မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 17, 2013

"တစ် နှစ် သုံး ပဟေဠိ ၏ မူလ အစ "


ယနေ့ခေတ် လူရွှင်တော်များ "အတိုင်" နှင့် "အဖောက်" ပြက်လုံးပျက်တတ်သည့် ဟာသ ပျက်လုံးတစ်ချို့ ကို ဓမ္မမိတ်ဆွေများ ကြားဖူးကြပါလိမ့်မည်။ "တစ်=တစ်တီတူး ၊ နှစ်=ရေမှုတ် ၊ သုံး=ပိုက်ဆံ" အစရှိသဖြင့် ပေါ့။

တကယ်တမ်းပြောရလျှင် ဤသို့ အတိုင် နှင့် အဖောက် ပဟေဠိဖွက်ခြင်း ပုံစံ မျိုး မှာ ရှေးခေတ် အခါက ကျေးလက်နေ ကလေးငယ်လေးများ ၏ ဂဏန်းသချာင်္ တစ်,နှစ်,သုံး အဓိပ္ပါယ်ဖော် ကစားနည်းတစ်မျိုးလည်းရှိ ဖူးပါကြောင်း လေ့လာမှတ်သားရပါသည်။

ထေရ၀ါဒ ဗုဒ္ဓစာပေကျမ်းဂန် "ခုဒ္ဒကပါဋ္ဌပါဠိတော်" တွင် ဤကဲ့သို့ "တစ်,နှစ်,သုံး"နည်းဖြင့် "ဗုဒ္ဓမြတ်စွာဘုရားရှင်"တရားဟောတော်မူခဲ့သည်ကိုတွေ့မြင်ဖတ်ရှုလိုက်ရပါ၏။("ခုဒ္ဒကပါဋ္ဌပါဠိတော်"ဟူသည်မှာ"အတို
ထွာတရားစာများ ကို စုစည်းထားသောပါဠိတော်"ဟုဆိုရမည်။)

"ခုဒ္ဒကနိကာယ်"၏ပထမဆုံးကျမ်းစာဖြစ်ကာ ယင်းတွင်-"သရဏသုံးပါး,ဆယ်ပါးသီလ,သုံးဆယ့်နှစ်ကောဋ္ဌာသ"စသည်တို့
အပြင် "မင်္ဂလသုတ်,ရတနသုတ်,မေတ္တာသုတ်"ပရိတ်တော်များ နှင့်"နိဓိကဏ္ဍသုတ်"များလည်းပါဝင်ပါ၏။

ထို ပါဠိတော် တွင် "ကုမာရဥှာ"ဟူသော ကဏ္ဍလေးပါဝင်သည်ကိုတွေ့ရပါ၏။"ကုမာရပဥှာ"ဟူသောအဓိပ္ပါယ်မှာ"ကလေး
များ စကားထာဝှက် သောစာ" ဟူ၏။ဗုဒ္ဓမြတ်စွာဘုရားရှင် က သူ၏သားတော်လေး "ရာဟုလာ" ကိုရင်လေး ကိုသင်ပေးသည့် စကားတော်များဖြစ်ပါသည်။ ရှင်သာမဏေ(ကိုရင်ကလေး) ဟူသည်မှာ ငယ်ရွယ်သော ကလေးငယ်လေးများဖြစ်သဖြင့် ဟိုစကား, ဒီစကား မပြောမိအောင်၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် အမေး အဖြေ လုပ်ထား၍ ကလေးနှင့်လျော်ညီစွာ သင်ပေးခြင်းဖြစ် ပါသည်။

