မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Thursday, August 29, 2013

zip 170 recover


zip , rar ဖိုင်တွေကို password ပေးထားပြီး မေ့နေတာဖြစ်ဖြစ် သူများပေးထားတာကို ဒေါင်းလိုက်လို့  password protect လုပ်ထားတာဖြစ်ဖြစ် recovery (လူကြားကောင်းအောင်ပြောတာ :D ) crack ဖို့  ကောင်းပါ၏ လိုချင်သူများ အောက်တွင် ယူသွားကြပါကုန် ဘာ ads မှ ဘာကြော်ငြာမှမခံထားပါဘူးဗျာ :D only sharing not business and economic ပါ :D အောက်မှာဒေါင်းလိုက်ပါဗျ

ဆက်ဖတ်ရန်

Sunday, August 25, 2013

အနာဂတ်အတွက်ဘယ်လိုလုပ်မလဲ (2) အဆင်ပြေပါစေ

စာဖတ်ရင် ပြီဆုံးတောဖတ်ပေးပါနော်
  သူငယ်ချင်းတွေ ကိုလည်းမြတ်ဘုရားရဲ့အဆုံးအမတွေကိုနှလုံးသွင်းတတ်စေပြီး ဘ၀ကိုရိုးရိုးသာသားရှုမြင်တတ်သူ
တွေအဖြစ်နဲ့ပဲရပ်တည်သွားစေချင်တာပါ။ တစ်ယေက်နဲ့တစ်ယောက်ဂုဏ်တုဂုဏ်ပြိုင်ကြွားဖို့ဝါဖို့လုပ်နေရင်းနဲ့ ပဲ အချိန်တွေမကုန်စေချင်ဘူး။အ၀တ်စားနဲပက်သက်ပြီး ထပ်ပြောပါရစေအုံး။ ကျွန်တော်တို့ရဲ့ သုံးလောကထွဋ်ထားမြတ်ဘုရားရှင်ဟာ သုဿန်တစပြင်က အ၀တ်ဟောင်းတွေကို တစ်စဆီချုပ်ပြီးသပ္ပယ်စွာဝတ်ရုံလို့ လောကကြီးကောင်းကျိုးအတွက် သာသနာတော်ကို မိုးထဲရေထဲနွေနေပူထဲမှာ မနားတမ်းပြုသွားခဲ့တာပါ ။အင်မတန်လေးစားကြည်ညိဖို့ကောင်းသလို အင်မတန်လေးစားအားကျအတုယူထိုက်ပါတယ် ။တကယ်ဆိုရင် မြတ်စွာဘုရားရှင်ဟာ ဘုန်းတော် အနန္ဒ တန်ခိုးတော်အနန္ဒ ဖြစ်လို့ အကောင်းဆုံးသော အ၀တ်တန်ဆာကိုသာ ဆင်မြန်းရမှာပါ ။ မြတ်စွာဘုရားကိုယ်တော်တိုင်လည်း တန်ခိုးတော်နဲ့ အကောင်းဆုံးသောအဆင်တန်ဆာတွေကို ဖန်ဆင်းလို့ရပါတယ် ။ဒါပေမယ့် မြတ်စွာဘုရားဟာ လောကဓံတရားကိုတန်ခိုးနဲ့ ဖြတ်မကျော်သွားပါဘူး ကြမ်းတမ်းပါတယ်ဆိုတဲ့ မုယောစပါးတွေကိုတောင် ဘုဉ်းပေး သုံးဆောင်ပြီး ဘ၀ကိုသဘာဝကျကျ လက်တွေ့ကျကျ ပဲဖြတ်သန်းသွားခဲ့ပါတယ် ။
ဒီလောက်ဆိုရင် ကျွန်တော်ပြောချင်တဲ့သဘောထားကိုသိလောက်ပါပြီ။ ဘ၀ကို ပကာသနတွေနဲ့ထုံးမွှမ်းပြီး ဘ၀င်မမြင့်သွားစေချင်ဘူး။ မြတ်ဘုရားရဲ့အဆုံးအမတွေနဲ့ထုံးမွှမ်းပြီး ဘ၀မြင့်စေချင်တာပါ။
