မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Tuesday, July 23, 2013

သင်္ဘောသီးကို ဆေးအဖြစ်စားသုံးနည်း


နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။
နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။ နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။ နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။
မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။
မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။
မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။
ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ) ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။
ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။
ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။
ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။ တရုတ် ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော် ဦးဖန်က ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင် သင်္ဘောသီး စိတ်အား ဇွန်းဖြင့် အခွံနားကပ်သည် အထိ ခြစ်၍ စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာ အကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်း ရောဂါသည်များ၊ သရက်ရွက် ရောဂါသည်များ အတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီး ချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍ စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။
ဆက်ဖတ်ရန်

Monday, July 22, 2013

" အရပ်ရှည်စေမည့် အစားအစာများ "


အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။

အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။

ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရ ဓာတ်တွေကိုချည်း စားရမှာ မဟုတ်ဘဲ တခြား ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင် ဓာတ်တွေ အပါအဝင် မျှတတဲ့ အစာ အာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည် စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ

ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။ဗီတာမင်အေကို နေ့စဉ်စားသုံးသင့်တဲ့ ပမာဏကတော့ ၄၀၀၀-၅၀၀၀ IU ဖြစ်ပါတယ်။

ပရိုတင်း

ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ် လိုအပ်ချက် ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ

ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်

အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ

လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြု ရပါတယ်။သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သား ကျုံ့ခြင်းနဲ့ စွမ်းအင် ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ် တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံ့ဖြိုးကြီးထွားဖို့ အတွက် အထူးအရေးကြီးပါတယ်။ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိက အစာပါ။ ဟင်းသီးဟင်းရွက် နဲ့ကောက်နှံ တွေမှာ သံဓာတ် ပါဝင်ပေမယ့် ပမာဏ နည်းပါး ပါတယ်။ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျ သဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။ ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။
  
REF>>>မြ၀တီ
ဆက်ဖတ်ရန်

ရှောလမုန်မင်းကြီး၏ ညဏ်ပညာနှင့်ပတ်သတ်သော သုတ္ထန်စကား (၂၅) ချက်



၁။ပညာရှိတို့စကားများဟာနက်နဲ့သဖြင့်လူမိုက်တို့နားမလည်နိုင်ကြ၊သူတို့ဟာအရေးကြီးတဲ့အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်ချိန်နှုတ်ကိုပိတ်၍ နေတတ်ကြတယ်။
၂။ သစ္စာတရား၊ ဥာဏ်ပညာ၊ ဆုံးမသြ၀ါဒ၊ အသိပညာတို့ကို ငွေအကုန်အကျခံ၍ လေ့လာဆည်းပူးလော့၊  
    ယင်းတို့ဟာအဖိုးအနဂ္ဃန်ထိုက်တန်သည်ဖြစ်တဲ့အတွက် ငွေကြေးနှင့် အလဲလှယ်နှင့်။
၃။ လူမိုက်၏ရှေ့တွင် စကားမပြောနှင့်၊ သူဟာသင့်ရဲ့ပညာစကားကို တန်ဖိုးထားမှာ မဟုတ်။
၎။ ဥာဏ်ပညာရှိသူတို့ဟာ နှုတ်ကအသိပညာကို တင့်တယ်စွာ မြွက်ဆိုတတ်တယ်။မိုက်မဲသူတွေရဲ့ နှုတ်ကယုတ္တိမရှိတဲ့ စကားတွေကို ပြောဆို တတ်တယ်။
၅။ ဆုံးမသွန်သင်မှုကို မခံယူသူဟာ ဆင်းရဲနွမ်းပါးပြီး သရေပျက်ရလိမ့်မယ်။ ဆုံးမပဲ့ပြင်မှုကို ခံယူသူမှန်သမျှဟာကြည်ညိုလေးစားမှုကို  ခံရလိမ့်မယ်။
၆။ လူမိုက်ဟာ သူတစ်ပါးပြောဆိုသမျှသော စကားတို့ကို ယုံသင့်တယ်၊ အသိဥာဏ်ရှိသူတွေကတော့   
     သမ္မာသတိနဲ့ ပြုကျင့်တတ်ကြတယ်။
၇။ အသိပညာရှိသူတွေဟာ မိမိတို့ရဲ့ အသိပညာကို ထုတ်ဖော်ကြေညာခြင်းအပြုတတ်၊ အသိပညာမဲ့သူတွေကတော့ မိမိတို့ရဲ့ အသိပညာမဲ့ မှုကို ကြေညာတတ်ကြတယ်။
၈။ ပညာရှိတို့ရဲ့ဆိုရိုးစကားကို ရွတ်ဆိုတတ်တဲ့ လူမိုက်ဟာ လက်မှာ စုးနေတဲ့ဆူးကို ထွင်ရန်ကြိုးစားတဲ့
    သေသောက်ကြူးသူနဲ့ တူတယ်။ 
၉။ အသိပညာကို မြတ်နိုးသူမှန်သမျှဟာ ဆုံးမပဲ့ပြင်မဥကို နှစ်သက်တယ်၊ဆုံးမပဲ့ပြင်မှုကို မုန်းတဲ့လူဟာ လူမိုက်ပဲ။
၁၀။မိုက်မဲသူတွေဟာ မိမိတို့ပြုတဲ့အမှုကို အမြဲမှန်တယ်လို့ ထင်မှတ်ကြတယ်။ ပညာရှိတဲ့လူတွေကတော့
    သူတစ်ပါးပေးတဲ့ အကြံဥာဏ်ကို  လက်ခံတတ်ကြတယ်။
၁၁။အသိဥာဏ်ထက်မြက်သူဟာ သူတစ်ပါးတို့ ချီးမွမ်းပြောဆိုခြင်းကို ခံရလိမ့်မယ်။ အသိဥာဏ်တုံးသူတွေကတော့ အထင်သေးခြင်းကို ခံရလိမ့်မယ်။
၁၂။စကားများများပြောတဲ့အခါ အမှားများတတ်ပါတယ်။ဥာဏ်ပညာရှိသူကတော့ ဆိတ်ဆိတ်နေတတ်ပါတယ်။
၁၃။ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြောဆိုတတ်တဲ့ နှုတ်ဟာဓားသဖွယ် ပြင်းထန်စွာ ဒဏ်ရာရစေတယ်၊ ပညာရှိရဲ့နှုတ်က ဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းစေနိုင်ပါတယ်။
၁၄။ပညာရှိတွေဟာ ရနိုင်သမျှအသိပညာကို ဆည်းပူးတတ်ကြတယ်။ဒါပေမယ့် လူမိုက်တို့ စကားပြောတဲ့အခါ ဒုက္ခနဲ့တွေ့ကြုံဖို့ အလားအလာရှိတယ်။
၁၅။ဥာဏ်ပညာရှိသူတွေဟာ အနက်အဓိပ္ပါယ်ရှိတဲ့ စကားကို ပြောဆိုတတ်ကြတယ်။လူမိုက်တွေကတော့ အပြင်ဒဏ်ခံသင့်သူတွေဖြစ်တယ်။
၁၆။လူမိုက်ဟာ မိမိစကားအားဖြင့် ကြိမ်ဒဏ်သင့်လိမ့်မယ်၊ ပညာရှိက မိမိစကားအားဖြင့် မိမိကိုယ်ကို အကာအကွယ်ပေးလိမ့်မယ်။
၁၇။ဘုရားမဲ့သောသူတွေရဲ့ ဥာဏ်ပညာဟာ လူတွေကို  အကျိုးနည်းစေတယ်။ဒါပေမယ့် သူတော်ကောင်းတွေရဲ့ ဥာဏ် ပညာဟာလူတွေကို အသက်ဘေးက ကယ်တင်နိုင်တယ်။
၁၈။သူတစ်ပါးတို့ကို သရော်စော်ကားပြောဆိုတာဟာ မိုက်မဲမှုဖြစ်တယ်။သတိပညာရှိတဲ့သူဟာ ဆိတ်ဆိတ်နေလိမ့်မယ်။
၁၉။သူတော်ကောင်တွေဟာ ဥာဏ်ပညာနဲ့ယှဉ်တဲ့စကားကို ပြောဆိုတတ်ကြတယ်။ဒါပေမယ့် ဆိုးညစ်တဲ့စကားကို  ပြောတဲ့ နှုတ်ဟာ  အပိတ်ခံရလိမ့်မယ်။
၂၀။ဥာဏ်ပညာရင့်ကျက်သူဟာ အသိပညာရှိသူဟုကျော်စောတတ်တယ်။ သူဟာနှုတ်ချိုတာနဲ့အမျှ သူတစ်ပါးစိတ်ကို ဆွဲဆောင်နိုင်တယ်။
၂၁။အသိဥာဏ်ရှိသူတွေဟာ စကားမပြောမီ စဉ်းစားဆင်ခြင်တတ်ကြတယ်။ သို့ဖြစ်လို့ သူတို့ပြောတဲ့စကားတွေဟာ လူ့စိတ်ကို ပိုပြီး  စွဲဆောင်နိုင်တယ်။
၂၂။အတွေ့အကြုံများသောသူဟာ စကားများစွာမပြောတတ်။တည်ငြိမ်စွာ နေတတ်သူတွေဟာ ထိုးထွင်းဥာဏ်ရှိ သူများဖြစ်တယ်။နှုတ်ပိတ်လို့ ဆိတ်ငြိမ်စွာနေတတ်သော လူမိုက်ကိုပင် ဥာဏ်ကောင်းသူ၊ ပညာရှိရယ်လို့ထင်နိုင်ပါတယ်။
၂၃။ လူရဲ့နှုတ်ထွက်စကားတွေဟာ ပညာစမ်းရေတွင်းဖြစ်နိုင်၍ သမုဒ္ဒရာကဲ့သို့နက်ရှိုင်းပြီ ရေစီးချောင်းကဲ့သို့သန့်ရှင်းကြည်လင်ပေတယ်။
၂၄။ဥာဏ်ပညာရှိ သူတော်ကောင်းစကားတွေဟာ ငွေစင်နဲ့တူတယ်။ သူယုတ်မှာအတွေးအခေါ်တွေက တန်ဖိုးမရှိ။
၂၅။အသိပညာနှင့် ယှဉ်သောစကားဟာ ရွှေ(သို့မဟုတ်) ကျောက်သံပတ္တမြားထက်ပိုပြီ အဖိုးထိုက်တန်ပေတယ်။
စာဖတ်သော သူငယ်ချင်းများအားလုံး အသိပညာဗဟုသုတအဖြစ် ရရှိစေပြီ ပညာရှိသူတော်ကောင်းများဖြစ်နိုင်ကြစေရန်
ရည်ရွယ်ချက်များဖြင့် ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။
မျှဝေလာခြင်းဖြစ်ပါသည်...။
ဆက်ဖတ်ရန်