"ရှင်ရာဟုလာ" အပါအ၀င် အခြားသော ရှင်သာမဏေ ကလေးသူငယ်လေးများအနေဖြင့် ဂဏန်းသချာင်္ သင်ပြီးသားလည်းဖြစ်၊အမေး အဖြေလည်းတတ်သွား၊တရားဓမ္မ လည်း နားထဲဝင်သွားရန် ရည်ရွယ်ပါ၏။
"ရာဟုလာ မင်းသားလေး" ရှင်သာမဏေ (ကိုရင်)၀တ်ပြီးနောက် "ဗုဒ္ဓမြတ်စွာဘုရားရှင်" က ဤသို့ မေးခွန်းလေးများထုတ်၍ အဖြေပါ သင်ပေးပါသည်။

တစ်= တစ်ခု သောတရားမည်သည် အဘယ်နည်း?
-(သတ္တ၀ါဟူသမျှတို့သည် အကြောင်း "အာဟာရ" လျှင် တည်ရာရှိကုန်၏။)

(နေ့စဉ် ပြုလုပ် နေရသည့်၊ စားသုံးနေရသည့် စိတ်ပျက်ငြီးငွေ့စရာ ဒုက္ခ ကို တရားသံဝေဂ ရစိမ့်သောငှာ "ဗုဒ္ဓ" က ဂဏန်းနှင့်တွဲဖက် သင်ကြားခြင်းဖြစ်ပါ၏။)

နှစ်= နှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("ရုပ် နှင့် နာမ်" တည်း)

(အကျိုးမရှိတာတွေ မမှတ်စေပဲ အကျိုးရှိတာမှတ်စေရန် ရည်ရွယ်၍ လူ၏သန္တာန် တွင် "ရုပ် နှင့်နာမ် နှစ်ခုပဲ ရှိသည်" ဟု သင်ပေးခြင်း ဖြစ်ပါ၏။)

သုံး= သုံးခု သောတရားမည်သည် အဘယ်နည်း?
-( "ဝေဒနာ သုံး ပါး" တည်း။)

(အာရုံ နှင့်တွေ့သည့်အခါ "ခံစားချက် သုံးမျိုး" ဖြစ်ပါ၏။ကောင်းတာနှင့်တွေ့လျှင် ပျော်၏။ကြိုက်၏။ မကောင်းတာနှင့်တွေ့လျှင် စိတ်ညစ်တတ်၏။ကောင်းတာလည်း မဟုတ်၊မကောင်းတာလည်းမဟုတ် တွေ့လျှင် ပျော်သည်လည်း မဟုတ်၊စိတ်ညစ်သည်လည်းမဟုတ် ရှိတတ်သည်ကိုရည်ညွှန်း၍ သင်ပေးခြင်းဖြစ်ပါ၏။)

လေး= လေးခု သောတရားမည်သည် အဘယ်နည်း?
-(အရိယာတို့၏ အမှန်တရား၊ "သစ္စာ လေးပါး" တည်း။)

(လောက တွင် "တကယ့်အမှန်တရား လေးခု" ဖြစ်သော "ဒုက္ခ,သမုဒယ,နိရောဓ,မဂ္ဂ" ကို သာသင်ပေးလိုက်ခြင်းဖြစ်ပါ၏။)

ငါး= ငါးခု သောတရားမည်သည် အဘယ်နည်း?
-(စွဲလန်းမှု"ဥပါဒါနက္ခန္ဓာ ငါး ပါး" တို့တည်း။)

(လူများတွင် "တဏှာအမြင်""ဒိဋ္ဌိအမြင်"နှင့်စွဲလန်းသော"ဥပါဒါနက္ခန္ဓာငါးပါး"(ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဉ်)ကို
သင်ကြားပေးခြင်း ဖြစ်ပါ၏။)

ခြောက်= ခြောက်ခု သောတရားမည်သည် အဘယ်နည်း?
-(အတွင်း (အဇ္ဈတ္တိကာ-"အာယတန ခြောက် ပါး" တို့တည်း။)

