မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 10, 2013

ကမ္မဋ္ဌာန်းရှုစရာ အသုဘ ဘယ်နှစ်မျိုးရှိသလဲ

အသက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အသုဘရုပ်အလောင်းကို ဝိပသနာတရား ရှုမည် (သို့မဟုတ်) အသုဘကမ္မဋ္ဌာန်း ရှုမည်ဆိုပါက အသုဘ(၁၀)မျိုးတို့ကို ရှုရင်း ပွားများလေ့ ရှိကြပါသည်။
အသုဘ(၁၀)မျိုး ဆိုသည်ကား....
၁။ ဥဒ္ဓုမာတက အသုဘ
လေပြည့်နေသော အိတ်ကဲ့သို့ ဖူးဖူးရောင်နေသည့် ရုပ်အလောင်းကောင်
၂။ ဝိနီလက အသုဘ
အသားအရေ ညိုပုပ်နေသော ရုပ်အလောင်းကောင်
၃။ ဝိပုဗ္ဗက အသုဘ
ပြည်များယိုစီးကျနေသော စက်ဆုပ်ဖွယ် ရုပ်အလောင်းကောင်
၎။ ဝိစ္ဆိဒ္ဒက အသုဘ
ထက်ပိုင်းပြတ်နေသော ရုပ်အလောင်းကောင်
၅။ ဝိက္ခာယိတက အသုဘ
ခွေး၊ တောခွေးများ ကိုက်ခဲ စားသောက်ထားသော ရုပ်အလောင်းကောင်
၆။ ဝိက္ခိတ္တက အသုဘ
ကိုယ်ခန္ဓာအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်တောက်နေသော ရုပ်အလောင်းကောင် ၇။ ဟတဝိက္ခိတ္တက အသုဘ ကျီးခြေသဏ္ဍာန် လက်နက်များဖြင့် ထိုးသတ်ထားသဖြင့် မရှုမလှဖြစ်နေသော ရုပ်အလောင်းကောင်
၈။ လောဟိတက အသုဘ
ဒွါရပေါက်များမှ သွေးများ ယိုစီးကျနေသော ရုပ်အလောင်းကောင်
၉။ ပုဋ္ဌုဝက အသုဘ
ပိုးလောက်များ တဖွားဖွားတက်နေသော ရုပ်အလောင်းကောင်
၁၀။ အဋ္ဌိက အသုဘ
အရိုးစုသာရှိသော ရုပ်အလောင်းကောင် စသည်တို့ဖြစ်သည်။
ရှေးပဝေသဏီက ရဟန်းသံဃာများနှင့် တရားရှာမှီး ယောဂီသူတော်စင်ကြီးများသည် လူသေကောင်များ စွန့်ပစ်ရာ သုဿာန်သို့ သွားရောက်ကာ အသုဘဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလေ့ ရှိကြသည်။ ထိုစဉ်က လူသေကောင်များကို ရှုမှတ်နိုင်ကြစေရန် ထိုအတိုင်းပင် စွန့်ပစ်တတ်ကြကြောင်း ကျမ်းဂန်စာပေများ၌ ရှိခဲ့ပေသည်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...