မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 17, 2013

မိန်းမနဲ့ယောက်ျား ဘာတွေများ ကွာခြားပါသလဲ


လူသည် မွေးကတည်းက ယောက်ျားနှင့်မိန်းမဟူ၍ ကွဲပြားခဲ့ပါသည်။ အချစ်စိတ်၊ ကာမရာစိတ်မှာ အရွယ်
ရောက်လာမှ ဝင်ရောက်လာခြင်း ဖြစ်လေသည်။ သုတေသီများ၏ လေ့လာချက်အရ
၁။ အသက် အနည်းငယ် ငယ်ရလေသော် ကျား၊ မ မခွဲခြားဘဲ ကလေးများအချင်းချင်း ရောနှော ကစားတတ်ကြသည်။
၂။ အသက် (၁၀)နှစ်နှင့် (၁၂)နှစ်ကြားသို့ ရောက်လေသော် ယောက်ျားလေးအုပ်စုနှင့် မိန်းကလေးအုပ်စုတို့
အုပ်စုဖွဲ့၍ ရန်ဖြစ်လာတတ်ကြ၏။
၃။ အသက် ၈ နှစ်၌ ယောက်ျားလေးနှင့် မိန်းကလေးတို့သည် လိင်တူအချင်းချင်း ကစားလိုသောဆန္ဒ ရှိလာ ကြသည်။
၎။ မိန်းကလေးများသည် အသက် ၁၃ နှစ်နှင့် ၁၇ နှစ်၌ ယောက်ျားလေးများအပေါ် စိတ်ဝင်စား၍ သူတို့၏
အပြုအမူများကို အလေးထားစေချင် လာကြသည်။
၅။ ယောက်ျားလေးများသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်၌ မိန်းကလေးများကို စိတ်ဝင်စားလာကြသည်။
ယင်းလေ့လာချက်မှာ အနောက်နိုင်ငံများကို အခြေခံထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၌လည်း ယေဘုယျအားဖြင့် မကွာခြားပေ။ ကွာခြားသည်မှာ အနောက်နိုင်ငံများ၌ ရည်းစားထားခြင်းကို အားပေး၍ မြန်မာနိုင်ငံ၌ ကားယင်းကိစ္စကို အားမပေးပေ။
ယောက်ျားနှင့် မိန်းမ ကာမရာဂစိတ် ဖြစ်ပေါ်ခြင်းကို လေ့လာကြည့်သော အခါ၌လည်း ယောက်ျားက
မိန်းမထက် အရွယ်စော၍ ဖြစ်ပေါ်လေ့ရှိ၏။ အသက်အပိုင်းအခြားအားဖြင့် ယောက်ျားသည် အသက် ၂၀ မတိုင်မီ၌အမြင့်ဆုံးတက်ကြွ၍ မိန်းမသည် အသက် ၃၀ ခန့်၌ အမြင့်ဆုံး တက်ကြွ နေတတ်၏ ဖို-မ ဆက်ဆံရာ၌လည်ယောက်ျားသည် မိန်းမထက်စော၍ ရာဂပြေငြိမ်းပြီး မိန်းမသည် ယောက်ျားနောက်မှ ရာဂ ပြေငြိမ်းသည်။
ဤသည်မှာမိန်းမများ၏ သဘာဝသာ ဖြစ်သည်။
ဥပမာအားဖြင့် မိန်းမသည် ရေနှင့်တူ၍ ယောက်ျားသည် ကျောက်ခဲနှင့်တူ၏။ ရေကို မီးဖိုပေါ် တင်၍ကြိုလျှင်တော်တော်နှင့်မဆူပွက်။ ဆူပြီးနောက် မီးဖိုပေါ်မှချလျှင်လည်း ရုတ်တရက်မအေး။ ထိုနည်းတူ ပင် မိန်းမတို့၏အချစ်စိတ်သည် တဖြည်းဖြည်းကြွ၍ အချစ်စိတ်ထပြီး နောက်လည်း တဖြည်းဖြည်း လျောကျသည်။
ယောက်ျားကား ကျောက်ခဲနှင့်တူ၏။ ကျောက်ခဲကို မီးဖုတ်လျှင် အလျင်အမြန် ချက်ချင်းပူ၏။ ကျောက်ခဲကို
မီးဖိုမှ ဆွဲထုတ်လျှင် မကြာမီ အေးသွား၏။ ထိုနည်းတူပင် ယောက်ျားတို့၏ အချစ်စိတ်မှာ ထလွယ်၏။ ကျလွယ်၏။
သို့ဖြစ်၍ မိန်းမတို့မှာ အချစ်စိတ်ထကြွခြင်းကြောင့် အချစ်ကိစ္စကို ချုပ်တည်းနိုင်၊ အောင့်အည်းနိုင်ကြခြင်း ဖြစ်သည်။
ယောက်ျားတို့၌ အချစ်စိတ်သောင်းကျန်းမှု ဖြစ်တတ်သည်မှာ အချစ်စိတ် ထကြွလွယ်သောကြောင့် ဖြစ်၏။
ဤသို့အားဖြင့် ယောက်ျားနှင့်မိန်းမ ခြားနားပေ၏။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...