(အာရုံတို့၏အခြေခံ၊အပြင်ဘက်မှအာရုံများနှင့်ဆက်သွယ်ဖို့ရာလိုအပ်သော"အင်္ဂါခြောက်ခု"(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊
ကိုယ်၊စိတ်) အဆင့်ဆင့် ကမ္မဋ္ဌာန်းပွားနိုင်လောက်သည်အထိ ကလေးငယ်နှင့်တန်ရုံ ဂဏန်းသဘောလေးများကို မှတ်ခိုင်းကာ တဖြည်းဖြည်း သင်ကြားပေးခြင်းဖြစ်ပါ၏။)

ခုနှစ်= ခုနှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("ဗောဇ္ဈင် ခုနှစ် ပါး" တို့တည်း။)

(အသိဉာဏ်ဖြစ်ပေါ်ဖို့ရာအတွက် (၁)သတိသမ္ဗောဇ္ဈင်,(၂)ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်,(၃)၀ီရိယ သမ္ဗောဇ္ဈင်,(၄)ပီတိ သမ္ဗောဇ္ဈင်,(၅)ပဿဒိ သမ္ဗောဇ္ဈင်,(၆)သမာဓိ သမ္ဗောဇ္ဈင်,(၇)ဥပေက္ခာ သမ္ဗောဇ္ဈင် စသည့် စွမ်းရည်သတ္တိနှင့်ကိုယ့်သန္တာန် တို့တွင် ပေါ်ပေါက်စေရန် သင်ကြားခြင်းဖြစ်ပါ၏။)

ရှစ်= ရှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("အင်္ဂါ ရှစ်ပါး" ရှိသော အရိယာမဂ် တည်း။)

( "မဂ္ဂ" ဆိုသည်မှာ "လမ်းကြောင်း"၊ မည်သည့်နေရာသွားသည့်လမ်းကြောင်းလဲ ဟူမူ- နိဗ္ဗာန် သို့ သွားရန် လမ်းကြောင်းဖြစ်ပါ၏။
(၁)သမ္မာဒိဋ္ဌိ (၂) သမ္မာသင်္ကပ္ပေါ (၃)သမ္မာဝါစာ(၄)သမ္မာကမ္မန္တော (၅)သမ္မာ အာဇီဝေါ (၆)သမ္မာ ၀ါယာမော (၇)သမ္မာသတိ(၈) သမ္မာသမာဓိ အစရှိသော ထို မဂ္ဂင်ရှစ်ပါး စွမ်းအားများ မိမိ၏သန္တာန်တွင် ရလျှင် နိဗ္ဗာန် ထိအောင်ဆောင်နိုင်ကြောင်းသင်ကြားခြင်းဖြစ်ပါ၏။)

ကိုး= ကိုးခု သောတရားမည်သည် အဘယ်နည်း?
-(သတ္တ၀ါတို့၏တည်နေရာ "သတ္တ၀ါသ ကိုးပါး" ရှိသော တို့တည်း။)

(သတ္တ၀ါများကိုခြုံငုံကြည့်လိုက်လျှင် (သတ္တ+အာဝါသ)သတ္တ၀ါများနေထိုင်သော ဘုံ ကိုးမျိုးသာလျှင် ရှိပါ၏။
(၃၁ ဘုံ-ကို (၉) မျိုး ဖြစ်အောင်ချုံ့ပြောလိုက်ခြင်းပါ။ ဥပမာ အားဖြင့် (၁) နာနတ္တကာယ နာနတ္တသညီ၊
(၂) နာနတ္တကာယ ဧကတ္တသညီ(၃) ဧကတ္တကာယ နာနတ္တသညီ (၄) ဧကတ္တကာယ ဧကတ္တသညီ စသဖြင့်) သင်ကြားပေးခြင်းဖြစ်ပါ၏။)

တစ်ဆယ်= ဆယ်ခု သောတရားမည်သည် အဘယ်နည်း?
-(အင်္ဂါ ဆယ်ပါးနှင့် ပြည့်စုံသူ ကို "ရဟန္တာ" ဟု ဆိုအပ်၏။)