အမျိုးသမီးများ နေ့စဉ်မိနစ် ၃၀ခန့်လမ်းလျောက်ပေးလျှင် ရင်သားကင်ဆာ ဖြစ်ပွါးမှုလျော့နိုင်

အမျိုးသမီးများ နေ့စဉ်လမ်းလျှောက် လေ့ကျင့်မှုပုံမှန်လုပ်ပေးခြင်း၊ ကိုယ်အလေးချိန်မများရန် ထိန်းသိမ်း နေထိုင်ခြင်းကို ပြုလုပ်ပေးခြင်း တို့သည် ရင်သား ကင်ဆာဖြစ်ပွား မှုနှုန်း လျော့ကျစေပါသည်။


အသက် ၁၈ နှစ်အရွယ် အမျိုးသမီးများသည် သာမန်ကိုယ်အလေးချိန်ထက် ၂၁ပေါင်မှ ပေါင်၃၀ အထိမြင့်မားနေ ပါက ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု ၄၀ရာခိုင်နှုန်းရှိတတ်သောကြောင့် သာမန်အလေးချိန်ထက် ငါးပေါင်ခန့်သာပိုမိုမြင့်တက် ရန်ထိန်းသိမ်းနေထိုင် စားသောက်သင့်ပါသည်။ သာမန်အလေးချိန်ထက် ပေါင်၇၀ခန့် ပိုမိုများပြားသူ အမျိုးသမီးများ၏ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုနှုန်းမှာ မြင့်မားတတ်လေ့ရှိရာ နေ့စဉ်မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးသည့်အကျင့်ကို ပုံမှန် ပြုလုပ်ပေးသင့်ပါသည်။ အ၀လွန်သော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု ၃၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ ရှိတတ်ပြီး အ၀လွန်မှုနှင့် ကင်ဆာ ဖြစ်ပွားမှု ဆက်စပ်လျက်ရှိပါသည်။ အမျိုးသမီးများ အ၀လွန်မှုသည် ခန္ဓာကိုယ်အတွင်း အီစတိုဂျင် အနေအထားကိုမြင့်တက်စေကြောင်း၊ အီစတိုဂျင်သည် ရင်သားကင်ဆာဖြစ်ပွားမှုကို တွန်းအားပေးပါသည်။

ထို့ကြောင့် ကျန်းမာစွာ နေထိုင်ခြင်း၊ စားသောက်ခြင်းတို့က ရင်သား ကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးပြီး အမျိုးသမီးများသည် တစ်နေ့လျှင် မိနစ်၃၀ခန့် လမ်းလျှောက် ပေးပါက ရင်သား ကင်ဆာ ဖြစ်ပွားမှုနှုန်းကို ၂၀ရာခိုင်နှုန်း လျော့ကျနိုင်ပါသည်။ ထိုသို့နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်ခြင်းမှာ အိမ်မှု ကိစ္စနှင့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ခြင်းတို့ မပါဝင်ပါ။ သီးခြား လုပ်ဆောင်ရမည် ဖြစ်ပါသည်။

REF>>>မြ၀တီ

ဆက်ဖတ်ရန်

Tuesday, July 16, 2013

" အန္တရာယ်ကင်းအောင် စားသောက်နည်းများ "



၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။
 အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။အဆိပ်အတောက် များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝ မစားဘဲနေက အန္တရာယ် ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်- မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၎။ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။

ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။

မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့် ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။

မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။

အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက် ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ

credit to မင်္ဂလာသတင်းစဉ်
 မြ၀တီ
ဆက်ဖတ်ရန်

Saturday, July 13, 2013

" ဒီလို လူ(၁၀)မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ "


