပေါ်လာသည့်
အပူသည် အရေပြား လောင်ကျွမ်းလောက်အောင် ပြင်းထန်ခြင်း မရှိကြောင်း သိရသည်။
အလွန်ဖြစ်ခဲသော်လည်း အချို့သော အခြေအနေများတွင် ၎င်းလောင်ကျွမ်းမှုသည်
အရေပြားကင်ဆာ ဖြစ်လာသည်အထိ ဆိုးရွားသွားစေနိုင်ကြောင်းလည်း သုတေသီများက
သတိပေး ပြောဆိုထားသည်။
ဆက်ဖတ်ရန်
ခြေလက်မျက်စိ အင်္ဂါစုံစေသား။
သီလ သမာဓိသည် စရဏမျိုးတည်း
 ပညာသည် ၀ိဇ္ဇာမျိုးတည်း။
 စရဏသည် ခြေလက်နှင့် တူ၏။
 စရဏသည် အတောင်နှင့်တူ၏။
 သီလ၊ သမာဓိနှင့် ပြည့်စုံပြီး ၀ိဇ္ဇာဥာဏ်ချို့တဲ့သောသူသည်
 ခြေလက်အင်္ဂါ ပြည့်စုံ၍ မျက်စိနှစ်ဖက် ချို့တဲ့သူနှင့် တူ၏။
 လူကောင်း သူကောင်း ပကတိနှင့်တူ၏။
 မပြောစလောက်သော သူနှင့်တူ၏။
သီလ၊ သမာဓိ စတဲ့ စရဏနှင့် ပြည့်စုံပြီး ဥာဏ်ဝိဇ္ဇာမရှိသူသည် နောက်ဘုရား သာသနာနဲ့ တွေ့ကြုံရပြီး
တရားကို နာကြားရသော်လည်း သစ္စာဥာဏ်အလင်း မပေါက်နိုင်ကြကုန်။
ဥပမာ - ဘုရားလက်ထက်က ကာဠုဒါယီမထေရ်၊ ဆဗ္ဗဂ္ဂီရဟန်း…..
အကြင်သူသည် ရုပ်နာမ်ခန္ဓာတို့၌ ကျက်စားခြင်းဟူသော ၀ိဇ္ဇာမျိုးနှင့် ပြည့်စုံကြကုန်၏။
ဒါန၊ သီလမှု စတဲ့ စရာဏ နည်းပါးကုန်၏။
ထိုသူတို့သည် ၀ိဇ္ဇာမျိုးရှိသည့်အတွက် နောက်ဘုရားတရားကို နာကြားခွင့် ရကြပါကုန်မူကား
သစ္စာဥာဏ်အလင်းသို့ ပေါက်ရောက်နိုင်ကြကုန်၏။
စရဏတရား နည်းပါးကုန်သည့်အတွက် နောက်ဘုရားနှင့် တွေ့ကြုံကြနိုင်ရန် အခွင့်ကား
အလွန်ခဲယဉ်းလှကုန်၏။
အနှစ်ချုပ်သော် - ၀ိဇ္ဇာ၊ စရဏ နှစ်ပါးနှင့်ပြည့်စုံသူမှ ကျွတ်တမ်းဝင်နိုင်၏။
မှတ်ချက်။   ။ လယ်တီဆရာတော်(ဗောဓိပက္ခိယ ဒီပနီကျမ်း) မှ ထုတ်နုတ်ဝေမျှသည်။
ဆက်ဖတ်ရန်
လူမှုကွန်ယက် Facebook ရဲ့ သိမှတ်ဖွယ်ရာများ
၁။ ကျွန်တော်တို့တွေ အခုခေါ်ခေါ်နေတဲ့ Facebook ကိုယခင်တုန်းက thefacebook လို့ခေါ်တယ်လို့ဆိုတယ်ဗျာ။
အဲဒီတုန်းကတော့ ဟားဗတ်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ တွေရဲ့  ကိုယ်ရေးအချက် အလက်တွေနဲ့ မှတ်တမ်းများကိုသိမ်းဆည်းရန်သာ အသုံးပြုဖို့ ဖြစ်တယ် လို့ဆိုတယ်။
