မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Sunday, June 23, 2013

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီး အိမ်ရှင်ဂျပန်အသင်းနှင့် မြန်မာအသင်း ပွဲဦးထွက် ကစားရမည်



အာရှယူ-၁၉ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်း (ဓာတ်ပုံ-MFF)

၂၀၁၃ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဂျပန်အသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့်အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို တိုက်ရိုက်ကစားခွင့် ရရှိခဲ့သော တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာအသင်း အပါအ၀င် စုစုပေါင်း ခြောက်သင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲကို ခြောက်သင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာယူ-၁၉ အသင်းကို ဖွဲ့စည်းထားခြင်း မရှိသေးဘဲ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ ကူမာဒါကို ဆက်လက်တာဝန်ပေးခြင်းရှိ၊ မရှိကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၁၉ အသင်းသည် အာဆီယံ အသင်းများအနက် တစ်သင်းတည်းသော ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အသင်းဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ရေး နောက်ဆုံးအဆုံးအဖြတ်ပွဲ ဖြစ်သည့် ထိုင်းအသင်းနှင့် Play-Off ပွဲစဉ်တွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမအဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲများကို အဆင့်ဆင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး တရုတ်(တိုင်ပေ)၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခြေစစ်ပွဲဝင် အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ကူမာဒါက ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး အာရှခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ နောက်ဆုံးအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ရန်အတွက် မြန်မာအသင်းသည် ယခုဇွန်လ နောက်ဆုံးပတ်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်သည်။

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...