သင့်ခန္တာကိုယ်ထဲက
ဆဲလ်တစ်လုံး ခန္တာကိုယ်တစ်ပတ်ပတ်တဲ့ချိန်က 60 စက္ကန့်သာ ကြာမြင့်ပါတယ်
လူတစ်ယောက်ဟာ
မွေးကင်းစမှာ အရိုးပေါင်း 350 ရှိပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ 206 ချောင်းပဲ ရှိပါတော့တယ်
အိမ်မက်မက်လေ
IQ ပိုမြင့်လေပါပဲတဲ့
မျက်နှာပေါ်ပေါက်တဲ့အမွှေးက
သင့်ခန္တာကိုယ်ကျန်တဲ့ဘယ်နေရာမဆိုပေါက်တဲ့အမွှေးထက် ပိုပြီး ရှည်တာမြန်ပါတယ်
လက်ခလယ်ကလက်သည်းရဲ့ရှည်ထွက်မှုက
ကျန်တဲ့လက်ချောင်းများထက် ပိုအရှည်မြန်ပြီးတော့ လက်သည်းများရဲ့ ရှည်ထွက်မှုက ခြေသည်းများရဲ့ရှည်ထွက်မှုထက်
လေးဆ ပိုပါတယ် ( လက်သည်းလေးခါညှပ်ပြီးတဲ့အချိန်မှ ခြေသည်းတခါညှပ် ရပါတယ် )
သင့်အစာအိမ်ထဲက
အက်စစ်က zinc ကိုတောင်အရည်ပျော်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် သင့်အစာအိမ်ကို
မဖျက်ဆီးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်နံရံက အမြဲတမ်း သူဘာသာသူ အသစ်ဖြစ်နေလို့ပါပဲ
မိန်းမတွေဟာ
ယောင်္ကျားတွေထက် မျက်တောင်နှစ်ဆပိုခတ်ပါတယ်
ယောင်္ကျားတွေမှာ
မိန်းမတွေထက် အဆီကိုပိုမိုမြန်မြန်လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းမှုနှုန်းကတော့ တစ်နေ့ကို
ကယ်လိုရီ 50 ပါတဲ့
ယောင်္ကျားတွေက
မိန်းမတွေထက်ပိုပြီး မကြာခဏကြို့ထိုးတတ်ပါတယ်
ယောင်္ကျားတစ်ယောက်ရဲ့
ခန္တာကိုယ်ထဲမှာ ပျဉ်းမျှအားဖြင့် သွေး 6.8 လီတာရှိပြီးတော့ မိန်းမတွေမှာတော့သွေး 5
လီတာသာ ရှိပါတယ်
.......................................
သူငယ်ချင်းတို့ရေ..ဒီတစ်ခါလဲမတူတာလေးတွေ လိုက်ရှာဖွေပေးလိုက်တယ်နော်
တုန့်ပြန်မှုလေးတွေလဲ လုပ်ခဲ့ကြပါအုံး
နေကောင်းကင်နီ
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။