မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Sunday, November 24, 2013

သင် ဘယ်လောက်ပျင်းရိနေပြီးပြီလဲ



နည်းပညာတိုးတက်လာခြင်းဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ လူနေမှုစတိုင်ကို ပိုမို စမတ်ကျစေနိုင်တာနဲ့အမျှ ပျင်းရိခြင်းရောဂါ စွဲကပ်လာစေပါတယ်။ လိုအပ်တဲ့ ပစ္စည်းမှန်သမျှကို လေထဲကနေရောင်း၊ လေထဲကနေ၀ယ်လို့ရနေတော့ မယုံနိုင်စရာ ကောင်းလောက်အောင် ၀လာတဲ့လူတွေလဲ တွေ့နေရတယ်။ နည်းပညာဆိုတာ အနာဂတ်မျိုးဆက်တွေအတွက် မလွဲဧကန်လိုအပ်မယ့်အရာ တစ်ခုလို့ ထင်မှတ်လာအောင် သင့်ကို ပြုစားလိုက်တာပဲဖြစ်ပါတယ်။ ယနေ့ခေတ်အတွက် နည်းပညာဟာ ကျွန်ုပ်တို့ရဲ့ ဘ၀အပေါ် ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလာတယ်ဆိုတာ လေ့လာကြည့်ရအောင်။

Ugada နိုင်ငံရဲ့မြို့တော်ကို သိချင်ပါသလား။ Google မှာ ရှာပါ။ Cocktail စပ်နည်းအသစ် သင်ချင်လား။ Youtube မှာကြည့်ပါ။ ပျင်းနေပြီလား။ ဥာဏ်စမ်း ဂိမ်းလေး တီဗွီမှာစောင့်ကြည့်လိုက်ပါ။ ဆိုလိုတာကတော့ ဒီနည်းပညာဆိုတာကြီး မရှိခင်က သတင်းအချက်အလက်နဲ့ ဖျော်ဖြေမှုကို ရယူနိုင်ဖို့ နည်းလမ်းမျိုးစုံသုံးခဲ့ကြပါတယ်။ ဥပမာ- Wekipidia အစား စာကြည့်တိုက်တစ်ခုပေါ့။ ဖျော်ဖြေရေးနည်းလမ်းတွေအဖြစ် စာအုပ်ဖတ်ပြီး အဲဒီကမ္ဘာထဲမှာပျော်ဝင်မယ်။ ကစားကွင်းတွေသွားပြီး ကစားမယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်မယ် စတဲ့နည်းလမ်းတွေသုံးကြပါတယ်။ ယနေ့အချိန်မှာတော့ ဒီအမူအကျင့်တွေဟာ စမတ်ဖုန်းတွေ၊ tablets တွေ ကြားမှာ ပျောက်ဆုံးသွားပါပြီ။

ရှော့ပင်းမောတွေထဲမှာ မင်းရဲ့လှည်းကြီးတွန်းပြီး ပတ်နေတာဟာ စွဲမက်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ကလေးတွေအတွက် အရုပ်ဆိုင်ဘက်ခြမ်းဟာ ပျော်စရာ ကောင်းတဲ့နေရာဖြစ်သလို ကုန်ခြောက်ရောင်းတဲ့ဘက်အခြမ်းကတော့ စိတ်ညစ်စရာ နယ်မြေပါ။ အစားမက်သူတစ်ယောက်ဆိုရင်တော့ ချောကလက်တစ်တောင့် မဖြစ်မနေ ၀ယ်မိမှာပါပဲ။ လိုချင်တာတစ်ခုကို ဆွဲယူပြီးလက်ထဲမှာဆုပ်ကိုင်ထားလိုက်ရတာဟာ ကျေနပ်နှစ်သိမ့်စရာ ခံစားမှုပါပဲ။ ဒီနေ့ခေတ်မှာတော့ အွန်လိုင်းရှော့ပင်းတွေက လုံးဝပြည့်စုံနေပါပြီ။ သင်စိတ်ကူးယဉ်ခဲ့ရတဲ့ ဘယ်အရာကိုမဆို ရှာဖွေဝယ်ယူနိုင်ပါပြီ။ နောက်ထပ်တစ်ခုက အိမ်တိုင်ရာရောက် အစားအစာပို့ဆောင်တဲ့ ၀န်ဆောင်မှုတွေပါပဲ။ မင်းလိုချင်တဲ့ အစားအစာ တစ်ခုက မင်းခနာကိုယ်က ကြွက်သားတစ်ခုမလှုပ်ရှားလိုက်ရပါပဲနဲ့ တံခါးဝရောက်လာနိုင်ပါပြီ။ ကဲ- အခု ပျင်းရိခြင်း ဘယ်ကလာတယ်ဆိုတာ သိလိုက်ပြီလား။