(လေထဲမှာ) ဗုဒ္ဓံသရံဏံ ဂစ္ဆာမိလို့ ပါးစပ်ကရွတ်နေပြီး ဗုဒ္ဓရဲ့ လေးစားထိုက်တဲ့ဂုဏ်တွေ ကိုမကြည်ညိုတတ်ရင် ဗုဒ္ဓရဲ့ မြင့်မြတ်တဲ့ အဆုံးအမတွေကို မနာခံတတ်ရင် ဗုဒ္ဓံသရံဏံ ဂစ္ဆာမိ ဆိုတာ လေထဲရောက်သွားရုံပဲအဖတ်တင်မှာပါ။
(မမွဲဘူး)သိန်းတစ်ထောင်ထီ ပေါက်တာကကံအကြောင်းတရားမလှရင်မွှဲသွားနိင်ပါသေးတယ် မြတ်ဘုရားရဲ့ အဆုံးအမတွေကို ခံယူထားတဲ့သူကတော့ ဘ၀သံသရာတစ်လျောက်လုံးဘယ်တော့မှ မမွှဲတော့ပါဘူး....ချမ်းသာပြီးရင်းချမ်းသာလာတော့မှာပါ ။
(ပကာသန) လူတွေဟာ စစ်မှန်တဲ့ ဂုဏ်တွေကို မျက်ကွယ်ပြုပြီး ပကာသနဂုဏ်တွေနောက်ပဲလိုက်နေကြတယ် ။
(ဗုဒ္ဓဘာသာ ) လာစမ်းပါ ..စမ်းကြည်စမ်းလို့ ရဲရဲတောက် ဖိတ်ခေါ်ရဲတဲ့ တရားစစ်တရားမှန်တွေဟာ ဗုဒ္ဓဘာသာ မှာပဲရှိတယ် ။ ဝေဖန်ခွင့် ..စိစစ်ခွင့်ရှိတဲ့ ၀ိဘဇ္ဇ၀ါဒီ ပါ။ ရမ်းယုံကန်းယုံနေတဲ့ လမ်းဆုံဝါဒီမဟုတ်ဘူး။ (law of reflection) လောကကြီးဟာ မှန်တစ်ချပ်ဖြစ်မယ်ဆိုရင် ကိုယ်ပေးလိုက်တဲ့ စေတနာအလင်းတန်းတွေဟာ တစ်နေ့ကိုယ်ဆီတန်ပြန်လာမှာပါပဲ ။
ဘယ်တော့မှမလွှဲပါဘူုးlaw of reflection နိယာမအတိုင်းပေါ့ ။
(ပယ်ဖျောက်ထား) ဘ၀ကိုအထက်တန်းကျကျပျံသန်းချင်ရင် မာနကြီးတာတွေ ဘ၀င်မြင့်တာတွေကို အရင်ဆုံးပယ်ဖျောက်ထားမှဖြစ်မယ် ။
(အခြေခံ) မေတ္တာတရားနှင့် ကိုယ်ကျင့်တရားတို့သည် အောင်မြင်ကြီပွားခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ကို အခြေပြုထား၏ ။
(ဘ၀ရဲ့သီအိုရီ) သဘာဝတရားဆိုတာ ဘ၀ရဲ့သီအိုရီပါ။ ဘ၀ရဲ့သီအိုရီကို ကျွမ်းကျင်နားလည်မှသာ ဘ၀နဲ့ပက်သက်တဲ့အခက်အခဲတွေကို မှန်မှန်ကန်ကန် ဖြေရှင်းတွက်ထုတ်နိုင်မှာပါ။
(အာရှတိုက်ရဲ့လင်းရောင်ခြည် ) အတိတ်ကသယ်ဆောင်လာခဲ့သည့်ုဒုက္ခဆင်းရဲများကိုလည်း ငြိမ်းချမ်းစေ၏ လက်ရှိပစ္စက္ခမှ ပူပင်ဆင်းရဲမူများကိုလည်းပြေပျောက်စေ၏ နောင် အနာဂါတ်အတွက်လည်း အနိုင်းမဲ့ချမ်းသာစေနိုင်၏ ဤအရာကား အခြားမဟုတ်ပေ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်၏ ၀ိပဿနာတရားမြတ်ပင်ဖြစ်၏ ။
(လက်တွေ့ရှိပါစေ ) သုတတွေမှာရပ်မနေပါနဲ့ ကြံစည်စဉ်းစားသုံးသပ်ဝေဖန်လိုက်ပါအုံး ... ပြီးရင် ..လက်တွေ့ကျကျ လုပ်ဆောင်ကြည့် ။
(တန်းတူ) လူဖြစ်ပြီး လူလိုမှမသိတတ်ရင် လူလိုမှနားမလည်ရင် ခွေးတွေတရိစ္ဆာန်တွေနဲ့ တန်းတူဖြစ်သွားမယ်။
