မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 10, 2013

ကုန်းဘောင်ခေတ် စတော့မယ့်အချိန် ဘယ်တဘောင်တွေ ပေါ်ခဲ့သလဲ

ကုန်းဘောင်ခေတ်ကို စတင်တည်ထောင်ခဲ့သော မင်းဆက်အစမှာ အလောင်းမင်းတရားကြီး ဖြစ်၏။ ထိုစဉ်က ဦးအောင်ဇေယျအဖြစ် မုဆိုးဖို(ရွှေဘို)တွင် ရှိနေစဉ် တဘောင်တွေ ပေါ်ထွက်လာခဲ့သည်။ ထိုတဘောင်တို့ကား
၁။ စပယ်ထောင်ထောင်၊ ပန်းထောင်ထောင် မငြိမ်းအောင်စိုက်တဲ့ပန်း မိုးရွာမှလန်း။
၂။ ဖိုသုံးဖို၊ တစ်ဖိုမီးတောက် အရှိန်ထလတ္တံ့။
၃။ မမလေး ခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင် မန်းမြို့တော် ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်။ လထွက်ကလေးတဲ့ မြင်းကိုနှင် လဝင်ရင် မန်းတောင်ရောက်အောင် မြင်းငေါက်လို့စိုင်း။ (ဤတဘောင်မှာ အင်းဝကို လုပ်ကြံတိုက်ခိုက်ခါနီး ပေါ်ထွက်လာခဲ့သော တဘောင်ဖြစ်၏)
၎။ ရွှေဘိုမြောက်က သောက်ရေကန် မကြီးသောက်ဖို့ ပေါ်လာပြန်။
၅။ မုဆိုးဘို အလိုလိုနေရင်း ဘုန်းတောက်မည့် မင်း။
၆။ အင်းကို ဟင်္သာဆင်းမည် ဟင်္သာကို မုဆိုးလေးနှင့်ခွင်းမည် မုဆိုးကို ထီးရိုးနှင့်ရိုက်မည် ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။
၇။ မွေးမေမေ သူ မသနားလို့ မေ့သားတဲ့ ထည့်လိုက်လေ၊ ယိုးဒယားပြေ(ပြည်) သည်မိုးရယ် သည်လေနဲ့ သည်မြေကို မေမေထည့်တယ် လွမ်းပေါင်ကွဲ့လေး။
၈။ ဒုတ်တိုတဘောင် ကိုယ်စီဆောင် အောက်ပြည်ရောက်အောင် လိုက်မယ့် တို့ရွှေဘိုသား။
၉။ အင်းကန်ထဲက ရွှေဟင်္သာ မုဆိုးလူစွာ ဖမ်းယူလို့စား။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...