၁။ တည်ငြိမ်မှု့
ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ
ဖြေဖျောက် နိုင်ကြသည်
။
၂ ။ ဂုဏ်သိက္ခာ
ရေနှင့် စားသောက်ကုန်များကို
စည်းစနစ်တကျ တန်းစီယူကြသည်
ကြမ်းတမ်းသော စကား
ရိုင်းစိုင်းသော အမူအရာ
လုံးဝ မတွေ့ရ
။
၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင် တော်သော ဗိသုကာပညာရှင် များရှိသည်။ အဆောက် အအုံများသည်ယိုင်းယိုင် သွားသော်လည်း ပြိုမကျ ။
၎။ ထောက်ထားညှာတာမှု့
လောလောဆယ် လိုအပ်သမျှသာ
ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း
လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ်
)
၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင် လုယက်ခြင်းမရှိ လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည်
။
၆။ အနာခံမှု့
နျူကလ**ယား ဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည် နောက်ချန်နေခဲ့သည်. ( ရေဒီယို ဓါတ်ရောင်ခြည် သင့်မှု့ ခံရမည်ကို သိလျက်နှင့် စွန့်လွှတ် အနစ်နာခံခြင်းဖြစ်သည်
) သူတို့၏ ကျေးဇူးနှင့်
မြင့်မြတ်သော စိတ်ထားကို
မည်သို့ ပေးဆပ်နိုင်ပါမည်နည်း။
၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်း လျှော့ချပေးကြသည်
အစောင့်အရှောက် မရှိသော
အေတီအမ် ( ငွေထုတ်စက်
)စက်တစ်လုံးကို ဒီအတိုင်းထားသည်
အားကြီးသူက အားနည်းသူကို
ကူညီ စောင့်ရှောက်သည်။
၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရ မည်ကို တိတိကျကျ
သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံး
ကြသည် ။
၉။ မီဒီယာသတင်း
မီဒီယာများက အထိန်းအကွပ်ရှိသည် သတင်း ထုတ်ပြန်ရာ၌ နှိုင်းနှိုင်း
ချိန်ချိန် ထိန်းထိန်း
သိမ်းသိမ်း ရှိသည်။ ပရမ်းပတာ သတင်းထောက်မရှိ ။
၁၀။ အသိစိတ်
စတိုးဆိုင် တစ်ခုတွင်
ဓါတ်အား ပြတ်တောက်၍
အမှောင်ကျ သွားသောအခါ
ဈေးဝယ်သူများသည် ဝယ်ရန်
ယူထားသော ပစ္စည်းများကို
စင်ပေါ်တွင် ပြန်တင်၍
အေးငြိမ်းစွာ ထွက်ခွာ
သွားကြသည် ။
(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် )
သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ
၂၀၁၁။ )
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။