မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, September 23, 2013

iPhone 5S လက်ဗွေစနစ်ကို ဟက်ကာတို့ဖောက်နိုင်ပြီ

ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။ လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့ ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့  လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင် ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့ ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။ လေဆာနဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်။


ဒီအတွက် ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့် ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့ Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ် ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...