မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Friday, October 11, 2013

What is Batch file?

credit >>>  backb0neb00t3r
အမ်းးးးးးးးးးးး လိုင်းမကောင်းတာနဲ့  ခုတစ်လော copy တွေများနေတယ် :P ထားပါ အောက်မှာဖတ်ကြည့်ပေါ့ဗျာနော် >>>>>>>>>>>>>>>. 
Batch file ဆိုတာ cmd command တွေကို ပေါင်းရေးထားတဲ့ ပရိုဂရမ်တစ်ခုပါပဲ…. ဥပမာပေါ့ C:\a.txt ရယ် C:\folder\green.jpg ရယ်ဆိုတဲ့ ဖိုင် နှစ်ခုကို D:\ မှာ ကော်ပီကူးစေချင်ရင် cmd မှာ Copy C:\a.txt D: လို့  တစ်ခု copy C:\folder\green.jpg D: လို့  တစ်ခါ ဆိုပြီး ကော်မန်း နှစ်ခါ ရိုက်ရပါမယ် အဲ့လိုမျိုး ကော်မန်းနှစ်ခုကို ဖိုင်တစ်ဖိုင်ထဲမှာ ကြိုရေးပြီး အဲ့ဖိုင်ကို နှိပ်လိုက်တာနဲ့  တစ်ခါတည်းနဲ့  နှစ်ခုလုံး လုပ်ပြီးသားဖြစ်အောင် လုပ်လိုက်တာကို batch file ရေးတယ်လို့  ခေါ်ပါတယ် command အစုအဝေး ပေါ့ တစ်ချို့ က ဘာလုပ်လို့  ရလည်းလို့  တွေးရင်း တွေးမယ် ဥပမာပေါ့ temp ဖိုဒါထဲက မလိုအပ်တဲ့ ဖိုင်တွေရယ် recent ဖိုဒါထဲက မလိုအပ်တဲ့ ဖိုင်တွေရယ် စသဖြင့် ခဏခဏ ဖျက်ပေးရပါတယ်

အဲ့လို အလုပ်မျိုးကို ဒီလို batch file ရေးလိုက်ရင် ခဏခဏ ကော်မန်းတွေ ရေးပြီးဖျက်စရာ မလိုတော့ပဲ တစ်ချက်တည်းနဲ့  ပွဲသိမ်းပါတယ်…. နောက်ပြီး batch file လေ့လာရင်း Programming concept လေးလည်း ရလာပါတယ်…. ပြီးတော့ windows system ကိုလည်း ပိုပြီး တီးမိ ခေါက်မိလာပါတယ်…. cmd ကို ကျွမ်းကျင်သွားရင် ရလာမှာက အများကြီးပါ biggrin ၀ါသနာပါတဲ့ လူတွေကြီးဖတ်နေတာမို့  ဆက်မကြေငြာတော့ပါဘူး…. Batch file အတွက် ကော်မန်းက သိပ်များများ စားစား မရှိပါဘူး …. echo, pause, rem, goto, call, echo., if, for ဒါပါပဲ…. ကျန်တာက cmd ကော်မန်းတွေပဲ ထည့်သုံးရတာပါ…. အရင်ဆုံး batch ကော်မန်း တွေလေ့လာပါမယ် ပြီးမှ cmd ဘက်ကူးကြတာပေါ့…. အောက်မှာ ငါးခု အရင် ပြထားပါတယ် if ကို နောက်မှ ဆက်လေ့လာကြမယ်…. For ကိုတော့ ပယ်ထားပါတယ် မလေ့လာတော့ပါဘူး biggrin

Echo command
Echo ကော်မန်းက စကရင်မှာ ကိုယ်ပြချင်တာတွေနဲ့ တွဲသုံးရပါတယ် ဥပမာ ကိုယ်ရေးထားတဲ့ ဘက်ဖိုင်လေးကို နှိပ်လိုက်လို့  Hello World! လို့  စာတန်းလေး ပေါ်လာစေချင်ရင် အောက်က ကုဒ်လေးတွေကို Notepad ထဲမှာ ရေးပြီး program.bat ဆိုပြီး သိမ်းလိုက်ပါ ပြီးရင် ပြန်ဖွင့်ကြည့်လိုက် Hello world! ဆိုတာလေး ပေါ်နေလိမ့်မယ်….



Code:
@echo off
echo Hello World!
Pause

ဘာမှခက်တာတော့ မပါပါဘူး echo နောက်က စာသားကို သူက ထုတ်ပြတယ် ဒါပါပဲ @echo off ဆိုတာကတော့ C:\Users\ ဘာညာဆိုပြီး ပေါ်လာတာတွေကို မပေါ်အောင် လုပ်လိုက်တာပါ သူတို့ ပေါ်ပေါ်လာတော့ မလှတော့ပဲ မျက်လုံးရှုပ်လာပါတယ်…. လက်တွေ့ သိချင် အပေါ်က ကုဒ်ကိုပဲ @echo off မပါပဲ ရေးပြီး ဖွင့်ကြည့်ပါ….