ထိတ်လန့်စရာမိသားစု အစုအဝေးကြီးပါလား။ တခြားမဟုတ်ပါဘူး။ အွန်လိုင်း ပေါ်က သူငယ်ချင်းအစုအဝေးကြီးပါ။ တစ်ယောက်နဲ့တစ်ယောက် လေ့လာချိန် အများကြီး မယူရဘဲနဲ့ ဖေ့ဘုတ် ၊ တွစ်တာတို့လိုမျိုး လူမှုကွန်ယက် ဆိုဒ်တွေကနေ အဆက်အသွယ်တွေ ရယူနိုင်ပါတယ်။ လက်ရှိမျိုးဆက်ဟာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ ကနေ မိမိကိုယ်မိမိ ပျောက်ကွယ်သွားအောင် ကြိုးပမ်းနေသလိုဖြစ်နေပါတယ်။ အပေါင်းအသင်းဆက်နွယ်မှု အင်ပါယာတစ်ခုကို သူတိုဝန်းကျင်မှာ အချိန်ဖြုန်းရန်တွေ့ရှိသွားပါတယ်။ နောက်တစ်ခု ကတော့ ကျွန်ုပ်တို့ရဲ့ အစစ်အမှန်တွေကို ခိုးယူသွားတာပဲ ဖြစ်ပါတယ်။

“ငါဒီကောင်တွေကို ပြန်မွေးမလာနိုင်အောင်လို့ စောင့်သတ်နေတာ နာရီနည်းနည်းလေး အတွင်းမှာ ဒါဇင်နဲ့ချီနေပြီကွ”။ အဲဒီအသံကြားလို့ စစ်ပွဲထဲရောက်နေ တာလားလို့မတွေးပါတဲ့။ ဗွီဒီယိုဂိမ်းကစားသူတွေ အော်နေတာပါ။ ဗွီဒီယိုဂိမ်းကို ယခင်ကတည်းကလဲ စိတ်ဓါတ်ရွှင်လန်းမှု အနေနဲ့ ကစားကြပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာတော့ လူငယ်တွေက ပျော်ရွှင်ဖို့ အတွက်တင်မဟုတ်ဘဲ စိတ်ထဲမှာ စွဲစွဲမြဲမြဲ၊ အားကြိုးမာန်တက် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ အိပ်ချိန်စားချိန်မရှိတော့ဘဲ အပြင်လောကရဲ့ လူတွေနဲ့အဆက်အသွယ်ဖြတ်ပြီး သူတို့ကိုယ်သူတို့ အဲဒီအတုအယောင် ကမ္ဘာထဲက လူသားတွေလိုမျိုး ထင်မှတ်လာကြပါတယ်။ ဆေးပညာ ရှုထောင့်ကနေ ကြည့်ရင် အလွန်ဆိုးဝါးပါတယ်။

ဒီတော့ နည်းပညာကိုတအားဖက်တွယ်ထားပြီး အစစ်အမှန်တွေ ဆုံးရှုံးနေတာကို အနည်းငယ်ပြန်သုံးသပ်ပါ။ ဦးနှောက်ကျေးကျွန်ဘ၀ကနေပြီး ပြင်ပကမ္ဘာကိုထွက်ကာ စက်ပြင်သမားတစ်ယောက်ရဲ့ ကိရိယာတစ်ချို့ကိုင်ဖို့ ကြိုးစားကြည့်ပါဦး။ ထိုင်နေတဲ့ခုံကို တင်ပါးအောက်က ဆွဲထုတ်လိုက်ပြီး ကြွက်သားတစ်ချို့ စတင်လောင်ကျွမ်းဖို့ ကြိုးစားကြည့်ပါဦး။


No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...