သီလ သမာဓိသည်
စရဏမျိုးတည်း
သီလ၊ သမာဓိ
စတဲ့ စရဏနှင့်
ပြည့်စုံပြီး ဥာဏ်ဝိဇ္ဇာမရှိသူသည်
နောက်ဘုရား သာသနာနဲ့
တွေ့ကြုံရပြီး
တရားကို နာကြားရသော်လည်း
သစ္စာဥာဏ်အလင်း မပေါက်နိုင်ကြကုန်။
ဥပမာ - ဘုရားလက်ထက်က
ကာဠုဒါယီမထေရ်၊ ဆဗ္ဗဂ္ဂီရဟန်း…..
အကြင်သူသည် ရုပ်နာမ်ခန္ဓာတို့၌
ကျက်စားခြင်းဟူသော ၀ိဇ္ဇာမျိုးနှင့်
ပြည့်စုံကြကုန်၏။
ဒါန၊ သီလမှု
စတဲ့ စရာဏ
နည်းပါးကုန်၏။
ထိုသူတို့သည် ၀ိဇ္ဇာမျိုးရှိသည့်အတွက် နောက်ဘုရားတရားကို
နာကြားခွင့် ရကြပါကုန်မူကား
သစ္စာဥာဏ်အလင်းသို့ ပေါက်ရောက်နိုင်ကြကုန်၏။
စရဏတရား နည်းပါးကုန်သည့်အတွက်
နောက်ဘုရားနှင့် တွေ့ကြုံကြနိုင်ရန်
အခွင့်ကား
အလွန်ခဲယဉ်းလှကုန်၏။
အနှစ်ချုပ်သော် - ၀ိဇ္ဇာ၊ စရဏ နှစ်ပါးနှင့်ပြည့်စုံသူမှ
ကျွတ်တမ်းဝင်နိုင်၏။
မှတ်ချက်။ ။ လယ်တီဆရာတော်(ဗောဓိပက္ခိယ ဒီပနီကျမ်း) မှ ထုတ်နုတ်ဝေမျှသည်။
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။