မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Sunday, January 4, 2015
ထေရ၀ါဒ ၏ အတွင်းရန်များ
>>> ထေရ၀ါဒ ၏ အတွင်းရန်များ <<<
မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်ကို လက်ခံယုံကြည်နေသော နိုင်ငံ ဖြစ်သည်။ ထေရ၀ါဒ တရားတော်သည် လူသားတို့အတွက် ရသင့် ရထိုက်သော လက်တွေ့ဒေသနာတို့ကို ဖော်ပြသည်။ မဖြစ်နိုင်သော၊ မရနိုင်သော စိတ်ကူးယဉ် အယူအဆတို့ကို မဖော်ပြ ပေ။ ဗုဒ္ဓဘုရားကလည်း စိတ်ကူးယဉ်တရားသဘောကို ဟောကြားခြင်း မရှိပေ။
မြန်မာတို့သည် ဗုဒ္ဓဒေသနာ၌ မပါရှိသော စိတ်ကူးယဉ် အတွေးဖြင့် ကြံဆပြုလုပ်ထား သော စာပေတို့ကိုလည်း ဖတ်ရှုခဲ့ကြသည်။ လက်ခံ ယုံကြည်သူတို့လည်း ရှိသည်။ ထိုစာပေများ မှာလည်း အများအားဖြင့် အိန္ဒိယမှပင် သယ်ဆောင်လာခဲ့ကြသည်။
မြန်မာတို့သည် ခေတ်ဦးပိုင်းကပင် အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်မိခဲ့ကြသည်။ အိန္ဒိယတို့ အထံမှ နည်းပညာများစွာကို ရယူခဲ့ကြသည်။ မြန်မာမင်းစဉ်တစ်လျှောက်တွင် အိန္ဒိယနှင့် အဆက်အသွယ် မပြတ်ခဲ့ကြ။ အိန္ဒိယ ယဉ်ကျေးမှုတို့ကို မြန်မာမှု ပြုနေခဲ့ကြသည်။
{ * ဘိုးတော် ဗဒုံမင်းလက်ထက်တွင် အိန္ဒိယသို့ လူလွှတ်၍ မြန်မာပြည်၌ မရှိသေးသော စာပေတို့ကို သယ်ဆောင်စေခဲ့၏။ ရရှိလာသော စာပေတို့ကို မြန်မာဘာသာဖြင့် ပြန်ဆိုစေခဲ့သည်။ ဤသို့သော နည်းများဖြင့် အန္ဒိယကျင့်ဝတ်များ၊ အတတ်များ၊ ယုံကြည်မှုများသည် မြန်မာတို့ထံ ကူးစက်ခဲ့ကြသည်။ * }
ရှေးခေတ်က မြန်မာတို့သည် အိန္ဒိယက စာ မှန်တာတွေချည်း ဟု သဘောထားကာ လက်ခံခဲ့ကြသည်။ အိန္ဒိယက စိတ်ကူးယဉ် ယုံကြည်မှုများကို လောကီအယူ ဟုဆိုကာ ကဏ္ဍ ခွဲ၍ ယုံကြည်ကြသည်။ မြန်မာနိုင်ငံသို့ အိန္ဒိယက သယ်ဆောင်လာသော ဗြုတ်စဗျင်းတောင်း ယုံကြည်မှု အပေါင်းမှာလည်း ထောင်သောင်းမက ရှိလေသည်။
ဂန္ဓာရီအတတ် ယုံကြည်မှု
အိန္ဒိယကလာသော ယုံကြည်မှုများထဲတွင် ထူးခြားဆန်းကြယ်သည့် ဘ၀မျိုးကို မျှော်လင့် ရာမှ ပေါ်ပေါက်လာသော ဂန္ဓာရီလမ်းခေါ် ယုံကြည်မှုလည်း ပါဝင်ပေသည်။
ဂန္ဓာရီအတတ် ဆိုသည်မှာ အိန္ဒိယနိုင်ငံ ဂန္ဓာရတိုင်းမှ ပေါ်ပေါက်လာသော အတတ်ကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဂန္ဓာရမည်သော ရသေ့သည် ပြုစီရင်ထားသော အတတ်ကို ဆို ပေသည်။ ဂန္ဓာရီလမ်းကြောင်းတွင် -
- စူဠဂန္ဓာရီလမ်း ၊
- မဟာဂန္ဓာရီလမ်း ဟူ၍ ခွဲခြားထား၏။
စူဠဂန္ဓာရီလမ်းဆိုသည်မှာ ဖုတ်ကြီး ၄၀၊ ကဝေ ၉၉၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ စသော နတ်တို့ကို အစွဲပြု၍ စီရင်ထားသော အင်း အိုင် မန္တန် ခလှည့် လက်ဖွဲ့စသည်တို့ကို တတ်ကျွမ်းသူ မှော်ဆရာ၊ ပယောဂဆရာ၊ အောက်လမ်းဆရာ စသည်တို့ကို ခေါ်သည်။
မဟာဂန္ဓာရီလမ်း ဆိုသည်မှာ သူရဿတီမယ်တော်မှ စ၍ ဒေ၀ီ ၂၁-ပါး၊ နတ်မင်းကြီး ၅-ပါး၊ လောကပါလနတ်မျိုး ၄-ပါး၊ ဘိုးတော်သိကြားမှ စ၍ အထက်နတ်များဖြင့် ဆောင်ရွက်ရ သော အတတ်ကို ဆိုလိုသည်။ လက်ယာတန္တရဂိုဏ်းနှင့် သဘောတူသည်။
ဂန္ဓာရီလမ်း၏ အဓိကလိုအပ်ချက်မှာ ၀ိဇ္ဇာဖြစ်ရေးပင် ဖြစ်သည်။ ၀ိဇ္ဇာဘ၀သို့
ရောက်လျှင် သိဒ္ဓိတန်ခိုး အမျိုးမျိုး ပြီးစီးသည်ဟု ယုံကြည်ကြသည်။ ယင်းတို့၏ စာပေများ၌ သိဒ္ဓိ ၁၀-မျိုးကို ပြဆိုထားသည်။
(၁) စိန္တာမယိဒ္ဓိ = စိတ်ကြံရာ ဖြစ်စေနိုင်ခြင်း ၊
(၂) ဥဒကသိဒ္ဓိ = ရေပြင်ပေါ် လမ်းလျှောက်နိုင်ခြင်း ၊
(၃) ပထ၀ီသိဒ္ဓိ = မြေကိုလျှိုးနိုင်ခြင်း၊ မြေကြော ရှုံ့နိုင်ခြင်း ၊
(၄) ဓနသိဒ္ဓိ = ရွှေ ငွေ ရတနာ လိုရာရနိုင်ခြင်း ၊
(၅) အာယုသိဒ္ဓိ = အသက်ရှည်၍ အရွယ်နုပျိုစွာ နေနိုင်ခြင်း ၊
(၆) အာကာသသိဒ္ဓိ = ကောင်းကင်ခရီးဖြင့် သွားလာနိုင်ခြင်း ၊
(၇) အာရောဂျသိဒ္ဓိ = အနာရောဂါ ကင်းခြင်း ၊
(၈) ကာယသိဒ္ဓိ = ဓား လှံ သေနတ် မထိနိုင်ခြင်း ၊
(၉) ပိယသိဒ္ဓိ = သတ္တ၀ါအားလုံးတို့က ချစ်ခင်ခြင်း ၊
(၁၀) ဣဒ္ဓိသိဒ္ဓိ = တန်ခိုးဖြင့် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း ၊
ဖော်ပြပါ သိဒ္ဓိဆိုသည်များမှာ လူသားတို့အတွက် ထူခြားလှသော မက်လုံးများ ဖြစ်ရာ ၀ိဇ္ဇာဘ၀ ရရှိရေးကို ရမ္မက်ကြီးစွာ မျှော်လင့်ကြကုန်၏။ မျှော်လင့်သည့်အတိုင်း ၀ိဇ္ဇာဖြစ်ရေး လမ်းစဉ်ကို ရှာဖွေကျင့်သုံးကြသည်။ ၀ိဇ္ဇာဖြစ်ရေးလမ်းးစဉ်ကို ယင်းတို့၏ စာပေများ၌ တွေ့ရှိရ၏။
ဝိဇ္ဇာဖြစ်သူတို့မှာ အောက်ပါ ၄-မျိုးကို ကျင့်သုံး၍ ရရှိကြသည်ဆို၏။
(၁) ပြဒါးဝိဇ္ဇာ = ပြဒါးရှင်လုံးဖြင့် စီရင်သူ ၊
(၂) ဆေးဝိဇ္ဇာ = ဆေးဖြင့် သိဒ္ဓိပြီးသူ ၊
(၃) သံဝိဇ္ဇာ = သံသေလုံးဖြင့် စီရင်သူ ၊
(၄) အင်းဝိဇ္ဇာ = အင်း မန္တန်စသည်ဖြင့် သိဒ္ဓိပြီးသူ ၊
ဖော်ပြပါ ၄-မျိုးကို ၀ိဇ္ဇာ ၄-မျိုးဟု ခေါ်ကြသည်။ ၀ိဇ္ဇာကို မြန်မာတို့က ဇော်ဂျီဟုလည်း ခေါ်၏။ ဇော်ဂျီ၏ မူလပုဒ်မှာ ယောဂီဖြစ်သည်။ ယောဂီကို ဂျောဂျီ၊ ဇော်ဂျီဟူ၍ ပြောင်း လဲခေါ်ဆိုလာကြသည်။
ဇော်ဂျီသည် မြန်မာနိုင်ငံသားတို့နှင့် ရင်းနှီးနေသော ပုဂ္ဂိုလ်ဖြစ်သည်။ နီညိုရောင် အထည်စကို ပန်ချာပီ ကုလားဝတ်စုံသဏ္ဌာန် ချုပ်၍ ၀တ်ဆင်ပြီးလျှင် ဆေးတောင်ဝှေးခေါ် တုတ် ချောင်းကို ကိုင်ဆောင်ထားသည့် ဇော်ဂျီပုံများကို မြန်မာပြည် အနှံ့အပြား၌ တွေ့မြင်နိုင်လေသည်။ ထိုပုဂ္ဂိုလ်မျိုးကို ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဟုလည်း ခေါ်ကြပြန်သည်။ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တို့မှာ အသေထွက်ပုဂ္ဂိုလ်၊ အရှင်ထွက်ပုဂ္ဂိုလ်ဟု၂-မျိုး ရှိသည်။
အသေထွက်ပုဂ္ဂိုလ်မှာ သေလွန်ပြီးနောက် ထွက်ရပ်ပေါက်သွားသည်ဟု ယုံကြည်ကြ သည်။ အရှင်ထွက်ပုဂ္ဂိလ်မှာ အသက်မသေဘဲ လူမမြင်ရသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး နှစ်ပေါင်းများစွာ အသက်ရှင်လျက် တရာဓမ္မကို ကျင့်ကြံနေသည်ဟု ယုံကြည်ကြသည်။
မြန်မာနိုင်ငံတွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် လုပ်သွားသော သူတို့ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အရှင်ထွက်သည်ဟုကား မကြားဖူးပေ။ အားလုံးမှာမူ အများနည်းတူ သေဆုံးကြရလေသည်။
ဤကဲ့သို့ ၀ိဇ္ဇာဘ၀၊ ဇော်ဂျီဘ၀၊ သိဒ္ဓိရှင်ထွက်ရပ်ပေါက်ဘ၀ စသည်တို့မှာ လူ့လောက ၌ တကယ်တမ်း ဖြစ်နိုင်သော ဘ၀မျိုး မဟုတ်ပေ။ ကြံကြံဖန်ဖန် စိတ်ကူးဥာဏ်ဖြင့် ကြံဆထားသော ဘ၀မျိုးသာ ဖြစ်သည်။ ဤစိတ်ကူးယဉ် ဘ၀မျိုးကို ရလိမ့်နိုးဖြင့် မျှော်ကိုး၍ လုပ်ကိုင်နေသူများလည်း ရှိသည်။ ကျေနပ်နှစ်သိမ့်နေသူများလည်း ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အိမ်မက်ထဲက ရတနာထုပ်ကို လိုက်လံရှာဖွေနေသူများ ဖြစ်ပေသည်။
ဗေဒင် ယုံကြည်မှု
ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ရောနှောသော ယုံကြည်မှုများထဲတွင် ဗေဒင်ယုံကြည်မှုလည်း အပါအ၀င် ဖြစ်သည်။ ဗေဒင်ယုံကြည်မှုသည် မြန်မာနိုင်ငံတွင်းသို့ သရေခေတ္တရာခေတ်ကပင် ရောက်ရှိနေပြီ။ ဤဗေဒင်ကျမ်းများကို အိန္ဒိယတိုင်းသား ဗြဟ္မဏဘာသာဝင် ပုဏ္ဏားများ သယ် ဆောင်လာရာမှ မြန်မာတို့ အမွေရကြသည်။
မြန်မာမင်းများ လက်ထက်တွင် ဗေဒင်လိုက်စားသူ ပေါများလှသည်။ ဗေဒင်လိုက်စားသူ များတွင် ထေရ၀ါဒ ရဟန်းတော်များလည်း ပါဝင်သည်။ ရဟန်းတို့သည် ဗေဒင်ဟော၍ မစားသော်လည်း ဗေဒင်အတတ်ကို လောကီရေးရာ သိမှတ်စရာ အတတ်တစ်ခု အနေဖြင့် လေ့လာလိုက်စားခဲ့ကြသည်။
ဗုဒ္ဓဘုရားက ဗေဒင်ဟောခြင်းစသော အဟောအပြောအလုပ်မျိုးကို မပြုလုပ်ရန် တားမြစ်ထားသည်။ သို့သော်လည်း အချို့ရဟန်းတို့မှာ ၀ိနည်းဒေသနာတော်ကို မျက်ကွယ်ပြု၍ ဗေဒင်ဟောကာ လာဘ်ရှာကြသည်။ ဓမ္မစေတီမင်းလက်ထက်တွင် ဗေဒင်ဘုန်းကြီးများကို သာသနာတော်၌ မထားရန် အရေးယူဆောင်ရွက်ခဲ့ဖူးသည်။