(ဖြစ်မှာပဲ) ပြုတိုင်းဖြစ်နေတဲ့ င်္သခတနယ်ထဲမှာ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် ဖြစ်မှာပဲ .... ကောင်းတာလုပ်ရင်ကောင်းတဲ့ အကျိုးခံစားရမယ် မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရမယ် မကောင်းတာလုပ်ပြီးမှ " အဖေ ကယ်ပါအုံး " ဆိုပြီး အယူခံဝင်လို့မရဘူး.. ဖြစ်မှာပဲ ။
(အမြတ်) ယူပြီးပြန်သွားတဲ့လူတွေက သံသရာမှာအမြတ်မရှိဘူး ပေးပြီးပြန်သွားတဲ့လူတွေက သံသရာမှာအမြတ်ရှိတယ် ။
(၀မ်းသာပါ) မနာလိုမူတွေများတဲ့လူရဲ့ ဘ၀ဟာ ဘယ်တော့မှမချမ်းသာပါဘူး ။ ရုပ်ပိုင်းဆိုင်ရာတွေပြီးပြည့်စုံနေရင်တောင် စိတ်ပိုင်းဆိုင်ရာက အမြဲတန်းမနာလိုမူတွေနဲ့ ပူလောင်နေရမှာပါ။ တကယ်ချမ်းသာချင်ရင် ၀မ်းသာမှဖြစ်မှာပါ။ "၀မ်းသာမှ ချမ်းသာမယ်လေ".. (Universal truth) အခြားမှန်ပါတယ်ဆိုတဲ့ အယူဝါဒတွေဟာ သဘာဝတရားနဲ့ထပ်တူမကျလို့ မှန်တာတွေက အမှားဖြစ်သွားနိုင် တယ် မြတ်ဗုဒ္ဓ ဟောဖော်ပြခဲ့တဲ့ သစ္စာလေးပါးမြတ်တရားက သဘာဝတရားစစ်စစ် ပရမတ္ထဖြစ်နေလို့ မှန်ပြီးရင်းမှန်နေတယ် .... အမြဲတန်းမှန်ကန်နေတယ် Universal Truth !  
(မဂ္ဂင်လမ်း) ဘ၀ရဲ့အတွေအကြုံတွေ ဘယ်လောက်ပဲရင့်ကျက်နေပါစေ.... မြတ်ဘုရားရဲ့ မဂ္ဂင်လမ်းပေါ် မလျှောက်နိုင်သေးသရွေ့ ဘ၀ရဲ့အတွေအကြုံတွေဟာ အဓိပ္ပါယ်မဲ့ နေတုန်းပါပဲ ။
(မလွယ်ဘူး) အရေပြားပေါ်မှာထိုးထားတဲ့ ဆေးမှင်ကြောင်က ဖျက်ပစ်ဖို့လွယ်ရင်လွယ်အုံးမယ် ... နှလုံးသားမှာထိုးထားတဲ့ အပါယ်လေးဘုံက ဖျက်ပစ်ဖို့မလွယ်ဘူး ..။
. (မနိမ့်ဘူး) အဆိုးဆုံးသော အခြေအနေတွေထဲမှာ အကောင်းဆုံးရပ်တည်နိုင်ခဲ့တဲ့ အရည်အချင်းတွေဟာ မနိမ့်ပါဘူး ..
(ကြီးမားတဲ့ အကုသိုလ်) မိဘကျေးဇူး မဆပ်နိုင်သေးတာက ကြီးမားတဲ့အကုသိုလ်မဟုတ်ဘူး မိဘ စိတ်ဆင်းရဲအောင်လုပ်လိုက်တာက ကြီးမားတဲ့အကုသိုလ်... အသိအခါခါပွားလို့သတိရင်မှာထားပြီးနေ..။
(ယုံကြည်ချက် ) သူတစ်ပါးကိုယ်ကို ယုံတာ မယုံတာက အရေးမကြီးပါဘူး... ကိုယ်ဘ၀ကိုယ် ယုံကြည်ချက်ခိုင်မာဖို့ပဲအရေးကြီးတယ်.. "ယုံကြည်ချက်အားကောင်းမှသာ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာလေ"။
(ဘ၀နဲ့သူတော်ကောင်းတရား) အဓိပ္ပါယ်ရှိတဲ့ ဘ၀ကိုပိုင်ဆိုင်ချင်ရင် သူတော်ကောင်းတရားကိုလက်ကိုင်ထားပြီး ကြိုးစားရုန်းကန်ပါ ။ ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲလေ ... ဒါပေမယ့် အဓိပ္ပါယ်တော့ရှိစေချင်တယ် ။