(မှန်ကန်သော ဓမ္မများကို ကျင့်ကြံ ဆောက်တည် သွားသည့်ရဟန္တာ ပုဂ္ဂိုလ် များသည် "အင်္ဂါဆယ်မျိုး"နှင့် ပြည့်စုံသွားသည် ဟု သင်ကြားခြင်းဖြစ်ပါ၏။ အတော်ခက်ပါသည်။( အင်္ဂါ ဆယ်မျိုး မှာ-မဂ္ဂင်(၈)ပါး+(၉)သမ္မာဉာဏ(မှန်မှန်ကန်ကန်သိမြင်သော အသိဉာဏ်) (၁၀)သမ္မာဝိမုတ္တိ(မှန်ကန်သော နည်းလမ်းဖြင့် ကိလေသာများမှ လွတ်မြောက်သွားခြင်း) တို့ ပါဝင်သွားခြင်း ဖြစ်ပါ၏။)

(မူရင်းပါဠိတော် တွင် "ဧကံ နာမ င်္ကိ ?" ဟုမေး၍ "သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ"စဖြင့် ဖြေကြားပါသည်။ ကျွန်တော့်အနေဖြင့် မူ အကျဉ်းခေါင်းစဉ်အတိုင်း အဓိပ္ပါယ်ပေါ်ရုံ မြန်မာပြန်သာ လိုတိုရှင်းဖော်ပြထားခြင်းဖြစ်၍ ဆိုင်ရာ အဋ္ဌကထာ တွင် အကျယ်ဖွင့်ဆိုထားပါသည်။)

"ရှင်ရာဟုလာ" ကို ထိုသို့ အမေး အဖြေ ပြုခဲ့ဖူးသလို "သောပါက"သူငယ် ကိုလည်းမေးခဲ့ပါသည်။
"သောပါက သူငယ်"ကို သေစေရန် သုဿန်၌ချည်နှောင် စွန့်ပစ် ထားရာ နောင်တွင် "ရဟန္တာ"ဖြစ်၍ "မဟာသာဝက"စာရင်းဝင်ဖြစ်မည့်"ဥပနိဿယ"ကို မြင်၍ "ဗုဒ္ဓမြတ်စွာဘုရားရှင်"ကိုယ်တော်တိုင်ကြွ ကာ ဤပြဿနာအတိုင်းပင် မေးခဲ့ပါ၏။

"သောပါက"သူငယ် က အထက်ပါ မေးခွန်း(၁၀)ခုကို မလွဲအောင် အစဉ်အတိုင်း ဖြေနိုင်သဖြင့်"ရဟန်း"အဖြစ်ခွင့်ပြုကြောင်း"အဋ္ဌကထာ"၌ ဖွင့်ဆိုထားပါသည်။ ကြည်ညိုဖွယ်ကောင်းလှချည့်။
"တစ် မှ တစ်ဆယ်"အထိ အဓိပ္ပါယ် မည်မျှ နက်နဲ လှသည် ဆိုသည်ကို ဓမ္မမိတ်ဆွေ သဘောပေါက်လောက်ပါပြီ။
"တစ် မှ ကိုး"အထိ သိနိုင်သည်ပဲ ထားပါတော့။ "တစ်ဆယ်"ဟူသော "ရဟန္တာ၏အင်္ဂါဆယ်ပါး"ဆိုတော့ ဘာမှန်းကိုမသိပါ။

ကျွန်တော် တင်ပြလိုရင်းမှာ-
ဤမေးခွန်း ဆယ်မျိုး ကို ဖြေဆိုနိုင်သဖြင့် "ဗုဒ္ဓမြတ်စွာဘုရားရှင်" လက်ထက်တော် ကာလ က "ခုနှစ်နှစ်သား ရဟန်းများ" ရှိနေပြီ ပါသည် တဲ့။

ဗုဒ္ဓကမ္ဘာဆိုဒ်ကိုညီညီတင်၏ဘလော့ကိုမျှဝေထားပါသည်

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...