မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Saturday, November 30, 2013

ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ



ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။

အခု ပြန်တွေ့တော့ လန်းဆန်း ကျန်းမာ တက်ကြွနေတော့ စကား စမြည် ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခု ရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေက လန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံး သွားတာနဲ့ ဒါကြောင့် ကျမတို့ ရုံးက အန်တီ ဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိ စေချင်ဘူး၊ သူများတွေ သူ့ကို သေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူး ဆိုပီးရင် ဖွင့်ရှာပါတယ်။

ကျမ ရဲ့ အချစ်ဆုံး ကြီးကြီးလဲ ကင်ဆာနဲ့ ဆုံးသွားသလို အမလို ခင်မင်ပြီး ချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွား ရရှာပါတယ်။ အထူးသဖြင့် ကျမတို့ မိသားစုနဲ့ နှစ်အိမ်တစ်အိမ် လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲ ဆုံးပါး သွားကြတယ်။အရင်ကတော့ ပန်းခါး ဆိုတာ အရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေး တွေကို ရေနွေးကြမ်း လိုလုပ်သောက် ရတာပါ၊ အရမ်းကို ခါးတော့ ကျမတောင် စမ်းသောက်ကြည့်ပီး တွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမို သွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲ

ဘာထည့်ထည့် အရသာ မရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။

ကင်ဆာ ရောဂါ ဖြစ်နေ သူများအတွက် သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာ အကြောင်းအစုံလင် နားမလည် ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါ သတ်ပစ် တာဖြစ်ပီး ဒီဒူးရင်း သြဇာ အရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ် ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြ ပါတယ်။

ကျမ ညီမလေး ကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံ အမျိုးစားခြင်း မတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲ မတူနိုင်ပါ ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ကျမ အကြံ ပေးခြင် တာကတော့ အနည်းနဲ့ အများ ပျောက်သွား သည်ဖြစ်စေ သက်သာ သွားသည်ဖြစ်စေ အန္တရယ် မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့ တိုက်တွန်း ပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး သားခြင်း များမှာလဲ ကင်ဆာ ရောဂါရှိတဲ့ သူများရှိရင် ထပ်ဆင့် ဝေငှ ပေးကြပါ။
နတ်သမီး ဥယျာဉ်မှ ပြန်လည်မျှဝေပါသည်..။

ဆက်ဖတ်ရန်

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး


နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး
(နေပြည်တော် အထူးသတင်း)


နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိ လမ်းမကြီးတစ်ခုတွင် ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင် လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်ဒေသခံများအကြား ပြောဆိုနေကြသည်

သူရဲခြောက်သည်ဆိုသောလမ်းမကြီး၏ တည်နေရာမှာ လွှတ်တော်အဆောက် အဦးများ နှင့် မလှမ်းမကမ်းတွင်ရှိပြီး ဦးတင်အေး ဦးသန်းရွှေ ဦးမောင်အေး ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့ နေအိမ်များ၏ အနောက်ဖက်ပတ်လမ်းအဖြစ် ဖောက်လုပ်ထားသောလမ်းဖြစ်သည်

နေအိမ်များဟုနာမည်တပ်ထားသော်လည်း လူရိပ်လူရောင်တခါမျှ မတွေ့ရပဲ ညဘက်ဆိုလျှင်လည်း အမှောင်ချထားတာများကြောင်း ဒေသခံများမှ ပြောကြသည်

လူသွားလူလာအလွတ် ပြတ်တောက်သောလမ်းဖြစ်ပြီး တခါတရံ လက်နှက်ကိုင် အစောင့်များဖြင့် ပိတ်ထားတတ်တသောလမ်းလည်း ဖြစ်သည်

ထိုနေရာတွင် ဦးသန်းရွှေ၏ အိမ်မှာ အနိမ့်အဖြစ်တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများဖို့ကာ ကွယ်ထားသဖြင့် လမ်းမှ လှမ်းကြည့်လျှင်မမြင်ရဟု သိရသည် ခြံထဲတွင်လည်း သစ်ပင် ဝါးပင်များ ပိတ်ပိတ်မှောင်နေအောင် စိုက်ထားသည် ဟု သိရသည်

၊အနားတစ်ဝိုက်ရှိ နေလက်စ ရွာဝိုင်းကလေးများကိုလည်း လူအဝင်အထွက်တင်းကျပ်ထားပြီး ညအိပ်ဧည့်သည် တားမြစ်ထားကြောင်းသိရသည်

အနီးအနားတစ်ဝိုက်တွင် အခြားလူနေအဆောက်အဦးများ လုံးဝမဆောက်လုပ်စေပဲ သစ်ပင်များ စိုက်ခင်းများဖြင့်သာ ထားရှိကြောင်းသိရသည် ညဘက်သွားလျှင် အလွန်ခြောက်ခြားဖွယ်ကောင်းသော လမ်းဖြစ်သည်