ဒီလို လူ(၁၀)မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ
=========================
၁။ ကိုယ်တကယ်ချစ်တဲ့လူကိုတွေ့ခဲ့ရင် သူနဲ့အတူတူဘဝတစ်လျှောက်လုံးလက်တွဲသွားဖို့ အခွင့်အရေးရအောင် ကြိုးစားပါ
ဘာဖြစ်လို့လဲဆိုတော့ သူထွက်သွားတဲ့အခါ အရာအားလုံး နောက်ကျသွားပါလိမ့်မယ်
၂။ ကိုယ်တကယ်ယုံကြည်ရတဲ့ သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့ အဆင်ပြေပြေ ကောင်းကောင်းမွန်မွန် ဆက်ဆံသွားပါ
ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ သူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ
၃။ ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း ကျေးဇူးတင်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ဘဝရဲ့ အလှည့်အပြောင်းလေး ဖြစ်ခဲ့လို့ပဲ
၎။ ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကို အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ
၅။ ကိုယ် တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့ သူ့ကို နှုတ်ဆက်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့် ကိုယ်က ပိုပြီး သတ္တိရှိလာခဲ့တယ်
၆။ ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူနဲ့ အေးအေးဆေးဆေး စကားစမြည်းပြောလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်း လောကအကြောင်းသိလာမှာ မဟုတ်ဘူးလေ
၇။ ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို "ပျော်ရွှင်ပါစေ" ဆိုပြီး ဆုတောင်းပေးလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ ကိုယ် သူ့ကို တိတ်တခိုးချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုဘဲ လိုလားခဲ့တာ မဟုတ်လား
၈။ ကိုယ့်ဘဝထဲကနေ ထွက်သွားခဲ့တဲ့သူကို တွေ့ခဲ့ရင် သူ ကိုယ့်ဘဝထဲ ဝင်ခဲ့တာကို ကျေးဇူးတင်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်လေ
၉။ ကိုယ့်ကို တစ်ချိန်တုန်းက အထင်လွဲခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် အချိန်မီ ဖြေရှင်းချက်ပေးလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင် ဖြေရှင်းဖို့ အခွင့်အရေးက တစ်ခါပဲ ရှိနိုင်လို့ပါ
၁၀။ ယခု ကိုယ်နဲ့ ဘဝတလျှောက်လုံး လက်တွဲသွားမဲ့သူကို တွေ့ရင် သူကိုယ့်ကို ချစ်တာ/ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ယောက်လုံး ပျော်ရွှင်မှုနဲ့ အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ....
ဆက်ဖတ်ရန်

ဒူးနာရောဂါအတွက် နည်းလမ်း



ကွေးလွယ် ဆန့်လွယ်တဲ့ ရှူးဖိနပ်တွေက ဒူးနာ (Knee Arthritis) အတွက် ပိုပြီးသက်သောင့် သက်သာ ဖြစ်စေပေမယ့် ခြေဗလာနှင့် လျှောက်တာ လောက်တော့ မကောင်းဘူးလို့ ချီကာဂိုရှိ Rush တက္ကသိုလ်၊ ဆေးကောလိပ်မှ လေ့လာမှု တစ်ခုက ဆိုလိုက်ပါတယ်။ 
ခြေခုံမာတဲ့ ရှူးဖိနပ်များက လူကြိုက်များတယ်။ ဒူးနာရှိသူ အများအပြားက ယင်းရှူးဖိနပ်များကို ဝတ်နေကြတယ်}လို့ လေ့လာမှု ဦးဆောင်သူ Fr.Najia Shakoor က ပြောပါတယ်။ 
သို့ပေမယ့် အဲဒီရှူး ဖိနပ်တွေက ပိုပြီးကွေးလွယ် ဆန့်လွယ်တဲ့ ရှူးဖိနပ်တွေနှင့်စာရင် ဒူးဆစ်ပေါ်မှာ ပိုပြီးသိသာတဲ့ ဝန်ပိစေပါတယ်။
Dr . Shakoor က ဒူးနာရှိ သူများ အတွက် ခြေခုံပြား ကွေးလွယ် ဆန့်လွယ်တဲ့ ရှူးဖိနပ်မျိုးဝတ်ဖို့ အကြံပေး ပါတယ်။ ရှူးဖိနပ်မှာ ခြေခုံပါးလေ လှုပ်ရှား မှုသိအာရုံက ပိုကောင်းလေ ဖြစ်တယ်။
မြေကြီးနှင့် ခြေဖဝါးထိတဲ့ အချိန်ကို သိရှိတဲ့ သဘောကို ဆိုလိုတာ ဖြစ်တယ်။ ယင်းသို့သိခြင်းက ပုံမှန်ဦးနှောက်နှင့် ကြွက်သားတို့ရဲ့ အလို အလျောက် တုံ့ပြန်ချက်များ ဖြစ်စေပြီး မြေကို ထိဆောင့်ခြင်း ဒဏ်ကို ခြေထောက် ခံစားရမှုမှ အကာအကွယ်ပေး တယ်လို့ သိရ ပါတယ်။
ဆက်ဖတ်ရန်

"ဘယ်အသက်အရွယ်မှာ ဘာအရသာတွေ ရှောင်ရမလဲ"


လူတွေဟာ မိုးလင်းတာနဲ့ စားဖို့သောက်ဖို့ကို အရင်ဆုံး စီစဉ်ရတော့သည်။ 
ဒါကြောင့်လည်း အူမတောင့်မှ သီလစောင့်မည်လို့ ဆိုထားတာ ဖြစ်ပေမည်။ 
နောက် အစားအသောက်ကြောင့် အလုပ်တွေ လုပ်နိုင်သလို အစားမတော်တလုပ်ကြောင့် ဒုက္ခတွေ့ရတာတွေလည်း ရှိလေသည်။ 


 အသက်ရှည်အောင် စားရတဲ့နည်း ၃-နည်း ရှိသည်။
၁။ အစာစားရင် ဆာမှစားပါတဲ့။
၂။ တည့်တာပဲ စားပါတဲ့။
၃။ လျှော့စားပါတဲ့။
ဆိုလိုတာက အစာစားမယ်ဆိုရင် ဆာတဲ့အချိန်မှာ မိမိနဲ့ တည့်တဲ့အစာကို စားကောင်းတယ်ဆိုပြီး တအားများများ မစားဘဲ နည်းနည်းလျှော့စားပါက အသက်ရှည်နိုင်တယ်လို့ ဆိုထားပါသည်။


အင်္ဂဝိဇ္ဇာ ဗေဒင်ပညာရပ်အရကတော့---
အင်္ဂဝိဇ္ဇာ၊ ကျမ်းအလာကို၊
သိသာစေလို၊ ပြညွှန်းဆိုအံ့၊
မွေးဂြိုဟ်သက်နှင့်၊ ရောက်သက်ရောထား၊
သတ္တစားမှ၊ ကြွင်းဧကမူ၊ အငန်ဟူ၏၊
ဒွေးမူ အဖန်၊ သုံးတန် အခါး၊ 
လေးကား အချဉ်၊ ပဉ္စ ဆိမ့်ဟူ၊ 
ခြောက်မူ အချို၊ သုဉ်းကို အစပ်၊ 
ရှောင်ကြဉ်အပ်သည်၊ 
မှတ်ကြလူသား သိစေသား။


အဓိပ္ပါယ်ကတော့ မိမိရောက်သက်နဲ့ မိမိမွေးနံ ဂြိုဟ်သက်ကို ပေါင်း။ ပေါင်းရလဒ်ကို ၇-နဲ့စား
၁-ကြွင်းသော် အငန်၊
၂-ကြွင်းသော် အဖန်၊
၃-ကြွင်းသော် အခါး၊
၎-ကြွင်းသော် အချဉ်၊
၅-ကြွင်းသော် အဆိမ့်၊
၆-ကြွင်းသော် အချို၊
ဝ-ကြွင်းသော် အစပ် အရသာကို ရှောင်ကြဉ်ရမည်။


