အဖေ ။ ။ ငါရွေးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ မင်းကို လက်ထပ်ပေးမယ်။
သား ။ ။ သား ဘာသာ
သားရွေးချင်တယ်အဖေ
အဖေ ။ ။ ကောင်မလေးက ဘီလ်ဂိတ်ရဲ့
သမီးနော်
သား ။ ။ ဒါဆိုရင်တော့ အဖေ့သဘောပါဗျာ
နောက်နေ့မှာ အဖေက ဘီလ်ဂိတ်ဆီကို သွားတယ်။
အဖေ ။ ။ ခင်ဗျားသမီးနဲ့ လက်ထပ်ဖို့ ကျွန်တော့်မှာ
ကောင်လေးတစ်ယောက်ရှိတယ်။
ဘီလ်ဂိတ် ။ ။ ကျွန်တော့်သမီးက လက်ထပ်ဖို့ သိပ်ငယ်ဦးမယ်ဗျာ
အဖေ ။ ။ ဒါပေမယ့် အဲဒီကောင်လေးက
ကမ်ဘာ့ဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌလေးပါကွ
ဘီလ်ဂိတ် ။ ။ ဒါဆိုရင် တော့ဖြစ်ပါပြီဗျာ
နောက်ဆုံးမှာ အဖေဟာ ကမ်ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌကို သွားတွေ့ခဲ့တယ်။
အဖေ ။ ။ ခင်ဗျားတို့ ကမ်ဘာ့ဘဏ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ဖို့
သင့်တော်တဲ့သူကို ငါရှာတွေ့ထားတယ်။
ဥက္ကဋ္ဌ ။ ။ ငါလိုအပ်တဲ့ ဒုတိယဥက္ကဋ္ဌကို ရွေးထားပြီ
အဖေ ။ ။ အဲဒီကောင်လေးက ဘီလ်ဂိတ်ရဲ့ သားမက်နော်
ဥက္ကဋ္ဌ ။ ။ ဒါဆိုရင်တော့ ဖြစ်ပါပြီဗျာ
စီးပွားရေးတစ်ခုတော့ ဖြစ်သွားပြန်ပြီပေါ့ဗျာ။
ဥပဒေသ - သင့်မှာ
ဘာမှမရှိဘူးဆိုရင်တောင်မှ သင်အရာရာတိုင်းရနိုင်ပါတယ်။ ဒါပေမယ့်
အပြုသဘောဆောင်တဲ့ အတွေးတော့
ရှိရမယ်။ by ဧဒင်ဥယျာဉ်
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။