(သည်းခံပါ) အမြတ်ဆုံးဘ၀ကိုရချင်ရင်သည်းခံပါ အငြိမ်းချမ်းဆုံးဘ၀ကိုရချင်ရင်သည်းခံပါ အအောင်မြင်ဆုံးဘ၀ကို ရချင်ရင်သည်းခံပါ (အချိန်မရွေး) လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် ဒိဌိ မကွာနိုင်သေးဘူးဆိုရင် မျက်စိမှိတ်ပြီးလမ်းလျှောက်နေတာနဲ့အတူတူပါပဲ ... အကုသိုလ်ကြီးကြီးမားမားတွေကို အချိန်မရွေး ခလုတ်တိုက်မိသွားနိုင်တယ်။
(ဘုရားသဘောကျအောင်နေ) ဘယ်သူတွေဘာပဲပြောပြော ဘုရားသဘောကျအောင်သာနေပါ ဘုရားသဘောကျအောင်နေတတ်မယ်ဆိုရင် လက်ရှိပစ္စက္ခဟာ အငြိမ်းချမ်းဆုံးပေါ့။
(လမ်း) လမ်းလျှောက်နေရင်းနဲ့တော့လမ်းမပျောက်ပါဘူး လမ်းမလျှောက်တော့မှသာ လမ်းပျောက်သွားမှာ ပါ လမ်းမပျောက်ချင်ရင် လမ်းလျှောက်ပါ။ 
 (မတော်တဆ) မတော်တဆဆိုတာ သတိမရှိတဲ့သူတွေဆီမှာပဲဖြစ်ရတာ ... သတိရှိနေတဲ့သူတွေဆီမှာမတော်တဆဆိုတာ မရှိဘူး ဘ၀မှာ မတော်တဆတွေမဖြစ်ချင်ရင်သတိရှိရှိနေပါ ။
(စာဖတ်ပါ) မိဘကဆင်းရဲဒုက္ခခံပြီး ကျောင်းထားပေးတာ စာတတ်ဖို့ .....စာတွေဖတ်တတ်ဖို့ပါ။ စာတွေတတ်ပြီးစာမဖတ်ရင် မိဘကျေးဇူးစော်ကားနေတာနဲ့အတူတူပဲ ဒါကြောင့် ...စာဖတ်ပါ။
(အမှန်တရား) အမှန်တရား ကိုတန်ဖိုးထားပါ အမှန်တရားကို မြတ်နိုးသွားပါ အမှန်တရားကိုလက်တွဲထားပါ ဒါမှ ....ကိုယ့်ဘ၀ဟာ အမှန်တရားနဲ့ထပ်တူကျမှာ....။
(တန်ဖိုးရှိတဲ့အချိန်) အချိန်ကိုလေးစားတယ်ဆိုရင် ကုသိုလ်ကို တန်ဖိုးထားပြီးနေပါ။ ကုသိုလ်တွေများပြီးကုန်သွားတဲ့ အချိန်တွေကသာ တန်ဖိုးရှိနေတာကိုး .......။
(မြတ်သောစိတ်) အတ္တနဲ့ယှဉ်ပြီးယူနေတဲ့ စိတ်ကမမြတ်ဘူး ဒါန နဲ့ ယှဉ်ပြီး ပေးနေတဲ့စိတ်ကမြတ်တယ်..
.. (နားလည်မူ) လောကမှာ နားလည်မူဆိုတာ ဘ၀ရဲ့အရေးကြီးဆုံးထွက်ပေါက် .... "သတ္တ၀ါမှန်သမျှ နားမလည်လို့ ဒုက္ခရောက်နေကြတာ " (ရေလှူပါ) ချမ်းသာချင်ရင် မြတ်စွာဘုရားကို သောက်တော်ရေ ပုံမှန်လှူပါ ။ မှတ်ချက်။ ။ မြတ်စွာဘုရားကိုသောက်တော်ရေလှူသည့်အခါ ကြည်ညိုလေးစားမူ သဒ္ဓါတရားအပြည့်နှင့်ကပ်လှူပါ။မိမိကပ်လှူလိုက်သည့် သောက်တော်ရေခွက်ကို မြတ်စွာဘုရားကိုယ်တိုင် ယူဆောင်သောက်သုံးတော်မူပြီး သောက်တော်ရေခွက်အားတဖန်ပြန်စွန့်လိုက်သည့်အချိန်ထိအာရုံကူး၍ လူဒါန်းပါ။ ထိုအာရုံကိုပဲ နှလုံးသားထဲမှာ ငါးမိနစ်လောက်ပွားများပေးပါ။ သဒ္ဓါတရားရဲ့ ကြည်လင်အေးမြမူကို ကိုယ်တွေ့ခံစားရပါလိမ့်မယ်။ မိမိတတ်နိုင်တဲ့ စေတနာ နဲ့လှူဒါန်းလိုက်ရတဲ့ကုသိုလ်ကိုကြည့်ပြီး ဖြစ်တည်နေတဲ့ ပီတီစိတ်တွေဟာလည်း အင်မတန်အေးချမ်းနေပါလိမ့်မယ်။ ဖြစ်တည်ခဲ့တဲ့စေတနာတွေဟာလည်း ဘ၀တစ်လျှောက်လုံးအကျိုးပေးဖို့ စောင့်မျော်နေပါလိမ့်မယ်။ ဘ၀မှာဆင်းရဲတယ်ဆိုတာမလှူတတ်လို့ဆင်းရဲနေရတာပါ။လှူတတ်ရင်မဆင်းရဲတော့ပါဘူး ။ သက်တော်ထင်ရှားမြတ်ဘုရားကို အာရုံကူးပြီးလှူဒါန်းတဲ့ ရေ အလှူဟာအင်မတန်အကျိုးကြီးပါတယ်။ဘာလို့လဲဆိုတော့ ရေဆိုတာလူသားအားလုံးအတွက်မရှိမဖြစ် အရေးကြီးတဲ့အရာဖြစ်နေတာကိုး။ "ရေအသက်တစ်မနက် "ဆိုတဲ့ ဆိုရိုးစကားလည်းရှိတယ်လေ ။အသက်သခင်လည်းဖြစ် ၊ဆေးတစ်ပါးလည်းဖြစ်တဲ့ ရေကို သဒ္ဓါတရားထက်သန်စွာနဲ့ လှူတတ်မယ်ဆိုရင် အကျိုးတရား ဟာအင်မတန်ကြီးမားပါတယ် ။ဒီနေသိသွားရင် ဒီနေ့လှူစေချင်ပါတယ်။သူငယ်ချင်းတွေကိုချမ်းသာစေချင်တာကိုး။
(ဖြစ်ပါစေ) ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေ ကိုယ်သိထားတဲ့အသိပညာတွေဟာ လောကကိုအလှဆင်နိုင်ဖို့ ဖြစ်ပါစေ။ " မြင့်မြတ်သောသူတို့သည် လောကအား ပေးဆပ်သွားခဲ့ကြ၏ ယုတ်နိမ့်သော သူတို့သည် လောကထံမှ ရယူသွားခဲ့ကြ၏ " မြတ်စွာဘုရားဟောကြားတော်မူသော အဘိဏှသုတ်မှ ကမ္မဖလ(၅) " ကောင်းသည်လည်းဖြစ်သော မကောင်းသည်လည်းဖြစ်သော အကြင်ကံကိုပြုအံ ထိုကောင်းမူမကောင်းမူ၏ ကောင်းမွေဆိုးမွေသည်ဖြစ်ရအံ " ဤသို့နေညမမြတ်ဆင်ခြင်အပ်၏ ကမ္ဘာပေါ်မှဖြစ်ပွားခဲ့သမျှ ရှိရှိ သမျမျှ ပူပန်သောကရောက်စရာဟူသမျှတို့သည် သူယုတ်မာတို့ကြောင့်သာဖြစ်ပွားခဲ့မြဲဓမ္မတာ.. သူတော်ကောင်းများနှင့်လားလားမှဆိုင်ချေ။ ကမ္ဘာပေါ်မှာတွေရှိသမျှ ရက်စက်သောပက်စက်သော မြင်ကွင်းများသည်ပညာနည်းသူတို့၏ အမိုက်မှောင်ထုအတွင်းမှာသာ ဖြစ်ပွားတွေရှိရစမြဲ .. ပညာကြီးသူတို့၏ ဥာဏ်အလင်းရောင်အောက်မှာ ထိုအနိဋ္ဌာအာရုံများဖြစ်ရိုးထုံးစံမရှိချေ။.......................................................................
* လောကဓံမကင်းတဲ့ သံသရာတလင်းမြေမှ မရေမတွက်
နိုင်တဲ့ သံသရာသူငယ်ချင်းတွေအားလုံး ချမ်းသာကိုယ်စိတ်မြဲပါစေ။
အောက်က အရင်တင်ထားတဲ့ပိုစ့်ပါ

