မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Saturday, July 13, 2013

နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး၏ အေးခဲ နေသော ခန္ဓာကိုယ် အား ဂျပန်တွင် ပြသ




Saturday, July 13, 2013

ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ပကတိနီးပါး အတိုင်း ကျန်ရှိ နေသေးသည့်
နှစ်ပေါင်း
၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး တစ်ကောင်အား ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက်မှ စတင်၍ ပြသလျက် ရှိကြောင်း ဂျပန်တိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အေးခဲလျက် ရှိသည့် အဆိုပါ အမွေးရှည် ဆင်ကြီးသည် ၃ မီတာရှည်
လျားပြီး ၄င်းကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဆိုက်ဘေးရီးယား အရှေ့ပိုင်းရှိ အစဉ်အေးခဲနေသည့် နက်ရှိုင်းမြေလွှာ အတွင်းမှ တူးဖော် တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။ ၄င်းဆင်ကြီး၏ အသက်မှာ ၁ဝ နှစ်ခန့်ရှိပြီး ဆင်မဖြစ်ကာ လွန်ခဲ့သော နှစ်ပေါင်း ၃၉ဝဝဝ ခန့်က သေဆုံး သွားပြီးနောက် အေးခဲသွား
ခဲ့ခြင်း ဖြစ်သည်ဟု သုတေသီများ က ယူဆထား ကြသည်။

အဆိုပါ အမွေးရှည် ဆင်ကြီးအား ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက် မှ ဇူလိုင် ၁၆ ရက် အထိ ပြည်သူများအား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...