၂၀၀၅ ခုနှစ်ရောက်မှ ကျွန်တော်တို့တွေခေါ်နေကျအသံ ဖွဘွတ်(ခေါ်)Facebookလို့ စတင်ခေါ်ဆိုတယ်လို့ သိရတယ်ခင်ဗျ။ 
၂။ ဟားဗက်မှာအသုံးပြုတဲ့ thefacebook ကိုလူတွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ Zuckerburg ကလုပ်ဆောင်ပေးခဲ့တယ်ဆိုပေမယ့် စိတ်ကူးနဲ့အကြံဥာဏ်တွေကို ကူးချတယ်လို့ဆိုပြီး Facebook ကို အပိတ်ခံ ရလုနီးတောင် ဖြစ်ခဲ့တယ်ဆိုပဲ။
"အင်း....တကယ်လို့အပိတ်သာခံခဲ့ လို့က တော့ အခုလောက်ဆိုရင် ကျွန်တော်တို့တွေ တွယ်တာလို့ခေါ်တဲ့ Twitter,LikeIn တို့နဲ့နှစ်ပါးသွား နေလောက်ပြီ" 
၃။ Facebook ကိုအခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Social Network ရုပ်ရှင်ကား Golden Globes ဆုလေးဆုတောင်ရခဲ့တယ်ဆိုပဲ။ အဲဒီကားထဲမှာဆိုရင် Facebook နဲ့ပတ်သက်တဲ့နောက်ကြောင်းရာဇဝင်တွေ တရားရင်ဆိုင်ရပြီး အပိတ်ခံရလုနီးဖြစ်ခဲ့တဲ့ အကြောင်းတွေ စုံစုံလင်လင် ပါတယ်လို့ကြည့်ဖူးတဲ့ သူတိုင်းကတော့ ပြောကြတာပဲ။
"ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး အသံဖမ်းတရားနာလုပ်ထားတာ... ......" 
၎။မြန်မာပြည်မှာ Facebook ကိုတစ်လ မိနစ်ဘယ်လောက်သုံးတယ်ဆိုတာ တော့သိဘူး...တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ မိနစ် ၇၀၀ တောင်သုံးကြတယ် တဲ့.... 
၅။နိုင်ငံတကာမှာ Facebook ကြောင့်မို့လို့ ရာဇဝတ်မှုများစွာကိုတောင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်တဲ့။ "မြန်မာပြည်မှာ Facebook နဲ့ရာဇဝတ်သားတွေကိုလိုက်ဖမ်းတယ်လို့တော့ ကြားဖူးသေးဘူး....ဘာလို့လည်းဆိုတော့ ဒီကရာဇဝတ်သားတွေက ဖွဘွတ်ကို သိမှသိပဲကို..." 
၆။Facebook ကိုအမြဲတမ်းနေ့စဉ်အသုံးပြုနေသူ ၁ ဘီလီယံတောင်ရှိတယ် ဆိုပဲ၊ ကျွန်တော်တို့လို နေ့စဉ် Facebook မှာရေးနေရတဲ့သူတွေကိုဆိုလိုတာ နေမှာ.... 
