ဂွေလိမ့်ဖို့ လက်လိုပြီ
ကျောတို့ဖို့ ကြိမ်လိုပြီ
ခခွေးရေးဖို့ ကကြီးလိုပြီ...။
အလို...
ငါ့လက်မှာဘာတွေပါလိမ့်...။
ဖုန်တွေ ဖုန်တွေ...
လူကြည့်တော့ ၀ဖြိုးတောက်ပြောင်လို့...။
ဟော..ဟော..တွေ့ပြန်ပြီ
ဦးနှောက်ထဲ စွဲကပ်နေတာ
ဘာကောင်ပါလိမ့်...။
သြော်...
သံချေးတက် အမှိုက်ပုံနားက
ဗီတာမင် ငပျင်းတကောင်ပဲ..။
ငါဆေးစားမှားမိတာလား...
အေးအေးနားမိတာလား...။
ကြာရင်....
ဒါကြောင့်ပြောပါတယ်
ကိုယ်ကိုယ်ကိုယ်မောင်းနှင်ဖို့
လိုပြီလားလို့...။
နေကောင်းကင်နီ
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။