မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Sunday, November 17, 2013

လွဲနေသော ကျန်းမာရေးအယူအဆလေးများ


ကျန်းမာရေး နဲ့  ပက်သက် လို့ အများ လက်ခံ သိရှိ ထားတဲ့ အချက် နဲ့ တကယ့် အဖြစ်မှန် တို့ဟာ ကွဲလွဲ နေတတ် ပါတယ်။ အောက် ဖော်ပြပါအမေး၊ အဖြေ များ ကို ကြည့်လိုက် ရင် အထင် နဲ့ အမြင် ကွဲပြား ခြားနားနေတာ ကို သိရှိ နားလည် သွား နိုင် ပါတယ်။
  
( ၁ ) လက်ဆစ် တွေ ကို ချိုးဖန်များရင် အဆစ် အမြစ် ရောင် ရောဂါဖြစ်တတ် တယ်
  
မဟုတ်ပါ ဘူး။ လက်ဆစ်တွေ ကို ချိုးလိုက် တဲ့ အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည် သွား တာက အရိုးများ အကြား မှာ ပိတ်မိ နေတဲ့ ဓာတ်ငွေ့တွေ ထွက်သွား လို့ အသံမြည် ရခြင်း သာ ဖြစ်ပါ တယ်။ အရိုး ကြား က
အခိုးအေငွ့ တွေ ထွက်သွား လို့ ပေါ့ပါး တောင် သွားပါသေး တယ်။
  

( ၂ ) ဆံပင်၊ အေမွှး အမှင်တွေ ကို မကြာခဏ ရိတ်ပေး ရင် ဆံပင်၊အမွှေး အမှင် တွေ သန်လာ တတ် ပါတယ်
  
မဟုတ်ပါဘူး။ ကတ်ကျေး နဲ့ ဆံပင်တွေ ကို ဖြတ်ချ လိုက်သလို ပါပဲ။ဆံပင် အမွှေး အမှင်တွေ ကို ရိတ်ပေး နေတာဟာ ငုတ်စကလေးတွေ တိုသွားရုံ သက်သက် ပဲ ဖြစ်စေ ပါတယ်။
  

( ၃ ) အိပ်လွန်းအားကြီးရင် ပင်ပန်းနွမ်းနယ်သွားတတ်တယ်
  
မှားပါတယ်။ ကျန်းမာ ပျော်ရွှင်နေ သူတွေ ဟာ အလွန်အမင်း အိပ်နေလေ့ မရှိ ပါဘူး။ အိပ်ယာ ထဲမှာ အစွဲ အမြဲ အိပ်နေလေ့ရှိသူတွေဟာ သူတို့မှာ ရောဂါ တစ်ခုခု စွဲကပ် ၀င်ရောက် နေတဲ့လက္ခဏာ ကို ပြနေ ပါတယ်။ ဖျားနာ လို့ သော်လည်း ကောင်း၊ စိတ်ကျဝေဒနာ ခံစား ရလို့ သော် လည်းကောင်း အိပ်ယာ ထဲမှာ မထ တမ်းအိပ်နေ ကြခြင်း သာ ဖြစ်ပါတယ်
  

( ၄ ) နှာချေချင် လျက်သား နဲ့ နှာမချေ ဘဲ အောင့်ထားရင် အန္တရာယ်ဖြစ်တတ် ပါတယ်
  
မှန်ပါတယ်။ နှာချေ ခါနီး မှ နှာမေချ ဘဲ အောင့်ထား လိုက်ရင် တိုးထွက် သွားမယ့် လေတွေ၊ နှပ်တွေ၊ သလိပ် တွေ ဟာ အလွန် နူးညံ့သိမ်မွေ့တဲ့ နား အစိတ် အပိုင်းတွေ ဆီကို ရောက်သွား ပါတယ်။ နားနဲ့
ပက်သက် တဲ့ ကူးစက် ရောဂါတွေ ဖြစ်တတ် ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ တစ်ခါ တရံ မှာ နားပင်း သွားတဲ့ အထိ ဖြစ်သွား နိုင် ပါတယ်။
  

( ၅ ) ချက်ပြုတ်ပြီး မုန်လာ ဥနီ က ဘယ်လို လုပ်ပြီး ဆေးဖက်ဝင်အာနိသင် တွေ ဖြစ်လာ ရသလဲ
  
လူ အများစု က ဟင်းသီး ဟင်းရွက် တွေ ကို အစိမ်း လိုက်စား မှပိုကောင်း တယ် လို့ ပြောတတ် ကြပါ တယ်။ ဒါ ပေမယ့် အာရ်ကင်ဆေး တက္ကသိုလ် မှ လေ့လာ တွေ့ရှိချက် တွေ အရ ကေတာ့
မုန်လာဥနီ တွေ ကို ချက်ပြုတ် စားသောက် ရင် အာဟာရ ဓာတ် ပိုပြီးထက်မြက် တယ် လို့ သိရ ပါတယ်။ မုန်လာဥနီ တွေ ကို ချက်ပြုတ်လိုက်တဲ့ အခါ အပူဓာတ် ရသွား လို့ မုန်လာဥနီ တွေ ရဲ့ အမျှင် တွေ
ဟာ နူးညံ့ ပျော့ပြောင်း သွား ပါ တယ်။ အမျှင် တွေပျော့ပြီး လျော့ရဲသွားတော့ ဖီနောလစ် ဓာတ်တွေ ဟာ ဥနီ ရဲ့ ကလာပ် စည်း တွေမှ ပိုမိုထွက်ခွင့် ရသွား ပါတယ်။ ဖီနောလစ် ဓာတ်တွေ ပိုထွက် လာလို့
သွေးသန့် စေတဲ့ အာနိသင် တွေ ပိုမို ရရှိ လာတာ ဖြစ်ပါတယ်။ဒါကြောင့် မုန်လာ ဥနီ ကို အစိမ်း လိုက် စားတာ ထက် ချက်ပြုတ်စားတာ က ပိုပြီး အကျိုး များ ပါတယ်။

မောင်မောလငှ်ိုင် ( အပ်စိုက်ကု )
ကျန်းကျန်းမာမာ အသက် ( ၁၀၀ )

From.nadimingalar7.blogspot.com

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...