Pause command
Pause ကော်မန်းကတော့ အတော်ကြီး ရှင်းတာ ဟီး ရပ်လိုက်ပါတဲ့ pause ကိုတွေ့ တာနဲ့  ပရိုဂရမ်က ရပ်လိုက်ပြီး ပရိုဂရမ်ကို ဆက်အလုပ်လုပ်မယ်ဆို သုံးတဲ့သူက ကီးတစ်ခု နှိပ်ပေးရပါတယ် ဒါမှ ဆက်ပြီး အလုပ်လုပ်မှာပါ…. ခုန ပရိုဂရမ်လေးမှာဆို Hello World! လည်းပြီးရော press any key to continue…. ဆိုပြီး ရပ်နေပါတယ်…. ကီးတစ်ခုခုကို နှိပ်လိုက်တော့မှ ဆက်အလုပ်လုပ်မှာမို့  နှိပ်လိုက်ပါတယ် တစ်ခုခု…. ဒါပေမယ့် သူက ပိတ်သွားပါတယ်…. အင်းလေ ပိတ်မှာမို့  သူ့ နောက်မှာ ဆက်လုပ်စရာ ဘာအမိန့် မှမှ မရှိတော့တာ ပြီးပြီပေါ့ ဟီးဟီး biggrin ဒီလောက်ဆို ရှင်းပြီ ထင်ပါတယ်…. Pause သုံးရင် ခဏ ရပ်မယ် တစ်ခုခုနှိပ်မှ ဆက်အလုပ်လုပ်မယ်….

Goto command
Goto ကို တစ်နေရာရာမှာ ရှိနေတဲ့ အမိန့် တွေကို သွားလုပ်ခိုင်းစေချင်ရင် သုံးရပါတယ်…. ဥပမာပေါ့ ကျွန်တော့်မှာ အလုပ်သမား တစ်ယောက်ရှိတယ် အလုပ်တွေ ပြီးသွားလို့  သူ့ ကို ကျွန်တော့် သူငယ်ချင်းဆီ သူခိုင်းတာ လုပ်ခဲ့ ဆိုပြီး အလုပ်လုပ် ဖို့ လွတ်လိုက်တယ်…. ဒါဆို ကျွန်တော်က goto ကို သုံးလိုက်တာပေါ့ ထပ်ရှင်းသွားအောင် ဒါလေး ကြည့်ပါအုန်း

Code:
@echo off
echo hi
goto a
echo hey
echo hello
:a
echo Hello World
pause
ဒီမှာ ဆို ပထမဆုံး အပေါ်က echo hi ဆိုတာကို အလုပ်လုပ်ပါတယ် ပြီးတော့ goto a ဆိုတာကို သွားတွေ့ ပါတယ် အဲ့ဒါနဲ့  အောက်က ကော်မန်းတွေကို ဆက်အလုပ် မလုပ်တော့ပဲ a ဆီတန်းသွားပါတော့တယ် a ဆီရောက်တာနဲ့  a အောက်က အမိန့် ကို ဆက်လုပ်ပါတော့တယ် :a ဆိုတာက a အမှတ်လို့  သတ်မှတ်ပေးတာပါ ရှေ့က အစက်လေး နှစ်စက် ခံပြီး သတ်မှတ်ရပါတယ်…. ဒါဆို နေရာလည်း သတ်မှတ်တတ်ပြီ သွားလည်း သွားတတ်ပြီပေါ့….

Rem command
rem ဆိုတာက comment(မှတ်ချက်) ရေးဖို့ ပါ….ပရိုဂရမ်တစ်ခုရေးရင် တစ်ချို့ ကုဒ်တွေမှာ မှတ်ချက်လေးတွေ ရေးထားလေ့ရှိပါတယ် ကိုယ်ပြန်ဖတ်လည်း လွယ် နောက်လူဖတ်လည်း လွယ်အောင်ဆိုပြီးတော့ပါ…. ပရိုဂရမ် သေးသေးလေး ဆိုရင်တော့ ကိစ္စမရှိပေမယ့် ကြီးလာရင်တော့ ဒါလေးတွေ ထားတော့ နားလည် လွယ်တာပေါ့…. rem ကိုတွေ့ တာနဲ့  သူနောက်က စာသားတွေကို လျစ်လျူရှူပြီး နောက်တစ်ကြောင်းကို ဆက်အလုပ်လုပ်ပါတယ် ဥပမာ ဒီလိုပေါ့

Code:
@echo off
echo hi
rem echo hi
echo hey
echo hello
pause

ဒီမှာဆိုရင် အပေါ်က Hi ကို အလုပ်လုပ်ပါတယ် rem လည်းတွေ့ ရင် သူ့ နောက်က စာသားက ဘာပဲဖြစ်ဖြစ် လျစ်လျူပြီး နောက်တစ်ခုကို လုပ်ပါတယ် rem နောက်မှာ ရေးချင်ရာသာရေးပါ….

Call command
Call ဆိုတာက ဖိုင်တစ်ခုခုကို ခေါ်ရင် သုံးပါတယ် ဓာတ်ပုံပဲ ဖြစ်ဖြစ် ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် word ဖိုင်ပဲဖြစ်ဖြစ် batch file ပဲဖြစ်ဖြစ် call နောက်မှာ ရေးလိုက်တာ မှန်သမျှကို ဖွင့်ပေးပါတယ် ဥပမာပေါ့ notepad ကို ဖွင့်ပြီး ရေးချင်ရာသာ လေးငါးလုံး ရေးလိုက် ပြီးရင် name.txt နဲ့  သိမ်း…. Batch file ကိုကျ ဒီလိုလေး ရေး….

