မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Sunday, July 7, 2013

.." People are more important than things "..



သောမတ်စ်အက်ဒီဆင်ရဲ့ မီးလုံးပုံပြင်လေးပါ။ယနေ့.....လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတာသောမတ်စ်အက်ဒီဆင်ကြောင့်ပါပဲ။သူဟာ
ပထမဦးဆုံးမီးလုံးကို တီထွင်ခဲ့တာ တစ်နှစ်ကြာရှည်ခဲ့တယ်။
အောင်ပြီပေါ့။အဲဒီအောင်မြင်ပြီး နောက်တစ်နေ့မှာ.....သူက တီထွင်ထားတဲ့
မီးလုံးကို သတင်းစာဆရာတွေကို ခေါ်ပြတယ်။သတင်းစားရှင်းလင်းပွဲလုပ်တာပေါ့။သတင်းစာဆရာတွေ
ရောက်လာ နေရာယူပြီးတဲ့နောက်မှာ သူဟာ တပည့်လေးကို မီးလုံးသွားယူခိုင်းတယ်။
တပည့်လေးဟာ မီးလုံးယူလာရင်း လမ်းမှာ သတင်းစာဆရာတွေ ကြည့်နေတဲ့ ကြားက လွတ်ကျ
ကွဲကြေသွားလေသတဲ့။" ဟာ.....ဟယ်..." ခနဲ ပရိတ်သတ်တွေက
အံ့သြတုန်လှုပ်သွားကြတယ်။အက်ဒီဆင်က ဘာမှမဖြစ်သလိုနဲ့ '
ဒီမှာပြဖို့မီးလုံးကတစ်လုံးပဲရှိတယ်။
ဒါပေမယ့်...မပူကြနဲ့နောက်တစ်လုံးလုပ်လို့ ရပါတယ်။
သုံးလတော့စောင့်ပေပါ ' လို့ပြောတယ်။သတင်းစာဆရာတွေလည်း ကသိကအောက်ဖြစ်ကာ
အိမ်ပြန်ကြရတယ်။သုံးလစေ့တဲ့အခါ သောမတ်စ်အက်ဒီဆင်က သူ့ရဲ့ ကတိအတိုင်း
သတင်းစာဆရာတွေကို ခေါ်သတဲ့။
အရင်သုံးလက ပုံစံအတိုင်းပါပဲ။အက်ဒီဆင်က အခန်းထဲ ၀င်လာတယ်။သူ
နေရာယူတယ်၊ ပြီးတော့....တပည့်လေးကိုခေါ်လိုက်တယ်။အရင်ကကောင်လေးပဲ။ "
မီးလုံးသွားယူခဲ့ " ကောင်လေးဟာ မီးလုံးထားရာ ဗီရိုကိုတစ်လှမ်းချင်း
လျှောက်သွာတယ်။ သူ....ရင်တုန် မတုန်တော့ မသိဘူး။
သတင်းစာဆရာတွေက အားလုံးရင်တုန်နေတယ်။ဘာကြောင့်လဲဆိုတော့....ဒီကောင်လေးဟာ
လွန်ခဲ့ ( ၃ )လက မီးလုံးခွဲလိုက်တဲ့ကောင်းလေးပါပဲ။ပြပွဲက
အေးအေးဆေးဆေးပဲ ပြီးသွားတယ်။ဒီတစ်ခါ ကောင်းလေးလည်း
မီးလုံးမခွဲတော့ပါဘူး။သတင်းစာဆရာတွေ့ အက်ဒီဆင်ကို ဘာကြောင့်
ဒီကောင်လေးကိုပဲ ထပ်ခိုင်းရတာလဲ လို့မေးတော့ သူက ပြောတယ်။
" People are more important than things" တဲ့။' လူတွေဟာ
ဝတ္တုပစ္စည်းတွေထက် ပိုပြီးတန်းဖိုးရှိတယ် ' လို့ပါပဲ။" ခင်ဗျားတို့
စဉ်းစားကြည့်လေ၊ ဒီတစ်ခါ သူ့ကိုမခိုင်းရင် ကောင်လေးဟာ သူ့ကိုယ်သူ ယုံကြည်မှု
ဘယ်တော့မှ ရှိတော့မှာ မဟုတ်တော့ဘူး" တဲ့။
ဒီစိတ်ထားဟာ သားသမီးတွေ တပည့်တပန်းတွေ အပေါ်ထားရမယ့်စိတ်ထားပဲ။
အလုပ်တစ်ခုလုပ်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေဖြစ်တတ်တာပါပဲ။
ပျက်စီးရတဲ့ အကြောင်းအရင်းဟာ လက်အောက်ငယ်သားကြောင့်သာဖြစ်လေ့ရှိတယ်။