ဗေဒင်ကျမ်းများသည် ဗုဒ္ဓဘုရား မပွင့်မီ ဘီစီ ၁၅၀၀-နှင့် ၁၀၀၀-ကြားကပင် ပေါ်ပေါက်ခဲ့သော ကျမ်းများဖြစ်သည်။ အာရိယန်လူမျိုးတို့သည် ဆရဆွတီမြစ်ညာဒေသ၌ နေစဉ်က ပြုစုထားသော ကျမ်းများဖြစ်သည်။ မူလက ဗေဒင်ကျမ်းအမျိုးအစား ၃-ပုံ ရှိသည်။ နောက်ပိုင်းတွင် ၄-ပုံ ဖြစ်လာသည်။ ဗေဒင် ၄-ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဣရုဗေဒင်။ ။ နေကြတ်၊ လကြတ်၊ နက္ခတ်တာရာတို့ကို ကြည့်၍ ဘေးဥပဒ်အန္တရာယ်
ဖြစ်တတ် ပျက်တတ်ပုံကို ပြသောကျမ်း ၊
(၂) ယဇုဗေဒင်။ ။ မိမိတို့အပေါ်၌ ရောက်ဆဲ ရောက်လတံ္တ့ဘေးရန်များမှ လွတ်ကင်း
ပျောက်ပြေရန် ဂြိုဟ်နက္ခတ်တို့ကို ပူဇော်သောနည်း၊ ယတြာပြုနည်းကို ပြဆိုရာကျမ်း၊
(၃) သာမဗေဒင်။ ။ နေ လတို့ သွားရာ လမ်းကို ၁၂-ရာသီခွင်ပြု၍ မည်သည့်ရာသီခွင်၌
မည်သည့်ဂြိုဟ် ရပ်တန့်နေသည်ကို ကြည့်ပြီးလျှင် အံသာ၊ လိတ္တာ၊ တြင်း၊ န၀င်းစသည်
ဖြင့် ဝေဖန်လျက် ကောင်း မကောင်းကို ဟောရာကျမ်း ၊
(၄) အာထဗ္ဗဏဗေဒင်။ ။ အာထဗ္ဗရသေ့ စီရင်သဖြင့် ထိုအမည်ကို ရရှိခြင်း ဖြစ်သည်။
မီးထွန်းခြင်း၊ မန္တန်စုပ်ခြင်း စသော တစ်ပါးသူတို့ ပျက်စီးရန် အစီအရင်ကို ပြဆိုရာကျမ်း၊
ဗေဒင် ၃-ပုံကို အဋ္ဌကရသေ့စသော ရသေ့ ၁၀-ဦးတို့က ပြုစီရင်ထားသည်ဟု ဗုဒ္ဓပိဋကတ်တော်နှင့် ပါဠိအဘိဓာန်ကျမ်းတို့၌ ဖော်ပြထား၏။ ရသေ့တို့ စီရင်ထားသော ဗေဒင် ကျမ်းများမှာ အများအားဖြင့် ရှေးခေတ်လူတို့ ယုံကြည်မှုကို အခြေခံ၍ ရေးသားထားသော စိတ္တဇ ဝေဒနာ မှတ်တမ်းစာများသာလျှင် ဖြစ်ပေသည်။
မြန်မာတို့က လောကီကျမ်းဟု လက်ခံနေကြသော အိန္ဒိယကျမ်းများမှာ အများအားဖြင့် ရသေ့တို့ ရေးပြုသော ကျမ်းများဖြစ်သည်။ ၀ါကျဆရာ၊ ၀ဂ္ဂဆရာ၊ ဟရီတဆရာ၊ ဗျာသဆရာ စသော ကျမ်းပြုဆရာ ရသေ့များစွာတို့ကို တွေ့ကြရသည်။
နောက်ပိုင်းတွင် ရသေ့တို့ ရေးသော စိတ္တဇကျမ်းစာများမှာ အလွန်များပြားလှသောကြောင့် နာမည်ကိုပင် မဖော်ပြနိုင်တော့ပေ။ ရသေ့ ရှစ်သောင်း ဆရာပေါင်း တို့၏ လက်ရာဟူ၍ လက်သည်မဖော်ဘဲ ထင်ရာမြင်ရာကို ရေးသားနေကြလေတော့သည်။
ရသေ့တို့လက်ရာ ကျမ်းစာများအနက် သဒ္ဒါကျမ်း၊ ဆန်းကျမ်းစသည်တို့မှာ အကျိုးပြုကျမ်းစာများ ဖြစ်ပါ၏။ သို့သော် ကျမ်းစာအများစုမှာမူ ရသေ့တို့သည် အလုပ်မရှိ၍ အလုပ်ရှာကာ လေ့လာပြုစုထားသော စာပေများ ဖြစ်ချေသည်။
ဤသို့ ဆိုလိုက်သဖြင့် ရသေ့တို့၏ ကျမ်းစာများကို စော်ကားသည်ဟူ၍ မမှတ်ယူသင့် ပေ။ ရသေ့တို့၏ ဘ၀ဖြစ်စဉ်ကို လေ့လာသောအခါ၌ ဤစကားကို သဘောပေါက်လာပေလိမ့် မည်။ ဤဖြစ်စဉ်ကို အနည်းငယ် လေ့လာကြည့်ရလိမ့်မည်။
ရှေးခေတ် အိန္ဒိယနိုင်ငံ ဟိန္ဒူတို့၏ ဓလေ့ထုံးစံများတွင် အာရှရမ ခေါ် ကျင့်ဝတ် ကျင့်ထုံးလည်း တစ်ပါးအပါအ၀င် ဖြစ်သည်။ အာရှရမဆိုသည်မှာ လူ့ဘ၀တွင် အရွယ်အလိုက် လုပ်ဆောင်ရမည့် တာဝန်ပိုင်းကို ဆိုလိုသည်။ အရွယ်ကို ၄-ပိုင်း ခွဲခြားထားသည်။
(၁) ပထမအရွယ် ။ ။ ပညာအမျိုးမျိုးကို ရှာဖွေ ဆည်းပူးရမည်။
(၂) ဒုတိယအရွယ်။ ။ အိမ်ရာထောင်၍ စီးပွားရှာဖွေ စုဆောင်းရမည်။
(၃) တတိယအရွယ်။ ။ စီးပွားတို့ကို သားသမီးတို့အား လွှဲအပ်၍ မယားနှင့်အတူ တော
ထွက်ရမည်။ ( ဆံပင်ဖြူခြင်း၊ အသားအရေ တွန့်ခြင်း၊ မြေးရသောအခါကို ဆိုသည်။)
(၄) စတုတ္ထအရွယ်။ ။ မိမိနှင့် ပါလာသော မယားကိုပါ စွန့်၍ ရသေ့ဘ၀ဖြင့် တစ်ဦးတည်း
ကျင့်ကြံနေရမည်။
ရှေးခေတ် အိန္ဒိယဓလေ့အရ အရွယ်ကြီးရင့်သူတို့မှာ ရသေ့ဝတ်၍ တောထဲ၌ တစ်ယောက်တည်း နေကြရသည်။ နိပါတ်တော် ဇာတကများတွင် ရသေ့များစွာ ပါရှိနေသည်မှာ ထိုဓလေ့မှ ဖော်ထုတ်ပေးသော ဇာတ်ကောင်များ ဖြစ်ပေတော့သည်။
[ မိတ်ဆွေဟန်ဆောင်သူ သည် ( ကြောက်စရာ အကောင်းဆုံးသော ရန်သူ) ဖြစ်၏ ။]
( သလ္လာဝတီ အွန်လိုင်းစွယ်စုံကျမ်း-မှ ကူးယူဖေါ်ပြပါသည် )
မျှဝေ...
…အယူလွဲ ကင်းကြပါစေ
ဆက်ဖတ်ရန်
Tuesday, December 30, 2014
အကောင်းဆုံး Bitcoin ရှာနိုင်မည့်ဆိုဒ်များ
သူငယ်ချင်းများအဆင်ပြေနိုင်ဖို့အတွက် Bitcoin ရှာနိုင်မည့်ဆိုဒ်များကို ရှာဖွေတင်ပေးလိုက်ရပါတယ်..။
ဒီကိုနှိပ်ပါ
ဒါလေးကတော့ ၀င်ရောက်ကလစ်ပြီးတော့ Bitcoin ရှာဖွေနိုင်သလို ကိုယ်တိုင်လဲ ကိုယ့်ရဲ့ Bitcoin လိပ်စာကိုဖြည့်စွက်ပြီးတော့ ကိုယ်ပိုင် Faucetlist လုပ်လို့ရပါတယ်..။ ကိုယ့်ရဲ့လိပ်စာလေးထည့်ပေးလိုက်နဲ့တင် Site တွေကို သူ့အလိုလို ဆိုဒ်တော်တော်များများကို List လုပ်သွားပေးတာပါ..။  ရရှိလာမည့်အကျိုးကတော့ REF ရှာချင်တဲ့သူငယ်ချင်းများအတွက် ဆိုဒ်ဆိုဒ်ချင်းဆီရဲ့ REF LINK တွေ လိုက်ပေးစရာမလိုတော့ပါဘူး..။ အခုလိုပဲ လင့်လေးတစ်ခုထုတ်ပေးလိုက်ရင် အဆင်ပြေပါတယ်..။ အားနည်းချက်ကတော့ ကိုယ်ရွေးချယ်ထားတဲ့ ဆိုဒ်တွေမဟုတ်တဲ့အတွက် Satoshi ပေးတာနည်းတာလေးတစ်ခုပါပဲ...။
............
...............
...................
ဒီကိုနှိပ်ပါ
ဒါကတော့ Bitcoin ရှာတဲ့သူတိုင်းသိကြမှာပါ..။ Bitcoin ရှာတဲ့ဆိုဒ်တော်တော်များများကို စုထားတဲ့နေရာလေးပါ..။ တော်တော်များများပေးတဲ့ ဆိုဒ်တွေလည်းပါဝင်ပါတယ်..။ ဒါပေမယ့်တချို့ဆိုဒ်တွေက payout limit များပါတယ်..။ ဒါကြောင့် ရွေးလုပ်စေချင်ပါတယ်..။ အကောင်းဆုံးကတော့ microwallet ထဲရောက်ပြီးမှ တဆင့်စုပြီးပြန်ထုတ်ရတဲ့ဆိုဒ်တွေက စိတ်အချရဆုံးပါပဲ..။
ဆက်ဖတ်ရန်
Wednesday, December 24, 2014
ဆိုင်ချင်ဆိုင် မဆိုင်ချင်နေ
 ဆိုင်ချင်ဆိုင် မဆိုင်ချင်နေ
သရော်စာ - ငွေစန်းရောင်
တော်တော်များများ စိတ်ထဲမှာ ကိုယ့်ကို မြန်မာ့နိုင်ငံရေး တတ်သိကျွမ်းကျင် သူကြီးလို့ ထင်နေသလား မသိပါဘူး။ ၂၀၁၅ အလွန်မှာ ဘာတွေ ဖြစ်လာနိုင် သလဲဆိုတဲ့ မေးခွန်းကို မေးကြတယ်။ တကယ်တော့ ကိုယ်ဟာ နိုင်ငံ ရေးကို နည်းနည်းလေးမှ ဝါသနာမပါတာ အ မှန်။ တစ်နေ့သောအခါ တုန်းကတော့ လွှတ် တော်ထဲမှာ ထဲထဲဝင်ဝင် ဆွေးနွေးဖြေရှင်း နေသူ ကိုယ့်ဆရာကြီး တစ်ဦး ဆီ ရောက်တဲ့အ ခါမှာ သူကလည်း အလားတူ မေးခွန်းမျိုး ဘယ် လောက်တောင် အမေးခံနေရတယ် မသိဘူး။ “၂၀၁၅ မှာ ဘာတွေဖြစ် မလဲ လာမမေးနဲ့။ ဆရာတို့လည်း မသိဘူး။ ဆရာတို့အထက်က နာယကကြီး လည်း မသိဘူး။ ကောင်းမလား ဆိုးမလား။ မပြောနိုင်ဘူး။အကောင်းဘက်ကို မရောက်ဘဲ အဆိုးဘက် ပါသွားမှာစိုးလို့ ဆရာ တို့လည်း ရင်တမမ စောင့်ကြည့်နေကြတယ်။ အကြောက်တရားနဲ့ သူတွေကလည်း ဖိန့်ဖိန့် တုန်အောင် ကြောက်နေကြတုန်းပဲ။ ကိုယ့်အတ္တတွေကို လျှော့ပြီး တိုင်းပြည် အတွက်လက် တွဲ အလုပ်လုပ်နိုင်မှ နှစ်ဦးနှစ်ဖက် ရှေ့ဆက် လို့ရမယ့် ခရီး” တဲ့။
သူပြောတာ နှစ်ဦးနှစ်ဖက်ဆိုပေမယ့် မျက် နှာချင်းဆိုင် ဆွေးနွေးမယ် ကြံလိုက်တော့ ကြည့်ရင်းကြည့်ရင်း ပွားပွား လာလိုက်တာ။ လေးပွင့် ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ဆယ့်နှစ်ပွင့် ဆိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်။ ခက်တော့နေပါပြီ။ ရှင်မောဂ္ဂလန်ဇာတ်တော် ကဖို့ ခိုးသားငါးရာ မပြည့်မချင်း ထိုင်စောင့် မလို့လားမသိ။ စတိလောက်လည်း ပြီးပါတယ် ဗျာ။
အဓိက ပြဿနာကတော့ ဘယ်သူတွေ ဘယ်လိုပဲ ငြင်းငြင်း ၂၀၁၅ မှာ အမျိုးသမီး ကြီး တစ်ယောက် သမ္မတဖြစ်မလာစေရေးအ တွက် အဟောင်းရော အသစ်ပါ ရှိရှိသမျှ စစ်ဗိုလ်ချုပ်ကြီးတွေက “ပလ္လင်ကို အတင်းလုမယ်လို့တဲ့ ဗိုလ်ထုနဲ့ကြံစည်” ဆိုတဲ့ ဇာတ်ကို ကကြတာပါ။ ကရင်းကရင်း သူတို့ခမျာ မာရ်ညစ်၏ ရန်စစ်သည်တွေလို လူမုန်းများကြမှန်း လည်း မသိရှာဘူး။