Code:
@echo off
echo hi
pause
call name.txt

ဒါဆို အဲ့ဘက်ဖိုင်ကို ဖွင့်တာနဲ့  ဟိုင်း လို့  စာသားပေါ်လာလိမ့်မယ် ပြီးရင် ကီး တစ်ခုခု နှိပ်တာနဲ့  name.txt ဖိုင်က သူ့ အလိုလို ပွင့်သွားပါလိမ့်မယ်…. တစ်ခြား ကြိုက်ရာဖိုင် အစားထိုးပြီး လုပ်ကြည့်ပါ…. တစ်ခုပဲ သတိထားရမှာပါ call လုပ်မယ့် ဖိုင်နဲ့  ကိုယ့်ရဲ့ ဘက်ဖိုင်က တစ်နေရာတည်း(ဖိုဒါ တစ်ခုထဲ) မှာ တူတူရှိနေမှ ရမှာပါ…. အဲ့လိုမဟုတ်ပဲ ကိုယ်ဖွင့်စေချင်တဲ့ ဖိုဒါက D: ထဲမှာဆို ဒီလို ဖွင့်ရမှာပါ

Code:
@echo off
echo hi
call D:\name.txt
pause

ကျေးဇူးပြုပြီး ကော်မန့် မရေးပါနဲ့ အုန်း အများကြီး ဆက်ရေးချင်သေးလို့  ဟီး

CMD( command prompt)
Batch command ငါးခုတော့ ပြီးသွားပါပြီ လွယ်လိုက်တဲ့ ဖြစ်ချင်း ခိခိ biggrin မယုံ မရှိနဲ့  နောင် တစ်ချိန် ပရိုဂရမ်းမင်း လေ့လာရင် ဒီ ဘက်ဖိုင်ကို တစ်အား ကျေးဇူးတင်နေလိမ့်မယ်…. ခုစာအုပ်သာ ပြီးသွားရင် စစ်စတန်ပိုင်းလည်း ကျွမ်းလာလိမ့်မယ်…. အခု cmd command လေးတွေ စလေ့လာပါတော့မယ်…. Cmd ကိုဖွင့်တာက အရင် ပြောကြည့်အူးမယ် ( အခြေခံကပဲ ပြောချင်တာပါ ဒါကြောင့် သိပြီးသားဆို နည်းနည်း သည်းခံပေးပါ ) windows key + R ကို နှိပ်ပြီး run box ကို ခေါ် အဲ့ထဲမှာ cmd လို့  ရိုက်ပြီး အန်းတားခေါက်လိုက်ရင် cmd ပွင့်ပါတယ်…. တခြားနည်းတွေလည်း အများကြီးပဲ ဒီနည်းလေးပဲ အကျင့်လုပ်ထားလိုက်ပါ ဆာကြလယ် ဒီနည်းက ခိခိ biggrin

File management
ဖိုင်တွေ ကော်ပီကူးတာ နေရာရွေ့တာ ဖျက်ပစ်တာ နာမည်ပြောင်းတာ စတာတွေကို စီအမ်ဒီ ထဲက လုပ်လို့  ရပါတယ်…. ပထမဆုံး ကော်ပီကူးကြမယ်…. ဥပမာ D:\name.txt ဖိုင်ကို D: အောက်က note ဆိုတဲ့ ဖိုဒါထဲကို ကော်ပီကူးပါမယ်
Cmd ကိုဖွင့်ပါ…. အထဲမှာ ဒီလို ရိုက်လိုက်

Code:
copy D:\name.txt D:\note

1 file(s) copied ဆိုပြီး စာတန်း ပေါ်လာလိမ့်မယ် ဒါဆို note ဖိုဒါထဲ ကော်ပီကူးလိုက်တဲ့ ဖိုင်လေး ရောက်သွားပါပြီ…. ကိုယ့်ဘာသာ စမ်းကြည့်ကြပါ…. လုပ်ပုံလုပ်နည်းက Copy ကိုရေး ပြီးရင် မူရင်းဖိုင်နေရာရေး စပေ့တစ်ခါ ခြားပြီး ကော်ပီဖိုင် သိမ်းမယ့်နေရာရေး ဒါပါပဲ…. အခု ဖိုင်တွေကို နေရာ ရွေ့ တာ ဆက်ပြောပါ့မယ်…. ဒီဘက်က ဖိုင်ကို cut လုပ်ပြီး ဟိုဘက်မှာ Paste သွားလုပ်တာကို move လုပ်တယ်လို့  ပြောတာပါ ဟီးဟီး အယူအဆလွဲနေမှာစိုးလို့  အခု အဲ့လို cut-paste လုပ်ပါမယ်…. ခုန D:\note\name.txt ဖိုင်ကို C: အောက်မှာ သွားထားပါမယ်.. ဒါဆို ဒီလိုလေး ရေးရပါတယ်….