မွေးနံဂြိုဟ်သက်ကား---
တနင်္ဂနွေ သားသမီး=၆-နှစ် 
တနင်္လာ သားသမီး=၁၅-နှစ်
အင်္ဂါ သားသမီး=၈-နှစ်
ဗုဒ္ဓဟူး သားသမီး=၁၇-နှစ်
ကြာသပတေး သားသမီး=၁၉-နှစ်
သောကြာ သားသမီး=၂၁-နှစ်
စနေ သားသမီး=၁၀-နှစ်


ဥပမာ-
အသက်                ၄၉-နှစ် 
ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇-နှစ်
ပေါင်းသော်           ၆၆-ရ၏။ ၆၆-ကို ၇-နဲ့စား ၃-ကြွင်း၊ အခါးကို ရှောင်ရမည်။ 
ဆက်ဖတ်ရန်

နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး၏ အေးခဲ နေသော ခန္ဓာကိုယ် အား ဂျပန်တွင် ပြသ




Saturday, July 13, 2013

ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ပကတိနီးပါး အတိုင်း ကျန်ရှိ နေသေးသည့်
နှစ်ပေါင်း
၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး တစ်ကောင်အား ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက်မှ စတင်၍ ပြသလျက် ရှိကြောင်း ဂျပန်တိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အေးခဲလျက် ရှိသည့် အဆိုပါ အမွေးရှည် ဆင်ကြီးသည် ၃ မီတာရှည်
လျားပြီး ၄င်းကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဆိုက်ဘေးရီးယား အရှေ့ပိုင်းရှိ အစဉ်အေးခဲနေသည့် နက်ရှိုင်းမြေလွှာ အတွင်းမှ တူးဖော် တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။ ၄င်းဆင်ကြီး၏ အသက်မှာ ၁ဝ နှစ်ခန့်ရှိပြီး ဆင်မဖြစ်ကာ လွန်ခဲ့သော နှစ်ပေါင်း ၃၉ဝဝဝ ခန့်က သေဆုံး သွားပြီးနောက် အေးခဲသွား
ခဲ့ခြင်း ဖြစ်သည်ဟု သုတေသီများ က ယူဆထား ကြသည်။

အဆိုပါ အမွေးရှည် ဆင်ကြီးအား ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက် မှ ဇူလိုင် ၁၆ ရက် အထိ ပြည်သူများအား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်ဖတ်ရန်

Tuesday, July 9, 2013

" ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံအကျဉ်း "




ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့
ရဟန်းတော် များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ်
လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကိုဝါမဆိုခင် ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်းအလှူဟာ ဝါ မဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ
ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင် နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။
 တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါ တယ်။
 ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက်
ဝါဆိုရည်မှန်း မြတ် သင်္ကန်းအကြောင်းတစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က" မိုးရေခံသင်္ကန်း"ဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။
ပါဠိလိုတော့ ဝဿာ ဝါသိက စီဝရ၊ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။
ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်း ဆိုတဲ့ အခေါ်ကိုအသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ
တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြ ပါတယ်။

ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပို အနေ နဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူ ဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။

ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှု ရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီး လေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။

လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါ တယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအား လုံးကို ချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေချိုးဖြစ်ခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိ တဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်း ကြားဖို့ စေလွှတ်လိုက်ပါတယ်။

အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ ပြီး ကျောင်းမှာ ရဟန်းတော် များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။

အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြ တာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါ တရား နည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘော
ပေါက်ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကို လှူဒါန်း ခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါ တယ်။

ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူ ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်ပါတယ်။

မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန် ကာလ သတ်မှတ်ချက် အကြောင်းလည်း ပြောဖို့လိုလာပါတယ်။

ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြု လုပ်နိုင်တဲ့ ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်း တဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည် မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပ ပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ် ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီး ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေး စရာ မေးခွန်းတွေ လည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီး လှူဒါန်း မယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံ တော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင် သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန် အဖိုး ထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင် မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေ ကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ ရပါ တယ်။

ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆို သင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရ ဒါနခေါ် သင်္ကန်းအလှူ မြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီး ထူးခြားတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာ လိုအပ်တဲ့ အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့ လည်း အဋ္ဌကထာ ဆရာ များက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ် ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက

၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်း ပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်း အလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်
တော့ အပါယ်လားနိုင်ပါသေးတယ်။

တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ် မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလ ဒါန အကျိုးကို လည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအား ကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ
စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြား အပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက
အကောင်းဆုံး အလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခု
ဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူကို လည်း အဆင်ပြေတဲ့အချိန်မှာ
အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ် သင်္ကန်း အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။
အရှင်ဝိစိတ္တ (မနာပဒါယီ)


သူငယ်ချင်းတို့ဗဟုသုတရစေအလို့ငှာ ပိုစ်တစ်ခုမှ ကူးယူလာခြင်းဖြစ်ပါသည်...။
ဆက်ဖတ်ရန်

" ကြောင်တွေရဲ့ လျှို့ဝှက်ချက် "


အိမ်မွေး တိရိစ္ဆာန်တစ်မျိုး ဖြစ်တဲ့ကြောင်တွေဟာ ခွေးတွေပြီးရင် လူတွေ အများဆုံးမွေးဖြစ်တဲ့ ချစ်ခင် သဘောကျတဲ့ တိရိစ္ဆာန်တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကြောင်ချစ်တတ်တဲ့သူတွေ အတွက် သူတို့ မသိသေးတဲ့ ကြောင်
တွေနဲ့ ပတ်သက်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) သူတို့ဟာ ငလျင်နဲ့ ပတ်သက်တဲ့ ကြိုတင်အာရုံခံမှုတွေ လုပ်ဆောင် သိရှိနိုင်ပါတယ်။

(၂) သူတို့ဟာ အစားအစာတွေကို မ၀ါး၊ မကိုက်ပဲ မျိုချ ချေဖျက်နိုင်စွမ်းရှိပါတယ်။

(၃) သူတို့ဟာ အမြဲတမ်း တွေးတောနေတတ်ပါတယ်။

(၄) သူတို့ဟာ အိပ်မက် မက်နိုင်စွမ်းရှိပါတယ်။

(၅) သူတို့ဟာ လူတွေလို အပြစ်ပေးတယ်ဆိုတဲ့ အရာကို နားမလည်ပါဘူး။ အပြစ်တစ်ခုခုကြောင့် ရိုက်ရင် အပြစ်ကြောင့်လို့ မသိပဲ ရိုက်တယ်လို့ပဲ သိကြပါတယ်။

(၆) သူတို့ အချင်းချင်းတွေ့ရင် နှုတ်ဆက်တဲ့ သဘောနဲ့ နှာခေါင်းချင်း နမ်းတတ်ပါတယ်။

(၇) သူတို့ဟာ သခင်နဲ့ အနီးကပ် နေချိန်တွေမှာ လုပ်တတ်တဲ့ အသံကို ဘယ်နေရာက လုပ်ဆောင်တယ် ဆိုတာ ပညာရှင်တွေ ဒီနေ့အထိ မသိသေးပါဘူး။