၇။လူဦးရေ သန်း ၆၀၀ လောက်က Facebook ကိုဖုန်းနဲ့အသုံးပြုတဲ့။ "သူတို့များ 
ကွန်နက်ရှင်ကောင်းလို့ထင်ပါရဲ့ " 
၈။အမေရိကန်မှာ Facebook ကိုလူဦးရေ ၁၆၆ သန်းကအသုံးပြုပြီး ကမ္ဘာမှာသုံးစွဲမှုအများဆုံးဖြစ်၊ "အင်း....သိပ်တော့လည်း မထူးဆန်းပါဘူး...သူတို့ဆီမှာက လူဦးရေကများတာကိုး....မြန်မာပြည်မှာတောင် သုံးတဲ့သူ ယခင်-၇ သိန်းကနေအခု ၁ သန်းကျော် သွားပြီလို့တော့ကြားသိရတာပဲ။. ဟုတ်ဖူးလား...နောက်ဆိုရင်ဒီထက်တောင်များအုန်းမှာ..အတည်ပြောနေ တာနော်.." 
၉။အဲ......ဖွဘွတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေကိုတောင်ကျော်ပြီး ဦးဆောင်နေပြီတဲ့ဗျ၊အမျိုးသမီးတွေက ပျမ်းမျှတစ်လကို Status Update ၂၁ ကြိမ်ပြုလုပ်လျက်ရှိပြီး အမျိုးသားတွေက ပျမ်းမျှ ၆ ကြိမ်သာရှိတဲ့။
"မီးနှုတ်ခမ်းနီးချိုးတာ လှရားဟင်....ဒီနေ့ ချော့ပင်ထွက်တယ်....." ထွက်ပဲထွက်နိုင်လွန်းတဲ့ ချော့ပင်...Status Update မှာတွေ့နေရတာတွေကို ပြောတာ.....ငှိငှိ 
၁၀။ပြောလို့မဆုံးသေးဘူး Facebook မှာ Photo Uploaded ပေါင်း သန်း ၂၅၀ တောင်ရှိတယ်တဲ့၊အဲဒါက နေ့စဉ်တဲ့နော်...နေ့စဉ်.. ဒီလိုဆိုရင် မနည်းဘူးပဲ.....တင်လိုက်တဲ့ Photo တွေ... 
၁၁။အမေရိကန်မှာ အွန်းလိုင်းအရောင်းအဝယ်တွေကို ဖွဘွတ်နဲ့အသုံးပြု တာက ၉၅%ရှိပြီး တွယ်တာနဲ့က ၆၂% ပဲရှိတယ်တဲ့.... 
"ဒါပဲ ငါတို့ ဖွဘွတ်ကိုလာယှဉ်လို့ဘယ်ရမလည်း....ဟွန်း...." 
၁၂။အဲဒါကတော့ အဆန်းဗျ...အဆန်း...နေဆန်းဟုတ်ဘူးနော်........ ကျွန်တော့်အတွက် ထူးဆန်းလွန်းလို့ပါဗျာ...တစ်ကမ္ဘာလုံး လွတ်လပ်စွာအသုံးပြုလို့ရနေတဲ့ Facebook ကိုတရုတ်၊ဗီယမ်နမ်၊အီရန် တို့တွင်ပိတ်ပင်ထားတဲ့...... 
" မြန်မာပြည်မှာသုံးလို့ရတယ်ဆိုတော့ အတော်လေးကိုပျော်နေလို့ မဖြစ် သေးဘူးဗျ...ဖွဘွတ်ကိုတချို့က တလွဲတွေချည်းလုပ်နေလို့ ပိတ်မယ်လို့တော့ သဲ့သဲ့ လေးကြားနေရတယ်ဗျ...
"ဒါကလည်း ဖြစ်သင့် တယ်ပဲဆိုရမှာလားပဲ...အဲလိုဆိုရင်တော့ ကျွန်တော်တို့တော့ ငှက်ပီ.... ရေးစရာရှိတော့ဘူး....."
၁၃။ဘီလီယံ ၈၀ တောင်တန်တယ်တဲ့....လက်ရှိ Facebook ရဲ့ တန်ဖိုးက 
"ကယ်.....မှုပိုင်ဝယ်ချင်တဲ့ သူရှိတယ်ဆိုရင်တော့ စဉ်းစားလို့ရတာပေါ့ ဟုတ်ဘူးလား...." 