Code:
move D:\note\name.txt C:\

သူလည်း အဲ့လို လုပ်လိုက်တာနဲ့  1 file(s) moved လို့  စာတန်းပေါ်လာပါလိမ့်မယ် ဒါဆို နေရာရွေ့ ပြီးသွားပါပြီ…. ဒီတစ်ခါ ဖိုင်တွေကို rename ပြန်လုပ်ကြပါမယ်…. ခုန C:\name.txt ကို rename.txt လို့  နာမည်ပြောင်းပါ့မယ်…. ဒီလိုလေးပေါ့
Code:
    ren C:\name.txt rename.txt

ဒါဆို နာမည်ပြောင်းသွားပါလိမ့်မယ် သူက 1 file(s) copied , 1 file(s) moved စသဖြင့်ပေါ်သလို စာတန်း မပေါ်ပါဘူး…. နောက်ပြီး သူ့ ကို batch file မှာ comment ရေးရင် သုံးတဲ့ rem နဲ့  ရောတတ်ပါတယ်…. အဲ့တော့ အဲ့ကော်မန်းကြီးက နည်းနည်း မျက်လုံးမတွေ့ စရာ ဖြစ်နေပါတယ်…. နောက်တစ်နည်းနဲ့  နာမည်ပြောင်းနိုင်ပါတယ် အဲ့ဒါက move ကို သုံးပြီးတော့ပါ…. ဒီလိုပေါ့ ခုန rename.txt ကို name.txt လို့  ပြန်ပြောင်းပါမယ်….
Code:
    move C:\rename.txt C:\name.txt

အဲ့လို့  ရိုက်လိုက်ရင် 1 file(s) moved လို့  ပေါ်လာလိမ့်မယ် ဒါဆို နာမည်ပြောင်းပြီးသား ဖြစ်သွားလိမ့်မယ် သွားကြည့်လိုက်ပါ…. အခု ဖိုင်တွေ ဖျက်တာကို ဆက်သွားကြတာပေါ့…. ပထမဆုံး ဖျက်ဖို့  ဖိုင်ကို အရင် ဖန်တီးလိုက်ပါအုန်းမယ်…. Name.txt ကိုပဲ ကော်ပီပွားလိုက်ပါမယ် ဖျက်ဖို့  အတွက်….

Code:
copy C:\name.txt C:\koko.txt

အဲ့လို ရိုက်လိုက်တော့ C: အောက်မှာပဲ Koko.txt ဆိုတဲ့ဖိုင်လေး အသစ်ပေါ်လာပါတယ်…. သူက name.txt ဖိုင်ကို ကော်ပီကူးရင်း တစ်ခါတည်း နာမည်ပါပြောင်းလိုက်တာပါ…. အခု အဲ့ koko.txt ကို ဖျက်ပါပြီ….

Code:
del C:\koko.txt

သူလည်းပဲ 1 file(s) copied လိုစာတန်း မပေါ်ပါဘူး ဒါပေမယ့် ဒီ del ကော်မန်းက ကျယ်ပြန့်ပြီး တစ်အား အသုံးဝင်ပါတယ်…. နောက်ပိုင်းမှာ ဒီဟာကိုပဲ အသေးစိတ် သေချာ ထပ်လေ့လာကြပါအူးမယ်….

Changing path
ဒီတစ်ခါ လျောက်သွားကြပါမယ် မန်းလေးတို့  ဘာတို့  ပေါ့ ဟီးဟီး သွားချင်တာ ပြောတာ …. Cmd နဲ့  ကွန်ပျူတာထဲက ဖိုဒါတွေထဲ ၀င်တာထွက်တာ ဖိုဒါတွေထဲ ဘာဖိုင်တွေ ရှိလည်း ကြည့်တာ စသဖြင့် လေ့လာကြပါမယ်…. စီအမ်ဒီ ကိုဖွင့်ဖွင့်ချင်းဆို C:\Users\username> ဖြစ်နေပါလိမ့်မယ် username ကတော့ ဘရားသားတို့  ပေးထားတဲ့ နာမည်ပေါ့…. အဲ့တော့ အခုလက်ရှိ C: အောက်က Users ဆိုတဲ့ ဖိုဒါ အောက်က username ဆိုတဲ့ ဖိုဒါထဲမှာ ရောက်နေပါတယ်…. အဲ့နေရာကနေ D: ကို သွားချင်တယ်ဆို D: လို့ ပဲ ရိုက်လိုက်ပါ D: ထဲ ရောက်သွားပါလိမ့်မယ်…. အဲ့တော့ D: ထဲမှာ ဘာဖိုဒါတွေ ဖိုင်တွေ ရှိလည်း သိချင် dir လို့  ရိုက်လိုက်ပါ…. D: အောက်မှာ ရှိတဲ့ ဖိုဒါတွေနဲ့  ဖိုင်တွေ ပြပါလိမ့်မယ်…. အဲ့မှာ ဒေါင်လိုက် အတန်းလေး ငါးတန်း ပါတယ်ဗျ ပထမ အတန်းနဲ ဒုတိယ အတန်းက ဖိုင်ကို ထိတွေ့ ခဲ့တဲ့ အချိန်တွေ နာရီတွေပါ…. အဲ့ဒါ အသုံးမလိုပါဘူး တတိယ အတန်းကတော့ အသုံးလိုပါတယ်…. အဲ့ အတန်းမှာ <DIR> ဆိုတာတွေကို တွေ့ မှာပါ… တစ်ချို့  နာမည်တွေမှာ ပါပြီး တစ်ချို့  ကျ မပါပါဘူး …. <DIR> ပါတာက ဖိုဒါတွေ ဖြစ်ပြီး မပါတာတွေက ဖိုင်တွေ ဖြစ်ပါတယ်…. နောက်ဆုံးကတော့ ဖိုဒါ(သို့ မဟုတ်)ဖိုင် ရဲ့ နာမည်ပါ… ကျွန်တော်ကြည့်လိုက်တော့ D: အောက်မှာ love ဆိုတဲ့ ဖိုဒါလေး ရှိတယ်ဗျ…. ဘာပါလည်းး သိချင်တာနဲ့  ၀င်ကြည့်ပါမယ်….