နေပြည်တော်သို့မကြာခဏသွားရသူတစ်ယောက်က အဲဒီမှာ လမ်းရှိမှန်းတောင် မသိဘူးဗျ

လို့ဆိုကြောင်းသိရပါသည်

အဆိုပါလမ်းသို့ ညသန်းခေါင်အချိန် ကိုယ်ပိုင်ကားဖြင့်
သွားမိသူတစ်ဦးက ကျနော် အဲဒီဘက်ကို မောင်းသွားမိတာ ညဘက်ကြီးဗျ သန်းခေါင်လောက်ရှိမယ် ကားရှေ့မီးရောင်မှာ အရိပ်လိုလို လူလိုလို တွေ့တော့ ကျနော်လည်း ဟွန်းတီးလိုက်တာ လှိုဏ်သံလိုလို

ပြန်ကြားရတယ် အဲဒါနဲ့ သေချာအောင်လို့ဆိုပြီး နောက်တစ်ချက်ထပ်တီးလိုက်တာ နောက်တစ်ခါထပ်ကြားရတယ်ဗျို့ တော်ပြီ နောက် အဲဒီဘက်မသွားတော့ဘူးဆိုပြီး နောက် ကျနော် ယောင်လို့တောင် မသွားတော့ဘူးဗျ ဟုပြောပါသည်

အဆိုပါသတင်းကိုကြားသော အင်ဂျင်နီယာတစ်ဦးကမူ အဲဒီနားမှာ မြေအောက်လှိုဏ်ခေါင်းတွေရှိပုံရတယ်ဗျ လို့ မှတ်ချက်ချဘူးကြောင်းလည်း သိရသည်

အဆိုပါ သရဲခြောက်သည်ဟုဆိုသောလမ်းကို ဂူဂယ်မတ် တွင် 19.759918,96.14306 ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါသည်

(နေပြည်တော်မှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)
မျှဝေပါသည်..။
ဆက်ဖတ်ရန်

ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က ထူးဆန်းတဲ့ ကြောက်စရာသတ္တ၀ါ



ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ် နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က အစားထိုး ၀င်နေတဲ့ ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua တွေ



ဒီထူးဆန်းတဲ့ တိုက်ခိုက်မှုဟာ သတ္တ၀ါ လောက မှာတော့ အခုထိ သိသမျှ ထဲက တစ်ခုတည်းသော ဖြစ်ရပ် ဖြစ်ပါတယ်။ C. exigua တွေက တခြားငါး တွေရဲ့ လျှာတွေကိုလဲ တိုက်ခိုက် ပေမဲ့ ဒီနှင်းဆီရောင် snapper ငါးတစ်မျိုး ဆီမှာပဲ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအဖြစ် နေ ထိုင်နိုင်တာ ဖြစ်ပါတယ်လို့ Arizona တက္ကသိုလ်က marine biologist Rick Brusca ကဆိုပါတယ်။ သူက တခြား လျှာစား isopods များကြီး ရှိတာတောင်မှ C. exigua ကပဲ အဲ့လို လုပ်နိုင်တာလို့ ထပ်မံ ပြောပါသေးတယ်။ တကယ်လို့များ အချစ်ပုံပြင် တစ်ပုဒ်ကို ယုံမယ် ဆိုရင် ပြောပြချင် ပါသေးတယ်။ ဒီ isopods တွေဟာ protandrous hermaphrodites တွေ ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့က ပထမ အထီး အဖြစ် မွေးလာပြီး နောက်တော့မှ အမအဖြစ် ပြောင်းသွား ပါတယ်။ ဒီမျက်လှည့်က C. exigua တွေငါးပါးဟပ်ထဲ ရောက်သွားမှ ဖြစ်တာ ပါ။ ပထမ ၀င်တဲ့ တစ်ကောင်က အမအဖြစ် အရင်ပြောင်း ပါတယ်။ ပြီးတော့ ပါးဟပ်ကနေ လည်ချောင်း ကတဆင့် တွားသွားလို့ လျှာမှာ တွယ်ကပ် နေ ပါတယ်။ အဲနောက်တစ်ကောင် ထပ်ရောက်လာ တဲ့အခါ သူမကို ကိုယ်ဝန်ပေးဖို့ အထီးဖြစ် သွားပါတယ်လို့ Brusca ကဆိုပါသေးတယ်။ ဒီအ မကောင်ဟာ လျှာမှာ သူမရဲ့ ခြေချောင်း အစုံပေါင်း များစွာနဲ့ တွယ်ကပ် ပါတယ်။ တစ်ခုခြင်း ဆီက ကင်းမြီးကောက်ရဲ့ အဆိပ်ဆူး တွေနဲ့ တူတဲ့ အာရုံကြော မကြီးတွေ ပါဝင် ပါတယ်။ ဒီနေရာမှာ သူမ နေလို့ မိတ်လိုက်ပြီး တဲ့အခါ ကျန်ရှိတဲ့ ဘ၀ သက်တမ်းကို snapper နဲ့အတူပဲ ကုန်ဆုံးစေ တော့မှာ ဖြစ်ပါတယ်။