ဒါကြောင့် ပြဿနာရဲ့အရင်းအမြစ်ကို ရှာပြီး အပွင့်တွေကို နည်းနိုင်သမျှ နည်းနည်း ဆွေးနွေး ချင်တယ်ဆို ရင် နှစ်ပွင့်တည်းနဲ့ အ ဖြေထွက်တယ်။ အဲ့ဒါ တပ်ဘက်နဲ့ အရပ်ဘက် ဆက်ဆံရေးပဲ။ ကိုယ့်လူ ကိုယ်မီး သေစတမ်း ဆိုရင် ဒေါ်စုနဲ့ကာချုပ်ညှိလိုက်၊ ပွဲပြတ်ကရော။ ဒါပေမဲ့ ကိုယ့်လူကိုယ် မီးမသေ တာက အပွင့်တွေကို ပွားလာစေတာပေါ့။ တစ်ဖက် က အာဏာရ ပါတီဆိုတဲ့ သူတွေဟာ အဲ့သ လိုမျိုး စစ်တပ်နဲ့ မစု တွေ့လိုက်ကြလို့ သူတို့ ချင်း ကျေလည် သွား မှာကို ဘယ်လိုမှ လက်ခံ နိုင်မှာ မဟုတ်ဘူး။ ပါဝါထိပ်သီး ကြီးလေးကြီး လို့ဆိုရမယ့် သမ္မတကြီး ရယ်၊ လွှတ်တော် ဥက္ကဋ္ဌကြီးနှစ်ယောက်ရယ်၊ ကာချုပ်ကြီးရယ် ဟာ သူတို့လေးယောက် စုံညီ မဟုတ်ဘဲ တစ်စုံ တစ်ယောက်သော သူက သီးခြားသွား တွေ့လိုက်လို့ သူတို့မသိလိုက်တဲ့ အတွင်းကျိတ် သဘောတူညီမှု တစ်ခုခုရသွားခဲ့ပြီး ကိုယ့်လူ သူ့ဘက်သား ဖြစ် သွားမှာ ကို သေရမှာ ထက် ကြောက်ကြတယ်။ “အသေသာ ခံပလိုက်မယ်။ တစ်ယောက်ချင်းတော့ သွားမတွေ့ကြနဲ့ဟေ့” လို့ သစ္စာဆိုထားကြသလား မသိ။
သူတို့အားလုံးထဲမှာ အကြောက်တတ်ဆုံး က ဘယ်သူဖြစ်မယ်ထင်သလဲ။ လက်နက် ကိုင်ဆောင်ထားသူဟာ လောကကြီးမှာ အ ကြောက်တတ်ဆုံးတဲ့။ သမိုင်းမှာ ဘယ်လိုပဲ မှတ်တမ်းဝင်ဝင် ၄၃၆ ကို တစ်ဆံခြည်မျှင် အထိမခံ တွန်းလှန်ကာကွယ်နေရတယ်။ ပြည် ပမီဒီယာတွေနဲ့ အင်တာဗျူးတာတောင်မှပဲ နာဂစ်က သွားလေသူတွေပါ ထည့်စာရင်း ကောက်ထားတဲ့ ၉၂.၄၈ ရာခိုင်နှုန်း ဆိုတာ ကြီးကို အပိုင်ချည်ပြီး ပြောပြီးစလစ် နံပါတ် တစ် လုပ်နေတာ။ နော်ဝေက ဘုရင်ကြီးဆိုရင် အံဩလွန်းလို့ သေတော့မယ်။ သူတို့ ဖွဲ့စည်း ပုံဖြင့် အခါ ၂၀၀ လောက် ပြင်ထားတာပါ လေတဲ့။ အဲသလိုလည်း ကြားလိုက်ရော မျက်ကလဲဆန်ပြာ ဖြစ်သွားပြီး လွှတ်တော်က နေ အရေးကြီးအဆို တင်သွင်းတယ်။ မဏ္ဍိုင် သုံးရပ် ဟန်ချက်မညီရင် ကာလုံကနေ သမ္မတ ကြီးကို လွှတ်တော်ဖျက်သိမ်းရေး အဆိုပြုခွင့် ရှိရမတဲ့။ သူကတော့ အဲသည်မဏ္ဍိုင် သုံးရပ် စလုံးထဲ ဘယ်နေရာမှာမပါတာ ရှိလို့များပါ လိမ့်။ ဆိုလိုချင်တာက တပ်က ထွက်သွားပြီး ခေါင်းပေါင်းပေါင်းထားတဲ့ လူကြီးတွေကိုလည်း သူသိပ်မယုံတော့ဘူး ဆိုတာကို ပြောချင်နေ ပုံပဲ။ မုန့်ဆီကြော်ကတော့ ဘယ်နေမှန်း မသိ ဘူးပေါ့လေ။ နှုတ်ခမ်း ပဲ့တွေကတော့ သူ့ ငါ မယုံ၊ ငါ့ သူမယုံ ဖြစ်ကုန်ပြီ။
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးမှာ အဲသည် ယုံကြည်မှု ပျက်ပြားသွားတာနဲ့ ဆက်ဆံရေး ဟာလည်း အဓွန့်မရှည်တော့ဘူး။ သူတို့အချင်း ချင်း ကတိကဝတ်တွေ ပြုထားတဲ့အတိုင်း မတည်တဲ့အတွက် သစ္စာဖောက်လို့ သတ်မှတ် ပြီး အနီးကပ်ဆုံး ရန်သူအဖြစ် အရင်ဆုံး ချေ မှုန်းပစ်တယ်။ဥပမာ ဦးဆန်းဆင့်တို့ ဗိုလ်မှူး ကျော်စွာဝင်း တို့လိုပေါ့။ ဒါကြောင့် သူတို့မှာ လေးပွင့်လည်းမဆိုင်ရဲဘူး။ ခြောက်ပွင့်လည်း မဆိုင်ရဲဘူး။ မတော် ကျွတ်တမ်းဝင်သွား ဘယ့် နှယ်လုပ်မတုံး။
မဆွတ်ခင်ကတည်းက ညွှတ် ချင်နေရတဲ့အထဲ ကြာကြာထိုင်နားထောင် လိုက်မိရင် ခေါင်းက ယောင်ယမ်းပြီး ညိတ်မိ သွားတော့ မခက်ပါလား။ တို့ ဒေါက်တာစု က လည်း ဆေးထိုးကြမ်းပါသလေ။ (ဒေါ်ယဉ်နွယ် ကြီးတောင် ကြောက်သွားပုံ ရတယ်) …. လွှတ် တော်ထဲက အစိတ်သားဟာ ကာချုပ်ကြီးကြိုး ဆွဲရာကရတဲ့ ရုပ်သေးရုပ်က လေးတွေ မဟုတ်ရပါဘူး။ သူတို့သဘောနဲ့ သူတို့ဆုံး ဖြတ်ခွင့်ပေးထားပါတယ်လို့ အသံကောင်း ဟစ်လိုက်တဲ့အခါ ဘာမှ ထွေထွေထူးထူး ငြင်း ခုံမနေဘူး။ “ဟတ်လား။ ဒါဆို အိမ်လာလည် ကြပါဦး။ ထမင်းစားဖိတ်တာပါ။ ဘာနိုင်ငံရေး မှမပြောကြေး။ အလွတ်သဘော၊ ခင်ခင်မင် မင်ပေါ့”လို့ ထောက်လိုက်တာ အကုန်ပျားတုပ် ကုန်ရော။ ဗကဘိုးဘိုးကြီးက ဗြုန်းဆိုကော က ရသလို ထမင်းပွဲပြင်ပြီး ဒင်နာချင်း တိုက်ပေး လိုက်ရတယ်။ ဖိတ်တဲ့ဆီ မစားရဲဘဲ အမိန့်ရ တဲ့ဆီသာ စားခွင့်ရတာ လူသိကုန်တာပေါ့ လေ။
ဘယ်နှစ်ပွင့်ဆိုင်ဆိုင်။ ဒေါ်စုကလွဲရင် အကုန် စစ်တပ်က လူတွေချည်းပဲ မဟုတ်ဘူး လား။ ဘောင်းဘီချွတ်ထားလို့ အရပ်သားမှတ် နေကြတာ။ ဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးလော ကထဲ ဝင်ဖို့ စစ်တပ်က ထွက်လိုက်ရတဲ့အခါ စစ်တပ်အပေါ်မှာ ဩဇာ မညောင်းတော့လို့ လား။ ဗိုလ်ချုပ်အောင်ဆန်းက “တပ်မတော် ဟာ ဘယ်သူ့ လက်ကိုင်တုတ်မှ မဖြစ်ရဘူး” လို့ ပြောခဲ့ဖူးတယ်။ ဗိုလ်ချုပ်နေဝင်းက “စစ်တပ်ဆိုတာ ပစ်မိန့်ပေးရင် မိုးပေါ်ကို ထောင် မဖောက်ဘူး” လို့ ပြောခဲ့ဖူးတယ်။ စစ်တပ်က ဘယ်သူ့ ဩဇာကို နာခံခဲ့သလဲ။ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်၊ စစ် တပ်က အထုတ်ခံရပြီးတဲ့နောက် ဓာတ်ပုံတွေ တင်မကဘူး။ ဘုရားစောင်းတန်းက ကမ္ပည်း စာတမ်းတွေပါ အဖြုတ်ခံရတယ်။ အပြုတ်ကို အပြုတ်လို သဘောထားတတ်လွန်းတဲ့ သူတို့ လောကကြီးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမိုင်းကို ကလေးတွေ သိအောင် သင်ရိုးညွှန်း တမ်းထဲထည့်ပေးပါတို့၊ မတော်လို့များ နတ်ရွာစံ ကံတော်ကုန်သွားခဲ့သည်ရှိ သော် နိုင်ငံတော် အခမ်းအနားနဲ့ သိုက်သိုက်မြိုက် မြိုက် ဈာပနအခမ်းအနား ကျင်းပပြီး နိုင်ငံ တော်အလံများ တစ်ဝက်လွှင့်ထူပေးပါရန်တို့ အားရပါးရ လော်ဘီလုပ်နေကြဆဲဆိုတော့ စာဖတ်နေသူကြီးရဲ့ ဩဇာဟာ လက်ရှိတပ်မ တော်အပေါ်မှာ လွှမ်းမိုးထားမှန်း သိသာလွန်း ပါတယ်။
ပိုင်လှချည်လား မှတ်မနေနဲ့။ ပိုင် ချင်လို့ သူ့တူကို သူ့နေရာ ထားခဲ့တာလေ။ သည်စစ်တုရင် ခုံတစ်ခုလုံးကို သူတစ်ယောက် တည်း စိတ်တိုင်းကျ အကွက်တွေ ရွှေ့ထား ခဲ့တာ။ ရထားလည်း ရထားကွက်ပဲ ရွှေ့လို့ရ တယ်။ မြင်းလည်း မြင်းကွက်ပဲ ခုန်လို့ရတယ်။ ဘုန်းကြီးတွေလည်း ဘုန်းကြီးလမ်းကပဲ ကြွ။ လွှတ်တော်ကြီး သုံးရပ်စလုံး သူခင်းတဲ့ဇယား အတိုင်း နင်းနေရတယ်။ ဘာမှ လှုပ်လို့မရ။ ဘာနဲ့ ချုပ်ထားသလဲဆိုတော့ ခြေဥနဲ့ ချုပ် ထားတာလေ။
ကြားရသူအပေါင်း အုတ်အော်သောင်း တင်း ဝမ်းသာအယ်လဲဖြစ်ရတဲ့ ကောလာဟလ သတင်းတွေဟာ တကယ်မဟုတ်မှန်း သိလျက် နဲ့တောင်မှပဲ “ဟုတ်များဟုတ်လို့ကတော့” ဆို ပြီး သံသယရဲ့အကျိုးကို ခံစားဝမ်းသာ ကြရ တယ်။ “ဟစ်တလာ ဘယ်နေ့သေသေ၊ သူသေ တဲ့နေ့ဟာ ဂျူးတွေအတွက် ဝမ်းသာစရာ နေ့ ထူးနေ့မြတ်ပဲ” လို့ ဆိုသလိုပေါ့။ ကိုယ့်တိုင်း ပြည်ရဲ့ အနာဂတ်ဟာ တစ်စုံတစ်ယောက် သောသူရဲ့ နတ္ထိပစ္စယောမှာမှ အလားအလာ ရှိတယ်လို့ မြင်ထားကြ တဲ့အခါ ချိုးလက်ရေ ခါခါပြောင်း ကြာကာညောင်းလည်း ညောင်းနိုင်ဘူးရှင် ဖြစ်လာရတာပေါ့။ အဲဒါနဲ့ ကိုယ်လည်း ၂၀၁၅ အလွန် မြန်မာပြည်ကြီးကို မှန်းဆတွေးမြင်ကြည့်မယ့် အစား ရှောဘရားသားအလွန် မြန်မာပြည်ကို မြင်ယောင်ကြည့် ပါတယ်။ မျှမျှတတ ဖြစ်သွားအောင် ဘိုးတော် ကြီး မရှိတော့ရင် ဘာဖြစ်မလဲတင် မဟုတ်ပါ ဘူး။ ဘွားတော်ကြီး မရှိတော့ရင် ဘာဆက် လုပ်မလဲပါ တွေးထားရပါတယ်။
ဘိုးတော်ကြီး မရှိတော့ရင် သူဆင်ထားတဲ့ အရုပ်တွေက ကိုယ့်အကွက်နဲ့ကိုယ် ဆက်ရွှေ့ ကြရမှာပါ။ သည်အခါ ဗဟိုချုပ်ကိုင်မှု မရှိ တော့တဲ့အတွက် ဟိုးအရှေ့က ပြောခဲ့တဲ့ မယုံ ကြည်မှုတွေ၊ သံသယတွေကြောင့် တစ်စိတ် တည်း တစ်ဝမ်းတည်း မဖြစ်နိုင်တော့ပါဘူး။ အရုပ် ၅ ရုပ်ရှိရင် ၅ ရုပ်စလုံးက ဘိုးတော်ကြီး နေရာဝင်ပြီး ချုပ်ကိုင်မှုရဖို့ ကြိုးစားပါလိမ့် မယ်။ တစ်ဦးဆောင်သော်မရ စုပေါင်းဆောင် သော်ရ၏ ဆိုတဲ့အတွက် ကိုယ်ချင်းကိုယ်ချင်း အတွင်းကျိတ် မဟာမိတ်ကလေးတွေ ဖွဲ့ထား နိုင်မှ တောင်မင်းကို မြောက်မင်း ကယ်လိမ့် မယ်လို့ တွက်လာကြပါလိမ့်မယ်။