Code:
cd love

လို့  ရိုက်လိုက်ပါတယ်…. ဒါဆို ဖိုဒါထဲ ရောက်သွားပါပြီ ဘေးက အတန်းလေးက D:\love> လို့ ဖြစ်သွားတာကို သတိထားမိလား သိဝူး …. အဲ့ဒါလေးက ကိုယ်ရောက်နေတဲ့ နေရာကိုပြတာပါ…. အခုလောလောဆယ်တော့ D:\love ဖိုဒါထဲ ရောက်နေပါတယ်တဲ့ ဒါဆို ဘာရှိလည်း ကြည့်ပါတော့မယ် dir ရိုက်လိုက်ပါတယ်…. ဘာမှ မရှိပါဘူး ဟီး ပုံတစ်ပုံပဲ ပါတယ် ခိခိ…. ပန်ထွက်ပါတော့မယ် ဘာမှ ချိတ်ဝင်စား စရာ မပါဘူး….

Code:
    cd ..

လို့  ရိုက်လိုက်ပါတယ်…. D:> ကို ပြန်ရောက်သွားပါပြီ…. cd နဲ့  အစက်နှစ်စက် ကြားမှာ စပေလေး တစ်ခါခြားပါတယ်…. ကိုယ်ရောက်နေတဲ့ ဖိုဒါထဲက နောက်ကို ပြန်ထွက်ချင် cd .. ကို သုံးရပါတယ်…. နောက်ပြန်ထွက်တဲ့ ကော်မန်းက နောက်ထပ် ရှိသေးတယ်ဗျ…. ဒါလေးပဲ သုံးဖို့  အကြံပေးပါတယ် linux OS တွေမှာလည်း ပြန်ထွက်တာကို ဒီကော်မန်းလေးပဲ သုံးတာမို့  linux အတွက်ပါ အဆင်ပြေသွားတာပေါ့ biggrin ကိုယ်က သွားရမယ့် နေရာကို အတိအကျ သိထားရင် တောက်လျောက် သွားလို့  ရပါတယ် ဥပမာပေါ့ D:\general\ebook\tutorials\ ကိုသွားမယ်ဆိုပါစို့ ဒါဆို ဘရားသားက အခုဘယ်ပဲ ရောက်နေနေ

Code:
cd D:\general\ebook\tutorials\

လို့ သာ ရိုက်လိုက်ပါ… ဟက်စကီး စီးပြီး ရောက်သွားလိမ့်မယ် တိုက်ရိုက် ခိခိ…. အခုဆို ၀င်တတ်ပြီ ဘာတွေ ရှိလည်း ကြည့်တတ်ပြီ ထွက်တတ်ပြီ ဟက်စကီးနဲ့  ဒိုးတတ်ပြီ စုံတော့ စုံနေပါပြီ တစ်ခုပဲနည်းနည်း ထပ်ပြောစရာ ကျန်လော့တယ် တစ်ကယ်လို့ များ ဘရားသားက ဖိုဒါတစ်ခုထဲ ၀င်လိုက်တယ် ဘာရှိလည်း သိချင်လို့  dir ဆိုပြီး ရိုက်လိုက်မယ် အဲ့မယ် ကွန်ပူတာပါ ခဏဟန်းသွားလောက်အောင် ဖြစ်သွားစေမယ့် ဖိုဒါတွေ ရှိပါလယ် ဟီးဟီး ရှုပ်သွားလား သိဘူး ဖိုဒါထဲမှာ ဖိုင်တွေ များလွန်းတော့ dir ခေါ်ကြည့်လိုက်ရင် ဖိုင်တွေ တစ်ဗြုတ်ကြီး ပေါ်လာတာ ဝေါခနဲပဲ အဲ့တော့ ဝေါခနဲ ပေါ်လာရင် ဘာတွေရှိလည်း ကိုယ်ကြည့်တော့လည်း အဆင်မပြေတော့ဘူး စက်အတွက်လည်း များလွန်းတော့ ပြရတာ ကြာနေပါတယ်…. စာအုပ်ဖတ်သလို တစ်မျက်နှာချင်းစီ လှန်ဖတ်ရရင်တော့ အဆင်ပြေတယ်နော် ဟီးဟီး ပူနဲ့  အဲ့လို ကြည့်လို့ ရတယ် ဖိုင်တွေကို တစ်မျက်နှာစာ ကြည့်လိုက် နောက်တစ်မျက်နှာကြည့်ချင် အန်းတားလေးခေါက်လိုက်နဲ့  အေးဆေး ကြည့်သွားလို့  ရပါတယ်… အဲ့လို ကြည့်ချင်ရင်

Code:
dir /p

လို့  ရိုက်ပါ…. စမ်းချင်ရင် C:\Windows\System32 ထဲကိုသွားပြီးစမ်းကြည့်ပါ…. ပုံမှန်တော့ /p ကို မလိုပါဘူး ဖိုင်များမှသာ သုံးရမှာပါ….