သူမ ကြီးထွား လာတာ နဲ့အမျှ တခြား ကပ်ပါးကောင် တွေလိုပဲ ငါးရဲ့ လျှာပေါ်မှာ ကပ်လို့ သွေးစုပ် ယူပါတယ်။ Brusca ကအဲ့အကောင် တွေ မှာ မေးရိုးငါးခု ရှိပါတယ်။ အဲ့ဒီမေးရိုး တွေထဲက တစ်စုံဟာ stiletto နဲ့တူတဲ့ ကိရိယာ တွေလိုပါပဲ။ ရှည်လျားတဲ့ အပ်မျှင် လေးတွေ ဖြစ်ပြီး ငါးရဲ့ တစ်ရူးတွေကို နဲနဲလေး ဟနေစေ ပါတယ်။ တခြားဟာ တွေကတော့ အအေး သောက်တဲ့ ပိုက်တွေလို အဲ့နေရာ ကနေ သွေးတွေ စုပ်ယူ ပါတယ်။ ဒီလိုနဲ့ ကပ်ပါးကောင်ဟာ ငါးလျှာရဲ့ ဇီဝိန်ကို နှုတ်ယူ ပါတယ်။ အစကနေ အဆုံး ဖြေးဖြေးချင်း နောက်ဆုံး ကြွက်သား အငုတ်က လွဲလို့ ဘာမှ မကျန်တော့တဲ့ အထိပါ။ ဒီအငုတ် မှာတော့ သူမရဲ့ နောက်ဆုံး ခြေသုံး၊လေးစုံကို ကုပ်တွယ်ပြီး ငါးရဲ့လျှာ အဖြစ်ကို သိမ်းယူ လိုက်တာပါပဲ။ ဒီလိုနည်းနဲ့ isopod ကသူရဲ့ အိမ်ရှင်ငါးကို သူမ ကလေးတွေ ကြီးပြင်းတဲ့ အထိ အသက်ရှင် နေစေပါ တယ်လို့ Brusca ကဆိုပါ သေးတယ်။ ကလေးတွေ ကြီးလာတဲ့ အချိန်မှာတော့ လျှာက မရှိတော့ ပါဘူး။ သူမ တစ်ကောင်ထဲ သိမ်းဆည်းထားတဲ့ အာဟာရနဲ့ အသက်ရှင် ပါတယ်။ ကလေးတွေ ဘယ်လိုဖြစ် သွားသလဲ ဆိုတာ ကိုတော့ သိပ္ပံ ပညာရှင်တွေ တိတိကျကျ မသိသေး ပါဘူး။ Brusca ရဲ့အယူအဆ အရ အိမ်ရှင်ငါးက တခြားငါး တွေနဲ့ စုဝေး သွားလာနေတဲ့ အချိန်မှာ ကလေးတွေကို အပြင်ရောက် စေမယ်လို့ ဆိုပါတယ်။ ဒါမှ ပစ်မှတ်ငါး များများ ရမယ် မဟုတ်လား။
နောက်တစ်ခန်း ကတော့ တိုင်တန်းနစ် သဘောင်္ နစ်တဲ့ ဇာတ်ဝင်ခန်းနဲ့ တူပါတယ်။ isopod အမဟာ သူမရဲ့ မျိုးပွားတဲ့ ကိစ္စ ပြီးဆုံးချိန်မှာ ငါး ကို လွတ်ပြီး ထွက်ပြေး သလား၊ မျိုချလိုက် သလား ဆိုတာ မသေချာ သေးပေမဲ့ သူမက ငါးကို ထားခဲ့ပြီး ထွက်သွား ပါတယ်လို့ Brusca က ဆို ပါတယ်။ ကဲခင်ဗျားတို့ပဲ စဉ်းစားကြည့်။ လျှာ မရှိတဲ့ ငါးဘယ်လို အသက်ရှင် မလဲဗျာ။ ဒါက ကပ်ပါး လောကမှာ တကယ် ဖြစ်ပျက်တာပါ။ ငါး က isopod တွေကောင်းကျိုး အတွက် ဓားစားခံ ဖြစ်သွား တာပါ။ C.exigua ကဘာလို့ နှင်းဆီရောင် rose snapper တွေကိုပဲ ဒီလို လုပ် သလဲ ဆိုတာတော့ အခုထိ မသိသေးပါဘူး။ တခြားငါး တွေကိုတော့ အဲ့လို မလုပ်ဘဲ သူတို့ မျိုးပွားတဲ့ အလုပ်ကို ပြီးမြောက် စေပါတယ်။ ဒါက rose snapper ရဲ့လျှာက သူများထက် ပိုခံနိုင်ရည် နည်းနေလို့ ဖြစ်နိုင်တယ်လို့ Brusca ကပဲ ပြောပါတယ်။ တခြား ငါးတွေလို သွေးကြော ကောင်းကောင်း မရှိတာ ကြောင့်လည်း ဖြစ်နိုင်တာပဲလို့ သူက ဆိုပါတယ်။ ဒီမှာ

