မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Sunday, October 6, 2013

၅ မိနစ်စာ ဒါလေးဖတ်ပြီး တွေးကြည့်ပါ...(၁)


(၁)
တစ်ခါက ကျီးတစ်ကောင်သည် အရှေ့အရပ်သို့ ပျံသန်းရန် ထွက်ခွာလာခဲ့သည်။
လမ်းတွင် ခိုတစ်ကောင်နှင့် တွေ့ပြီး သစ်ပင်တစ်ပင်တွင် အတူ နားမိကြသည်။ ပင်ပန်းနေသော ကျီးကိုမြင်သော် ခိုက
“အသင့်ကျီး အသင်ကြည့်ရသည်မှာ ခရီးဝေးက လာပုံရတယ်။ ဘယ်ကိုများ ပျံသန်းမလို့ပါလဲ” ဟုမေးလေသည်။
ကျီးက “အကျွန်ုပ်နေသော အရပ်ရှိ လူများက ကျွန်ုပ်၏အသံအား နားဝင်မချိုဟု ဆိုသောကြောင့် အခြားအရပ်သို့ ပြောင်းရွေ့ရန် ပျံသန်းနေခြင်း ဖြစ်ပါတယ်” ဟုဖြေလေသည်။
ထိုအခါ ခိုက “ အကယ်၍ သင့်အသံအား သင် မပြောင်းလဲခဲ့လျှင်
အသင် ဘယ်ရောက်ရောက် လူတွေက ကြိုဆိုကြမှာ မဟုတ်ဘူး။ ပျံသန်းခြင်းဖြင့် သင့်အင်အား ကုန်ရုံသာဖြစ်မယ်” ဟု
ပြောလိုက်သည်။


အကယ်၍ ပတ်ဝန်းကျင်ကို သင် မပြောင်းလဲနိုင်ခဲ့သော် ...
ပြောင်းလဲနိုင်သော တစ်ခုတည်းသော အရာမှာ “မိမိကိုယ်တိုင်” ပင်ဖြစ်သည်။
  

(၂)
တစ်ခါက လူတစ်ယောက်သည် စက်ဘီးပြင်ဆိုင် တစ်ခုတွင် အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်သည်။ တစ်နေ့တွင်
လူတစ်ယောက် စက်ဘီးလာပြင်သည်။ သူသည် စက်ဘီးကို ပြင်ပေးရုံမက စက်ဘီးကို တောက်ပြောင်အောင် တိုက်ချွတ်
ပေးလိုက်သည်။ လုပ်ဖော် ကိုင်ဖက်များတွေ့သော် သူ့အား တုံးအသည်ဟု ဆိုကာ လှောင်ရယ်ကြသည်။ နောက်တစ်နေ့
တွင် သူ့အား စက်ဘီးပိုင်ရှင်က သူ့ကုမ္ပဏီတွင် အလုပ်ခန့်လိုက်သည်။


တစ်ခြားလူထက် ထူးချွန်ဖို့ရာ မခက်ခဲပါဘူး။
အလုပ်ကို လေးစားဖို့ပဲ လိုပါတယ်။

  
(၃)
တစ်ခါက လူတစ်ဦးသည် သားအား သူ၏ မွေးမြူရေးခြံတွင် အလုပ်လုပ်စေသည်။ သားမှာ နေ့တိုင်း ပင်ပင်ပန်းပန်းနှင့်အလုပ်လုပ်ရသည်။ သူ၏ မိတ်ဆွေများတွေ့သော် 
“ကိုယ့်သားကို ဘာလို့ ဒီလောက်ခိုင်းရတာလဲ သူ့ကိုမခိုင်းဘဲ အကောင်တွေ ဒီအတိုင်းလွတ်ထားရင်လဲ ကြီးလာတတ်တာပဲ”.....
 “ကျွန်တော်က ဒီအကောင်တွေ ကြီးပြင်းဖို့ ပြုစုနေတာ
မဟုတ်ဘူး။ ကျွန်တော့်သား ကြီးပြင်းဖို့ ပြုစုပျိုးထောင်ပေးနေတာပါ”


ကလေးတွေကို ပြုစုပျိုးထောင်ရတာ လွယ်ပါတယ်။
သူ့ကို အပင်ပန်း နည်းနည်း ပေးခံလိုက်ရုံပါပဲ။
  

