မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, June 10, 2013

ကိုမောင်ကလေးကနေ ဘာကြောင့် စိန်ဗေဒါ ဖြစ်ခဲ့ရသလဲ

ကိုမောင်ကလေးကနေ ဘာကြောင့် စိန်ဗေဒါ ဖြစ်ခဲ့ရသလဲ
 စိန်ဗေဒါ၏ အမည်ရင်းမှာ ကိုမောင်ကလေး ဖြစ်သည်။ သူသည် ဆိုင်းဆရာကြီး ဆရာဖေနှင့် နန်းတွင်း သူ ဒေါ်မမလေးတို့၏ သားဖြစ်ပြီး သီပေါမင်း ပါတော်မူခါနီး သုံးနှစ်အလို ၁၂၄၄ ခုနှစ်တွင် မန္တလးမြို့၌ ဖွားမြင် ခဲ့သည်။
ဖခင်မှာ သီပေါမင်း၏ အထူးမြှောက်စားခြင်းခံရသော ဆိုင်းဆရာကြီး ဖြစ်သည်။
၎င်းအား သိုင်းအလံ လေးချက်၊ (ဘွဲ့ဖြူ)စိန်ဆိုင်းဝိုင်း တစ်စုံနှင့် ဆိုင်းဝိုင်းအထက်တွင်တပ်ဆင်ရန် ဖန်ပဒိုင်းများကို ချီးမြှင့်ခဲ့သည်။ ထို့အပြင် နေမျိုးကျော်ခေါင်ဘွဲ့ ပေးအပ်၍ ပလိပ်မြို့အနီးရှိ ဆီဆုံရွာကို စားစေခဲ့၏။ မန္တလေးတွင် နေထိုင်ရန်လည်း မြေနေရာပေးခဲ့၏။
ကိုမောင်ကလေးသည် ဂီတဘက်၌ ပါရမီဓာတ်ခံရှိသူ ဖြစ်သဖြင့် ငယ်စဉ်ကလေး ဘဝကပင် ၁၂ လုံးဒိုး ခေါ် နရီကို တီးနိုင်စွမ်းရှိသည်။
သူသည် ဖခင်ထံ သာမက ဆရာပေ၊ ဦးကျော်ဇံ အစရှိသော ဆိုင်းဆရာကြီးများ ထံ၌ ဆိုင်းပညာကို သင်ကြားခဲ့၏။ ၁၆ နှစ်သားအရွယ်လောက်တွင် ဆိုင်းခေါင်းဆောင်ဖြစ်လာခဲ့သည်။
သူသည် မကြာခင်မှာပင် ရန်ကုန်သို့ ဆင်းလာကာ ဘုရားဒကာကြီး၊ ဇာတ်ဆရာ ဦးဘိုးစိန် ဖြစ်လာမည့် ကိုဘိုးစိန်နှင့် တွဲဖက်မိလေ၏။
သူဆိုင်းတီးလျှင် ကိုဘိုးစိန်က ဆိုင်းမင်းသားလုပ်၍ က, လေရာ ပရိတ်သတ်များ လွန်စွာ နှစ်ခြိုက်ကြလေသည်။
သူတို့နှစ်ဦးမှာ သက်တူရွယ်မျှဖြစ်ပြီး လွန်စွာမှ တွဲဖက်ညီလှသည်။ ၎င်းတို့နှစ်ဦး တွဲ၍ ကလေ့ရှိသည်မှာ (စူဋ္ဌာသမ္ဘာဝ မဟာသမ္ဘာဝ)ဇာတ် ဖြစ်လေသည်။
ထိုဇာတ် က လေတိုင်း ကိုမောင်ကလေးက ပတ်သွားပေါ် လက်ကွက်စိပ်စိပ် တီးရင်း... ဗေဒါ.. ဗေဒါ.. နင့်ဘူးကို ဘယ်သူချဲ့တယ်။ ပြောဟဲ့ ဗေဒါ... မိဗေဒါ အစရှိသော သီချင်းကို တီးရ သည်။
သူ့လက်သံကို ရန်ကုန်လူထု ပရိသတ်အပေါင်းက များစွာမှ နှစ်သက်ကြသည်။ ထိုကြောင့် သူ့နာမည်ကို ဗေဒါမောင်ကလေးဟူ၍ ဝိဂြိုဟ်ပြု ခေါ်ဝေါ်ကြကုန်၏။
ကိုမောင်ကလေး မန္တလေးသို့ ပြန်သွားသောအခါ ၎င်း၏ သတင်းမှာ ပို၍ပျံ့နှံ့သွားလေသည်။ မန္တလေးလူထုပရိသတ် အပေါင်းက စိန်ဆိုင်းအမှုထမ်းဖြစ်သော ဆရာဖေ၏ သား ဖြစ်နေသည်ကို အစွဲပြု၍ ဗေဒါ ရှေ့တွင် စိန် တစ်လုံးကို ထပ်မံဖြည့်စွက်ကာ ချီးကျူးမှည့်ခေါ် ကြလေ သည်။
ထိုမှအစပြု၍ စိန်ဗေဒါ ဖြစ်လာကာ ကိုမောင်ကလေးအမည် ကွယ်ပျောက်သွားလေ၏။ (
( ရွာစားကြီး စိန်ဗေဒါသည် ခေတ္တနေထိုင်ရာ ရန်ကုန်မြို့၊ ရွှေတောင်တန်းလမ်း၊ အိမ်အမှတ်(၅၂)၌ ၁၃၀၄ ခု၊ တော်သလင်းလဆုတ် (၁၄)ရက်နေ့တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။)

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...