(၈) အဲဒီလို အသံတွေကို အသက်ရှုသွင်းချိန်တွေရော ရှုထုတ်ချိန်တွေမှာပါ လုပ်ဆောင်နိုင်ပါတယ်။


(၉) နောက်ပြီး အဲဒီလို အသံတွေကို သခင်နဲ့ အနီးကပ်နေထိုင်ချိန်ရောက်မှသာ ချစ်ခင်ကြောင်း ပြသဖို့ရာ လုပ်ဆောင်ကြပါတယ်။

(၁၀) ကြောင်တွေဟာ ချောကလက်စားရင် ဖျားနိုင်သလို အဆင်မသင့်ရင် အသက်တောင် သေနိုင်ပါတယ်။

(၁၁) သူတို့ရဲ့ သွားတွေ ကောင်းမွန် ခိုင်မာစေဖို့ရာ တစ်ရက်ကို အသားစိမ်း အနည်းငယ် ကျွေးပေးသင့်ပါတယ်။

(၁၂) သူတို့ရဲ့ သွေးခုန်နှုန်းက အသက်အရွယ်အပေါ် မူတည်ပြီးတော့ တစ်မိနစ်ကို သွေးခုန်နှုန်း အကြိမ်ရေ ၁၆၀ကနေ ၂၄၀ထိ ဖြစ်နိုင်ပါတယ်။

အားလုံးသိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်နော်...
ကြိုက်နှစ်သက်ရင် အားပေးမှုလေးတွေ လုပ်ခဲ့ကြပါဗျာ
ဆက်ဖတ်ရန်

" ရေနွေးဖြင့်ရေချိုးခြင်း၏ ကောင်းကျိုးများ "



ကွက်သား၊ အရွတ်နှင့်အဆစ်အမြစ်တို့ကို ပြေလျော့ စေသည်။ 

တစ်ချိန်တည်းမှာလေးဖက်နာ၊ ကြွက်သား စုတ်ပြဲခြင်း၊ မောပန်းခြင်းတို့ကြောင့်ဖြစ်စေသော ကြွက် သား၊ အဆစ်အမြစ်နာကျင်ခြင်းကို ပျောက်ကင်းစေသည်။ 

ပူနွေးခြင်းက သွေးလှည့်ပတ်စီးဆင်းမှုကိုလှုံ့ဆော်ပေး သည်။ ရောဂါအပြီးပျောက်အောင် ကုသခြင်းမျိုး မဟုတ်သော်လည်း ရောင်ရမ်းနာကျင်မှုများကို သက်သာ စေသည်။

ရေနွေးက ချွေးပေါက်များကို ပွင့်စေပြီး လွယ်ကူ စွာသန့်စင်နိုင်ကာ အလွယ်တကူချေးများ ကျွတ်စေနိုင် သည်။ ရေအေးနှင့် မျက်နှာသစ်လျှင် ချွေးပေါက်များကို နောက်တစ်ကြိမ် ထပ်ပိတ်စေသည်။

နံနက်အိပ်ယာထထချင်း၊ ခန္ဓာကိုယ်က တောင့်တင်း နေတတ်သဖြင့် သွေးလှည့်ပတ်မှုကောင်းစေရန် ရေ နွေးနှင့် ချိုးသင့်သည်။ နံနက်တွင်ရေနွေးနှင့်ရေချိုးခြင်း သည် သွေးပူလေ့ကျင့်ခန်းလုပ်သကဲ့သို့ခန္ဓာကိုယ်ကို နွေးထွေးစေသည်။

နှိပ်နယ်ခြင်းအပြင်လည်ချောင်း၊ပုခုံးတို့နာကျင်ခြင်း၊ပုခုံးကြောများတင်းခြင်း ခံစားရသည့်အခါ ရေနွေး နှင့်ရေချိုးခြင်းက ခန္ဓာကိုယ်ကိုပေါ့ပါးစေသည်။
ချောင်းဆိုးသက်သာစေရန် ချွဲများကြေစေရန်ရေ နွေးနှင့်ရေချိုးပါ။ ရေနွေးထဲကို ယူကလစ်ဆီ ထည့်၍ အငွေ့ကိုရှူပါ။ ခန္ဓာကိုယ်ကိုလိမ်းပေးပါ။ အသက်ရှူ ချောင်လာလိမ့်မည်။

ကိုယ်၊ စိတ်ပင်ပန်းခြင်း၊ အိပ်မပျော်ခြင်းအတွက် ရေနွေးနှင့် (၁၀)မိနစ်ခန့်ရေချိုးကြည့်ပါ။ ခန္ဓာကိုယ်၊ စိတ်နှင့် အကြောအခြင်များကို ပြေလျော့စေပြီး စိတ်ချမ်း သာစွာ စိတ်လက်အနားယူနိုင်ပါမည်။
ဆက်ဖတ်ရန်

Sunday, July 7, 2013

.." People are more important than things "..