ဘယ်လိုမှ ချန်ကစားလို့မရတာက ဘွားတော်ကိုပါ။ သူ့ လက်ထဲမှာ အနိုင်ဖဲရှိတယ်။ ၅၉(စ) ကြောင့် သမ္မတ ဖြစ်မလာခဲ့ရင်တောင် သူ့ကို ယှဉ်နိုင် တဲ့ပါဝါ ဘယ်သူ့မှာမှ မရှိသေးဘူး။ အနှစ် ၂၀ လုံးလုံး သူတို့ကိုယ်တိုင် အမျိုးမျိုး ရိုက်ချိုး လာခဲ့တဲ့ ဘွားတော်ရဲ့ အင်အားကို အပြင်လူ တွေ ထက် သူတို့ကိုယ်တိုင် ပိုသိပါတယ်။ သူ တို့ထဲမှာ ဘွားတော်နဲ့ မဟာမိတ်ပြုထားနိုင် သူကသာ အသာစီးရမှာမို့ အခုချိန်မှာ ထမင်း စားမလာရဲ စကားစမြည် မပြောရဲတဲ့သူတွေ ဟာ အဲသည်အ ချိန်ရောက်ရင် ဘွားတော်အိမ် ကို နောက်ဖေးပေါက်က တက်ရတက်ရ တက် မယ့်သူချည်းပါပဲ။ တကယ်လို့များ သမ္မတကြီး နဲ့ ဥက္ကဋ္ဌကြီးနှစ်ပါးက ဘွားတော်နဲ့ မဟာမိတ် ဖြစ်သွားရင် ကာချုပ်ကြီး တစ်ယောက်တည်း တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ သူ့သက်တမ်းက ပင်စင်နီးပြီဟာကို။
ဘွားတော်တက်လာရင် ငါတို့ ပိုင်ဆိုင်မှု တွေ အကုန်ုသိမ်း၊ ငါတို့လည်း ထောင်ထဲ ဝင်ရမှာပဲလို့ ထိတ်လန့်စိုးရိမ်နေတဲ့ သူတွေ အတွက် ဘွားတော်ကို ခဏလောက် ဖယ် ကြည့်လိုက်ရအောင်။ ဘွားတော် မရှိတော့ရင် သူတို့ အသက်အိုးအိမ် စည်းစိမ်တွေ ပိုလုံခြုံ သွားမယ်လို့ ထင်သလား။ နောက်အသစ်တက် မယ့် သူတိုင်းသူတိုင်းဟာ အရင်လူ ပိုင်ဆိုင် သမျှ မရမက လိုက်သိမ်းဖို့ချည့်ပဲ ရှိမယ်။ တစ်နိုင်ငံလုံးစည်းစိမ် သူတို့ဆီပဲရှိတာလေ။ တစ်တိုင်းပြည်လုံး ချွတ်ခြုံကျနေမှ။ မြေတောင် သိမ်းစရာ မရှိတော့ဘူး။ အားလုံးကို သိမ်း ပစ်ခဲ့လို့ ဦးသိမ်းစိန် ဟုခေါ်သည်တဲ့။ သူတို့ပဲ ပြောကြ တာလေ။ ဘွားတော်ရှိနေတဲ့အတွက် ကိုယ်တို့တိုင်းပြည်ကို နိုင်ငံတကာက စိတ်ဝင် တစား ကြည့်နေတာ။ ဒါကြောင့်မို့ ဘယ်အစိုးရ တက်တက် စည်းလွတ်ဘောင်လွတ် မတရား သဖြင့် လုပ်လို့ မရဘူး။
ဘွားတော်ကို ဖယ်လိုက်ရင် ကျန်တဲ့လေး ယောက်ဟာ အချင်းချင်းတွေမို့ မြွေမြွေချင်း ခြေမြင်ပြီး သား။ အတွင်းသိ အစင်းသိ။ ဘုံရန် သူ မရှိတော့တာနဲ့ သူတို့တစ်တွေ မိတ်ဆွေ ဘ၀က ရပ်စဲ သွားပြီ။ အခု သည်လောက် တည့် နေတယ်ဆိုတာ ငါတို့ချင်းမတည့်ရင် ဟိုမိန်းမကြီး သရဖူဆောင်း သွားမယ်ဆိုပြီး အချင်း ချင်း အောင့်ကာနမ်းနေကြတာ။ မျက်နှာလွှဲ လိုက်တာနဲ့ တထွီထွီ တထွမ်ထွမ်။ ဘွားတော် ကို ဖယ်လိုက်ရင် သူတို့အတူ ရပ်တည်စရာ common ground မရှိတော့ဘူး။ တစ်ဗိုလ်စီ တစ်မင်းစီ ပဲ။ ကြည့်ကောင်းလိုက်မယ့်ပွဲ။
ကိုယ်မှ မရှိတဲ့နောက် တော့ ဘာကြီးဖြစ်နေနေ အရေးကြီးလို့လား ဗျာ။ အရေးကြီးတာက ကိုယ်မှ သေရတော့ မယ်ဆိုရင် ကိုယ့်နောက်ပါမှာလေးကို လုပ်ချင် တာပေါ့။ ဒါလည်း ကိုယ့်ဆရာကြီးရဲ့ ဩဝါဒ စကားနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ ဆရာကြီး ပြောတာက ကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်ခဲ့ လုပ်ခဲ့ သေခါနီးအချိန်မှာ ပြုတဲ့ကုသိုလ် ကံလောက် အကျိုးပေးမသန်ဘူး။ သေခါနီး မှာပြုတဲ့ ကုသိုလ်ကံဟာ စုတေစိတ်နဲ့ အနီး ဆုံးမှာ ရှိနေတဲ့အတွက် နီးစပ်မှု အရှိန်အဟုန် က ဟုန်းခနဲ တောက်စေတယ်တဲ့။ ဒါကြောင့် မို့ လူဆိုတာ အသက်ကြီးလာရင်၊ သေခါနီး လာရင် ကုသိုလ်ကောင်းမှုတွေ ထုံနေအောင် ပြုပေးရသတဲ့။
တကယ်လို့များ အခွင့်ရမယ်ဆိုရင် ကိုယ်တို့ ဘိုးတော်များကို ရွှေနားတော် သွင်းချင်ပါတယ်။ အပွင့်တွေ ဆိုင်ချင်ဆိုင် မ ဆိုင်ချင်နေ။ မတော်လို့များ နောင်ဘ၀ကျ လူ လာဖြစ်သည်ရှိသော် ကိုယ်တို့အနာဂတ် မြန် မာပြည်ကြီးမှာ ဘယ်လိုနေရာ ဘယ်လိုအရပ် က နိုင်ငံသားကလေးတွေ ဖြစ်ချင်ကြသလဲ။ ပညာရေး ကျန်းမာရေး၊ စီးပွားရေး ဘယ်အ ဆင့်လောက် ရှိနေစေချင်သလဲ။ ဗုဒ္ဓသာသနာ တော်ကြီးကိုရော အသေခံ ဗုံးခွဲပြီး ကာကွယ်ယူ ချင်သေးလား။ ကိုယ့်စိတ်ထဲ ဖြစ်စေချင်တဲ့ ပုံစံကလေး ခန့်မှန်းကြည့်ခဲ့စမ်းပါဗျာ။ အဲ့ဒါတွေ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် တမလွန်မှာ စိတ်တိုင်း ကျ ပြန်လည်ကြီးပြင်းခွင့် ရမယ့်အပြင် အဲသည် ကုသိုလ်ကံ စေတနာအဟုန်ကြောင့် လက်ရှိဘ၀မှာလည်း အသက်ရှည်ရာ အနာ မဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှု မင်္ဂလာ ဖြစ်ရ မည်မှာ သေချာသည်ပလေ။
ငွေစန်းရောင်
The Ladies News Journal
ဆက်ဖတ်ရန်
ကန်စွန်းရွက်သည် အမျိုးသားရေးသစ္စာဖောက်ဖြစ်၏
 ကန်စွန်းရွက်သည် အမျိုးသားရေးသစ္စာဖောက်ဖြစ်၏
သရော်စာ - မင်းဒင်
ကျွန်ုပ်ကဲ့သို့ စိတ်ဓာတ်ရေးရာ၌ သူမတူ အောင် မာကျောကြံ့ခိုင်ပြီး မတစ်ထောင် တစ် ကောင်ဘွား ယောက်ျားဇာနည်ဟုပင် တင် စားရလောက်သူ တစ်ဦးသည် အစားအသောက် အရာ၌ ဇီဇာကြောင်လှသည်ဟူသော အချက် ကို စာဖတ်သူတို့ သိရှိကြပါမူ လွန်စွာအံ့အား သင့်ဖွယ်ဖြစ်ပေလိမ့်မည်။ ထိုမျှမက ကျွန်ုပ် စွဲလမ်းနှစ်သက်သော အစားအစာ အမျိုးအ စားကို ထပ်မံသိရှိကြလျှင် မူကား ပြုံးစစ ဖြစ် ကြမည်မှာ မုချမချွတ် သေချာလှပေ၏။ အ ဘယ်ကြောင့် ဆိုသော် ဤဘဒ္ဒမြေပြင်တွင် ကျွန်ုပ်အစွဲလမ်းဆုံးအရာကား ကန်စွန်းရွက် ဟင်းလျာဖြစ်၍ ကန်စွန်းရွက်မပါလျှင် ထမင်း မျိုမကျသည် အထိ ဖြစ်လေ့ရှိသော ကန်စွန်း ရွက်ချစ်သူ ဖြစ်ခြင်းကြောင့်ပေတည်း။
ကျွန်ုပ်ကား ကန်စွန်းရွက်ပါဝင်သည့် မည် သည့်ဟင်းလျာကိုမဆို ကြိုက်နှစ်သက် သည် ချည်းဖြစ်ပါ၏။ ကန်စွန်းရွက်ကြော်၊ ကန်စွန်း ရွက်ချဉ်ရည်၊ ကန်စွန်းရွက် တို့စရာတို့အပြင် ယုတ်စွအဆုံး ကန်စွန်းရွက်သုပ်ပင် ပါဝင် ချေ၏။ ရေကန်စွန်း၊ ကုန်းကန်စွန်း၊ ရိုးနီကန် စွန်း၊ ရိုးပွကန်စွန်း၊ တောကန်စွန်း၊ မြို့ကန် စွန်း၊ မြန်မာ ကန်စွန်း၊ တရုတ်ကန်စွန်းသာမက ဥရောပအမေရိကန် ကန်စွန်းတိုင်အောင် ကန် စွန်းဆိုရင် လာခဲ့ဆိုသည့်အစားထဲက ဖြစ်ချေ သည်။
ပုထုဇဉ်ဟူသည် တဏှာမာနဒိဋ္ဌိတည်း ဟူသော အကြောင်းတရားတို့ကြောင့် အစွဲ တရားမကင်း ထင်ရာမြင်ရာ တပ်မက်တတ် ကြလေရာ ကန်စွန်းရွက်ကိုမှ ထူးခြားစွာ နှစ် ခြိုက်မိသည့် ကျွန်ုပ်၏ စရိုက်ကို အတူနေ တပည့်များ သိစကသော် အဘယ်ကြောင့် ထိုသို့စွဲလမ်းရကြောင်း သိလိုလွန်းလှသဖြင့် အကြိမ်ကြိမ် အထပ်ထပ် စပ်စုခဲ့သော်ငြား ကျွန်ုပ်အနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ရှင်းလင်း မှုမပြုဘဲ ခပ်မဆိတ်သာနေခဲ့လေသည်။ စင် စစ်ကန်စွန်းရွက် စားသုံးခြင်း၏ ကောင်းကျိုး ကို အကျယ်တဝင့် ရှင်းပြခဲ့လျှင် အသိဉာဏ် နုံနဲ့လှသော တပည့်တို့အနေဖြင့် လက်ခံနား လည်နိုင်စရာ အကြောင်းမမြင်သောကြောင့် ဖြစ်၏။
(နှစ်)
ဆေးအဘိဓာန်ကျမ်းကြီးများ၌ -
ကန်စွန်းရွက်သည် ချိုငန်သော ရသရှိ ၏။ အေး၏။ နို့နှင့် သုက်ကို ပွားစေတတ် ၏။ ဝမ်းမီးကိုလည်း ဖြောင့်စေတတ်၏။ ရူးသွပ် သောအနာ သည်းခြေနှင့် ယှဉ်သော အနာတို့ ကို နိုင်၏။ ငန်းမန်းရှိသော အနာကို ဘူးရွက် များနှင့် ရောစပ် ၍ ရေစိမ်ပြီး အနာကိုဆွတ် လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင် ၏။ ရေ ၌ဖြစ်သော ပိုးတို့ကိုပယ်တတ်၏။ နူနာရောဂါ ၌ အကျိုးပြု၏။
ကာမစိတ်ကို ထက်သန်စေ၏။ လေသ လိပ်ကို ဖြစ်စေ၏။ ကန်စွန်းရွက် မှ ညှစ် ၍ရ သော အရည်(သတ္တုရည်)သည် မီးလောင်နာ၊ ရေငတ်၊ ဆီးနှင့် ပတ်သက်သော ရောဂါတို့ကို ပျောက်ကင်းစေ၏။ ရက်ချန်ဖျား သန္နိပါတ် ဖျားတို့ ၌ပေး ရ၏။ ဘိန်းနှင့်စိန် အဆိပ်တောက် များကိုလည်း ပြေစေ၏။ သွေး ဝမ်းရောဂါ ၌ အရွက်ကို ဟင်းချက်စားသော် သွေးဝမ်းကို ရပ်တန့်စေ၏။ အလွန်ပူလောင်ခြင်းကို ပျောက် စေ၏။ ၎င်းပြင် အန်ဆေး၊ ပိုး၊ ဝမ်းဗိုက်ရောင် အဖျား၊ ဝါသင့်နာ၊ ချောင်းဆိုး အသည်းနှင့် စပ်သော ရောဂါတို့၌လည်း အကျိုးပြု ၏။ ၎င်း၏အရိုးသည် ပူပန်သော အနာကိုငြိမ်းစေ ၏။ သည်းခြေကို မပွားစေ တတ်။ လေသက် လေကျ၍ လေရ၏ဟု ဆိုထား၏။