အနာဂတ်အတွက်....ဘယ်လိုလုပ်မလဲ?1

ပထမတင်ထားတဲ့ပို့စ် ပါ ဒီမှာသွားရောက်ဖတ်ရူနိုင်ပါတယ်။


အဆင်ပြေပါစေဗျာ

နွေည

နွေည

ဆက်ဖတ်ရန်

Saturday, August 24, 2013

Baidu PC Faster

ဒီ tool လေး ကွန်ပျူတာ သမားတိုင်းရှိထားသင့်ပါတယ် (လို့ တော့ ကျနော်ထင်ပါတယ် ) ဘာတွေ လုပ်နိုင်သလဲ အများကြီးပါ
cache clean
virus scan
PC speed up
junk file repair & fix
internet booster
game faster
ပြီးတော့ လိုချင်တာတွေ ဒေါင်းဖို့ အတွက် application store ပါပါတယ်
အောက်ကပုံမှာ တစ်ချက်ကြည့်လိုက်ပါဦး
application store မှာလဲ ကိုယ်ကြိုက်ရာ ဒေါင်းနိုင်ပါတယ်
game
browser
application
communication
graphic
business
media
security
အားလုံးနီးပါးပါပါတယ်
အောက်ကပုံမှာ တစ်ချက်ကြည့်ပေးပါဦးဗျ
အိုခီ အဆင်ပြေသွားပြီဟုတ်
အောက်မှာတော့ တစ်ခုခုရေးပေးသွားဦးနော် ကျေးဇူးပါဆိုတာကို လိုချင်တာမဟုတ်ပါဘူး အဆင်ပြေလားမပြေလားသိချင်လို့ ပါ
sharing လုပ်ဖို့ အတွက် blog ရေးနေမှတော့ ကျေးဇူးဆိုတာက မလိုတော့ပါဘူး ကျွန်တော့်အတွက်က
လိုင်းမကောင်းလို့  ဒေါင်းလင့်ကို မူရင်းဘလော့လင့်ကိုပဲညွှန်လိုက်ပါတယ် ကျွန်တော် upload လုပ်ဖို့ အတွက် အဆင်မပြေလို့ ပါ
မောင်(စွယ်စုံကျမ်) ကို credit ပေးပါသှ်
ညာဖက် အပေါ်နားလေးမှာ ၅စက္ကန့် စောင့်ပြီးရင် skip ad ဆိုတာကိုကလစ်ပေးလိုက်ရင် ဒေါင်းလင့်ကိုရောက်ပါပြီဗျ
download link
အဆင်ပြေကြပါစေဗျာ
ဆက်ဖတ်ရန်

Saturday, August 17, 2013

ပိုက်ဆံမကုန်တဲ့လက်ဆောင်ပေးနည်း





   ပိုက်ဆံမကုန်တဲ့လက်ဆောင်ဆိုပေးမဲ့ သူတို့ တွေးရဲ့တန်ဖိုးကိုတော့ လက်ခံတဲ့လူပေါ်မှာမူတည်ပြီ...

စေသနာတန်ဖိုးလေးတွေကို မြင်နိုင်ကြပါစေနော်......ကောင်းသောနေလေးဖြစ်ပါစေ........
လက်ဆောင်(၁)*****နားထောင်ခြင်း
လက်ဆောင်"*****

နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စိစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ


လက်ဆောင်(၂)*****"မေတ္တာလက်ဆောင်*****

ပွေ.ဖက်တာ၊အနမ်းကလေးတွေ၊ကျောပြင်လေးကို ပုတ်ပေးတာ၊လက်ကလေးကိုင်တာ၊အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါတဲ့

လက်ဆောင်(၃)*****ရယ်မောခြင်းလက်
ဆောင်*****
ကာတွန်းကလေးတွေ ဆောင်းပါးကလေးေ
တွနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါတဲ့ အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့
လက်ဆောင်(၄)*****ရေးထားတဲ့စာလက်ဆောင်*****
ရိုးရိုးကလေးလည်းဖြစ်နိုင်တယ်..
....."ကူညီပေးတဲ့အတွက် ကျေူဇူးပါ"ဆိုတာမျိုးလေ၊ဒါမှမဟုတ် ကဗျာလေးတစ်ပုဒ်.....၊ကိုယ့်လက်ရေးနဲ.ရေးထားတဲ့  စာတိုကလေးတစ်စောင်ဖြစ်ဖြစ် ဘ၀တစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘ၀ကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့
လက်ဆောင်(၅)*****ချီးမွမ်းစကားလက်ဆောင်*****
ဥပမာ...."အနီရောင်လေးနဲ့ လိုက်တယ်နော်"  "မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်"ဆိုတဲ့စကားလေးေ
တွက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ.တစ်နေ.ဖြစ်စေပါတယ်တဲ့

လက်ဆောင်(၆)*
****တစ်ခုခုလုပ်ဆော
င်ပေးလိုက်တဲ့လက်ဆောင်*****
 နေ.တိုင်းကြင်နာမှုလေးတွေပေးပါ
တဲ့၊တစ်ခုခုလုပ်ပေးပါတဲ့