သင်ယူ လေ့လာစရာ တွေကတော့ isopod အမတွေဟာ အစာ တင်မက သူမ ကလေးတွေ ကြီးထွားဖို့ အကာအရံလည်း လိုပါတယ်။ တခြား မျိုးစိတ် တွေလိုပဲ သူမကလည်း သူမ မျိုးဆက်ကို ချန်ခဲ့ရမှာ ဖြစ်ပါတယ်။ သူမရဲ့ mission accomplished ဖြစ်သွား ချိန်မှာ ဒီသဘောင်္ကို နှစ်မြှပ် လိုက်တာပါ။ ဟုတ်ပါတယ်။ ဒီသနားစရာ ကောင်းတဲ့ snapper လေးကိုပါ။ တခြား ကပ်ပါးကောင် တွေရဲ့ သားကောင် တွေလိုပါပဲ။ ဒါပေမဲ့ ပါးစပ် ဟောင်းလောင်းနဲ့ သက်တမ်း မစေ့ဘဲ သေရ တာလေး ကတော့ ဆိုးပါတယ်။
ဆက်ဖတ်ရန်

ကျန်းမာရေးအတွက် Detox လုပ်နည်း



ကျွန်တော်တို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။

ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။
ဆက်ဖတ်ရန်

အသားအရည် ကြည်လင်စေရခြင်းအကြောင်း


    
                  တစ်ခုသော ညဥ့်ဦးယံတွင် နတ်သားတစ်ယောက်ဟာ ဘုရားရှင်ထံရောက်လာပြီး မေးပါတယ်။

"မြတ်စွာဘုရား၊ တောထဲမှာနေပြီး ကိလေသာငြိမ်းအေးပြီးကုန်သော၊ ကိလေသာငြိမ်းကြောင်းအကျင့်မြတ်တို့ကို ကျင့်ကုန်သော အရှင်မြတ်တို့ဟာ ဆွမ်းတစ်ထပ်တည်းသာ သုံးဆောင်ကြပါကုန်လျှက် အဘယ်ကြောင့် အသားအရေကြည်လင်နေပါသလဲဘုရား။"



နတ်သား၊ ထိုအရှင်မြတ်တို့ဟာ မရောက်လာသေးတဲ့ ပစ္စည်းလာဘ်လာဘကိုလည်း ("ဘယ်ချိန်ရောက်လာမလဲ၊ ဘယ်လိုပစ္စည်းတွေ ဘယ်သူတွေကဖြင့်လာလှူကြမလဲဆိုပြီး") မတောင့်တကုန်။ သုံးဆောင်ပြီးသော ပစ္စည်းလာဘ်လာဘတို့၌လည်း (ဘယ်တုန်းကဖြင့် ဘယ်လိုစားသောက်ဖွယ်ကောင်းကောင်းတွေသုံးဆောင်ခဲ့တယ်။ ဘယ်သူက ဘယ်လိုအကောင်းစားသင်္ကန်း၊ ဆေးဝါးစသည် လှူလို့ သုံးဆောင်ခဲ့ရတယ်စသည်ဖြင့်တွေးပြီး) မစိုးရိမ်ကြကုန်။ ပစ္စုပ္ပန်ဖြစ်ဆဲ ပစ္စည်းလာဘ်လာဘဖြင့် မျှတကုန်၏။ ထို့ကြောင့် အသားအရေကြည်လင်နေကြခြင်းဖြစ်တယ်ဟု မိန့်တော်မူပါတယ်။

တကယ်တော့ သူမိုက်တွေ အသားအရေခြောက်ကပ်တယ်ဆိုတာ မရောက်လာသေးတဲ့ လာဘ်လာဘတွေကို တောင့်တကြတယ်။ ပြီးပြီးသော လာဘ်လာဘတွေကို ပြန်တမ်းတရင်း စိုးရိမ်ကြရတယ်။ ဒီအကြောင်းနှစ်မျိုးကြောင့် သူတို့ဟာ စိမ်းစိုနေတဲ့ကျူပင်ကို ဖြတ်လိုက်တဲ့အခါ ခြောက်ကပ်နေသလို အသားအရေခြာက်ကပ်နေတာပါဟု ဟောတော်မူလိုက်ပါတယ်။

ဆိုလိုတာကတော့ လူတွေ ခန္ဓာကိုယ် အိုလွယ်တယ်။ ခြောက်ကပ်လွယ်တယ်ဆိုတာ အတွင်းကိလေသာတွေအားကြီးလို့ပါ။ လောဘ၊ ဒေါသ၊ မောဟအားကြီးကြတော့ အသားအရေကပါ မစိုပြေဖြစ်ရတယ်။ ကိလေသာနည်းအောင်ကျင့်နေတဲ့ သူတော်ကောင်းတွေမှာတော့ ဆေးဝါးမသုံးပဲလျှက် အသားအရေကြည်လင်နေပါတယ်။


အရှင်က၀ိဓဇသာရ
.........................
မှ ကူးယူဖော်ပြပါသည်။
ဆက်ဖတ်ရန်

ှဆီးချို သွေးချို ရောဂါ အကြောင်း..



