မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, July 5, 2013

" ကွန်ပျူတာတွင် အသုံးပြုသည့် မောက်စ် တီထွင်ခဲ့သူ ကွယ်လွန် "


ကွန်ပျူတာ မောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

သူ၏ တီထွင်မှုသည် ကွန်ပျူတာ လောက၀ယ် ကြီးစွာသောပြောင်းလဲမှု ဖြစ်စေ ခဲ့သဖြင့် ဆုငွေများ ချီးမြှင့်ခံ ခဲ့ရသည်။ 
သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာ ပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ 
ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြု သူ၏ ရွေးချယ်မှုကို လက်ဖြင့် လုပ်ဆောင်သော ကိရိယာ(Manually Operated User Selection Equipment) ဆိုသည့် အင်္ဂလိပ် ဝေါဟာရကို အတိုကောက်ပြု ထားခြင်း ဖြစ်သည်။ မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဆက်ဖတ်ရန်

Sunday, June 23, 2013

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီး အိမ်ရှင်ဂျပန်အသင်းနှင့် မြန်မာအသင်း ပွဲဦးထွက် ကစားရမည်



အာရှယူ-၁၉ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်း (ဓာတ်ပုံ-MFF)

၂၀၁၃ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဂျပန်အသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့်အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို တိုက်ရိုက်ကစားခွင့် ရရှိခဲ့သော တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာအသင်း အပါအ၀င် စုစုပေါင်း ခြောက်သင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲကို ခြောက်သင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာယူ-၁၉ အသင်းကို ဖွဲ့စည်းထားခြင်း မရှိသေးဘဲ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ ကူမာဒါကို ဆက်လက်တာဝန်ပေးခြင်းရှိ၊ မရှိကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၁၉ အသင်းသည် အာဆီယံ အသင်းများအနက် တစ်သင်းတည်းသော ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အသင်းဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ရေး နောက်ဆုံးအဆုံးအဖြတ်ပွဲ ဖြစ်သည့် ထိုင်းအသင်းနှင့် Play-Off ပွဲစဉ်တွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမအဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲများကို အဆင့်ဆင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး တရုတ်(တိုင်ပေ)၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခြေစစ်ပွဲဝင် အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ကူမာဒါက ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး အာရှခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ နောက်ဆုံးအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ရန်အတွက် မြန်မာအသင်းသည် ယခုဇွန်လ နောက်ဆုံးပတ်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်သည်။
ဆက်ဖတ်ရန်

Saturday, June 22, 2013

စာကြည့်တိုက် (၃၅)ခု၌ အင်တာနက် wifi အခမဲ့ အသုံးပြုနိုင်


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်း (၁၃) ခုရှိ ခရိုင်ပြန်/ဆက် စာကြည့်တိုက် (၃၅)ခု၌ ဇွန်လနောက်ဆုံးပတ်မှစတင်၍ အင်တာနက် wifi များ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

တနင်္ဂနွေနေ့မှ လွှဲ၍ တစ်ပတ်လျှင် (၆)ရက် ဖြစ်ပြီး နံနက် (၇)နာရီမှ  ည (၇)နာရီ အထိ အခမဲ့ အသုံးပြုနိုင်ခြင်းဖြစ်သည်။

“အစကတော့ password ခံထား သေးတယ်။ ဒီလ အလယ်လောက်က စပြီး အကုန်လုံး သုံးနိုင်ဖို့ ဖွင့်ချ လိုက်တာ။ ဒီမှာ သုံးလို့ရတာ မသိကြတော့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လာသုံးကြသေးတယ်။ ဖွင့်ပွဲ လုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ ညှိုတော့ မညှိရသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နှင့် ခရိုင်အုပ်ချုးပ်ရေးမှုး ရုံးတို့မှ အခမဲ့ wifi သုံးနိုင်ရန် စက်နှင့် ဆက်စပ် ပစ္စည်းများ ပံပိုးပေးခဲ့ပြီး ခရိုင်ပြန်ဆက်ရုံးမှ အဆောက်အဦးနှင့် အခြားမွန်းမံကုန်ကျ စရိတ်များကို ကျခံရမည်ဟု သိရသည်။

“ရန်ကုန်တောင်ပိုင်းနဲ့ အနောက်ပိုင်း ခရိုင်တို့က ADSL လိုင်းနဲ့ဆိုတော့ ဖုန်းလိုင်းမကောင်းရင် လိုင်းမကောင်း ဘူးပေါ့။ wifi သုံးတဲ့ စရိတ်ကို ရုံးက ဖုန်းဘေလ်ထဲကပဲ ကျခံတယ်။ စာကြည့်တိုက်ထဲမှာပဲ သုံးလို့ရတာ မဟုတ် ဘူး။ ၀ိုင်ဖိုင်မိတဲ့နေရာတွေ အားလုံးမှာ သုံးလို့ရပါတယ်။”  ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မှ ဦးစီး အရာရှိ ဦးလှမျိုးအောင်က ပြောသည်။