ထို့အတူ ရသ ဓာတုကျမ်း၊ နယရာသီ ကျမ်း၊ နယဩသဓကျမ်း၊ ဥတုရသာဆေး ကျမ်း၊ ဓာတုစိန္တာဆေးကျမ်းအစရှိသည့် ဆေးကျမ်း အစောင်စောင်တို့တွင် လည်းကောင်း၊ ကန် စွန်းရွက်၏ များမြောင်လှစွာသော အကျိုး အာနိသင် ကို ဖော်ပြထားပေရာ စာလေးအံ့ ထင်၍ ဤနေရာတွင် မဖော်ပြလိုတော့ပြီ။ (အကျယ်ကိုသိလိုပါမူ ၁၉၇၁ ခုနှစ်တွင် တ ကောင်းစာအုပ်တိုက်မှ ထုတ်ဝေသော နှစ်ပေါင်း ၂၀၀ ဆေးပညာစာအုပ် ခွေးဆောင်ကုထုံး ကျမ်းတွင် ရှုလေ)။ ခွေးဆောင်ဟူသည်ကား ရွာအမည်ဖြစ်၍ မန္တလေးတိုင်း၊ တံတားဦးမြို့ နယ်တွင် တည်ရှိသည်။ ခွေးဆောင်ကုထုံးကို ၎င်းရွာဇာတိ သမားတော်ကြီး ဦးမြတ်ထွန်းက ဆင်ဖြူရှင်မင်းတရားထံ ဆက်သွင်းခဲ့ဖူးသည် (ဤကားစကားချပ်)
သို့သော် ကျွန်ုပ်အနေဖြင့် ကန်စွန်းရွက်ကို စွဲလမ်းရခြင်းအကြောင်းရင်းခံကား ထိုထိုသော ဆေးကျမ်းကြီးတို့ကို ဖတ်ရှုနားလည် ဆင် ခြင်ခဲ့မိခြင်းကြောင့်မူကား မဟုတ်ပြန်ချေ။
(သုံး)
ကျွန်ုပ်ကန်စွန်းရွက် ခရေဇီဖြစ်ခဲ့ရခြင်းမှာ လွန်ခဲ့သော အနှစ်ငါးဆယ်ကျော် ကျွန်ုပ် တို့ မိသားစု ရန်ကုန်ခေါ် ရွှေဂုံမြို့ကြီးဆီသို့ စတင် ခြေချ ရောက် ရှိစ ကာလ မှ အစပြုခဲ့ခြင်းဖြစ် လေသည်။ တိတိကျကျဆိုရလျှင် ကျွန်ုပ် မွေးဖွား ချက်မြှုပ် ခဲ့ရာ မှိုက်ပင်ရွာ၊ အညာမြေ မှာ ကန်စွန်းရွက် မရှိလေ။ ရွှေဂုံမြို့ကြီး ဆီသို့ အရောက် ဖခင်ကြီးကိုယ်တိုင် စီမံချက်ပြုတ် လေသည့် ရန်ကုန်ဟင်းလျာ အမျိုးမျိုးတွင် တရုတ်ကန်စွန်းရွက် အရိုးပွပွကြီးအကြော်ကို ကျွန်ုပ် ပထမဆုံး အကြိမ် မြည်းစမ်းမိသောအ ခါ ဆွေမျိုးမေ့လုမတတ် စွဲမက်ဖွယ်အရသာ ထူးကြောင့် ကန်စွန်းရွက်ကို စတင်စုံမက်ခဲ့ ခြင်းဖြစ်ချေ၏။
ထိုမှသည် အချိန်တန် အရွယ်ရောက် လူလားမြောက်ခဲ့ပြန် ရာ ယောက်ျားကောင်း တို့ တတ်မြောက် အပ်သည့် အဋ္ဌာရဿ တစ် ဆယ့်ရှစ်ရပ် တွင် ပါဝင်သည့် ကေတုတည်းဟူ သော သံတမန် အတတ်ဖြင့် ပြည့် စုံသောကြောင့် အပေါင်းအသင်း ဝင်ဆံ့လာသောအခါတွင် လည်း ကာလူးတည်း ဟူသော ယမကာကို သောက်တတ်စားတတ်လာပြန်ရာ အဆိပ် ကို နိုင်သည့် ကန်စွန်းပလိန်းကြော်သည် မရှိမဖြစ် တွဲဖက်အပ်သော အမြည်းဘောဇနာ အဖြစ် ပါဝင်လာခဲ့ပြန်သည်။
ထို့သို့လျှင် နုပျိုစဉ်ဘ၀က ညတိုင်း ရေ ချိန်များတတ်နေသော ကျွန်ုပ်သည် အသက် ဉာဏ်စောင့်ဟူသော ဆိုရိုးနှင့်အညီ ကန်စွန်း ရွက်ကို အစဉ်တစိုက် စားသုံးရာမှ မသိမသာ စွဲလမ်းလာခဲ့ရာ ယိုးဒယားပြည်၊ ဖူးခက်မြို့သို့ ရောက် ရှိခဲ့ချိန်တိုင်အောင် ဖြစ်၏။ သို့သော် ဖူးခက်မည်မှတ် ဤအရပ်ကား ကြက်ဝက် ငါး စသည်တို့ ပေါများလှသော်ငြား အသီးအရွက် ရှားပါးလှသော အရပ်ဖြစ်လေ ရာ ကန်စွန်းရွက် ကြော်သည် ဈေးနှုန်းမြင့် ဟင်းလျာစာရင်းဝင် လေသည်။ မှတ်သားဖွယ်ရာအဖြစ် ဖော်ပြရ ပါမူ၊ ဖူးခက်မြို့ရှိ ခေတ်မီဟိုတယ်တို့၌ ကန် စွန်းရွက်ကြော်တစ်ပွဲသည် ထိုင်းဘတ် ၁၅၀၊ မြန်မာငွေအားဖြင့် ကျပ်ငါးထောင်နီးပါး ကျ သင့်သည်ဟူ၏။
ကျွန်ုပ်ကား ယင်းအခက်အခဲ ကို ဖြေရှင်း ရန် တလစွတ်၊ တလနပ်စသော ဈေး တကာ တွင် ကန်စွန်းရွက်ကို ကိုယ်တိုင်ဝယ်ကာ အိမ် တွင် ကိုယ်တိုင်ချက်ပြုတ် သည့်နည်းဖြင့် ကျော် လွှားခဲ့ရာ အတူနေတပည့်တို့မှာ ကန်စွန်းရွက် ဟေ့ ဆိုလျှင် လေသံပင်မကြားချင် လောက် အောင်ရှိချေပြီ။ ဆြာသမားမို့သာ မလှန်ရဲ သည်ထင့်။ ရှေ့တွင်ရော ကွယ်ရာတွင်ပါ မကြားတကြား၊ မကျေ မချမ်း လေသံပစ်ကြ သည်ကား၊ နေနှင့်ဦးပေါ့ဗျာ။ ဒီလောက် ကန် စွန်းရွက် တန်းတန်းစွဲတဲ့ဘိုးတော်ကြီး ဗမာပြည် ပြန်ရောက်မှ ကန်စွန်းရွက်တွေချည်း အန် ထွက်အောင် ကြွေးလိုက်ဦးမယ်” ဟူချေသည် တစ်မုံ့။
(လေး)
လွန်ခဲ့သောရက်ပိုင်းကမူ ကျွန်ုပ်တို့ ဆြာ တပည့်တစ်သိုက်သည် ရန်ကုန်မြို့နေ အလွန် တရာ ခင်မင်ရင်းနှီးလှသော မိတ်ဆွေရင်းချာ တစ်ဦး၏ စရိတ်စိုက်ထုတ် ပင့်ဖိတ်မှုကြောင့် ကိုယ့်အရပ်ကိုယ့်ဌာနီ လွမ်းဆွတ်သတိရ နေ ကြသူများ ပီပီ ရွှေဂုံသို့အလည်အပတ် ရောက် ခဲ့ကြပါ၏။ လူကုံထံမိတ်ဆွေကား သူ၏ခမ်း နားကြီးကျယ်လှသော ကိုယ်ပိုင်တိုက်ကြီးတွင် တည်းခိုစေ လျက် ကောင်းပေ့ညွှန့်ပေ ဆိုသည့် အစားအသောက်မျိုးစုံနှင့် နေ့ညဥ့်မလပ် ဧည့်ခံ ပြုစုသော်ငြား၊ ကန်စွန်းရွက်ဟင်းလျာ မပါ သည်ဖြစ်၍ ကျွန်ုပ်မတင်းတိမ်လေ။
ကျွန်ုပ် - ကြံကြစမ်းပါဦး တပည့်တို့။ ဟင်း အမယ်တွေ စုံလှပေမင့်၊ ကန်စွန်းရွက် မပါလေ တော့ အာသာမပြေဘူးထင်မိတယ်။
ကပ္ပလီ - ဟာ၊ ဟုတ်သားပဲဆြာ။ တပည့် တို့လည်း ဆြာ့အကြိုက် ကို မေ့နေ ပါပကော။
လေမင်းသား - အပြင်စားသောက်ဆိုင် တစ်ဆိုင်ဆိုင် သွားကြစို့ဆြာ။ ဆြာ အန်ထွက် အောင် အဲ ... စိတ်တိုင်းကျ ကြိတ်နိုင် အောင် တပည့်တို့ဒကာ ခံပါ့မယ်။
ဖေကြည် - သုံးပွဲသာ တစ်ပြိုင်တည်းစား ပါဆြာ။ ဆြာရင်း တပည့်ရင်းတွေ ဘာမှ အား နာပါးနာ လုပ်နေစရာမလိုဘူးနော်။
တပည့်တို့ကား ဆြာသမားအား အရွဲ့တိုက် လက်စားချေလိုဟန်ရှိသော်လည်း ကျွန်ုပ်မှာ မူ ဖိုးကျိုင်းတုပ်ဖြစ်လျက် အူမြူးရ၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ ဆြာတပည့်သုံးယောက် သား ရန်ကင်းမြို့နယ်ရှိ ကိုခိုင်ကြီး စားသောက် ဆိုင်ဆီသို့ ချီတက်ကြပြီးသကာလ ချစ်လှ စွာသော တပည့်များ သည် ကျွန်ုပ်တစ်ဦးတည်း အတွက် ကန်စွန်းပလိန်းကြော် သုံးပွဲကို စေ တနာ ဗလပွဖြင့် တစ်ချီတည်း မှာယူလေ၏။ သင်းတို့ ကိုယ်တိုင်အတွက်မူ အယ်လ်ပိုင်း သောက်ရေသန့် တစ်ဘူးစီဖြင့် ကိစ္စငြိမ်းကြ သည်။ ဆယ်မိနစ် ခန့် စောင့်ဆိုင်းပြီး ကျွန်ုပ်တို့ ရှိရာ စားပွဲဆီသို့ ကန်စွန်းပလိန်းကြော် သုံးပွဲ ရောက် လာချိန်တွင်မူ လေးဦးသား တအံ့တဩ မျက်လုံးမျက်ဆန်ပြူးလျက် ဟိုက်ခနဲ အာ မေဋိတ်သံ တစ်ပြိုင်တည်း ထွက်မိကြသည်။
ကန်းစွန်းရွက်ကြော်တစ်ပွဲတွင် ပါဝင်သည့် ကန်စွန်းရွက် ပမာဏမှာ နှစ်ညွှန့်စာ ထက် မပို ချေ။ ဈေးနှုန်းကား ကြီးမြင့်လှသည်။ ဤပုံ မျိုးဖြင့်သာ ကျွန်ုပ် ကန်စွန်း ပလိန်းကြော် အဝ ကြိတ်ရလျှင် တပည့်ကျော်တို့ ဖူးခက်မြို့တွင် နှစ်ရှည် ကျွန်ခံ ရပေလိမ့်မည်။ အတန်ကြွယ်ဝ သော လူကုံထံစာရင်းဝင် ကျွန်ုပ်ပင်လျှင် စည်း စိမ်ပြုတ်လောက်ချေ၏။
နံကြားမျှ မကပ်လေသော ကန်စွန်းရွက် ကြော်သုံးပွဲကို အမြန်လက်စသိမ်း ၍ ကောင်တာတွင် ငွေရှင်းရင်း ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူ သည့် ကိုမင်းဝေ အမည်ရှိ လူငယ်အား အ ကျိုးအကြောင်း မသိမသာ တီးခေါက်ကြည့်မိ ရာ ]ဆရာတို့ကြည့်ရတာ ဗမာပြည်မှာ နေကြ တာမဟုတ်ဘူးထင်ပါရဲ့။ ရန်ကုန်မှာ ကန်စွန်း ရွက်ဈေးတွေ ခေါင်ခိုက်နေပြီခင်ဗျ။ ဝယ်သူ နည်းမှာစိုးလို့ ဈေးတက်ပြီး မရောင်းပေမယ့် ပမာဏတော့ နည်းနည်း လျှော့ထည့်ရတယ်။ ဒါမှ ကိုက်တာလေ” ဟု အားတုံ့အားနာလေ သံဖြင့် ယဉ်ကျေးစွာ ရှင်းပြရှာသည်။
ဆြာတပည့်လေးဦးသား အသံတိတ် အ မြီးကုပ်လျက် ဆိုင်အတွင်းမှ ပြန်ထွက် လာကြ ချိန်တွင် ဗမာပြည်ကြီးနှင့် ရန်ကုန်မြို့ကြီး၏ အခြေအနေအရပ်ရပ်ကို စနည်းနာရန်အလို့ ငှာ လမ်းတွင်တွေ့မိသမျှ သူတို့အား တီး ခေါက် စုံစမ်းမေးမြန်း ရလေတော့သည်။
(ငါး)
ကျွန်ုပ်တို့ စုံစမ်းသိရှိရသမျှ ရန်ကုန်မြို့ တွင် ကန်စွန်းခင်းများ ဖျက်သိမ်းနေသော ကြောင့် ကန်စွန်းရွက်ဈေး ခုန်တက်ရခြင်းဖြစ် သည်ဟု ဆိုပါသည်။ စီမံကိန်းအချို့ကြောင့် ကန်စွန်းခင်းအချို့ကို ဖျက်သိမ်းနေပြီး ထပ်မံ ၍လည်း ဖျက်သိမ်းရန်ရှိသောကြောင့် ကန်စွန်း ခင်းရှားပါးလာကာ ကန်စွန်း ရွက် ဈေးနှုန်း မြင့်တက်လာကြောင်း သိရ၏။
ကန်စွန်းခင်းပိုင်ရှင်ဟောင်း ဦးမြင့်ရွှေ က မူ သုံးလအတွင်း ကန်စွန်းခင်း ဧကနှစ်ရာခန့် ဖျက်သိမ်းပေးခဲ့ရကြောင်း၊ မြောက်ဥက္ကလာပ တွင် ကန်စွန်းခင်း မရှိသလောက်ဖြစ်နေပြီး ကိုယ်ပိုင်မြေ မဟုတ်သည့်အတွက် ကိုယ့်ကန် စွန်းတွေ ကို ဖျက်ဆီးသွားခြင်းကို လက်ပိုက် ကြည့်နေခဲ့ရကြောင်း နာကြည်းကြေကွဲ စွာ ရင်ဖွင့်ရှာ၏။
