မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Saturday, October 19, 2013

ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်းက မတ္တရာဆရာတော်


    မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်း
ကရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အ
ကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့  အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျ
တော့ ဆွမ်းကိုပျော့အောင် ချက်ထားပါတယ်။ အဲဒီတော့..ဆရာတော်ကြီးက “အေး..ဒီနေ့ဆွမ်းက
ပျော့နေတယ်၊ ၀ါးရသက်သာလို့ ကောင်းတာပေါ့ကွယ်” တဲ့။ အဲဒါနဲ့ ပျော့တာမပြောရင် မာရင်ဘာ
ပြောမလဲဆိုပြီး ဆွမ်းကိုမာမာချက်တော့..“အေး..ဒီနေ့ဆွမ်းက မာမာတောင့်တောင့်လေး စားရ
တာပေါ့” လို့ပြောပြန်ပါတယ်။ ဒါနဲ့ တစ်နေ့ကျတော့ ဆားလေးလေးငန်ငန် ချက်ပြီးဆွမ်းကပ်တော်
“ဒီနေ့..ဆားငန်ငန်လေးလေးနဲ့ဆိုတော့ အစာပိုကြေတာပေါ့” လို့ ပြောပါတယ်။ ဆားငန်ရမလား
ဆိုပြီး စိတ်မဆိုးဘဲ ဆားငန်သည့်အတွက်ကြောင့် အစာပိုကြေတာပေါ့တဲ့။ နောက်တစ်ရက်ကျတော့
ဆားမပါဘဲချက်ကာ ဆွမ်းကပ်လိုက်တော့ “အေး..ဒီနေ့ ရေငတ် သက်သာတာပေါ့” လို့ ပြောပြန်ပါ
တယ်။ စိတ်ဆိုးဆူပူတာ မရှိပါ။
         အဲဒီလို အကောင်းဘက်ကနေ တွေးပြီးတော့ ကိုယ့်စိတ်ကိုယ်ထိန်းတာ သူတော်ကောင်းတွေ
ရဲ့ စိတ်နေသဘောထား တစ်ခုဖြစ်ပါတယ်။ ဒေါသဖြစ်စရာ မရှိဘူး။ သာမန်ပုဂ္ဂိုလ်ဆိုရင် ထမင်း
ပျော့ရင် ပျော့ရမလားဆိုပြီး ရန်ဖြစ်ကြ၊ ထမင်းမာရင် မာရမလာဆိုပြီး၊ ဆားငန်ရင် ငန်ရမလားဆို
ပြီး၊ ဆားမပါရင် ဆားမပါရမလားဆိုပြီး ရန်ဖြစ်ကြပါမယ်။ အဆင်မပြေ ဖြစ်ကြပါမယ်။ မတ္တရာဆ  
ရာတော်လိုမျိုး သဘောထားကြမယ်ဆိုရင် ဘာပြဿနာမှတက်မှာ မဟုတ်ပါ။
         တရားချစ်ခင် သူတော်စင်တို့ကလည်း မတ္တရာဆရာတော်ကြီးလို စိတ်ထားလေးများထားနိုင်
ကြကာ မိမိတို့ဘ၀အတွက်ကောင်းသထက်ကောင်း မြင့်မြတ်သထက်မြင့်မြတ်ကာ နိဗ္ဗာန်ချမ်းသာကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။
  {၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
   သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပါသည်။}
    “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...