(၄)
တစ်ခါက တင်းနစ်သင်တန်းတစ်ခုတွင် ဆရာက ....
“ တကယ်လို့ ဘောလုံးဟာ မြက်တောထဲ ရောက်သွားတယ် ဆိုပါစို့။ ဘယ်လို ရှာကြမလဲ”
“ မြက်ခင်းရဲ့ အလယ်ကနေ စရှာပါမယ်”
“ မြက်တွေ ချိုင့်ဝင်နေတဲ့ နေရာကနေ စရှာပါမယ်”
“ မြက်ပင်အရှည်ဆုံး နေရာကနေ စရှာပါမယ်”
ဆရာ “ အဖြေမှန်က မြက်ခင်းရဲ့ အစကနေ အဆုံးအထိရှာရမယ်”


အောင်မြင်ဖို့ လမ်းစကို ရှာဖို့ရာ မခက်ခဲပါဘူး။
တစ်ကနေ တဆယ်ကို မကျော်ဘဲ ရေကြည့်ဖို့ပဲ လိုပါတယ်။
(ဆိုလိုတာက အောက်ခြေသိမ်းကနေ အထက်အထိ ဖြေးဖြေးမှန်မှန် ကြိုးစားဖို့ပါပဲ)
  

(၅)
တစ်ခါက လယ်ကွင်းထဲတွင် ရှိသော ဖားတစ်ကောင်သည် လမ်းဘေးရေစပ်တွင် နေသော ဖားတစ်ကောင်အား
“ ဒီမှာနေရတာ အန္တရာယ်များလွန်းတယ်။ လယ်ကွင်းထဲ လိုက်နေပါလား”
“နေရာပြောင်းရွေ့ရမှာ ပျင်းတယ်။ ဒီမှာနေရတာ အကျင့်ဖြစ်နေပြီ” အချိန်ကြာသော် လယ်ကွင်းရှိဖားက လမ်းဘေးရေစပ်နေ ဖားထံ ရောက်လာပြန်သည်။ သို့သော် ထိုဖားမှာ လမ်းပေါ်တွင် ကားတိုက် သေဆုံးနေသည်ကို တွေ့ရသည်။


ဘ၀ရဲ့ နေထိုင်မှု အရွေ့အပြောင်းကို လုပ်ဖို့ရာ မခက်ခဲပါဘူး။
မပျင်းရိဖို့ပဲ လိုပါတယ်။
  


(၆)
တစ်ခါက ရွှေရှာသော အဖွဲ့သည် သဲကန္တာရတစ်ခုကို ကျော်ဖြတ်လေသည်။ လူတိုင်းမှာ မောပန်းပြီး ခြေလှမ်းများလည်း လေးသွဲ့နေသည်။ သို့သော် လူတစ်ယောက်မှာ ပင်ပန်းဟန် မပြဘဲ ဖြေးဖြေးမှန်မှန် လျောက်လို့နေသည်။ လူအများက....
“ ခင်ဗျားကြည့်ရတာ မောပန်းပုံမပြဘူး ဘာလို့လဲ” ဟုမေးကြသည်။
ထိုလူမှာ ပြုံးလျှက် “ ကျွန်တော်ကိုယ်ပေါ်မှာ ပါတဲ့အရာတွေ မများလို့ပါ”


လူ့ဘ၀မှာ ပျော်ဖို့ဆိုတာ မခက်ခဲပါဘူး။
အတ္တနည်းပြီး ရှိတာလေးနဲ့ ဆန္ဒပြည့် နေဖို့ပါပဲ လိုပါတယ်။


  
(၇)
တစ်ခါက လူတဦးသည် မြစ်ဘေးတွင် ငါးမျှားလေသည်။ ငါးတစ်ကောင် မိတိုင်း အရင်ဆုံး တိုင်းထွာ ကြည့်ပြီး မိမိလိုချင်သော အတိုင်းအတာထက် ကြီးမားနေပါက ငါးများကို မြစ်ထဲသို့ ပြန်လွတ်တတ်သည်။ အခြားငါးမျှားသူများမြင်သော် ထူးဆန်းသဖြင့် သွားရောက်မေးမြန်း လေသည်။ 
“လူတိုင်းက ငါးကြီးကြီးရဖို့ မျှော်လင့်ကြတယ်။ ခင်ဗျားက
ငါးကြီးရတိုင်း ပြန်လွတ်လိုက်တယ်။ ဘာဖြစ်လို့လဲ”...... “ငါးကြီးရင် ကျွန်တော့်အိမ်က အိုးနဲ့ မဆန့်မှာစိုးလို့။ အိုးက ဒီကြိုးအတိုင်းအတာပဲ ရှိလို့ပါ”


လိုအပ်သလောက်...သုံးနိုင်သလောက်ပဲ ယူပါ...
လောဘမကြီးပါနဲ့။



သူငယ်ချင်းများကို နောက်ထပ်တင်ပေးရန် ရှိနေပါသေးသည်..။တစ်ခုခုတွေး တစ်ခုခုရရှိသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကြိုးနပ်ပါသည်..။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...