ကန်စွန်းခင်းများ ရှားပါးလာသောကြောင့် ကန်စွန်းဈေးမှာလည်း ယခု သုံးလ အတွင်း သုံးဆခန့် မြင့်တက်လာခဲ့သည်။ ဈေးအချို့ တွင် သုံးစည်းလျှင် ကျပ် တစ်ထောင်နှုန်းရှိနေ ပြီး ယခင်က ဈေးငယ်များ၌ တစ်စည်းတစ်ရာ သာ ပေး ရသော်လည်း တဖြည်းဖြည်းဈေးတက် လာကာ ယခုအခါ တစ်စီးသုံးရာခန့်ဖြင့် ဝယ် ယူရသည်ဟု ရွှေပြည်သာနေ ဒေါ်အေးအေး ပွင့်ဆိုသူ အိမ်ရှင်မတစ်ဦးက ညည်းညူမြည် တမ်းသည်။
အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းရှိ ကန် စွန်းခင်းများကို ဖယ်ရှားရန် စီမံချက် ရှိသည့် အကြောင်း အရှေ့ပိုင်းခရိုင်လမ်းနှင့် တံတား အဖွဲ့မှ အင်ဂျင်နီယာ ဒေါ်ချိုချိုသန်းက ပြော သည်။
]ကန်စွန်းရွက် ဈေးကြီးလာတယ်ဆိုပေ မယ့် မတတ်နိုင်ဘူးလေ။ ကိုယ်လည်း ကန် စွန်းကြိုက်တာပဲ” ဟု ဒေါ်ချိုချိုသန်းက အား တင်းသံဖြင့် ဆိုသည်။
မြောက်ဥက္ကလာပနေ ဒေါ်ပူစူးမ၏ ကန် စွန်းရွက်အပေါ် သဘောထားမှာ မချိတင်ကဲ လေသံစွက်လျက်ရှိ၏။
]ကန်စွန်းရွက်က အခုသူဌေး စာဖြစ်နေ ပြီ။ တစ်စည်းတည်းနဲ့လည်း ဟင်းမဖြစ်ဘူး။ တစ်မိသားစုလုံးအတွက်ဆို သုံးစည်းလောက် မှ လောက်တာ။ ကန်စွန်းရွက်ဆိုတာ အခြေခံ အကျဆုံး အစားအစာလေ။ ကန်စွန်းရွက်မှ ဈေးတက်နေရင် ဘာသွားစားရမလဲ။ အသား၊ ငါးတွေကလည်း ဈေးတက်နေတာ”
(ခြောက်)
တို့တိုင်းဌာနီမြန်မာပြည်သည် အဘယ် စနစ်ကြီးဖြင့် ရှေ့ခရီး ဆက်နေကြ ပါသနည်း။ ကန်စွန်းရွက်သော်မျှ ၀၀လင်လင် မစားနိုင် လေ သည့် ခေတ် သစ်ကြီးဆီသို့ ရောက်နေ လေပြီတကား။ ကျွန်ုပ်၏ဘ၀တွင် ကန်စွန်းရွက် ကိုဆက်၍ ယုံကြည်အားကိုးရန် မဖြစ်နိုင်တော့ ချေ။ ကန်စွန်းရွက်အပေါ် ထားရှိခဲ့သော သ ဘောထားကို ပြန်လည်ဆန်းစစ်ရန် လိုအပ် လာချေပြီ။ ကန်စွန်းရွက်ကား အခြေခံလူတန်း စားနှင့် ကင်းကွာခဲ့လေပြီဖြစ် ၍ နွယ် တစ်မျှင် မြက်တစ်ပင်လို သံယောဇဉ်ကိုဖြတ်မှသာ တော်ချေရော့မည်။
ကျွန်ုပ်တို့ ဆြာတပည့် တစ်သိုက်သည် မရောက်သည်မှာ အတော်ကြာပြီဖြစ်သော ရန်ကုန်မြို့ကြီးကို ဟိုဟိုဒီဒီ လျှောက်ကြည့် လမ်းသလားကြ ရင်း အပြန်ခရီးတွင် ငယ်ဘ၀ အောက်မေ့ဖွယ်အဖြစ် ရန်ကုန်ဘူတာကြီးမှ သည် တည်းခိုသည့်အိမ်ရှိရာ ကမာရွတ် ဘူ တာဆီသို့ မြို့ပတ်ရထားစီးကာ ပြန်ခဲ့ကြ၏။ တစ်ဘူတာပြီး တစ်ဘူတာ ကျော်ဖြတ် လာပြီး နောက် လှည်းတန်းဘူတာကို လွန်မြောက် လေသော် ဟိုခေတ် ဟိုအခါကဆီက ကန်စွန်း ခင်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည့် ဆင်မလိုက် သင်္ဘောကျင်းနှင့်မီးရထားလမ်းအကြား ဧရာမ မြေကွက်ကြီး တွင် ခေတ်မီ အိမ်ရာတို့ အစား ထိုး နေရာယူလျက်ရှိလေသည်။
ထိုကန်စွန်းခင်း နေရာဟောင်းကြီး ကို ငေး မျှော်ကြည့်ရှုနေမိသော ကျွန်ုပ်သည် တွေးရင်း တွေးရင်း ဝမ်းနည်းစိတ်ဝင်လာ၏။ ကန်စွန်းရွက် သာအမိ၊ ကန်စွန်းရွက်သာ အဖဟူ၍ ထင် မှတ်မှားခဲ့သော ကျွန်ုပ်၏ ဘ၀အဖြစ် ကို တွေး တောရင်း နာကြည်း ကြေကွဲမိသည့်နည်းတူ၊ အမိမြန်မာပြည်ကြီး အတွက် ယူကျုံးမရဖြစ်ရ လျက် တဂျုံးဂျုံး ခုတ်မောင်းနေသော မြို့ ပတ် ရထား ပေါ်မှာပင် အိနြေ္ဒမဆည်နိုင်ဘဲ ကြူ ကြူပါအောင် ရှိုက်ကြီးတငင် ငိုကြွေးမိလေ တော့၏။
ကန်စွန်းရွက်သည် အမျိုးသားရေးကိုသစ္စာ ဖောက်ခဲ့လေပြီတကား။
REF>>> မင်းဒင်
ဆက်ဖတ်ရန်
တဖက်ကန်းတွေ ဖတ်ဖို့စာ
 တဖက်ကန်းတွေ ဖတ်ဖို့စာ
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
အချို့သော လူတို့သည် လောဘ၊ဒေါသ၊ အတ္တ၊မာန စသော အကုသိုလ်အညစ်အကြေးတွေ ဖုံးပိတ်ကာဆီးထားခြင်းကြောင့် မိမိပြုလုပ်နေသော အကုသိုလ်အမှုများ၊မိမိကိုယ်ကို ပြန်ပြီးပျက်ဆီးဆုတ်ယုတ် အကျိုးမဲ့သော အကြောင်းတရားတွေကို သတိမထား အသိမ၀င်ပဲ လုပ်ကိုင်နေတတ်ကြပါတယ်။
မိမိ၏ အတ္တဆန္ဒနောက်ကိုလိုက်ပြီး မပြစ်မှားသင့်မပြစ်မှားထိုက်သော ပုဂ္ဂိုလ်တွေကို ပြစ်မှားစော်ကားတတ်ကြပါတယ်။ ကျမ္မာရေးကောင်းနေစဉ်၊ မာန၊အတ္တတံခွန်ထူနေချိန်မှာတော့ ပညာအသိတရာဖြင့် ဝေဘန်ဆန်းစစ်ခြင်းမရှိလျှင် မိမိ၏ ပြုလုပ်စော်ကားထားမှုကို မကောင်းမှုဟုပင်မမြင်ပဲ၊ အဟုတ်ကြီးထင် နေတတ်ကြပြီး၊ အိုးမင်းမစွမ်း၊စိတ်အလို လူမလိုက်နိုင်သော ဇရာထောင်သည့် အခါမှ နောင်တတဖန်ပူပန်မှု ကုက္ကုစ္စနှပ်စက်ကာ အပါယ်လေးဘုံကို ကျရောက်ကာ ပြင်လို့မရနိုင်သော နောင်တတရားများရင်ဝယ်ပိုက်လို့ ဘ၀ပါမက သံသရာပါ စုံစုံမြုပ်တတ်ကြပါတယ်။
မာန၊အတ္တတို့၏ စေခိုင်းမှုနောက်သို့လိုက်၍ တစ်ခဏသာ စိတ်အလိုလိုက်ပြီး ပြစ်မှားစော်ကား တစ်သံသရာလုံး ဆင်းရဲမှုဒုက္ခကို တွေ့ကြုံခံစားရမှာဖြစ်ပါတယ်။ မိမိပြုလုပ်သော အလုပ်အမှုဟာ မိမိကိုယ်ကိုပြန်ပြီး တူးဖြိုဖျက်ဆီးသည့် ပုံပမာကဲ့သို့ ဖြစ်ကြရ၏။ ထို့သို့ မိမိကိုယ်ကို ပြန်တိုးဖြိုးဖျက်ဆီးသကဲ့သို့ဖြစ်သည့် မပြစ်မှားသင့် မပြစ်မှားထိုက်သော သူတို့၏ သရုပ်ကို ဗုဒ္ဓမြတ်စွာက "အင်္ဂုတ္တရ၊ စတုက္ကနိပါတ၊ တဏှာယောဂ သုတ်"မှာ ဟောကြားထားတာရှိပါတယ်။
အတ္တမာန၊ ဆန္ဒနောက်လိုက်ပြီး သတိမထား အသိမပွားပဲ ပြစ်မှားမိလျှင် ပြုပြင်၍ မရရှိနိုင်သည့် နောင်တဆိုးများကို မရရှိရလေအောင် သတိဆောင်ကာ ရှောင်ရှားနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်.။
(၁) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား မိမိ၏ဖခင်အား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
(၂) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား မိမိ၏မိခင်အား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
(၃) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား သဗ္ဗညုတ မြတ်ဗုဒ္ဓအား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
(၄) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား မြတ်ဗုဒ္ဓ၏ တပည့်သား သံဃာတော်အရှင်သူမြတ်တို့အား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
အထက်ဖော်ပြပါ အပြစ်မှားမစော်ကားသင့်သော သူတို့အား မိမိတို့၏ တခဏသာ မာန၊အတ္တကို ရှေ့တန်းပြုကာ စော်ကားပြစ်မှားခြင်းမပြုလုပ်ကြပဲ "အကုလ်သိုလ်စိတ်အစုကို အသိပညာတခုဖြင့် ထိန်းသိမ်းနိုင်ကြပြီး"ပစ္စုပ္ပုန်၊သံသရာ၊ လောကီလောကုတ္တရာ နှစ်ဖြားသော နေရာတို့တွင် အကျိုးရှိ၊တန်ဖိုးရှိအောင် ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလျှက်။
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊ အိန္ဒိယ
ဆက်ဖတ်ရန်
သင့်ကလေးကိုထိခိုက်လွယ်သောစကားများ (မိဘများအတွက်)
 သင့်ကလေးကိုထိခိုက်လွယ်သောစကားများ (မိဘများအတွက်)
တစ်ခါတစ်လေ စကားတစ်ခွန်းကြောင့် ကလေးဘ၀တစ်ခုလုံးကို ထိခိုက်သွားတာမျိုး ရှိတတ်ပါတယ်။ အောက်ပါစကားများကို သင်ပြောမိတာမျိုး ရှိတတ်ပါသလား စမ်းစစ်နိုင်အောင်တင်ပေးလိုက်ပါတယ်။
၁။ အလကားကောင် အသုံးမကျတဲ့ကောင်
မိဘများအထူးဆင့်ခြင်သင့်ပါတယ်။ ကလေးဆိုတာမျိုးက မိဘရည်ညွန်းသလို ဖြစ်တတ်သွားပါတယ်။ အော..ငါ့အဖေကငါ့ကို အလကားကောင်လို့ပြောနေပါလား ငါတကယ်ပဲ အသုံးမကျတဲ့ကောင်ဖြစ်နေတာပဲ စသည်ဖြင့် ကလေးကိုအသိဝင်သွားစေ တတ်ပါတယ်။
၂။ မင်းပါးစပ်ပိတ်ထားစမ်း
မင်းပါးစပ်ပိတ်ထားစမ်း၊ မင်းဘာလို့မိဘစကားကိုနားမထောင်တာလဲ