ဆီးချိုသွေးချိုရောဂါဆိုသည်မှာ ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသောအခါရောဂါတစ်ခုဖြစ်ကာ ခန္ဓာကိုယ်တွင်း အင်ဆူလင်ဟော်မုန်းဓာတ်ချို့တဲ့နေ၍ဖြစ်စေ အာနိသင်လျော့နည်းနေ၍ဖြစ်စေ ကစီဓာတ်တို့အားလုံး၏ဇီဝကမ္မဖြစ်စဉ်များ ပျက်စီးကာသွေးတွင်းအချိုဓာတ်များ များပြားနေသောရောဂါတစ်ခုဖြစ်ပါသည်။
ဖြစ်နိုင်ခြေရှိသူများ
          ဆီချိုသွေးချိုရောဂါမျိုးရိုးရှိသူများ အ၀လွန်ကဲသူများ ကိုယ်ကာယလှုပ်ရှားမှုနည်းသောသူများ သွေးအတွင်း အဆီဓာတ်မျာပြားသူများ သွေးတိုးရောဂါရှိသူများ အသက်(၄၀)ကျော်လာသူတိုင်း ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ပါသည်။ အထက်ပါအချက်အလက်များရှိသောသူများသည်ဖြစ်နိုင်ခြေပိုများသူများဖြစ်ကြပြီး ၎င်းအချက်အလက်များမရှိသော်လည်း လူတိုင်းသည်ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ပါသည်။
          အမျိုးအစားခွဲခြားခြင်း(Classification)အရ ဆီးချိုသွေးချိုရောဂါအမျိုးအစားလေးမျိုးရှိပါသည်။
()     အမျိုးအစား()ဆီးချိုသွေးချိုရောဂါ(Type 1 Diabetes)
()     အမျိုးအစား()ဆီးချိုသွေးချိုရောဂါ(Type 2 Diabetes)
()     ကိုယ်ခန္ဓာအတွင်းရောဂါတစ်ခုခု သို့မဟုတ် အကြောင်းအချက်တစ်ခုခုကြောင့် နောက်ဆက်တွဲဆင့်ပွားဖြစ်ပေါ်လာ သောဆီးချိုသွေးချိုရောဂါ(Secondary Diabetes of other Specific Type of Diabetes)နှင့်
()     ကိုယ်ဝန်ဆောင်စဉ်မှ ဖြစ်ပေါ်လာသောဆီးချိုသွေးချိုရောဂါ(Gestational Diabetes Mellitus)တို့ဖြစ်ကြပါသည်။
ရောဂါလက္ခဏာများ
          ဆီးချိုသွေးချိုရောဂါရှင်တစ်ဦးသည် အာခြောက်မည် ရေငတ်မည် နေ့ခင်းတွင်ဆီးအများကြီးသွားမည် ညဘက် တွင်လည်းမကြာခဏထပြီး ဆီးသွားမည် ကိုယ်အလေးချိန်ကျသွားမည် ၊ပိန်သွားမည်၊ဘာကြောင့်မှန်းမသိဘဲနုံးချည့်နေမည်၊ ကိုယ်လက်များယားယံပြီးကုတ်ခြစ်နေရမည် အင်္ဂါစပ်များယားယံမည် အမျိုးသမီးများအဖြူဆင်းမည် အနာများမကြာခဏ ပေါက်မည် အနာများကျက်ခဲမည်စသည့်ရောဂါလက္ခဏာများရှိတတ် ဖြစ်တတ်ပါသည်။
          ယင်းရောဂါများသည် ကလေးသူငယ်နှင့်လူငယ်များတွင်အဖြစ်များသည့်အမျိုးအစား()ဆီးချိုသွေးချိုရောဂါတွင် ပို၍ သိသာပြင်းထန်စွာဖြစ်တတ်ပါသည်။ လူလတ်နှင့်လူကြီးများတွင်အဖြစ်များသည့်အမျိုးအစား()ဆီးချိုသွေးချိုရောဂါများမှာ သိသိသာသာထင်ရှားခြင်းမရှိဘဲ ဖြစ်တတ်ပါသည်။
၎င်းဆီးချိုသွေးချိုရောဂါလက္ခဏာများအပြင်-
          -ဆီးသွားသည့်နေရာတွင် ပုရွက်ဆိတ်အုံနေတတ်သည်။
          -ခြေလက်များတုန်နေတတ်သည်။         
          -ခြေလက်များဖောရောင်တတ်သည်။
          ယင်းလက္ခဏာများ ဖြစ်ပေါ်လာခဲ့လျှင်လည်း ဆရာဝန်ထံသို့လာပြတတ်ကြပါသည်။