Creating folder
ဖိုဒါ တစ်ခုကို cmd ထဲမှာ ဘယ်လို တည်ဆောက်မလည်း လုပ်ကြည့်ကြအုန်းစို့  ဖိုဒါ အသစ် လုပ်ချင်တဲ့ နေရာကိုသွားလိုက်ပါ…. ကျွန်တော်ကတော့ D: အောက်မှာပဲ လုပ်မှာမို့  D: ကိုသွားပါပြီ…. booter ဆိုတဲ့ နာမည်နဲ့  ဖိုဒါ အသစ်တစ်ခု လုပ်ပါပြီ….
Code:
        mkdir booter

အဲ့လို ရိုက်လိုက်တာနဲ့  booter ဆိုတဲ့ ဖိုဒါလေး D: အောက်မှာ ရောက်နေပါပြီ…. မယုံရင် dir လုပ်ကြည့်လေ ဟီးဟီး အူးယေးတို့ လည်း ဒါတွေ ကျွမ်းနေပြီပဲကို နောက်ပိုင်းဆို တား တောင် လိုမယ် မထင်တော့ဘူး …. ဖိုဒါ အသစ် တစ်ခု လုပ်ဖို့  နောက်ထပ် ကော်မန်းတွေ ရှိပါသေးတယ် ဒီ mkdir က linux မှာလည်း သုံးတာမို့  ဒါပဲ သုံးဖို့  အကြံပေးပါတယ်….

Title
Cmd ရဲ့ ခေါင်းစဉ်ကို ပြောင်းလို့  ရပါတယ် ပုံမှန်ဆို C:\Windows…… ဆိုပြီး ရှိပါတယ် အဲ့နေရာမှာ ကိုယ်ကြိုက်ရာ စာသားပြောင်းလို့  ရပါတယ် ကျွန်တော်က booter ဆိုပြီး ပြောင်းပါ့မယ် ရေးရမှာက ဒီလိုလေးပါ….
Code:
    title booter

ဒါဆို ခေါင်းစဉ်က booter လို့  ဖြစ်သွားပါပြီ….

Clear screen
ကျွန်တော်တို့ cmd ထဲကနေ ဟိုထဲဝင် ဒီထဲဖျက် ဟိုဟာ ကူးလိုက် ဒီဟာရွေ့ လိုက် အစုံကို လုပ်ကြပါတယ် လုပ်ရင်းနဲ့  စီအမ်ဒီ ထဲမှာ ကော်မန်းတွေ များလာပြီ ဆို အကုန်ရှင်းပစ်လို့  ရပါတယ် cls လို့  သာ ရိုက်လိုက်ပါ အကုန် ပျောက်ပြီး အသစ်ဖွင့်ထားသလို ပြန်ဖြစ်သွားပါလိမ့်မယ်….

Prompt design
Prompt ဆိုတာ စီအမ်ဒီမှာ အမြဲ ပေါ်ပေါ်နေတဲ့ ဘယ်ဘက်က အတန်းလေးကို ပြောတာပါ ရှုပ်သွားလား သိဘူး C:\Users\username> ဆိုပြီးဖြစ်နေရင် အဲ့ဒီဟာလေးကို Prompt လို့  ခေါ်ပါတယ် prompt ကတော့ အမြဲတမ်း ကိုယ်ရောက်နေတဲ့ ဖိုဒါကိုပဲ ပြလေ့ရှိပါတယ် ဥပမာ D: အောက်က love ထဲမှာဆို Prompt က D:\love> လို့ ဖြစ်နေပါတယ်…. အဲ့ prompt ကို ကိုယ့်နာမည်တို့  ဘာတို့  ပြောင်းထားလို့ ရပါတယ်… ဥပမာပေါ့ ဘယ်ဖိုဒါသွားသွား Prompt လေးက booter> လို့ ပဲဖြစ်နေစေချင်ရင် ဒီလိုလေး ရိုက်ကြည့်လိုက်ပါ….

Code:
prompt booter $g

ဒါဆို ပြောင်းသွားတာကို မြင်ရမှာပါ > နေရာမှာမှ < တို့  $ တို့  လုပ်လို့  ရပါသေးတယ်…. < ဖြစ်စေချင် prompt booter $l လို့  ရေးရမှာပါ…. Prompt ကတော့ ပုံသေပဲ booter နေရာမှာ ပေါ်စေချင်တဲ့စာထည့် $g နေရာမှာ ပေါ်စေချင်တဲ့ ပုံရဲ့ ကုဒ်ကို ထည့်…. ဒါပါပဲ အောက်မှာ $g တို့ လို ကုဒ်မျိုးတွေပြထားပါတယ်….
Code:
$A & (Ampersand)
$B | (pipe)
$C ( (Left parenthesis)
$D Current date
$E Escape code (ASCII code 27)
$F ) (Right parenthesis)
$G > (greater-than sign)
$H Backspace (erases previous cha
$L < (less-than sign)
$N Current drive
$P Current drive and path
$Q = (equal sign)
$S (space)
$T Current time
$V Windows XP version number
$_ Carriage return and linefeed
$$ $ (dollar sign)

စိတ်ကူးရှိသလို လုပ်ကြည့်ပါ ….