စကားနားထောင်ခြင်းဆိုတာ နာခံခြင်းကိုကိုယ်စားပြုနေတတ်ပါတယ်။ တကယ်လို့ ကလေးကမိဘပြောတိုင်း ဒါအမှန်ပဲ၊ ငါ့အဖေအမေတောင်ဒီလိုပြောတာအကုန်လုံးမှန်တယ်လို့ အထင်ရောက်သွားစေခဲ့ရင် ကလေးစဉ်းစားဥာဏ်ထိုင်းသွားစေနိုင်ပါတယ်။ ကလေးကို ငြင်းဆိုခွင့် သူ့အမြင်သူတင်ပြပိုင်ခွင့် ပေးထားသင့်ပါတယ်။ ဖေဖေ ပြောတာ သားကောင်းဖို့အတွက်ဆိုပေမဲ့လို့ အားလုံးမှန်ချင်မှမှန်မှာ၊ သားပြန်စဉ်းစားကြည့်၊ မှန်တယ်ဆိုရင် လက္ခံလိုက်၊ ဖေဖေပြောတဲ့အတိုင်းလုပ်လိုက်၊ အဲလိုပြောရင် ကလေးကပိုလက္ခံတတ်ပြီး စဉ်းစားခိုင်းရာလည်းကျပါတယ်။
၃။ ငါမရဘူးဆိုရင် မရဘူးပဲ
မိဘသြဇာပြတာပါ။ မှားမှားမှန်မှန် ဒီအိမ်မှာ ဒါပြီးမှပြီးတယ်ဆိုတဲ့သဘော ဆောင်ပါတယ်။ တစ်ချက်လွတ် အမိန့်သုံးတတ်တဲ့မိဘမျိုး ပြောလေ့ရှိပါတယ်။ တစ်အိမ်သားလုံးကိုယ့်ကို ကြောက်နေတာမျိုးကို ဂုဏ်ယူတတ်တဲ့ လူစားမျိုး ဖြစ်နေတတ်ပါတယ်။ ကြောက်ခြင်းဟာ ယုံကြည်လေးစားခြင်းကို ကိုယ်စားလုံးဝမပြုတာကို သတိပြုသင့်ပါတယ်။
၎။ မင်းငါတို့ နဲ့ မဆိုင်တော့ဘူး၊ မင်းလုပ်ချင်သလိုလုပ်တော့
သားသမီးကို စိတ်ပျက်ပြီ ဆိုတဲ့သဘောမျိုးနဲ့ ပြောတဲ့စကားမျိုးပါ။ တစ်ခုခုကို လုပ်ခိုင်းလိုက်လို့ ကလေးကို ဘယ်လိုနည်းနဲ့မှ ဖျောင်းဖြလို့ မရတော့တဲ့ အခါမျိုး မှာသုံးစွဲတတ်ပါတယ်။ မိဘက ကိုယ့်ကို စိတ်ကုန်သွားပြီလို့ ကလေးအထင်ရောက် သွားစေပါတယ်။ ကလေးစိတ်ဓါတ်ကျလွယ်စေတတ်ပါတယ်။
၅။ မင်းအမှတ် (၁၀၀ ) ရရင် ဘာဘာဝယ်ပေးမယ်
အပေးအယူ လုပ်တာပါ။ မင်းငါ့ကို ဒါရအောင်လုပ်ပေးရင် မင်းကို ဒါလုပ်ပေးမယ်ဆိုတဲ့သဘောမျိုးကိုဆောင်ပါတယ်။အဲဒီအမှတ်မှ မရရင် ၀ယ်မပေးနိုင်တဲ့သဘော၊ မိဘက ၀ယ်မပေးချင်လို့ အဲလိုပြောတာမျိုး အထင်ရောက်သွားစေပါတယ်။ ကြိုးစားခြင်းဆိုတာ ကလေးရဲ့တာဝန်လို့ ကလေးကိုသိစေသင့်ပါတယ်။ မိဘအတွက်ကြိုးစားတာမျိုး မဖြစ်သင့်ပါဘူး။
၆။ ကလေးချင်းအတူတူပဲ မင်းဘာလို့သူများလောက်မထူးချွန်တာလဲ
ကလေးဆိုတာ ကိုယ့်အရည်အချင်း နဲ့ ကိုယ်ရှိတတ်တာမို့ သူများကလေးနဲ့ နိုင်းနိုင်းပြီး မဆုံးမသင့်ပါဘူး။ အခြားကလေးတွေ နဲ့ ခိုင်းနိုင်းပြီး ကလေးကိုဆုံးမတာလောက် ကလေးကိုစိတ်ထိခိုက်စေတာမျိုး မရှိတော့ပါဘူး..။
ဆင်ခြင်နိုင်ကြပါစေ..။
မျှဝေ...
ဆက်ဖတ်ရန်
မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်
ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း
အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်
ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ
မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကို
မျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်..။
ဆက်ဖတ်ရန်
ဝမ်းဗိုက်အဆီကို ပိုကျစေရန်
ဝမ်းဗိုက်အဆီချလိုသူ အမျိုးသားတွေအတွက် သတင်းကောင်းတစ်ပုဒ်ပါ။ ၀ိတ်မတာဟာ စက်ဘီးစီးတာ၊ ပြေးတာတွေထက် ၀မ်းဗိုက်အဆီကို ပိုကျစေတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။ သက်လတ်ပိုင်း အမျိုးသားတွေဟာ တစ်နေ့ကို ၀ိတ်မတဲ့လေ့ကျင့်ခန်း မိနစ်၂၀ ပုံမှန်လုပ်ပေးရင် ၀မ်းဗိုက်အဆီတွေ ကျလာပါလိမ့်မယ်။
အေရိုးဗစ် လှုပ်ရှားမှု လုပ်တာဟာ ၀ိတ်မတာလောက် ၀မ်းဗိုက်အဆီမကျပေမယ့် အဲဒီ့နှစ်ခုကို တွဲလုပ်တာဟာ ၀ိတ်မတာသက်သက် လုပ်သူတွေထက် အဆီပိုကျတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကို တိုင်းတာတာထက် ၀မ်းဗိုက်က အဆီအနည်းအများကို တိုင်းတာတာဟာ ပိုကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှုန ည်းလမ်းတစ်ရပ် ဖြစ်တယ်လို့ သုတေသီတွေက သတိပေးပြောကြားခဲ့ပါတယ်။ ၀ိတ်လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ နာမကျန်းဖြစ်မှုတွေကို ၃၄ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ပါးစေပြီး အထူးသဖြင့် ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်..။
ဆက်ဖတ်ရန်
ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး
ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး
၁။ မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။
၂။ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်
လှူပ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။
၃။ ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။
၎။ မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။
၅။ ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။
၆။ဘုရားဖူးတို့သည်ခက်ခဲစွာ တောတောင်လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။
၇။ ဘုရားဖူးတို့သည် ဖူးမ၀ဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။
၈။ ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။
၉။ နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများအဆင်းအတက် ဖွေးဖွေးရှိလျက်ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။
မြန်မာစွယ်စုံကျမ်း
ဆက်ဖတ်ရန်
Saturday, January 11, 2014
လောကထဲက ကမ္ဘာ
ကဗျာဟာ ကဗျာ
အမေဟာ အမေ သိတဲ့နောက်
ဒီကဗျာအစထဲက အမေဟာ
ကဗျာပြန်ဖောက် အမြစ်တွယ်လိုက်တယ်..။
လက်တစ်ပွေ့စာ ပင်လယ်ထဲ
အသားစ ရည်ကြည်ခပ်ပါးပါး
နူးနူးညံ့ညံ့ နွေးနွေးထွေးထွေး
အောက်စီဂျင် တစ်ဝက်
အစာတစ်ဝက်
ရေတစ်ဝက်
အချင်းတိုင်တွေ ဆက်သွယ်လိုက်တဲ့အခါ
မေတ္တာတရားတွေ ၀င်လာတယ်
ဒါ အမေပေါ့…။
တစိမ်းတရံသော ဗလာရဲ့လောက
လက်နှစ်သစ်စာ သေးသေးလေးတွေ
သံယောဇဉ်အမျှင်စု ဂရုဏာကွန်ယက်
အပြုံးစိမ်းစိမ်း မျက်ဝန်းရွှင်ရွှင်ထဲ
တဖြည်းဖြည်းထွားကျိုင်း
ဝစ္စနဲ့ဝေယျ လုံးကြီးတင်လိုက်တဲ့
မြင်းမိုရ်တောင်ခါးထစ်ခွင်လိုက်တဲ့ ဒီအရပ်
မျက်လုံးမှိတ်
တခစ်ခစ် တသိမ့်သိမ့်
လောကကဗျာ……
ဒါ ဟာ အမေပေါ့…..။
တစ်ချိန်က
မီးအိမ်တစ်လုံး ဘုရားသခင်တစ်ပါး
အိမ်ပေါက်စေ့ မေတ္တာမဝေနိုင်တဲ့အခါ
အမေဆိုတာ ထားခဲ့သတဲ့…..။
ဘယ်လိုတွေးတွေး ဘယ်လိုတုတု
မီးတွင်းနေသယံဇာတ
ချိုမြိန်ဖို့ ဘယ်သူမှဆုမပေးခဲ့ဘူး…..လေ…..။
သင်တို့မြင်ဖူးစ
ခါးပတ်လည်နာကျင်မှု
အသားအသွေးတွေ ကွာကျ လျောကျ
တစ်လှမ်းတစ်ခေါက်
သုံးခေါက်ရွယ်မျက်စောင်းအပြန်ကို
ရေတစ်ပေါက်သံကပဲ ကုစားပေးခဲ့ပေါ့….။
ဟော………..
မှော်ဝင်လက်တစ်စုံနဲ့ ချီမြှောက်လိုက်ကြ
ဆေးဖက်ဝင် အမြစ်တစ်ဖုံနဲ့ ပြုစုလိုက်ကြ
ရဲရဲတောက် အနူးညံ့ဆုံးဒိုင်းအကာနဲ့ ကာကွယ်လိုက်ကြ
ခယောင်း ဆူး ဓာတ်သတ္တုတွေတောင်မှ
အမှုန့်ဖြစ်သွားမယ့်
စကြ၀ဠာအနားသပ်တွေ
ဆိုစေဆို စေ
ပြည့်တန်ဆာလည်း အမေ
ဈေးသည်မလည်း အမေ
နူနာဝဲစွဲ လည်းအမေ…..။
အမေဟာ
ယက်လိုက်ကန်လိုက် သားတွေကိုချစ်တယ်
ခုန်လိုက်ဆွလိုက် သားတွေကိုချစ်တယ်
ပြေးပြေးလွားလွား သားတွေကိုချစ်တယ်
ချုချာ နူနာ သားတွေကိုချစ်တယ်
လူ့အန္ဓဂျိုး သားတွေကိုချစ်တယ်
မပြောပဲနဲ့…။
အမေဟာ
သားရယ်သံတွေ နားဝင်သည့်အခါတိုင်း
ရာလုံးပြည့်ပန်းတွေ ပွင့်တယ်
နတ်ရေစင် ၀မ်းမှာအေးတယ်
သိဒ္ဓိအဟာရ လွန်မြောက်တတ်တယ်
မတောင်းပဲနဲ့….။
အမေဟာ
လက်တံတိုတိုလေး ဂျိုင်းသိုင်းလိုက်တဲ့အခါ
လောကဓံကို ခပ်ဟဟရယ်မောပစ်ခဲ့
သားချော့တေး ရင်တီးသံအဖွင့်မှာ
ဆူးခြုံတွေ လက်ပွေ့ပန်းအသွင်ပြောင်းခဲ့
အပြောကျယ်ပင်လယ်ထဲ ကွန်ချက်မကျင့်ခင်
ပလူမွှေးပလူတောင် ဗီဇမရင့်ခင်
ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ က အစ
မာနကို သားတစ်လုတ်စာအတွက် လဲရင်လဲတယ်
သိက္ခာကို သားအရေခြုံဖို့ ချွတ်ရင်ချွတ်တယ်
ကိုယ်ကျင့်တရားဖျက်ချ
သားအတွက် မိုးရင်မိုးတယ်
ငွေသားပြည့် ဖန်ကြွေထဲ
အစုန်မြစ်တစ်စင်း လျှိုဝင်သွားခဲ့
ဒါ ဟာ အမေ…ပဲ…ပေါ့…။
ကာလသုံးပါး အပ်ပေါက်ရာမရှိ ဖာထေးနိုင်သူ
ဘယ်သူ….
သစ္စာလေးပါး ရက်လုပ်တတ်သူ
ဘယ်သူ….