          မည်သည့်ရောဂါလက္ခဏာများမှ မပြဘဲနှင့်လည်း ဆီးချိုသွေးချိုရောဂါဖြစ်နေတတ်ပါသည်။ သတိထားရမည့်အချက် ပင်ဖြစ်ပါသည်။မည်သည့်ရောဂါလက္ခဏာမှမပြ၍ ဆီးချိုသွေးချိုရောဂါမရှိဟု အမှတ်မှားနေမည်ကိုစိုးရိမ်ရပါသည်။ရောဂါ လက္ခဏာများမရှိသော်လည်း ဆီးချိုသွေးချိုရောဂါအဖြစ်များသည့် အခြားအကြောင်းအချက်များရှိနေလျှင်လည်းဆီးချိုသွေးချို ရောဂါကို ဂရုပြုရှာဖွေဖော်ထုတ်စောင့်ကြည့်နေရန်လိုအပ်ပါသည်။
ဆီးချိုသွေးချိုရောဂါနှင့်တွဲဖြစ်တတ်သောရောဂါများ
          ဆီးချိုသွေးချိုရောဂါနှင့်တွဲဖြစ်တတ်သည့်ရောဂါများကလည်းအရေးကြီးပါသည်။
ယင်းရောဂါများ မိမိတွင်ရှိနေပြီဆိုလျှင် ဆီးချိုသွေးချိုရောဂါလည်းရှိနိုင်ပြီဆိုပြီး ရောဂါကိုရှာဖွေစစ်ဆေးစောင့်ကြည့်နေရန် လိုအပ်ပါသည်။ဆီးချိုသွေးချိုတွဲ၍ဖြစ်တတ်သည့်ရောဂါများမှာ-
          -သွေးတိုးရောဂါ
          -သွေးတွင်းအဆီများသည့်ရောဂါ
          -အ၀လွန်ကဲသည့်ရောဂါများဖြစ်ကြပါသည်။
ယင်းရောဂါသုံးခုစလုံးသည်အဖြစ်များကြပြီး ယင်းရောဂါများရှိလျှင် ဆီးချိုသွေးချိုရောဂါလည်းတွဲပြီးဖြစ်တတ်သည်ကို သတိ ထားရန်လိုအပ်ပါသည်။
ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲရောဂါများမှာ-
          -မျက်စိကွယ်ခြင်း
          -ဦးနှောက်သွေးကြောပိတ်ကာ လေသင်တုန်းဖြတ်ခြင်း
          -ကျောက်ကပ်ရောဂါဖြစ်ခြင်း
          -ခြေထောက်ပုပ်ခြင်း
          -ရောဂါပိုးမွှားများ မကြာခဏ၀င်ရောက်ခြင်း
          -အနာကျက်ရန်ခဲယဉ်းခြင်း
          -ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ပေါ်လာသောနောက်ဆက်တွဲဆင့်ပွားရောဂါများကြောင့် မိခင်နှင့်ကလေးတို့၏ ကျန်းမာ ရေးနှင့်အသက်အန္တရယ်ကို ထိခိုက်နိုင်ခြင်းတို့ဖြစ်ကြပါသည်။
ဆီးချိုသွေးချိုရောဂါရှင်များ၏မှားယွင်းစွာယူဆပြီး ကျင့်သုံးမှု အလေ့အကျင့်များ
          ဆီးချိုသွေးချိုရောဂါရှင်များ၏ မှားယွင်းစွာယူဆပြုမူကျင့်သုံးမှုအလေ့အထများမှာ-
()     တတ်သိနားလည်သော ဆေးပညာရှင်များ ဆီးချိုသွေးချိုရောဂါအထူးကုပညာရှင်များ၏ အကြံပေးချက်များကို လက်ခံလိုက်နာခြင်းမရှိဘဲ အစာအာဟာရများကို မိမိထင်မြင်ယူဆချက်သက်သက်နှင့်စားသုံးနေကြခြင်း
()     သိပ္ပံနည်းကျလေ့လာစမ်းသပ်ချက်မှုများအပေါ်အခြေခံ၍အကြံပြုချက်များကိုမလိုက်နာဘဲ ဆီးချိုသွေးချိုဝေဒနာရှင် အချင်းချင်းထံမှဖြစ်စေ ၊ရပ်ကွက်ထဲမှလူများ၏ထင်မြင်ယူဆအကြံပေးချက်များကိုဖြစ်စေ လွဲမှားစွာလက်ခံလိုက်နာနေကြခြင်း
()     အစားအစာနှင့်ဆေးဝါးကိုအချိန်ကိုက်၍ စားသုံးခြင်းမရှိဘဲစားချင်သလိုစားသုံးနေကြခြင်း
()     စားသုံးသည့်အစားအစာများတွင် အဓိကအကျဆုံးကစီဓာတ်လုံလောက်စွာပါဝင်ခြင်းမရှိဘဲ အရည်နှင့်အသားဓာတ် များသက်သက်ပါဝင်နေခြင်း