၁၄။အလုပ်အရှုပ်ဆုံး ဝက်ဆိုဒ်အဖြစ် Google ပြီးရင် ဒုတိယနေရာမှာ ကျွန်တော်တို့ရဲ့ ဖွဘွတ်ကြီးတဲ့ဗျာ... "မြန်မာပြည်မှာတော့ လာမယှဉ်နဲ့ ဖွဘွတ်ကအလုပ်ရှုပ်ဆုံးပဲ...." 
၁၅။ကမ္ဘာပေါ်မှာ ဖဲသမားတွေ၊လောင်းကစားသမားတွေ အများဆုံးဆိုတာ Facebook ကငြင်းလို့မရအောင် သက်သေပြနေပြီ၊ဘာလို့လည်းဆိုတော့ Texas Hold’em Poker လို့ခေါ်တဲ့ဂိမ်းအမျိုးစားက Fan page အဖွဲ့ဝင် သန်း ၇၀ ကြီးများတောင်ရှိတယ်တဲ့.....နေ့စဉ်တိုးနေတာနော်... Fan Page အဖွဲ့ဝင်အများဆုံးပေါ့ဗျာ....... 
၁၆။အောင်မငီး....အိုင်စလန်နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့ Facebook ကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်တဲ့..... 
"လန်ထွက်နေတာပဲ....ဝှီး......" 
၁၇။Facebook ရဲ့  URL အဆုံးသတ်မှာ အင်္ဂလိပ်အမှတ်စဉ်(4)ကိုပါရိုက်ထည့် မယ်ဆိုရင် တည်ထောင်သူ Mark Zuckerberg ရဲ့  Wall Page ကို ဒါရိုက်ရောက်ရှိတယ်လို့ ပြောထားတယ်ဗျ... 
"ကျွန်တော်လည်း ဘယ်ရမလည်း....စမ်းကြည့်တာပေါ့...ဒါပေမယ့်မရဘူး ဖြစ်နေတယ်...ကျွန်တော်လုပ်တာပဲမဟုတ်လို့လား...သိတဲ့သူများရှိရင်... ပြောခဲ့နော်...." 
၁၈။ ဒါကတော့ ကြေငြာချက်ဗျ..Facebook ကအသုံးပြုသူကိုယ်ရေးအချက် အလက်တွေကို Hack နိုင်ရင် အကောင့်တစ်ခုအတွက် ဒေါ်လာ ၅၀၀ ချီးမြင့်မယ်တဲ့
(ဒီကြေငြာချက်က နည်းနည်းတော့ပြောစရာ အဟက်ခံရတဲ့ အကောင့်တွေ တစ်နေ့၊တစ်နေ့ နည်းမှမနည်းတာ တကယ်သာပေးရမယ် ဆိုရင် ကျွန်တော်ပါသွားထုတ်လို့ရလောက်တယ် ငှိငှိ..:D) " အဲ....ခုမှသတိရတယ် မင်းသမီးအကောင့်တွေ အဟက်ခံရတယ်လို့ ဟိုတစ် လောကကြားတယ်...အဲဒါသွားထုတ်လိုက်အုန်း...ဒေါ်လာ ၅၀၀..အဆင်ပြေ ရင်တစ်ဝက်ခွဲပေး..." 
ကဲ....ဒါတွေကတော့ ဖွဘွတ်နဲ့သိမှတ်ရသလောက် ဝေငှထားတာပါ... ဖတ်ရှုတဲ့သူတွေ ကျေနပ်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လုပ်ငန်းခွင် စိတ်ဖိစီးမူကင်းဝေးပြီး ရယ်မောပျှော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြု လျက် ဗဟုသုတအနေနဲ့ သိပြီးသူကော၊မသိသေးတဲ့ သူအတွက်ပါ မျှဝေလိုက် ပါတယ်။
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Blogger news
ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)
LinkWithin
Related Posts Plugin for WordPress, Blogger...