ဘယ်သူ… ဟာ ရင်ဘတ်ထည်တွေကို
အနူးညံ့ဆုံး ရက်လုပ်ကြ ရစ်ပတ်ကြ
ရင်သွေးလို့ ခေါ်တဲ့ ဘယ်သူ့… ရဲ့ဘ၀တွေကို
အမြှောင်းမြှောင်းထအောင် လမ်းပြကြ
ထိပ်ဆုံးရောက်အောင် ထမ်းပိုးကြ
ဒါကြောင့်ပဲ ဘယ်သူ့… ဘ၀တွေက
ခြေနင်းလို ပေပွ ပင်ပန်း ကြမ်းတမ်း
ဘယ်သူ…တွေကပဲ ပျော်….နေ….ကြ…။
ကမ္ဘာပျက်
လက်တစ်စုံမပျက်မသုန်းရှိတယ်
မိုးပြို
ရင်ခွင်ကျယ်နားခိုစရာရှိတယ်
ပျက်စီးခြင်းအနတ္တဟာ
ခြေဦးတောင်မလှည့်နိုင်ခဲ့ ဒီအရပ်ဟာ
ကြယ်တာရာ ခြေအစုံနဲ့
ဝင်ထွက်သလား ဓားမရှိ
ခလုပ်မထိ မသိ မငြိ
အနန္တ ပရ  ပဒေသာ  ၅၂၈ ပျိုးခင်းကြီးတစ်ခုပေါ့….။
နိဂုံးမှာ
ကဗျာဟာ ကဗျာ
အမေဟာ အမေ သိတဲ့နောက်
ကဗျာအဆုံးက အမေဟာ
ကဗျာပြန်ဖောက် သောက်သုံးလိုက်တယ်….။
နေကောင်းကင်နီ 
ဆက်ဖတ်ရန်
" ငြိမ်းချမ်းပါစေ မြန်မာပြည် "
" ငြိမ်းချမ်းပါစေ မြန်မာပြည် "
ဘယ်သူရှို့လိုက်တဲ့ မီးလဲ
အမှိုက်ကစ ပြာဿဒ် တွေထိ..။
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ဖန်တစ်ရာတေ ခဲ့ဖူးတယ်
ကြားရေသောက်မြစ်တွေ မြေလှန်ဖူးတယ်
ငါတို့….
သူတို့ရိုက်ချိုးခဲ့တဲ့ ခြေထောက်နဲ့ ခုနှစ်ထွေ က ကဖူးတယ်
အရေခွံစုတ်ထားတဲ့ လက်ဗလာနဲ့
အနာခံ လက်သီးလက်မောင်းတန်းခဲ့ဘူးတယ်
သူတို့ပြန်သုတ်ပေးတဲ့ အိုးမည်း နဲ့ကျမှ
မျက်နှာချင်းတွေဆိုင် မပြီးနိုင်မဆုံးနိုင် ခွပ်လိုက်ကြတာလေ…။
တစ်ပတ်ပြန်လည်လာတဲ့ မနုဿယန္တရားကြီးကို လောင်စာဖြတ်ဖို့ မေတ္တာတရားတွေ ထိုးကျွေးလိုက်ပါသေးတယ်
တဖျစ်ဖျစ်မြည်လာတဲ့ တစ်ဖက်ကမ်းနှစ်ခုကို သံယောဇဉ်နဲ့ထုံး ချည်ဆိုင်းနေတုန်းပဲ…
အို…..
ညာပေးသံတွေ ခရာတုပ်သံတွေ……
မယားတကွဲ သားတကွဲ အဖေတကွဲ အမေတကွဲ
ရင်ဘတ်ကိုမှန်တဲ့ သတ္ထုပူပူတွေကြောင့် ကွဲ……
လယ်ယာတွေခွာခွဲ အိုးအိမ်တွေခွာခွဲ
ဝုန်းခနဲ မြည်ဟည်းသံတွေကြောင့် ခွဲ…
သေကွဲ ရှင်ကွဲ တစ်ဘ၀စာအတ္တမှန်းချက်ကြောင့် ကွဲရတာပဲ…။
မယုံနဲ့…..
ရေစီးကမ်းပြိုလိုက်နေတဲ့ စေတနာက အခွံဖြစ်မယ့် ကျည်ဆံတွေ
ဘုံးဗောလအော ပေးနေတာက သားပျောက်အမေရဲ့ ငိုသံတွေ
ဖွင့်ပေးတဲ့ လမ်းတွေက သေမင်းခံတွင်းဝထိ ဖြောင့်ဖြူး တောက်လျောက်…….
ရန်သူ…………ရန်သူ………
အော်သံအောက်….
နောက်……
နောက်…….
နောက်…….
ယမ်းခိုးနဲ့ ရောသွားမယ့် ငါတို့တိုင်းရင်းသား ၀ိဥာဉ်တွေ…။
ဒီလိုနဲ့ မနက်ခင်းတွေလည်း
သွေးညှီနံ့တွေ စွန်းနေတဲ့ တောင်ခြေလေးမှာ
သွေးတစ်ပုလင်းချိတ်ဆွဲ လှဲလျောင်းငြိမ်သက်လို့…
ဖုတ်လှိုက်ဖုတ်လှိုက်လေထုထဲ အသက်လုနေတဲ့ အသက်ရှုမ၀မှုတွေ
မျက်ရည်နဲ့ ချွေးတွေထမ်း ခံတပ်ပေါ်ရုန်းကန်စီးနေတဲ့ ရေနည်းချောင်းလေးတွေ
ဖရိုဖရဲပြားပြားဝပ် ပြားပြားမှောက်နေဆဲ အရိုးပေါ်အရေတင် တဲစုလေးတွေ
ကမ္ဘာမီးမလောင်ပဲ ချနင်းထားတဲ့ မလှပတဲ့ စုတ်ချက်တွေပေါ့…
ထင်ကျန်ခဲ့….. ထင်ကျန်ဆဲ……။
ဘာဆိုဘာမှ မပြင်ဆင်နိုင်သေးခင်မှာ
အမှောင်ထုက အမှောင်ထုကို သွားရည်တမြားမြား လျှာတသိမ်းသိမ်း
အမှားက အမှားပေါ် မျက်နှာဖုံးစွပ်ပြီးရင်း စွပ်... စွပ်......
ဖြစ်နေခဲ့……..ဖြစ်နေဆဲ……။
မီးစတစ်မှုတ် ရေတစ်မှုတ်လက်တွေနဲ့ မကမ်းကြပါနဲ့
ဟိုလူလဲကျ ငါ့သား ဟိုလူလဲကျ ငါ့အဖေ
တအုန်းအုန်းကျ ဒီမြေပြင် ရင်ဘတ်နာလွန်းလှပေါ့
အပင်းဆို့သလို ထမင်းတစ်လုပ် ပြားပြားဝပ်မစားပါရစေနဲ့
ဘီလူးစီးသလို ကြက်အိပ်ကြက်နိုးညတွေထက်
မိသားစုစုံတဲ့ ခြုံစောင်နွေးနွေးလေးကို တရေးနိုးစာလောက်သာအလိုရှိပါတယ်
လိုနေခဲ့….လိုနေဆဲ….ပါလေ…။
ဘာဆိုဘာမှမမျှော်လင့်ပါဘူး
အပျက်ပျက်နဲ့ထွက်တဲ့ နှာခေါင်းသွေးလည်း ကျွန်တော်တို့ သွေး ပဲ
တစ်ရာနဲ့တစ်ကျပ် ထပ်ဖြဲခဲ့တဲ့ စုတ်ပြဲမှုလဲ ကျွန်တော်တို့ အသား ပါပဲ
လက်ဖ၀ါးနဲ့ လက်ဖမိုး ခွဲခြားနေမယ့်အစား ပူးကပ်လိုက်ရင်....
ကိုယ်ခေတ်ကို ကိုယ်ထမ်း အလင်းရောင်သန်းနေတဲ့
ဟောဒီမြန်မာပြည်ကြီးအတွက် ဟောဒီ လက်ရေး……
သံလွင်မီးတောက်အောက်က နေလောင်ချိုးငှက်အသက်ရှုသံဟာ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး.......... ငြိမ်းချမ်းရေး………
ထိုကဗျာတစ်ပုဒ် အပြောင်မြောက်ဆုံး ပုံသွင်း
မျှော်တော်ရောင်ပတ်ပျိုးအောက် စစ်ချီသံ အာစေးမိပါစေ….ပဲ…..။ ။
နေကောင်းကင်နီ
ဆက်ဖတ်ရန်
Thursday, December 5, 2013
ရွှေစည်းခုံစေတီတော်သမိုင်းကြောင်း
ရွှေစည်းခုံစေတီတော်သမိုင်းကြောင်း
ရွှေစည်းခုံစေတီတော်
တည်နေရာ ညောင်ဦးမြို့၊ ဧရာဝတီမြစ် ကမ်းနဖူး
ဉာဏ်တော် ပေ (၁၆၀) ကျော်ကြားမှု ပုဂံမင်းနှစ်ပါး တည်ခဲ့ပြီး၊ သိမှတ်ဖွယ်ရာ၊ အံ့ဘွယ်များကြောင့်
ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀) ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။
သမိုင်း
ပုဂံပြည့်ရှင် သီရိအနုရုဒ္ဓ ဒေ၀ ခေါ် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမ၀ိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။
ပထမ ၀ိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။
အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ ရတနာပြဿာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။
ထိုအခါ မင်းဆရာဖြစ်သော် ရှင်အရဟံမထေရ်က သတ္တ၀ါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဥာဏ်ပေးခဲ့သည်။
အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဥာဏ်မှာ အလွန် လှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ သည်။
မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။
ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့ မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုပ်ပြည်မှ ရသော မြဆင်းတုတစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။
ဘုရားတည်နေတုန်း ပစ္စယာ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ(သေဆုံး) ခဲ့သည်။
အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။
စေတီတည်ထားပုံ
ရွှေစည်းခုံစေတီတော်ကြီးသည် မူလက ကျောက်ချပ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် ယနေ့အခါ ရွှေအထပ်ထပ်ချသောကြောင့် မူလကျောက်ပြားများ ပျောက်နေပြီး ရွှေတောင်ကြီးသဖွယ်ဖြစ်နေသည်။
ပစ္စယာအဆင့် ဆင့်ရှိသည် သုံးဆင့်အပေါ်မှ ရှစ်ထောင့်ကြာဝန်း၊ ကြေးဝိုင်း၊ ကြာမှောက်ကြာလှန်နှင့် ခါးပတ်ရှိသည်။
ယင်းအထက်တွင် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံ၏ အထက် တွင် သပိတ်မှောက်နှင့် ဖောင်းရစ်ရှိသည်။
ဖောင်းရစ်အထက် ကြာစိတ်၊ ကြာမှောက်၊ ကြာပျံနှင့် ထီးတော် ရှိသည်။ ပစ္စယာ အဆင့်မှ ထီးတော်အထိ ပေ ၁၅၀ မြင့်သည်။
ပစ္စယာအဆင့်ဆင့် တွင် ငါးရာ့ ငါးဆယ်ဇာတ်တော် ရုပ်ကြွ အုပ်ချုပ်များရှိသည်။ ညာဖက်တွင် ဖေါ်ပြထားသောပုံတော်သည် ရွှံကိုမီးဖုတ်ပြီး ပြုလုပ် ထားသည့် ပုံတော်ဖြစ်သည်။
ရင်ပြင်တော်
စေတီ၏လေးဘက်လေးတန်၌ အုတ်ဂန္ဓကုဋီလေးဆောင်ရှိသည်။
ယင်းဂန္ဓကုဋီတိုက်များ အတွင်း၌ အလွန်လက်ရာမြောက်သော မတ်ရပ်ကြေးဆင်းတု တစ်ဆူစီ ရှိသည်။
ဥာဏ်တော် ၁၂ ပေမြင့်သည့် ပုဂံခေတ်လက်ရာဖြစ်သည်။ မူလက ဂန္ဓကုဋီတိုက်တံခါး များရှိသော်လည်း ယခုအခါ ခုသာ ကျန်တော့သည်။
ရင်ပြင်တော် အနောက်ဘက် ပိုင်းတွင် နတ်ရုပ်တု၊ ဘိုးတော်ရုပ်တု၊ သိကြားရုပ်တုစသည်များလည်း သူ့အဆောင်နှင့် သူရှိသည်။
ရင်ပြင်တော်အရှေ့ မြောက်ထောင့်တွင် ကျောက်စာရုံရှိသည်။
ကျောက်စာရုံ ထဲတွင် ခေတ်အဆက်ဆက်မှ ရေးထိုးထားခဲ့သည့် ကျောက်စာများထဲမှ ကျောက်စာ ချပ်ကို သိမ်းဆည်းထားသည်။
ကျန်းစစ်သားမင်းကြီး၏ ကျောက်စာတိုင်ကြီး တိုင်သည် အရှေ့ ဘက်မုခ် တွင်ရှိသည်။ ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည်။
သိမှတ်ဖွယ်ရာ
ရွှေစည်းခုံစေတေီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။
ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသိတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့် တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (.၉၀)မီတာ (.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ၀ရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ)ကို လေ့လာနိုင်သည်။
ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့် အကြောင်း ရေးထိုးထားသည်။
ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖြော်ပခဲ့သည်။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကိုထီးတော်တင်ပြီး၎င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။
ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။
ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။
အံ့ဘွယ်ကိုးပါး
ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။
အတွင်းအံ့ကိုးပါး
၁။ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊
၂။စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
၃။စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
၎။စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
၅။တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။
၆။အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။
၇။စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
၈။မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။
၉။စေတီတော် အရှေ့ တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။
* ထို့အတွက်ကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ - တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။
အပြင်အံ့ဘွယ်ကိုးပါး
၁။ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်းစွယ်တော်တင်လာသည့်ဆင်ဖြူတော်ဝပ်သည့်နေရာသောင်ဖြစ်လာခြင်း။
၂။ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
၃။ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။
၎။မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
၅။စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
၆။ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။
၇။ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
၈။ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
၉။စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။
ဘုရားသမိုင်းမှတ်တမ်းများမှ..ပြန်လည်မျှဝေသည်။
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Blogger news
ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)
LinkWithin
Related Posts Plugin for WordPress, Blogger...