Previous commands
စီအမ်ဒီထဲမှာ ကော်မန်းတွေ သုံးရင်း သုံးရင်း များလာပါတယ်…. တစ်ခါ တစ်ခါတော့လည်း မှားပြီး လုပ်မိပါတယ်…. ဘယ်လိုပဲဖြစ်ဖြစ် အရင်သုံးခဲ့တဲ့ ကော်မန်းတွေကို ပြန်သုံးချင် ကီးဘုတ်က အပေါ်ထောင်နေတဲ့ မျှားလေး(up arrow)ကို နှိပ်လိုက်ပါ ဒါဆို အရင် သုံးခဲ့တဲ့ ကော်မန်းတွေ တစ်ခုစီ ပေါ်လာမှာပါ တစ်ချက်ကို တစ်ခု ပေါ်ပါတယ်….

Date and Time
အခု လက်ရှိ နေ့ စွဲကို သိချင် date ကော်မန်းကို သုံးပြီး စီအမ်ဒီကနေ ကြည့်လို့  ရပါတယ်…. date လို့  ရိုက်လိုက်ရင် ပထမဆုံး လက်ရှိ ဒိတ်ကို ပြပါမယ် နောက် enter the new date ဆိုပြီး ပေါ်နေပါတယ် ဒိတ်ကို ပြောင်းမယ်ဆို အဲ့မယ် ထည့်ပေးလိုက်ရင် စီအမ်ဒီကနေ ဒိတ်ပြောင်းလို့  ရပါပြီ ဒါမှမဟုတ် ကိုယ်က ဒိတ်ပဲ သိချင်တာ အဲ့ဒီ enter the new date ကို မပေါ်စေချင်ရင်

Code:
date /t

လို့  ရိုက်လိုက်ပါ ဒါဆို အခု လက်ရှိ ဒိတ်ကိုပဲ ပြမှာပါ…. အချိန်ကို သိချင်လည်း တူတူပါပဲ

Code:
time /t

လို့  ရိုက်လိုက်ပါ အခု လက်ရှိ အချိန်ကို ပြမှာပါ…. အချိန်ကို စီအမ်ဒီထဲကနေ ပြောင်းမယ်ဆိုရင်တော့ time ကို ရိုက်ပေးလိုက်ပါ ဒါဆို အခု လက်ရှိ အချိန်ကိုပြပြီး ပြောင်းမယ့် အချိန် အသစ်ကို ရိုက်ခိုင်းပါလိမ့်မယ်…. ဒီလောက်ဆို နေ့ စွဲ နဲ့  အချိန်ကို ကြည့်တတ် ပြင်တတ်လောက်ပါပြီ…

Autocomplete
အပေါ်မှာ ပြောခဲ့ပါတယ်…. နေ့ စွဲ ပြောင်းချင်ရင် date လို့  ရိုက်ပြီး အချိန် အသစ်ကို ပြောင်းပေးရတယ်လို့ …. အကယ်ရွေ့  date ကို ရိုက်တယ် ပြီးတော့ ပြောင်းချင်တဲ့ အချိန်ကို ရိုက်တယ် အဲ့လို နှစ်ခု မလုပ်ချင်တစ်ခါတည်း date ကို ရိုက်လိုက်တာနဲ့  ပြောင်းချင်တဲ့ အချိန် အသစ်ကို auto ဖြည့်ပေးအောင် လုပ်လို့  ရပါတယ်…. ဥပမာပေါ့ 2.21.2014 ကို ပြောင်းချင်တယ်ဆိုပါတော့  ဒီလို ရိုက်လိုက်ပါ…

Code:
echo 2.21.2014 | date

ဒါဆို ဒိတ် ပြောင်းသွားမှာပါ… ဒိတ်ကို ရေးရင် လ အရင် ရေးပါပြီးမှ ရက်ရေး ပြီးမှ ခုနှစ်ရေးပါ… ဒုတ်ချောင်းလေး ထောင်ထားတာက အန်းတား အပေါ်က ကီးကို shift နဲ့  တွဲနှိပ်လိုက်ပါ…. echo ရယ် | လေးရယ်ကို သုံးပြီး ကိုယ့်ဖြည့်ပေးရမယ့် နေရာတွေမှာ အော်တို ဖြည့်ခိုင်းလို့  ရပါတယ်…. Echo နဲ့ | ကြားကတော့ ဖြည့်ရမယ့် စာလုံးကို ရေးပေးလိုက်ပေါ့…. Time ကိုလည်း ဒီနည်းအတိုင်း စမ်းပြောင်းကြည့်ပါ….

Message
ဘက်ဖိုင်ရေးတဲ့အခါ ဖိုင်ကို ဖွင့်လိုက်တဲ့ သူကို Popup window လေးနဲ့  စာတန်းလေး တစ်ခု ပေါ်လာစေချင် ဒီလို ရေးရပါတယ်….