လက်ဆောင်(၇)**
***ထီးထီးနေခွင့်
လက်ဆောင်*****
တစ်ခါတရံ တစ်ယောက်တည်းနေရတာထက် ပိုကောင်းတာ ဘာမှမရှိဘူးမျိုး  ကိုယ့်မှာလည်ရှိသလို တခြားသူတွေအတွက်လည်း အဲဒီ အခွင့်အရေးလက်ဆောင်ကို ပေးပေးပါ
တဲ့၊ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တဲ့ စေတနာမျိုးပေါ့

လက်ဆောင်(၈)*****ချိုသာရွှင်ပျတဲ့ အကျင့်စရိုက်လက်ဆောင်*****အလွယ်

ဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို နူးညံ့ချိုသာတဲ့ စကားတစ်ခွန်းလောက် ပြောပေးပါတဲ့ ဥပမာ......."ကျေးဇူးပါ" "သူငယ်ချင်း မင်္ဂလာပါ"ဆိုတာလေးတွေပေါ့ 
အားလုံးသောသူငယ်ချင်းတွေအဆင်ပြေပါစေဗျာ

နွေည

ဆက်ဖတ်ရန်

Friday, August 16, 2013

အနာဂတ်အတွက်....ဘယ်လိုလုပ်မလဲ?(1)



