အဖေ့သွေးနဲ့လောင်းခဲ့
လက်နှစ်သစ်လူ
လူတကာက မြှောက်ပင့်လိုက်
ရိုက်ချလိုက်
မမြင်တာကြာပြီပေါ့…။
ခပ်နက်နက်တွင်းထဲမှာ
ပျော်ရဲ့လား အဖေ
အချိုအခါးတွေ
ကွဲပြားသေးရဲ့လား
ကျောခိုင်းထားတဲ့
မနက်ဖြန်
လမ်းညွှန်မယ့်
သူတွေ့နေပြီလား
အ၀ိဇ္ဖာတွေ
မီးထွန်းညှိပြီးပြီလား
အမှန်တရားကို
ခေါင်းညှိတ်တတ်ပြီလား
ဒီလိုပဲ မွေးခွန်းတွေ
စကားပြောတိုင်း
တစ်ပွက်ပွက်နဲ့
ဒူးထောက်ရင်း
ထွက်ထွက်ကျလာတယ် အဖေ…။
နောင်တဆိုတာ
တခါးမဖွင့်ပေးသင့်တဲ့
တရားဝင် ဧည့်သည်တဲ့..။
မှားပြီလားအဖေ…….
မှားခဲ့ပြီလား…..
ထားလိုက်ပါတော့…….
ဘယ်သူမှမမှန်တယ့်
လောက
အဖေအမှားကို
နတ်သကြားတောင်မမြင်ခဲ့တာ
သူလဲ မှားချင်မှားမှာပေါ့…။
အချိန်တွေ
ကြာလာတော့လဲ
အပြွတ်အသိပ်
ချဉ်ခြင်းတွေနဲ့
သားတစ်ယောက်ဘ၀ရဲ့
လမ်းပြမီးအိမ်
ဖြစ်စေချင်ခဲ့တယ်အဖေ….ရယ်…။
ကိုယ်မြင်းကိုယ်စိုင်းခဲ့တဲ့
အဖေရဲ့လက်တစ်စုံ
လက်ပြဖို့ပဲ
နောက်ဆုံးဆိုတာ
မီးခိုးတွေနဲ့
ကျောက်စာတင်လိုက်တယ်...
မှန်ရဲ့လားဆို……
အဖေဆိုခဲ့တဲ့
ဘာမှအသုံးမကျတဲ့
သား….
သူကိုတစ်ချက်လောက်ပဲ
လာ…လှည့်…ကြည့်…ပေး…ပါ…အဖေ…..။
နေကောင်းကင်နီ
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။