Code:
msg * This is message!
အဲ့ဒါလေးကို cmd ထဲမှာပဲ ဖြစ်ဖြစ် batch ဖိုင်ထဲမှာပဲ ဖြစ်ဖြစ် ရိုက်ကြည့်လိုက်ပါ လေးထောင့်ကွက်လေးနဲ့  စာတန်းလေး ပေါ်လာမှာပါ….

Shutdwon, restart, logoff
Cmd ဒါမှမဟုတ် batch file ကနေ ကွန်ပျူတာကို shutdown, restart, logoff စတာတွေ လုပ်လို့  ရပါတယ်…. အရင်ဆုံး စီအမ်ဒီကနေ ရှက်ဒေါင်းလုပ်ကြပါမယ်….

Code:
shutdown /s

အဲ့ဒီဟာလေးကို စီအမ်ဒီကနေ ရိုက်လိုက်ရင် တစ်မိနစ်ပြည့်တာနဲ့  သူ့ ဘာသာ ရှက်ဒေါင်းဖြစ်သွားမှာပါ… အကယ်ရွေ့  စိတ်ကူး ပြောင်းသွားလို့  ရှက်ဒေါင်း မလုပ်ချင်တော့ရင် စီအမ်ဒီကပဲ ဒီလိုလေး ရိုက်လိုက်ပါ….

Code:
shutdown/a

ဒါဆို ရှက်ဒေါင်းလုပ်တာကို ပြန်ဖျက်လိုက်တာပါ…. အကယ်ရွေ့  ရှက်ဒေါင်းကို တစ်မိနစ်တွင်း မကျစေချင်ဘူး နောက် နာရီဝက်လောက်နေမှ ကျစေချင်တယ်ဆိုလည်း ရပါတယ်…. ညဘက်ကြီး ဒေါင်းလုတ်ဆွဲနေတယ် ဖိုင် တစ်ခုခုကို…. သူကလည်း မပြီးသေးဘူး ကိုယ်က တော်တော် ငိုက်နေပြီဆို သူပြီးလောက်တဲ့ အချိန်ကို မှန်းပြီး ရှက်ဒေါင်းလုပ်ခိုင်းထားလို့  ရပါတယ်…. အခု နောက် နာရီဝက်ပြည့်တာနဲ့  ရှက်ဒေါင်းကျအောင် ဒီလိုလေး ရိုက်လိုက်ပါတယ်….

Code:
shutdown /s /t  1800
ဒါဆို နာရီဝက်ပြည့်သွားရင် ရှက်ဒေါင်းဖြစ်သွားပါလိမ့်မယ်…. /t 1800 ဆိုတာ ကိုယ်ရှက်ဒေါင်းကျစေချင်တဲ့ အချိန်ကို ပြောတာပါ… သူက စက္ကန့် နဲ့ ပဲ ပြောရပါမယ်…. ဒါကြောင့် စက္ကန့်  ၁၈၀၀ ဆိုတော့ နာရီဝက်ပါ…. အခုချက်ချင်းကို ရှက်ဒေါင်းဖြစ်သွားစေချင်ရင်တော့ /t 00 ပေါ့ဗျာ…. အခုဆို ရှက်ဒေါင်းအပိုင်းတော့ တော်တော်စုံ သွားပါပြီ…. Logoff လုပ်ချင်ရင်တော့ ဒီလိုလေးပါ….

Code:
shutdown /l
ဒါဆို Logoff ဖြစ်သွားပါပြီ restart ဖြစ်သွားစေချင်ရင်တော့

Code:
shutdown /r

ဒါဆို restart ဖြစ်သွားပါလိမ့်မယ်…. အခုက စီအမ်ဒီထဲက လုပ်တာပေါ့ batch file ထဲက ဆိုလည်း ဒီတိုင်းပါပဲ cmd မှာ ရေးသမျှ ကော်မန်း အားလုံးကို ဘက်ဖိုင်ထဲမှာ ထည့်ရေးလို့  ရပါတယ်….

Run commands
Run commands တွေကို cmd ကနေ ရိုက်လို့  ရပါတယ်…. ဥပမာပေါ့ run မှာ notepad လို့  ရိုက်လိုက်ရင် notepad program ပွင့်လာပါတယ်…. အဲ့ဒါကို စီအမ်ဒီမှာ notepad လို့  ရိုက်ရင်လည်း နုတ်ပက် ပွင့်ပါတယ်…. အလားတူပဲ run မှာ regedit လို့  ရိုက်ရင် registry editor ပွင့်ပါတယ်…. စီအမ်ဒီမှာ ရိုက်လည်း registry editor ပွင့်ပါတယ်…. အောက်မှာ အသုံးများတဲ့ run command တွေကို ပြထားပါတယ် အသုံးလိုတဲ့ အခါ ထည့်သွင်း အသုံးချနိုင်ပါတယ်….

Quote:
cmd>>Command prompt
notepad>>notepad
regedit>>Registry editor
gpedit.msc>>Group policy editor
msconfig>>System configuration
services.msc>>Windows services
control>>Control panel
devmgmt.msc>>Device manager
dfrg.msc>>Disk Defragmenter
Cleanmgr>>Disk cleanup
diskmgmt.msc>>Disk management
mspaint>>Paint
explorer>>Windows explorer
calc>>calculator

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...