မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Saturday, May 25, 2013

အလယ်လမ်းကိုညွှန်လိုက်တယ်

အကို
တစ်ချက်ထိလို့လဲရလောက်အောင်အကိုအခြေမခိုင်ခဲ့ဘူးလား..
သြော်….ရှုံးမှာကြောက်မိခဲ့လို့ထင်ပါရဲ့…..။
အကို
ဘာကိုမှမသေချာတဲ့ဘ၀ကြီးမှာ…
ပေတံတစ်လက်ကို 
ကိုယ်ပိုင်လက်နက်လို ထုတ်ထုတ်သုံးနေတုန်းပဲလား…
ဒါဆိုရင်ဘောင်ကျယ်ပါစေ အမှားကင်းတာပေါ့…..။
အကို
ပြင်ညီတစ်ချပ်ရဲ့ ပြန်အလင်းတန်းကိုသိရဲ့လား…
ဒါဆို အရင်ဆုံးမှန်အရင်ကြည့်ပါ….။
အကို
အောင်မြင်မှုတွေစားသုံးပြီး ယစ်မှုးနေတုန်းလား…
ထမင်းလုံးတစ္ဆေမခြောက်ခင် နိုးပါစေ…..။
အကို
မေးခွန်းတွေထုတ်နေတယ့်…ကိုယ်ပိုင်စိုက်ခင်းမှာရော...
အဖြေတွေသီးနေပြီလား…
စိတ်ဓတ်ကောင်းကောင်းလောင်းထဲ့လိုက်ပါ…..။
အကို
၃၈ဖြာမင်္ဂလာ သင်ယူခဲ့ရဲ့လား…
ရိုသေ လေးစား သနားတတ်ပါစေ…..။
အကို
ဖြစ်တည်မှုအစစ်ရှာရင်း ပြန်လည်သင်ယူရင်း…
ကောင်းအဆိုးခွဲခြားပြီး အတုယူတတ်ပါစေ…..။
စံပြဖြစ်ပါစေ…..။
အလယ်လမ်းကိုညွှန်လိုက်တယ်……။
                                          နေကောင်းကင်နီ

No comments :

Post a Comment

တစုံတယောက်....တခုခုရရှိသွားပါသည်......။

မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...