ကျွန်တော်ဟာ ပုံဖော်ထားတဲ့လမ်းကြောင်းမှာ ခေါင်းငြိမ့်ပြီးလျှောက်တတ်တဲ့
ဝါးပင်မဟုတ်ဘူး
ကျွန်တော်က ခပ်မိုက်မိုက်
ကိုင်းပင်
ရုပ်ကြွင်းဖြစ်ဖို့ ကိုယ်ကိုယ်ကိုယ်မြုပ်နှံရဲတယ်
ကျွန်တော်ဟာ ပြောနေကြ သုံးနေတုန်း ဘာမှမရှိတဲ့ခွက်တစ်လုံး
လောလောဆယ်အရောင်ဆိုးတဲ့ သစ်ပင်အောက် ခဏမှောက်ထားတယ်
မနက်ဖြန် လှန်မယ်
သင်ယူမယ်
ကျွန်တော်ဟာဖြစ်တည်မှုအစစ်ရှာရင်း ဆည်းပူးသူ
အတုခိုးတယ်လို့ခေါင်းစဉ်တပ်ရင် ပြုံးပြတတ်တယ်
ကျွန်တော်မှာ လက်ညှိုးတွေမရှိဘူး
မာနနဲ့ အတ္တ စပ်ကူးမပ်ကူးမှာ ထွက်လာမယ့်အစွယ်အတွက်
အိမ်မက်ကိုပဲကိုင်ဖို့ အာဏာပေးထားတယ်
ကျွန်တော့ဟာ ဘောင်ဘင်ခတ်သူတွေကို အားနာတတ်တယ်
ဝိုင်တစ်ခွက်အစား သစ်သီးတစ်လုံးနဲ့
စကြာဝဋ္ဌာကိုလမ်းညွှန်ချင်တယ်
ကျွန်တော်ဟာ ဖရုဿဝါစာတင်စီးတဲ့ လူဆယ်ယောက်ထက်
လူတစ်ယောက်စကားပြောတာကိုနားထောင်တတ်တယ်
လူဆယ်ယောက်စကားပြောတာထက် ပညာရှိနှုတ်ဆိတ်တာကို ကြောက်ရွံ့မိပြန်ရော
ကျွန်တောဟာယုံကြည်မှုလွန်ကဲသူလဲမဟုတ်ဘူး
မယုံမကြည်နေတဲ့သူလဲမဟုတ်ပြန်ဘူး
ကမ္ဘာဦးဓားဆိုရင် ခပ်တုံးတုံးထင်ကြမယ်
ပီကာဆိုရဲ့ ပန်းချီကားထဲ
ခဏနေလိုက်တယ်
ကျွန်တော်ဟာခဏခဏနေမကောင်းတဲ့ ရိုးသားသူပါ……..။
နေကောင်းကင်နီ
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။