မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Wednesday, June 19, 2013

" သူတော်ကောင်းအင်္ဂါ လေးပါး "


      “သူတော်ကောင်း ” ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ “သပ္ပုရိသ”
လို့ ခေါ်ပါတယ်၊ “သန္တော ပုရိသော သပ္ပုရိသော” ဆိုတဲ့အတိုင်း ငြိမ်သက်
အေးချမ်းသောသူဟု အဓိပ္ပါယ် ရပါတယ်။
         မြန်မာလို သူတော်ကောင်းဆိုတာ တော်လည်းတော်၊ ကောင်းလည်း
ကောင်းတယ်လို့ ဆိုလိုပါတယ်။ တော်တယ်ဆိုတာ အရည်အချင်းရှိတာပါ။
ကောင်းတယ်ဆိုတာ စိတ်ထားကောင်းတာ၊ ကိုယ်ကျင့်တရား ကောင်းတာပါ။
          လူဆိုတဲ့သတ္တ၀ါဟာ လောကီ၊ လောကုတ္တရာနှစ်ဖြာ အကျိုးအတွက်
သူတော်ကောင်းကို ချည်းကပ်၊ ပေါင်းသင်းရပါမယ်။ ပေါင်းသင်းဖို့အတွက်
သူတော်ကောင်းတို့ရဲ့အင်္ဂါရပ်ကို သိနိုင်ရပါမယ်။ သူတော်တို့ရဲ့ အင်္ဂါရပ်
တွေကတော့=====

  ၁။သူတပါး၏ ဂုဏ်ကျေးဇူးမဲ့(မကောင်းကြောင်း)ကို မမေးလျှင် မပြော၊
  မေးလျှင်လည်း ချဲ့ကား၍မပြောဘဲ လျှော့ပေါ့၍ပြောဆိုခြင်း။

  ၂။သူတပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးဘဲနဲ့ပင် ပြောခြင်း၊
  မေးလျှင်လည်း မထိန်မချန်ဘဲ ပြည့်စုံစွာပြောခြင်း။

  ၃။မိမိ၏ဂုဏ် ကျေးဇူးမဲ့၊(မကောင်းကြောင်း)ကို မမေးဘဲနဲ့ ပင် ပြောခြင်း၊
  မေးလျှင်လည်း ထိန်ချန်မထားဘဲ ပြည့်စုံစွာပြောခြင်း။

  ၄။မိမိ၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးဘဲနဲ့မပြော၊ မေးလျှင်
  လည်း ချဲ့ကား၍မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း။

 တို့ ဖြစ်ကြပါတယ်။
 တရားချစ်ခင် သူတော်စင်တို့ကလည်း သူတော်ကောင်းတွေနဲ့
ပေါင်းသင်းနိုင်ကြပြီး တရားဓမ္မများကို ကျင့်ကြံအားထုတ်နိုင်ကာ ဗုဒ္ဓဘာ
သာဝင်တို့၏ပန်းတိုင် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...