ဘာကြောင့်လဲဆိုတော့....အထက်လူကြီးက စားပွဲမှာပဲထိုင်နေတာကိုး။
အထူးသဖြင့်...အလုပ်ပိုလုပ်လုပ်လေလေ၊ သူ့ကြောင့်ထိခိုက်ဆုံးရှုံးမှု များလေလေပဲ။
ဒါပေမဲ့.....ကိုင်တွယ်မှုမှားရင်တော့ ' စိတ်ဓာတ် ' ပါပျက်စီးသွားပေလိမ့်မယ်။
မြန်မာတွေလည်း နာယကရုဏ် ( ၆ )ပါးကိုနားလည်ကြပါတယ်။
" ထကြွနိုးကြား၊ သနားသည်းခံ၊ဝေဖန်ထောက်ရှု ဤခြောက်ခု ကြီးသူဂုဏ်အင်င်္ဂါ" တဲ့။
ခေါင်းဆောင်ဆိုတာ ၀ီရိယရှိမှ ထကြွမယ်၊ နိုးကြားနိုင်မှာဖြစ်တယ်။
နောက်....သနားသည်းခံ၊ဒါလည်း သနားတာနဲ့ သည်းခံတာနှစ်ခုပါပဲ။
ကျွန်တော်အနေနဲ့တော့...ဒါကို လူသားဆန်မှု ( Humanitarian ) လို့ဆိုချင်တယ်။
ဒီလူတွေငတ်နေတာ သူတို့အသုံးမကျလို့ သနားစရာမလိုပါဘူးဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။
တကယ်တော့....လူတွေဟာ အခြေအနေအရ ' မြင်တုံ နိမ့်တုံ ' ရှိကြာတာ ဖြစ်တယ်။
လူတွေဟာ မှားတတ်တယ်။ မိမိ လက်အောက်ငယ်သားတွေလည်း မှားတာပဲ။
သူတို့ကြောင့်ပျက်ဆီးဆုံးရှုံးတာတွေရှိမယ်။
သူတို့ကို ခေါင်းဆောင်လုပ်သူက နားလည်ရမယ်။
လူသားဆန်တဲ့ ခေါင်းဆောင်ကိုတော့ လူတွေ လေးစားကြတယ်။
အမှားနဲကအမှန်ဆိုတာ တရားသေမဟုတ်ဘူး။
ကလ၊ဒေသဆိုတဲ့ အချိန်အခါ နေရာဒေသကို လိုက်ပြီး ပြောင်းတာပဲ။
ဒါတွေကို ခေါင်းဆောင်လုပ်သူတွေက နားလည်ခွင့်လွှတ် သည်းခံရတယ်။
ဝေဖန်တယ်ဆိုတာကလည်း အမှားအမှန်ပိုင်းခြားတာပါ။
အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်သူကို ပညာရှိလို့ဆိုတယ်။
အချိန်အခါအလိုက် ပြောင်းလဲတတ်တဲ့ အမှန်နဲ အမှားတွေ လူမှုအသိုက်အ၀န်းတစ်ခုက
လက်ခံထားတဲ့စံတွေကို ခေါင်းဆာင်က သိတတ်ရတယ်။
ဒါမှ ခေါင်းဆောင်ကောင်းဟာ ဝေဖန်ပိုင်းခြားတတ်မှာပေါ့။
ထောက်ရှုဆိုတာ ထောက်ထားညှာတာခြင်းအပြင် ညွှန်ပြခြင်းတွေလည်းပါတယ်။
ဒါဟာ.....မြန်မာက သတ်မှတ်တဲ့ ခေါင်းဆောင်တစ်ယောက် လိုအ်ပ်ချက်ပါပဲ။
ကျွန်တော်တို့ ( ၂၁ ) ရာစု လူသားတွေဟာ ပစ္စည်းတွေနောက်ကို လိုက်ကြတယ်။
ပိုက်ဆံနောက်ကို လိုက်ကြတယ်။
ဒီလိုဆိုရင်တော့ ပိုက်ဆံဟာ လူထက် အရေးကြီးသလား၊ ပစ္စည်းဟာ လူထက် အရေးပါသလား။
ခေါင်းဆောင်တွေက ဒါကို ကောင်းကောင်းသိတယ်။
ရုပ်ဝတ္တုပစ္စည်းတွေထက် လူတွေက ပိုသာပါတယ်။
" People are more important than things " တဲ့။
လူသားတွေကို ကြင်နာတတ်ကြပါစေ........

အရမ်းကိုကြိုက်နှစ်သက်မိလို့ ကူးယူတင်ပြခဲ့ခြင်းဖြစ်ပါသည်...။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...