()     အစားအစာစားသုံးချိန်များကို တစ်သမတ်တည်းမရှိဘဲစည်းကမ်းမရှိစွာ စားချင်သလိုစားသုံးနေခြင်း
() စားသုံးရန်မသင့်သော အစားအစာများကို တစ်ခါတလေပါ နည်းနည်းလေးစားတာပါစသဖြင့် ဆင်ခြေများပေးကာ စားသုံးတတ်ခြင်း။
          မတည့်သောအစာများကို တစ်ခါတစ်လေဖြစ်စေ နည်းနည်းလျှော့စားသည်ဖြစ်စေ စားသုံးသည်နှင့်သွေးချိုဓာတ် များတက်လာပြီးသွေးချိုထိန်းသိမ်းမှုများပျက်စီးတတ်ပါသည်။ မတည့်သောအချိုဓာတ်သည်ဆီးချိုသွေးချိုရောဂါရှင်များ၏ ကိုယ်တွင်းအင်္ဂါများကို တဖြည်းဖြည်းချင်းထိခိုက်ပျက်စီးစေတတ်ကြောင်းသတိမူသင့်ကြပါသည်။ အဆိပ်ဟူသမျှနည်းနည်း ဖြစ်စေ လျှော့၍တစ်ခါတစ်လေစားသုံးသည်ဖြစ်စေ မည်သို့သောပုံစံနှင့်စားသည်ဖြစ်စေ ကိုယ်ခန္ဓာကိုထိခိုက်အန္တရယ်ရှိ ကြောင်းသတိချပ်စေလိုပါသည်။
ဆီးချိုသွေးချိုရောဂါမဖြစ်အောင်လိုက်နာဆောင်ရွက်သင့်သည့်အချက်များ
()     အစားလျှော့စားပါ။(ချိုလွန်း ငန်လွန်း အဆီများလွန်းသောအစားအစာများကိုလျှော့စားပါ)
()     ရေများများသောက်ပါ ရေဆာလျှင်ရေကိုသောက်ပါ အချိုရည်များသောက်သုံးခြင်းဖြင့်ရေငတ်ခြင်းကို မဖြေပါနှင့်။
()     ကိုယ်ခန္ဓာအ၀မလွန်အောင်ထိန်းထားပါ။ အ၀လွန်ခဲ့လျှင်လက်ရှိကိုယ်အလေးချိန်၏ ငါးရာခိုင်နှုန်းမှခုနစ်ရာခိုင်နှုန်း အထိလျှော့ချနိုင်အောင်ကြိုးစားပါ။
()     လှုပ်ရှားမှုများသည့်လူ့ဘ၀တွင်နေထိုင်ပါ။ အထိုင်များခြင်း လှုပ်ရှားမှုနည်းခြင်းကိုရှောင်ပါ။မဝေးသောခရီးကို လမ်းလျှောက်သွားပါ။မမြင့်လွန်းသည့် အထပ်များကိုခြေဖြင့်သာအတက်/အဆင်းလုပ်ပါ။အိမ်ရှင်မများ အိမ်အလုပ်ကို တက်ကြွစွာလုပ်ကိုင်ခြင်း ခြံထဲတွင်ပေါင်းမြတ်သုတ်သင်ခြင်းဖြင့်လည်း လှုပ်ရှားမှုများလုပ်ကိုင်နိုင်ပါသည်။
()     နားနေချိန်တွင်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့လျှင်မိနစ် ၃တစ်ပတ်လျှင်ငါးရက် စုစုပေါင်းမိနစ် ၁၅၀ထက်မနည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
()     အမျှင်ဓာတ်များသော အစားအစာများများစားသုံးပါ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုများများနှင့်စုံအောင် စားသုံးပါ။
()     ပြည့်ဝဆီများလျှော့၍စားသုံးပါ။တိရစ္ဆာန်မှရသောအဆီများ ဥပမာ-ကြက်အရေပြား ဘဲအရေပြား ကလီစာများ ၀က်ဆီ အမဲဆီ စသည်တို့ကိုရှောင်ပါ။ ငါးမှရသော အဆီများစားသုံးနိုင်ပါသည်။(ဥပမာ-ငါးကြင်းဆီ ငါးပတ်ဆီ)
()     စိတ်ဖိစီးမှုများလျော့နိုင်လျော့အောင် ကြိုးစားနေထိုင်ပါ။ အိပ်ချိန် နားချိန်လုံးလောက်အောင်ယူပါ။ အာဟာရပြည့်ဝ အောင်စားပါ။ အရာရာကိုအပြုသဘောဖြင့်အကောင်းမြင်နိုင်အောင်ကြိုးစားပါ အချိန်ကိုစနစ်တကျအသုံးချပါ။ပြဿနာများ ကိုတစ်ယောက်တည်းမဖြေရှင်းနိုင်လျှင်တတ်သိသူများထဲမှ အကြံဥာဏ်ယူ၍ဖြေရှင်းပါ။
