ရန်သူအမူအရာ (၁၆)ချက်
၁ ။ မိမိနှင့်တွေ့ ဆုံသောအခါ မပြုံးရွှင်သူ။
၂ ။ မိမိပြောဆိုသောစကားကို မနှစ်သက်သှု(နားမထောင်သှု)။
၃ ။ မိမိနှင့် အကြည့်ခြင်း ဆုံသောအခါ မျက်နှာလွဲသှု။
၎ ။ မိမိပြောစကားကို ဆန့် ကျင်ပြောဆိုသှု။
၅ ။ မိမိနှင့်မသင့်မြတ်သူတွေကိုမှ ပေါင်းသင်းသူ။
၆ ။ မိမိမအပေါင်းအသင်းမိတ်ဆွေ ဆွေမျိုးတို
့ကို ရှောင်ခွါခြင်းပြုသှု။အပေါင်းအသင်းမပြုသှု။
၇ ။ မိမိဂုဏ်ကို ပြောလျှင်ပိတ်ပင်သှု။
ဂ ။ မိမိအား နှိမ့်ချပြောမှုကဲ့ရဲ့ မှုအတင်းအဖျင်းပြောမူ ဟုတ်ပါ့ဟုတ်ပါ့
ဟုချီးမွန်းသှု။
၉ ။ မိမိအာား သူ၏လျှို့ ဝှက်ချက်အား
မပြောသှု။
၁၀။ မိမိပြောထားသော
မိမိ၏လျှို့ ဝှက်ချက်ကိုမူ
တစ်ပါးသောသူတို့ အားဖွင့်ချပြောကြားသူ။
၁၁။ မိမိလုပ်သမျှ
ကိစ္စအားလုံးကို ရှုတ်ချ
ကဲ့ရဲ့ သှု။
၁၂။ မိမိ၏ပညာစွမ်းရည်ကို
မချီးမွန်းသှု။
၁၃။ မိမိစီးပွားဥစ္စာ
လူမှုရေးရာဆုတ်ယုတ် ပျက်စီးလျှင်ဝမ်းးမြောက်ဝမ်းသာရှိသှု။
၁၄။ မိမိအရာရာမှာတိုးတက်ကြီးပွားလျှင်ဝမ်းမသာနိုင်မနှစ်သက်နိုင်မရှုစိမ့်နိုင်သှု။
၁၅။ အစားကောင်းအသောက်ကောင်းရရှိလျှင်
မိမိအားပေးဝေမျှတရန် သတိမရသှု။
၁၆။ ငါရသလိုသူလဲရပါမူကောင်းလေစွဟု
မိမိအပေါ်ကြင်နာသောစိတ်ထားမျိုးမရှိသှု။
မိတ်ဆွေအမူအရာ (၁၆)ချက်
၁ ။ ရပ်ဝေးရောက် ကွဲကွာနေသောအခါ
သင့်ကိုသတိရအောက်မေ့၏ ။
၂ ။ ရပ်ဝေးမှပြန်လာရန် လိုလား၏ ။
၃ ။ သင်ရပ်ဝေးမှပြန်လာသောအခါ ဝမ်းသာအယ်လဲ
ကြို၏ ။
၎ ။ သင်ပြောသောစကားကို နှစ်သက်လက်ခံ၏
။
၅ ။ သင်၏ မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်း၏ ။
၆ ။ သင်၏ရန်သူများကို ရှောင်ကြဉ်၏ ။
၇ ။ သင့်ကို ကဲ့ရဲ့ ရှုတ်ချဆဲရေးလျှင်
ကန့်ကွက်ချေပ၏ ။
ဂ ။ သင့်အကြောင်းချီးကျူးစကားပြောသူကို ထောက်ခံချီးမွန်း၏
။
၉ ။ သင်၏လျှို့ ဝှက်ချက်များကို
နှုတ်လုံစွာစောင့်ထိန်းတတ်၏ ။
၁၀။ သူ၏လျှို
ဝှက်ချက်များကို သင့်အားယုံမှတ်ပြီးပြောကြားတတ်၏
။
၁၁။ သင့်လုပ်ဆောင်ချက်များကို
ချီးမွန်းတတ်၏ ။
၁၂။ သင်၏အတတ်ပညာ၊အသိပညာကို
ချီးမွန်း၏ ။
၁၃။ သင်၏ကြီးပွားတိုးတက်မှုကို
နှစ်သက်လိုလား၏ ။
၁၄။ သင်၏ဆုတ်ယုတ်ပျက်စီးမှုကို
မလိုလားချေ ။
၁၅။ စားသောက်ဖွယ်ရာ
အထူးအဆန်းစားရသောအခါ သင့်ကိုသတိရတမ်းတ၏ ။
၁၆။ စားသောက်ဖွယ်ရာ
အထူးအဆန်းစားရသောအခါ ငါ့မိတ်ဆွေလည်း အလားတူရပါစေဟု
လိုလားတောင့်တတတ်၏ ။
( ကြိုက်နှစ်သက်လို
့ရေးမှတ်ထားတာပါ။သူငယ်ချင်းတွေ သိရအေင်လို့ပြန်ပြီးဝေမျှပေးလိုက်တာပါ)
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။