မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Sunday, June 2, 2013

ခေါင်းလောင်းတီးမည့် ဆည်းလည်းများ ( ကျောင်းဖွင့်ရက် အမှတ်တရ ကဗျာ )


မိုးစက်တွေကြား အဖြူတွေပြေးလွှား
လှုပ်ရွရွ အစိမ်းရောင်ကဗ္ဗလာ
အနာဂတ်ဆီ ဦးတည်နေလေရဲ့ ။
အနားယူအားမွေး သူတို့လန်းဆန်းကြရောပေါ့
မိုးဦးသစ်ရွက်လို အပြိုင်းပြိုင်း ရုန်းထ
လျောက်လှမ်းလာပုံများ….
အဖြူရောင် စစ်တပ်
ကမ္ဘာကိုသိမ်းပိုက်မယ့် ဟန် ။
သူတို့လေ…..
ထီးလေးကို မိုး
တစ်ချိန်….
အုပ်စိုးသူ ဖြစ်လာနိုင်တယ် ။
ခြေလှမ်းတွေ သွက်
တစ်ချိန်…
ဇွဲရှိသူ ဖြစ်လာနိုင်တယ် ။
အပြစ်ကင်းကင်း ရယ်မော
တစ်ချိန်…
တည်ကြည်သူ ဖြစ်လာနိုင်တယ် ။
မျက်မှန်တွေ တပ်
တစ်ချိန်….
အမြင်ကျယ်သူ ဖြစ်လာနိုင်တယ် ။
ခေါင်းလေးကို ငုံ့
တစ်ချိန်…
လူတကာ မော့ကြည့် ရမယ် ။
သူတို့လေ….
ချိုသာစွာမြည်ဟီး
ကောင်းကင်စည်တီးမယ့်
မြေပေါ်ကဆည်းလည်းတွေ
ဟိုဘက်နည်းနည်းလေးတိုး
ကျွန်တော်တို လမ်းဖယ်ပေးကြရအောင်…..။
                                                    နေကောင်းကင်နီ

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...