ကိုယ်ရသလို
သူတစ်ပါး မရစေလိုခြင်းကို
မစ္ဆရိယ ဟု ခေါ်ပါတယ်။ မစ္ဆရိယ
အားကြီးသူသည် ငရဲသို့ ကျရောက်ပါတယ်၊ ငရဲကလွတ်၍ လူဖြစ်လာလျှင်လည်း
ငတ်
ပြတ်ဆင်းရဲပြီး အထီးကျန် တစ်ယောက်တည်း နေရတတ်ပါတယ်။ မစ္ဆရိယ ငါးမျိုးရှိပါ
တယ်၊ ယင်းတို့မှာ-==
၁။အာဝါသ
မစ္ဆရိယ= အဆောက်အဦး
ကောင်းကောင်းဖြင့် ကိုယ်သာနေလိုပြီး
အခြားသူများ မနေစေလိုခြင်း။
၂။လာဘ
မစ္ဆရိယ = ကိုယ်သာ
လာဘ်လာဘ စီးပွါးဥစ္စာ
ပေါများလိုပြီး အခြား
သူများကို မပေါများစေလိုခြင်း။
၃။ကုလ
မစ္ဆရိယ =ပေးကမ်းထောက်ပံ့ နိုင်သော ဆွေမျိုးများ၊ ဒကာများအား အခြား
သူများထံသို့  အသွားအလာ အဆက်အသွယ် မရှိစေလိုခြင်း။
၎။ဝဏ္ထ
မစ္ဆရိယ = ကိုယ့်ထက်သာသူ၏ ဂုဏ်ကျေးဇူးကို
မချီးမွမ်း နိုင်ခြင်း။
၅။ဓမ္မ
မစ္ဆရိယ =တရားသဘောကို မိမိသိသလို
သူတစ်ပါးကို မသိစေလိုခြင်း။
တို့ဖြစ်ကြပါတယ်။
ဒါကြောင့် မိမိတို့ကလည်း
ကိုယ့်ထက်သာတဲ့သူအပေါ် “ မုဒိတာ ” ၀မ်းမြောက်
ဝမ်းသာဖြစ်ပြီး၊ ကိုယ့်ထက်နိမ့်တဲ့သူအပေါ် ဂရုဏာထားနိုင်ကာ
တစ်ဆင့်ပြီးတစ်ဆင့်၊
ကောင်းသထက်ကောင်း၊ မြင့်သထက်မြင့်ကာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို
မျက်
မှောက်ပြု ခံစားနိုင်တဲ့
သူတော်ကောင်းတွေ ဖြစ်ကြပါစေ
ကုန်သတည်း။ ။
“ ဘာသာဝါဒ ရွေးချယ်ကြ ”
================
ဘာသာဝါဒ၊ ရွေးချယ်ကြ
မှန်မှ ကျိုးများမည်။
အယူဝါဒ၊ မှားယွင်းက
မုချ ကျိုးနည်းမည်။
အမှားအမှန်၊ ရွေးချယ်ရန်
စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်
ရွေးလျှင် မမှားပြီ။ ။
(ချမ်းမြေ့ဆရာတော်)
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။