မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Friday, June 21, 2013

ကမ္ဘာ့ပထမဆုံး ဝဘ်ဆိုဒ်နှင့် Browser

ကမ္ဘာ့ပထမဆုံး ဝဘ်ဆိုဒ်ကတော့ http://info.cern.ch/  ဖြစ်ပါတယ်။ ၁၉၈၉ မတ်လမှာ စတင်ဖန်တီးပြီး ၁၉၉၁ ခုနှစ်မှာ အောင်မြင်စွာ လွင့်တင်နိုင် ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး WorldWide Website လို့ လူသိများခဲ့ပါတယ်။

တီထွင်သူကတော့ ကွန်ပျူတာ သိပ္ပံပညာရှင် Tim Berners Lee ဖြစ်ပါ တယ်။ CERN အဖွဲ့အစည်းကဖြစ်ပြီး နိုင်ငံတကာ ရူပပေဒ စွမ်းအင် ရှာဖွေရေး သုတေသနဖြစ်ပါတယ်။ သူ World Wide Web ကိုစတင် ဖန်တီးတာ ဆွစ်ဇာလန်က ဂျနီဗာမြို့ မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ရူပဗေဒ ပညာရှင်များ အလွယ်တကူ ဆက်သွယ်၊ ပညာမျှဝေ၊ အချက်အလက်မျှဝေဖို့ ဖြစ်ပါတယ်။

ဒီတော့ ကမ္ဘာ့ပထမဆုံး Browser တစ်ခုကလည်း ရှေ့ ဆင့် နောက် ဆင့် ပေါ် လာပါတယ်။ ၁၉၉၃ ခုနှစ်မှာ ပေါ်ထွက်လာခြင်း ဖြစ်ပြီး တီထွင်သူကတော့ အမေရိကန်ဆော့ဖ်ဝဲအင်ဂျင်နေယာ Marc Andreessen ဖြစ်ပါတယ်။ Mosic အမည်ရ Browser ဖြစ်ပြီး ဝဘ်ဆိုဒ်လိပ်စာကတော့ www.ncsa.illinois.edu/ ဖြစ်ပါတယ်။ WorldWideWeb မှာ သတင်းအချက်အလက်များကို အလွယ်တကူပြန်လည် ရှာဖွေလို့ရအောင် ဆော့ဖ်ဝဲတစ်ခု အနေနဲ့ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။


http://info.cern.ch/   နဲ့ www.ncsa.illinois.edu/ မှာ သူတို့ရဲ့ အသေးစိတ် Profile များရေးသားထားပါတယ်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...