ခရိုင်ပြန်/ဆက် စာကြည့်တိုက်များတွင် အင်တာနက် wifi အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှ စ၍ လျှို့ဝှက်နံပါတ် (password) ဖြင့် အသုံးပြုနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် password များ ဖြုတ် ပေးကာ သုံးစွဲသူများ လွတ်လွတ်လပ်လပ် အသုံးပြုစေရန် ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“wifi သုံးတာက မြို့ကြီးတွေမှာ ရှိတဲ့ ဈေးဝယ်စင်တာတို့ ကော်ဖီဆိုင်တို့မှာပဲ သုံးလို့ရတာ။ အခု ပြန်ဆက်က လုပ်ပေးတာ နယ်တွေပါ ပါတယ်ဆိုတော့ ကောင်းတယ်။ လိုင်းကောင်းဖို့ပဲ လိုတာ။ နိုင်ငံတကာမှာဆို wifi free လွင့်ပေးထားတဲ့ နေရာတွေ အများကြီးပဲ။ အခုလိုဌာနဆိုင်ရာတွေမှာ သုံးလို့ရတော့ အဆင်ပြေတာပေါ့။” ဟု အလုံမြို့နယ်တွင် နေထိုင်သူ အသက်(၂၂)နှစ်အရွယ် မကျော့ကေခိုင်မှ ပြောသည်။

ခရိုင် ပြန်/ဆက် စာကြည့်တိုက်ရှိသည့် နေရာများမှာ ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်၊ ကယားတွင် လွိုက်ကော်၊ ကရင်တွင် ဘားအံ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်တွင် စစ်တွေ၊ ရှမ်းတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ နှင့် စစ်ကိုင်းတွင် မုံရွာ၊ တနင်္သာရီတွင် ထားဝယ်၊ ပဲခူးတိုင်းတွင် ပဲခူး၊ ပြည်၊ တောင်ငူ၊ မန္တလေးတိုင်းတွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး၊ မိတ္ထီလာ၊ မကွေးတိုင်းတွင် မကွေး၊ ရန်ကုန်တိုင်းတွင် အရှေ့ပိုင်း သင်္ဃန်းကျွန်း၊ အနောက်ပိုင်းတွင် ကျောက်တံတား၊ ပန်းဆိုးတန်း (e-library)၊ မြောက်ပိုင်းခရိုင်တွင် အင်းစိန်၊ တောင်ပိုင်းတွင် သန်လျှင်၊ ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သတ၊ ဖျာပုံ၊ လပွတ္တာ၊ နေပြည်တော် ကောင်စီနယ်မြေတွင် ဒက္ခိဏသိရိခရိုင်ရှိ ပျဉ်းမနား ပြည်သူ့စာကြည့်တိုက်တို့ ဖြစ်သည်။

ကျန်ရှိသည့် ပြန်/ဆက် ခရိုင်စာကြည့်တိုက်များ၌လည်း အင်တာနက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဆက်ဖတ်ရန်

Tuesday, June 4, 2013

ရုပ်ရှင်မင်းသားများအသင်း နှင့် ဂီတအနုပညာရှင်များအသင်း ရန်ပုံငွေပွဲအဖြစ် ဘောလုံးကန်မည်


အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ နေတိုး ၊ သူထူးစံ ၊ ကျော်ကျော်ဗို ၊ မြင့်မြတ် ၊ အောင်ရဲလင်း ၊ နေမင်း စသော
ရုပ်ရှင် မင်းသား အသင်းနှင့် ဆောင်းဦးလှိုင် ၊ မျိုးကြီး ၊ အာရ်ဇာနည် ၊ စိုင်းစိုင်း ခမ်းလှိုင် ၊ နန္ဒစိုင်း ၊ ဆိုတေး စ
သော နာမည်ကြီး ဂီတကြယ်ပါင့် များပါဝင်သည့် ဂီတ အနုပညာရှင် များအသင်း တို့၏ ဘောလုံးပွဲ ကို လာမည့်
ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် အောင်ဆန်း အားကစား ကွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပွဲ မှာ မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် ရန်ပုံငွေ အတွက် ကျင်းပသော ရန်ပုံငွေပွဲ
ဖြစ်ပြီး SKY Net , Shwe FM , BO BO Entertainment စသည်တို့မှ ပွဲစီစဉ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဝင်ကြေး အဖြစ် ရိုးရိုးတန်း ငွေကျပ် ၁၀၀၀ နှင့် အထူးတန်း ငွေကျပ် ၂၀၀၀၀ ဖြစ်၍ လက်မှတ် များကို BO
BO Music Production , City Mart , Cafe SS , Ace Digital Warehouse စသော ဆိုင်များတွင် ၀ယ်
ယူနိုင်ပြီး လက်မှတ် ၀ယ်ယူရန် ခက်ခဲပါက ဖုန်း ၀၉- ၄၂၀၀၈၄ ၆၄၈ သို့ ဆက်သွယ် နိုင်သည်။  အဆိုပါ
ဘောလုံးပွဲသည် ယခုနှစ် အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ရုပ်ရှင် နှင့် ဂီတ အနုပညာရှင် များ အစုံ
လင်ဆုံး ဘောလုံးပွဲ ဖြစ်သည်။ ညနေ ၅ နာရီတွင် ဘောလုံးပွဲ စမည် ဖြစ်သော်လည်း ဖျော်ဖြေရေး အစီအစဉ်
များကို ညနေ ၃ နာရီ ကတည်းက စတင်မည်ဟု ထုတ်ပြန် ကြေညာ ထားကြောင်း သိရှိရသည်။



The Myawady Daily

ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...