သောမတ်စ်အက်ဒီဆင်ရဲ့ မီးလုံးပုံပြင်လေးပါ။ယနေ့.....လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတာသောမတ်စ်အက်ဒီဆင်ကြောင့်ပါပဲ။သူဟာ
ပထမဦးဆုံးမီးလုံးကို တီထွင်ခဲ့တာ တစ်နှစ်ကြာရှည်ခဲ့တယ်။
အောင်ပြီပေါ့။အဲဒီအောင်မြင်ပြီး နောက်တစ်နေ့မှာ.....သူက တီထွင်ထားတဲ့
မီးလုံးကို သတင်းစာဆရာတွေကို ခေါ်ပြတယ်။သတင်းစားရှင်းလင်းပွဲလုပ်တာပေါ့။သတင်းစာဆရာတွေ
ရောက်လာ နေရာယူပြီးတဲ့နောက်မှာ သူဟာ တပည့်လေးကို မီးလုံးသွားယူခိုင်းတယ်။
တပည့်လေးဟာ မီးလုံးယူလာရင်း လမ်းမှာ သတင်းစာဆရာတွေ ကြည့်နေတဲ့ ကြားက လွတ်ကျ
ကွဲကြေသွားလေသတဲ့။" ဟာ.....ဟယ်..." ခနဲ ပရိတ်သတ်တွေက
အံ့သြတုန်လှုပ်သွားကြတယ်။အက်ဒီဆင်က ဘာမှမဖြစ်သလိုနဲ့ '
ဒီမှာပြဖို့မီးလုံးကတစ်လုံးပဲရှိတယ်။
ဒါပေမယ့်...မပူကြနဲ့နောက်တစ်လုံးလုပ်လို့ ရပါတယ်။
သုံးလတော့စောင့်ပေပါ ' လို့ပြောတယ်။သတင်းစာဆရာတွေလည်း ကသိကအောက်ဖြစ်ကာ
အိမ်ပြန်ကြရတယ်။သုံးလစေ့တဲ့အခါ သောမတ်စ်အက်ဒီဆင်က သူ့ရဲ့ ကတိအတိုင်း
သတင်းစာဆရာတွေကို ခေါ်သတဲ့။
အရင်သုံးလက ပုံစံအတိုင်းပါပဲ။အက်ဒီဆင်က အခန်းထဲ ၀င်လာတယ်။သူ
နေရာယူတယ်၊ ပြီးတော့....တပည့်လေးကိုခေါ်လိုက်တယ်။အရင်ကကောင်လေးပဲ။ "
မီးလုံးသွားယူခဲ့ " ကောင်လေးဟာ မီးလုံးထားရာ ဗီရိုကိုတစ်လှမ်းချင်း
လျှောက်သွာတယ်။ သူ....ရင်တုန် မတုန်တော့ မသိဘူး။
သတင်းစာဆရာတွေက အားလုံးရင်တုန်နေတယ်။ဘာကြောင့်လဲဆိုတော့....ဒီကောင်လေးဟာ
လွန်ခဲ့ ( ၃ )လက မီးလုံးခွဲလိုက်တဲ့ကောင်းလေးပါပဲ။ပြပွဲက
အေးအေးဆေးဆေးပဲ ပြီးသွားတယ်။ဒီတစ်ခါ ကောင်းလေးလည်း
မီးလုံးမခွဲတော့ပါဘူး။သတင်းစာဆရာတွေ့ အက်ဒီဆင်ကို ဘာကြောင့်
ဒီကောင်လေးကိုပဲ ထပ်ခိုင်းရတာလဲ လို့မေးတော့ သူက ပြောတယ်။
" People are more important than things" တဲ့။' လူတွေဟာ
ဝတ္တုပစ္စည်းတွေထက် ပိုပြီးတန်းဖိုးရှိတယ် ' လို့ပါပဲ။" ခင်ဗျားတို့
စဉ်းစားကြည့်လေ၊ ဒီတစ်ခါ သူ့ကိုမခိုင်းရင် ကောင်လေးဟာ သူ့ကိုယ်သူ ယုံကြည်မှု
ဘယ်တော့မှ ရှိတော့မှာ မဟုတ်တော့ဘူး" တဲ့။
ဒီစိတ်ထားဟာ သားသမီးတွေ တပည့်တပန်းတွေ အပေါ်ထားရမယ့်စိတ်ထားပဲ။
အလုပ်တစ်ခုလုပ်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေဖြစ်တတ်တာပါပဲ။
ပျက်စီးရတဲ့ အကြောင်းအရင်းဟာ လက်အောက်ငယ်သားကြောင့်သာဖြစ်လေ့ရှိတယ်။
ဘာကြောင့်လဲဆိုတော့....အထက်လူကြီးက စားပွဲမှာပဲထိုင်နေတာကိုး။
အထူးသဖြင့်...အလုပ်ပိုလုပ်လုပ်လေလေ၊ သူ့ကြောင့်ထိခိုက်ဆုံးရှုံးမှု များလေလေပဲ။
ဒါပေမဲ့.....ကိုင်တွယ်မှုမှားရင်တော့ ' စိတ်ဓာတ် ' ပါပျက်စီးသွားပေလိမ့်မယ်။
မြန်မာတွေလည်း နာယကရုဏ် ( ၆ )ပါးကိုနားလည်ကြပါတယ်။
" ထကြွနိုးကြား၊ သနားသည်းခံ၊ဝေဖန်ထောက်ရှု ဤခြောက်ခု ကြီးသူဂုဏ်အင်င်္ဂါ" တဲ့။
ခေါင်းဆောင်ဆိုတာ ၀ီရိယရှိမှ ထကြွမယ်၊ နိုးကြားနိုင်မှာဖြစ်တယ်။
နောက်....သနားသည်းခံ၊ဒါလည်း သနားတာနဲ့ သည်းခံတာနှစ်ခုပါပဲ။
ကျွန်တော်အနေနဲ့တော့...ဒါကို လူသားဆန်မှု ( Humanitarian ) လို့ဆိုချင်တယ်။
ဒီလူတွေငတ်နေတာ သူတို့အသုံးမကျလို့ သနားစရာမလိုပါဘူးဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။
တကယ်တော့....လူတွေဟာ အခြေအနေအရ ' မြင်တုံ နိမ့်တုံ ' ရှိကြာတာ ဖြစ်တယ်။
လူတွေဟာ မှားတတ်တယ်။ မိမိ လက်အောက်ငယ်သားတွေလည်း မှားတာပဲ။
သူတို့ကြောင့်ပျက်ဆီးဆုံးရှုံးတာတွေရှိမယ်။
သူတို့ကို ခေါင်းဆောင်လုပ်သူက နားလည်ရမယ်။
လူသားဆန်တဲ့ ခေါင်းဆောင်ကိုတော့ လူတွေ လေးစားကြတယ်။
အမှားနဲကအမှန်ဆိုတာ တရားသေမဟုတ်ဘူး။
ကလ၊ဒေသဆိုတဲ့ အချိန်အခါ နေရာဒေသကို လိုက်ပြီး ပြောင်းတာပဲ။
ဒါတွေကို ခေါင်းဆောင်လုပ်သူတွေက နားလည်ခွင့်လွှတ် သည်းခံရတယ်။
ဝေဖန်တယ်ဆိုတာကလည်း အမှားအမှန်ပိုင်းခြားတာပါ။
အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်သူကို ပညာရှိလို့ဆိုတယ်။
အချိန်အခါအလိုက် ပြောင်းလဲတတ်တဲ့ အမှန်နဲ အမှားတွေ လူမှုအသိုက်အ၀န်းတစ်ခုက
လက်ခံထားတဲ့စံတွေကို ခေါင်းဆာင်က သိတတ်ရတယ်။
ဒါမှ ခေါင်းဆောင်ကောင်းဟာ ဝေဖန်ပိုင်းခြားတတ်မှာပေါ့။
ထောက်ရှုဆိုတာ ထောက်ထားညှာတာခြင်းအပြင် ညွှန်ပြခြင်းတွေလည်းပါတယ်။
ဒါဟာ.....မြန်မာက သတ်မှတ်တဲ့ ခေါင်းဆောင်တစ်ယောက် လိုအ်ပ်ချက်ပါပဲ။
ကျွန်တော်တို့ ( ၂၁ ) ရာစု လူသားတွေဟာ ပစ္စည်းတွေနောက်ကို လိုက်ကြတယ်။
ပိုက်ဆံနောက်ကို လိုက်ကြတယ်။
ဒီလိုဆိုရင်တော့ ပိုက်ဆံဟာ လူထက် အရေးကြီးသလား၊ ပစ္စည်းဟာ လူထက် အရေးပါသလား။
ခေါင်းဆောင်တွေက ဒါကို ကောင်းကောင်းသိတယ်။
ရုပ်ဝတ္တုပစ္စည်းတွေထက် လူတွေက ပိုသာပါတယ်။
" People are more important than things " တဲ့။
လူသားတွေကို ကြင်နာတတ်ကြပါစေ........

အရမ်းကိုကြိုက်နှစ်သက်မိလို့ ကူးယူတင်ပြခဲ့ခြင်းဖြစ်ပါသည်...။
ဆက်ဖတ်ရန်

..' အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ '..


မကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက် လာပါတယ်။ အထူးသဖြင့် အမျိုးသား တွေနဲ့ နှိုင်းယှဉ်ရင် အဆုတ် အရွယ်အစား သေးငယ်တဲ့ အမျိုးသမီး တွေမှာ အဖြစ်များ လာပါတယ်။ ဒါပေမဲ့ အဆုတ် ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆေးလိပ် သောက်သူ ဖြစ်နေရင်တောင် ကာကွယ်နိုင် ပါသတဲ့။ အောက်ပါ နည်းလမ်း တွေဟာ အဆုတ် ကျန်းမာရေးကို ကောင်းမွန် စေနိုင်ပြီး ကင်ဆာဖြစ်နိုင် ခြေကို ၆၇ ရာခိုင်နှုန်းကျော် အထိ လျှော့ချ နိုင်ပါတယ်။

ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ
ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေ တဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ် ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ် ရီသီးအခြောက် ဒါမှမဟုတ် ခရင်မ် ဘယ် ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။
တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ
ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol တွေ များစွာ ပါဝင်ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ နေ့စဉ် နှစ်အောင်စ မှီဝဲပါ။
ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ
သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံ ဆေးလိပ် တွေကို ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျ ကော်ဖီနှစ်ခွက်ကို ကဖင်း မပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက် ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာ ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။
အနီရောင်ဂရိတ်ဖရုသီး စားပါ
အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ် သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ် ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေ နှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာ လည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါ တယ်။
ဆက်ဖတ်ရန်

..သိမှတ်ဖွယ်ရာ အတိုအထွာလေးများ ( ၃ )..



သင့်ခန္တာကိုယ်ထဲက ဆဲလ်တစ်လုံး ခန္တာကိုယ်တစ်ပတ်ပတ်တဲ့ချိန်က 60 စက္ကန့်သာ ကြာမြင့်ပါတယ်

လူတစ်ယောက်ဟာ မွေးကင်းစမှာ အရိုးပေါင်း 350 ရှိပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ 206 ချောင်းပဲ ရှိပါတော့တယ်

အိမ်မက်မက်လေ IQ ပိုမြင့်လေပါပဲတဲ့

မျက်နှာပေါ်ပေါက်တဲ့အမွှေးက သင့်ခန္တာကိုယ်ကျန်တဲ့ဘယ်နေရာမဆိုပေါက်တဲ့အမွှေးထက် ပိုပြီး ရှည်တာမြန်ပါတယ်

လက်ခလယ်ကလက်သည်းရဲ့ရှည်ထွက်မှုက ကျန်တဲ့လက်ချောင်းများထက် ပိုအရှည်မြန်ပြီးတော့ လက်သည်းများရဲ့ ရှည်ထွက်မှုက ခြေသည်းများရဲ့ရှည်ထွက်မှုထက် လေးဆ ပိုပါတယ် ( လက်သည်းလေးခါညှပ်ပြီးတဲ့အချိန်မှ ခြေသည်းတခါညှပ် ရပါတယ် )

သင့်အစာအိမ်ထဲက အက်စစ်က zinc ကိုတောင်အရည်ပျော်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် သင့်အစာအိမ်ကို မဖျက်ဆီးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်နံရံက အမြဲတမ်း သူဘာသာသူ အသစ်ဖြစ်နေလို့ပါပဲ

မိန်းမတွေဟာ ယောင်္ကျားတွေထက် မျက်တောင်နှစ်ဆပိုခတ်ပါတယ်

ယောင်္ကျားတွေမှာ မိန်းမတွေထက် အဆီကိုပိုမိုမြန်မြန်လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းမှုနှုန်းကတော့ တစ်နေ့ကို ကယ်လိုရီ 50 ပါတဲ့

ယောင်္ကျားတွေက မိန်းမတွေထက်ပိုပြီး  မကြာခဏကြို့ထိုးတတ်ပါတယ်

ယောင်္ကျားတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲမှာ ပျဉ်းမျှအားဖြင့် သွေး 6.8 လီတာရှိပြီးတော့ မိန်းမတွေမှာတော့သွေး 5 လီတာသာ ရှိပါတယ်
                                           .......................................

သူငယ်ချင်းတို့ရေ..ဒီတစ်ခါလဲမတူတာလေးတွေ လိုက်ရှာဖွေပေးလိုက်တယ်နော်
တုန့်ပြန်မှုလေးတွေလဲ လုပ်ခဲ့ကြပါအုံး
                                                                          နေကောင်းကင်နီ
ဆက်ဖတ်ရန်

Saturday, July 6, 2013

သိမှတ်ဖွယ်ရာ အတိုအထွာလေးများ ( ၂ )



1.   သံလွင်ပင်တွေဟာ နှစ်ပေါင်း (၁၅၀၀)တိုင်အောင် ရှင်သန်နေနိုင်ကြပါသတဲ့။

2.   လူတစ်ဦးရဲ့ နှလုံးခုန်နှုန်းဟာ တစ်နေ့ကို အကြိမ်ရေ(၁) သိန်းနဲ့ အထက်ရှိပါသတဲ့။

3.   ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ မအိပ်စက်ကြပါဘူးတဲ့။

4.   နို့တိုက်သတ္တ၀ါတွေထဲမှာ ပျံနိုင်တာကတော့ လင်းနို့တွေပါပဲ။

5.   နို့တိုက်သတ္တ၀ါတွေထဲမှာ မခုန်နိုင်တဲ့ တစ်ကောင်တည်းသောသတ္တ၀ါကတော့ ဆင်ကြီးတွေပဲဖြစ်ပါတယ်။

6.   အင်္ဂလိပ်စကားလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့စကားလုံးကတော့ Dreamt ဆိုတဲ့ စကားလုံးတစ်လုံးပဲရှိပါတယ်တဲ့။

7.   ကြောင်တွေဟာ အသံကွဲပေါင်း (၁၀၀)ကျော်ပြုလုပ်နိုင်စွမ်းရှိပေမယ့် ခွေးတွေကတော့ အသံကွဲ(၁၀)ခန့်သာ ပြုလုပ်နိုင်ပါတယ်တဲ့။

8.   သဘာဝပုလဲတွေဟာ ဗီနီကာထဲမှာ ပျော်ဝင်ပါသတဲ့။

9.   မျက်လုံးဖွင့်ပြီး နှာချေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

10. အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့အရေပြားအလေးချိန်စုစုပေါင်းဟာ (၆)ပေါင်ခန့်ရှိပါတယ်။
ဆက်ဖတ်ရန်

'" စိမ်းစိုထူးခြားသည့် Firebox မြက်ဖိနပ် "'




မြက်ဖိနပ်ဆိုသော အသုံးအနှုန်းသည် လူအများ ကြားဖူးနားဝ ရှိနှင့်ပြီးသား စကားတစ်ခွန်း ဖြစ်သော်လည်း ယခုဖန်တီးထားသည့် ဖိနပ်အတွက်မူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ သာမန်အားဖြင့် မြက်ခြောက်များဖြင့် ရက်လုပ်ဖန်တီးထားသည်ကို မြက်ဖိနပ်ဟု ခေါ်ဆိုလေ့ ရှိသော်လည်း ယခုဖိနပ်မှာမူ အမှန်တကယ် ပေါက်ရောက် ရှင်သန်နေဆဲ မြက်ပင်များကို အောက်ခံအဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

ရော်ဘာခုံပေါ်တွင် တင်ရှိထားသည့် မြက်ပင်လေးများသည် ကျေးလက်ဆန်ဆန် မြင်ကွင်းတစ်ခုကို ဖန်တီးထားသည့် ပုံစံငယ်လေးပမာ ဖြစ်နေသည်။ ယင်းဖိနပ်ပေါ်ရှိ မြက်များသည် နေရောင်နှင့် ထိတွေ့မှုမှတစ်ဆင့် ဆက်လက် ရှင်သန်နေမည် ဖြစ်သည်။