သတိပြုလိုက်နာရမည့် ယေဘုယအချက်များ
()     ဆီးချိုသွေးချိုရောဂါသည်များအတွက် သက်သက်သီးသန့်အစားအစာဟူ၍မရှိပါ။
()     မိသားစုအတွက်ပြင်ဆင်ချက်ပြုတ်ထားသောအစားအစာများကို အချိုဓာတ်ပါသောအစားအစာများမှလွဲ၍ မိသားစု နှင့်အတူစားသုံးကြရန်
()     ဒိုင်းယက်(Diet)ကော်ဖီ လက်ဖက်ရည် ကွေကာအုပ်စသည့်အစားအစာများမှာ အ၀လွန်ကဲသည်များဆက်၍ မ၀စေရန်စွမ်းအင်ကယ်လိုရီဓာတ်မများအောင် စီမံထားကြခြင်းသာဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှင်များ အတွက်အထူး သင့်တော်စွာ စားသုံးနိုင်သည်ဟုလွဲမှားစွာယူဆ၍မစားသုံးမိကြစေရန်
()     အစားအစာကိုကုထုံးတစ်ခုအနေဖြင့် အလေးထားယူဆပြီးဆေးကိုအချိန်မှန်စားသုံးသကဲ့သို့အစားအစာများကိုလည်း အချိန်မှန်မှီဝဲသုံးဆောင်ကြရန်
()     သွေးချိုဓာတ်ထိန်းသိမ်းမှုကောင်းမွန်လာစေရန်သွေးချိုထိန်းသောက်ဆေးနှင့်ဖြစ်စေ အင်ဆူလင်ဟော်မုန်းနှင့်ဖြစ် စေ အစားအစာကိုအချိန်ကိုက်စားသုံးရန်
()     အဓိကစားသုံးသော နံနက်စာ နေ့လယ်စာ ညနေစာများတွင်ကစီဓာတ်ဖြင့် ပြုလုပ်ထားသောအစားအစာများ  မဖြစ်မနေပါဝင်ထည့်သွင်းစားသုံးကြရန်
()     နေ့စဉ်စားသုံးသောအစားအစာများ၏ပမာဏကို အဖြစ်နိုင်ဆုံးတူအောင်စားသုံးကြရန်
()     နေ့စဉ်အစားအစာစားသုံးချိန်များကိုအနီးကပ်ဆုံးတူအောင်နေ့စဉ်စားသုံးကြရန် နေ့စဉ်စားသုံးနေကြအချိန်များတွင် အချိန်မှန်စားသုံးနေကြရန်
()     ဆီးချိုသွေးချိုရောဂါသည် တစ်သက်တာလုံးရှိနေမည့်ရောဂါဖြစ်သဖြင့် မိမိ၏စားသုံးမှုဓလေ့စရိုက်များမှာတစ်သက် လုံးလိုက်နာကျင့်သုံးမည့်အလေ့အကျင့်များဖြစ်ရန်လိုအပ်ပါသည်။သို့ဖြစ်ပါ၍အစားအစာများကိုတစ်ပွဲထိုးရှောင်ခြင်း စားသုံး ခြင်းများမပြုလုပ်ကြဘဲ စားသုံးမှုဓလေ့စရိုက်များကိုမိမိနှင့်သဘာဝလိုက်ဖက်သောဓလေ့စရိုက်များဖြစ်စေရန်အထူးပင် အရေး ကြီးလိုအပ်ပါသည်။
ဆီးချိုသွေးချိုရောဂါရှင်များအနေဖြင့် စားသုံးသင့်သည့် အစာအာဟာရများ ကိုရဲတင်းစွာ စားသုံးနိုင်သကဲ့သို့ မသင့်လျော်သော အစာအာဟာရများကိုလည်း လုံးဝမစားသုံးကြရန် အထူးပင်လိုအပ်လှပါသည်။ မစားသုံးသင့်သည်များ စား
သုံးပါက သွေးတွင်းသကြားဓာတ်များလွန်ကဲများပြားနေမည် ဖြစ်သကဲ့သို့ စားသုံးပါက သွေးတွင်းသကြားဓာတ်များလွန်ကဲ
များပြားနေမည် ဖြစ်သကဲ့သို့ စားနိုင်သည်ဆိုသော အစာများကို အလုံအလောက်မစားသုံးခဲ့လျှင်လည်း သွေးတွင်းအချိုဓာတ် များ  ကျဆင်းလွန်းကာ သတိလစ်မေ့မြောခြင်းမှ မသင့်လျော်သော အစာများကိုရော စားသုံးနိုင်သော
အစာများကို သိရှိထားရန် အထူးလိုအပ်ပါသည်။
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...