မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Saturday, July 13, 2013

"ဘယ်အသက်အရွယ်မှာ ဘာအရသာတွေ ရှောင်ရမလဲ"


လူတွေဟာ မိုးလင်းတာနဲ့ စားဖို့သောက်ဖို့ကို အရင်ဆုံး စီစဉ်ရတော့သည်။ 
ဒါကြောင့်လည်း အူမတောင့်မှ သီလစောင့်မည်လို့ ဆိုထားတာ ဖြစ်ပေမည်။ 
နောက် အစားအသောက်ကြောင့် အလုပ်တွေ လုပ်နိုင်သလို အစားမတော်တလုပ်ကြောင့် ဒုက္ခတွေ့ရတာတွေလည်း ရှိလေသည်။ 


 အသက်ရှည်အောင် စားရတဲ့နည်း ၃-နည်း ရှိသည်။
၁။ အစာစားရင် ဆာမှစားပါတဲ့။
၂။ တည့်တာပဲ စားပါတဲ့။
၃။ လျှော့စားပါတဲ့။
ဆိုလိုတာက အစာစားမယ်ဆိုရင် ဆာတဲ့အချိန်မှာ မိမိနဲ့ တည့်တဲ့အစာကို စားကောင်းတယ်ဆိုပြီး တအားများများ မစားဘဲ နည်းနည်းလျှော့စားပါက အသက်ရှည်နိုင်တယ်လို့ ဆိုထားပါသည်။


အင်္ဂဝိဇ္ဇာ ဗေဒင်ပညာရပ်အရကတော့---
အင်္ဂဝိဇ္ဇာ၊ ကျမ်းအလာကို၊
သိသာစေလို၊ ပြညွှန်းဆိုအံ့၊
မွေးဂြိုဟ်သက်နှင့်၊ ရောက်သက်ရောထား၊
သတ္တစားမှ၊ ကြွင်းဧကမူ၊ အငန်ဟူ၏၊
ဒွေးမူ အဖန်၊ သုံးတန် အခါး၊ 
လေးကား အချဉ်၊ ပဉ္စ ဆိမ့်ဟူ၊ 
ခြောက်မူ အချို၊ သုဉ်းကို အစပ်၊ 
ရှောင်ကြဉ်အပ်သည်၊ 
မှတ်ကြလူသား သိစေသား။


အဓိပ္ပါယ်ကတော့ မိမိရောက်သက်နဲ့ မိမိမွေးနံ ဂြိုဟ်သက်ကို ပေါင်း။ ပေါင်းရလဒ်ကို ၇-နဲ့စား
၁-ကြွင်းသော် အငန်၊
၂-ကြွင်းသော် အဖန်၊
၃-ကြွင်းသော် အခါး၊
၎-ကြွင်းသော် အချဉ်၊
၅-ကြွင်းသော် အဆိမ့်၊
၆-ကြွင်းသော် အချို၊
ဝ-ကြွင်းသော် အစပ် အရသာကို ရှောင်ကြဉ်ရမည်။


မွေးနံဂြိုဟ်သက်ကား---
တနင်္ဂနွေ သားသမီး=၆-နှစ် 
တနင်္လာ သားသမီး=၁၅-နှစ်
အင်္ဂါ သားသမီး=၈-နှစ်
ဗုဒ္ဓဟူး သားသမီး=၁၇-နှစ်
ကြာသပတေး သားသမီး=၁၉-နှစ်
သောကြာ သားသမီး=၂၁-နှစ်
စနေ သားသမီး=၁၀-နှစ်


ဥပမာ-
အသက်                ၄၉-နှစ် 
ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇-နှစ်
ပေါင်းသော်           ၆၆-ရ၏။ ၆၆-ကို ၇-နဲ့စား ၃-ကြွင်း၊ အခါးကို ရှောင်ရမည်။ 

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...