        လူတယောက်အနေနဲ့   ခနွာကိုယ်တခုရလာရင် မျက်ရည်တွေ အပြုံးတွေ အမုန်းတွေ အချစ်တွေအလွမ်းတွေ  ရလာကြတယ်...။
လူတယောက်အနေနဲ့ခနွာကိုယ် တခုရလာရင်လောဘတွေ(အလိုရမက်) ဒေါသတွေ(သည်းခံနိုင်ခြင်းမ၇ှိ) မောဟတွေ
(အမှားအမှန်ခွဲခြားမူမရှိ) ဖြစ်လာကြတယ်  လူရယ်ဖြစ်လာရင်  တွေးတောဆင်ခြင်မူတွေ ဝေဖန်ထောက်ဆမူတွေရှိသင့်တယ်
ဒါကြောင့်အသက်နဲ့ခနွာကိုယ်တည်သရွေ့ အောက်မကျ နောက်မကျ ပဲမျော်လင့်ချက်ရောင်ခြည်ကိုတူးဖေါ်နေရမယ်။
"အနိုင်ယူဖို့ပါ" အသက်နဲ့ခန္ဓာတည်နေသရွေ့ မျော်လင့်ချက်ရှိနေရမယ် ... ဘ၀ဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး အနိုင်ယူဖို့ပါ။..........။
"သိက္ခာကျတယ်" မရှိရင်တောင်းစားပါ ခိုးမစားပါနဲ့ ... တောင်းစားတာက သိက္ခာမကျဘူး ခိုးစားတာက သိက္ခာကျတယ်.............။
"စဉ်းစားပါ" သူတစ်ပါးတွေက ကိုယ်အတွက် ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုမျှော်မနေပါနဲ့ ... ကိုယ်ကသာသူများတွေအတွက်------
ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုသာ စဉ်းစားထားပါ ....
ရှိပါစေ'သဘာဝကပေးလာတဲ့ အကောင်းအဆိုးလက်ဆောင်တွေကို------မမှိတ်မသုန် လက်ခံနိုင်တဲ့   နှလုံးသားရှိပါစေ .... 
"ကောင်းအောင်နေ သညာခေတ်ကြီးလား  တဏှာခေတ်ကြီးလား .?ဘာခေတ်ကြီးပဲဖြစ်ဖြစ်
အရေးကြီးတာကမင်းကောင်းအောင်နေပါ
"ရပ်တည်ပါ" လူယုတ်မာတွေများတဲ့ လောကမှာလူကောင်း---တစ်ယောက်အဖြစ်  ရပ်တည်ပါ ...သူတစ်ပါးသားမယားစော်ကားမှ လူယုတ်မာ မဟုတ်ဘူး. ကျေးဇူးတရားကို မသိတတ်သူကျေးဇူးကန်းသူတွေဟာလည်း လူယုတ်မာပဲ  ။
"ငြိမ်းချမ်းသူ" မေတ္တာဆိုတာ ယူသွားတဲ့လူတော့မသိဘူး ပေးနေတဲ့     လူကတော့အင်မတန်ကိုငြိမ်းချမ်းတယ် ...
"ပညာမဲ့သူ" လောကမှာ ပညာမဲ့သူတွေဟာ အင်မတန်    အငြင်းအခုန်  သန်ကြတယ် ... တယူသန် .တဇွတ် ထိုးငြင်းခုန်နေတဲ့ သူဆိုရင် ပညာမဲ့သူလို့လွယ်လင့်တကူ သိနိုင်တယ်..။
. "ရှာဖွေပါ" စစ်မှန်တဲ့ ပျော်ရွှင်မူနဲ့  ငြိမ်းချမ်း.......သာယာမူဆိုတာ ငွေနဲ့ဝယ်ယူလို့မရပါဘူး မွန်မြတ်တဲ့အသိပညာတွေနဲ့ပဲ ရှာဖွေယူရတာပါ ....။
(လိုအပ်ချက်) လျှမ်းလျှမ်းတောက်အောင်မြင်လို့ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ သူတွေကိုလည်းတဆိတ်လောက် မေးကြည့်ပါ လိုအပ်ချက်တစ်ခုတော့ရှိနေတယ်လိုချင်တောင်းတမူ   တွေရှိနေသေးသရွေ့ လိုအပ်ချက်ဆိုတာရှိနေအုံးမှာပါ ..။
(ပညာမဲ့နဲ့ပညာရှိ) ပညာမဲ့တဲ့ သူတွေဟာ အချိန်ပြည့်ရုပ်လှဖို့ပဲကြိုးစားနေကြတယ် ပညာအသင့်တင့်ရှိတဲ့သူက တော့
စိတ်လှဖို့ပဲ အချိန်ပြည့်ကြိုးစားတယ် ပညာအရှိဆုံးလူကတော့စိတ်ရော ရုပ်ရောဖြစ်တည်စေတဲ့ အကြောင်းတရားတွေကို အဆုံးသတ်ပစ်ဖို့ပဲ အချိန်ပြည့် ကြိုးစားနေတော့တယ် ..................။
(မေတ္တာတရား)သူတစ်ပါးအကျိုးကိုအလိုမရှိရင် ကိုယ့်ဘ၀အတွက်လည်း မွန်မြတ်တဲ့ကောင်းကျိုး ချမ်းသာမူတွေ
ရှိလာမှာမဟုတ်ဘူးဒါကြောင့် ...တစ်ဦးအပေါ်တစ်ဦး အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ဆက်ဆံပါ။
(ကျေးဇူးတင်ပါ) အပေါ်ကိုမြောက်မတက်သွားအောင်ဆွဲထားပေးတဲ့ ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုကျေးဇူးတင်ပါ " ကျေးဇူးသိတတ်မှသာ အောက်ခြေမလွတ်မှာလေ။
(များခဲ့ပြီ) သဘာဝတရားရဲ့မပြည်စုံတဲ့ ရုပ်ပြ တစ်ခုအဖြစ်ရှင်သန်နေခဲ့ရတဲ့ ဘ၀တွေက များခဲ့ပြီ"လေ။
(ဖြတ်သန်းလိုက်) ဘ၀ဆိုတာ မျော်လင့်ထားတဲ့အရာတွေထက်မမျော်လင့်ထားတဲ့အရာတွေက ပိုပြီးဖြစ်လာ
တတ်ပါတယ် .. သဘာဝကျကျဖြတ်သန်းလိုက်ပါ...
(သိအောင်လုပ်) ဘ၀က အဥာဏ(ညာဏ်မရှိသူ)တွေများလေလေဆင်းရဲလေလေပဲ .. ချမ်းသာချင်လား...သိအောင်လုပ်ပါ.. သဘာဝအရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့ အမှန်တရားကို အမှန်တိုင်းသိမြင်နိုင်ဖို့ပါ
(ရိုးသားမူနဲ့စတိုင်ထုတ်ပါ တန်ဖိုးကြီးတဲ့အကောင်းစား အ၀တ်တွေ ဖိနပ်တွေ ၀ယ်စီးနိုင်မှ ဂုဏ်မြင့်သွားမှာမဟုတ်ဘူး.
.သင့်တင့်တဲ့ အ၀တ်အစားနဲ့ပဲ ရိုးရိုးသားသားနေတတ်မယ်ဆိုရင် ဂုဏ်ကမြင့်နေပါပြီ....(ဆက်ရန်...........။)

ဖတ်ပေးတဲ့အတွက်ကျေးဇူး
ကော်မန့်မရေးလို   ၀မ်းမနည်းပါဘူး   မှတ်သားသွားတယ်ဆိုရင်...ရေးရကျိုးနပ်ပါပြီး
အဆင်ပြေပါစေဗျာ။စာများများဖတ်ပေးပါ.။
တွေးကြည့်ပါ ဝေဖန်ပါ။
လက်တွေ့လုပ်ပါ။
နွေည
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...