မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 10, 2013

ကုန်းဘောင်ခေတ်တုန်းက အမှန်တရားကို အသက်နဲ့လဲဝံ့တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ဘယ်သူလဲ

ကုန်းဘောင်ခေတ်တုန်းက အမှန်တရားနှင့်ပတ်သက်လာလျှင် အသက်နှင့်လဲဝံ့သော ပုဂ္ဂိုလ်တစ်ဦးရှိ၏။
သူသည် မင်းလိုလိုက် မင်းကြိုက်ခစားသူများ အကြားမှ မှန်မည်ထင်ရာ ယုံကြည်ရာကို ရဲဝံ့စွာ ပြောဆိုခြင်း ကြောင့် ရာထူးမှ မကြာခဏ အချခံရပြီး အိမ်နိမ့်စံဘဝဖြင့် ကွယ်လွန်သွားသော ဝန်ကြီးလည်း ဖြစ်ခဲ့သည်။
သူကား ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်ပါသည်။
မင်းတုန်းမင်းနှင့် မြောက်ဆောင်တော် မိဖုရားတို့၏ မွေးစားသားအဖြစ် ချီးမြှောက်ခြင်းခံရ၏။
သို့ရာတွင် ဟုတ်တိုင်းမှန်ရာကို ယူဆပြောဆိုသည်ကြောင့် ရာထူးမှ မကြာခဏ ချခြင်းခံရသည်။
အသက်(၂၃)နှစ်အရွယ်က မင်းတုန်းမင်းကြီးနှင့် အယူအဆမတူ၍ တစ်ကြိမ်။
ကနောင်မင်းသား လုပ်ကြံခံရအပြီး ဗျစ်ရည်သည် ဆေးခါးကြီးနှင့်တူကြောင်း၊ အနည်းငယ်သောက်က အပြစ်မရှိကြောင်း ပြောဆိုသဖြင့် ဒုတိယတစ်ကြိမ် ရာထူးချခံရသည်။
တတိယအကြိမ် ရာထူးချခံရပုံက သူမို့သာ လုပ်ရဲသည်ဟု ဆိုရမည်။
အဖြစ်က ဤသို့တည်း... တစ်ခါသော် မင်းတရားကြီး၏ သဘောလွဲမှားနေမှုကို အကြောင်းပြု၍ ဘုရင်မင်းမြတ်သည် အစ်မ၊ နှမ၊ သမီးကညာ အပ်နှင်းခြင်း၊ တံစိုးလက်ဆောင် ဆက်သခြင်းကို အကြောင်းပြုလျက် အတတ်မပညာ မရှိသူများကို ဝန်ကြီး၊ အမတ် စသည်ဖြင့် ခန့်အပ်ခဲ့သော် တိုင်းပြည်ပျက်တတ်ကြောင်း ဘုရင်မင်းတရားကြီးအား မထောက် မညှာ ဝေဖန်ထောက်ပြ လျှောက်ထားလိုက်သည်။
ဤတွင် မင်းတုန်းမင်းတရားကြီး စိတ်တော်ဆိုး၍ ဦးဘိုးလှိုင်အား သူ၏ဖခင် ယင်းတော်ဝန်ကြီးအား ကွပ်မျက်ခဲ့သော လှံကိုပြသလျက် ထိုးမည်ပြုရာ ရင်ကို ကော့လျက် “ထိုးတော်မူပါဘုရား”ဟု လျှောက်တင်ခဲ့သည်။
မင်းတုန်းမင်းက မထိုးဘဲ လှံကိုင်၍ အတွင်းတော် ဝင်သွားသောကြောင့်သာ အသက်ချမ်းသာရာ ရလေသည်။ အခြားဝန်ကြီးများက အတွင်းဝန် ဦးဘိုးလှိုင်အား ဤမျှ တင်းတင်းမာမာ ဘုရင်ကို ပြန်မလျှောက်သင့်ကြောင်း ဝိုင်း၍ ပြောကြသည်တွင် ဦးဘိုးလှိုင်က ပြန်ပြော ကြားသော စကားမှာ တန်ဖိုးရှိလှပေသည်။
ဦးဘိုးလှိုင်က.. “ကျွန်ုပ်အား လှံဖြင့်ထိုး၍ သေရခြင်းကား မြတ်ပါ၏။ နေရာတိုင်း မင်းအလိုလိုက်၍ ဆောင်ရွက်ပေးနေရပါမူ မကောင်းမှုဖြစ်ပွားလာပါက နိုင်ငံတော် ပျက်စီးခြင်း ရောက်လေသည်ဟု နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော် သေရကျိုး မနပ်” ဟူ၍ပင် ဖြစ်လေသည်။ ဤသို့ဖြင့် မင်းလိုလိုက် မင်းကြိုက်မခစားသောကြောင့် တတိယ အကြိမ် ရာထူးမှ ကျလေသည်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...