ထို့ကြောင့် ဖိနပ်ကို စီးထားသူသည် သဘာဝ မြက်ခင်းပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ရသည့် ခံစားမှုမျိုးကို ထာဝရ ထိတွေ့နေမည့် သဘောမျိုး ဖြစ်လာသည်။ #Gadget လေးများ ဖန်တီးရောင်းချလေ့ရှိသည့် #Firebox ကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါ ဖိနပ်လေးများကို ယောက်ျားစီးရေ၊ မိန်းမစီးဟူ၍ပါ ခွဲခြားထုတ်လုပ်မည် ဖြစ်သည်။

ဖိနပ်ပေါ်ရှိ မြက်များ ဆက်လက် ရှင်သန်နေရေးအတွက် ရေလောင်းစရာ မလိုသလို မြက်ကို ရိတ်သိမ်းပေးနေရမည့် ဒုက္ခနှင့်လည်း ကြုံရမည် မဟုတ်ချေ။ ထိုဖိနပ်ကို စီးထားခြင်းဖြင့် လူနေအိမ် ဧည့်ခန်းအတွင်း သွားလာနေသည့်တိုင် မြက်ခင်း၏ သဘာဝ အထိအတွေ့မျိုးကို ရရှိနေစေမည် ဖြစ်သည်။
ဆက်ဖတ်ရန်

Friday, July 5, 2013

အနာချည်တွေ တန်းထားတယ်... ရဲရဲလှန်းကြပါ


ခေါင်းစဉ်ကို ပတ်တီးနဲ့ ကျပ်စည်းထားတယ်။
ပုံမှန်လာတဲ့ သတင်းစာ ခေါင်းစီးပိုင်းမှာ စာလုံးပေါင်းအမှားကြီးက ထင်းလို့ လင်းလို့။
လူသာလာပါ.. ရင်မနာစေပါနဲ့။
စကောလောက်မှ ဇောက်မနက်တဲ့ ခေတ် သဝေထိုးကြီးက လှောင်လို့ ပြောင်လို့။
မိုးမလင်းမချင်း ထိုးနေတဲ့ လောက်တွေကြောင့် စိတ်အနာပေါက်ဟာ ဟောင်းလောင်း။
တရားသဖြင့် အသားတစ်ပေါင် ကို ကျေးဇူးပြုပြီး မတောင်းပါနဲ့လား။
လိုလိုလားလား ပေးကမ်းချက်သာ အလေးချိန်စီးတာပါ။
ပါးပါးရိတ်တာ ရိတ်ကောင်းတိုင်းရိတ်ခဲ့ပြီးပြီ။
ဒီပြောင်တလင်းခါနေတဲ့ စစ်တလင်းမှာ ဇီဇဝါတွေ ဝေအောင်သာ စိုက်ခဲ့ပါ။
ဒဏ်ရာဟာ အတိမ် အနက် မြင့်တယ်။
တစ်ချက်စာ စကားလုံး ကြမ်းကြမ်းက နုနယ်သူမှာ မြွှေဆိပ်သင့်လို့။
တွယ်ရာ တမ်းရာ ကမ်းမိ လှမ်းမိတဲ့ လက်တစ်စုံ ကျေးဇူးပြုပြီး ခပ်ကြမ်းကြမ်း မပုတ်ထုတ် လိုက်ပါနဲ့။
ကျွန်တော် ရွှေခြည် ငွေခြည် တန်းချင်လို့ပါ။
လူသားချင်းစာနာမှုက အထုပ်တွေ ဖွင့်ချလိုက်တိုင်း မသတီစရာ ယမ်းနံ့က အော့အန် ချင်စရာ။
မလိုပါဘူး။
ဒီထက် ဖောက်လုံးတွေ ချည်မျှင်တန်းလိုက်ပါ။
ဒဏ်ရာဟာ တစ်နေရာက အစာတောင်းနေတယ်။ ကျွေးစရာမရှိ။
ကိုယ်အသား ကိုယ်ပြန်လှီးရတော့မှာလား။
ငါးမျှားချိတ်မှာ ကိုယ့်ကိုယ်ကို ပြန်မျှားလိုက်တဲ့ နေ့ က ငါးကြီးကြီးတစ်ကောင် ငါးဒေါ်လာနဲ့ ပြန်ရောင်းလိုက်တယ်။
အပ်နဖားလောက် ကျယ်တဲ့ ကမ္ဘာလုံးကြီးက နေစရာမရှိ လေလွင့်ခြင်းအတိ နဲ့ ။
ကယ်ကြပါ ယူကြပါ။ ဒီအသံတွေ ကြားနေတယ် ။
ကိုယ်တိုင်က လဲ အော်နေခဲ့တယ်။
နာပါတယ် ဆိုမှာ လဒတွေ က အသားတွေ လာတွတ်သွားတယ်။
နယူတန်ကြီး ဆွဲယူလိုက်တဲ့ မျက်ရည်တစ်စက်က မြေကြီးပေါ် ပေါက်ခနဲ့ ။
ပေါက်ခနဲ့။ ပင်လယ်ကြီးဖြစ်သွားတယ်။
မြင်လား.......... မြင်မိလား။
ဒီပေါ်မှာ ငါတို့ ခင်းခဲ့တယ်။ အသက်တွေနဲ့။
ခံစားချက် က ပြာမဟုတ်ပါဘူး။
လျစ်လျူ ရှု့ ခြင်းက ခရစ်တော် ထက် ဦးပြီး ပေါ်ခဲ့တာလား။
ထိုးမွလိုက်တဲ့ အခေါင်းပွက တစ်ချိန်မှာ လှပတဲ့ ပန်းကလေးတစ်ပွင့်။
လှမ်းကြပါ တန်းကြပါ ။ ဒီပေါ်မှာ ခြေရာတွေ လှမ်းလိုက်ကြပါ ။
ကျွန်တော် ဘဝကို တန်းပေးပါ့မယ်။
ခင်ဗျားတို့ အဝတ်တွေ ခြောက်သွားရင် ဘဝတွေက မီးပူတိုက်ပြီး ကြွရွ လှပ ။
ကျွန်တော် ပျော်ပါတယ်။
တန်းထားတယ်။
ထပ်ပြီး လှမ်းလိုက်ကြပါ။

ပျူမခ (ကော့သောင်း)
11.5.2013
ဆက်ဖတ်ရန်

" ကျောက်ချဉ်အစွမ်း "


ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတတတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့
ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရား
နဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။


မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။

အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။
အစာကိုကြေ စေသည်။ သည်းခြေအားနည်းသည်ကို
လည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။ သွေး၊ သည်းခြေ၊ လေ၊သလိပ်
တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ တွင် ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်
ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊
မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို နိုင်၏ လို့ ဆိုထားပါတယ်။

ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့ တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေ
တဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ချဉ်၊ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကို
အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)
ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။

ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊ အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့
သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။ ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲ
တမ်း ဆောင်ထားလေ့ရှိပြီး ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
ဆက်ဖတ်ရန်

" ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် "


ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင် ကြပါတယ်။
လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ် ဆိုတာကို ရေးသား လိုက်ရပါတယ်။


(၁) အစာကြေစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိ စေပါဘူး။

(၂) ကင်ဆာကို ကာကွယ်ခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက် တွေဟာ ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေး စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျ စေပါတယ်။
ဆက်ဖတ်ရန်

" ကွန်ပျူတာတွင် အသုံးပြုသည့် မောက်စ် တီထွင်ခဲ့သူ ကွယ်လွန် "


ကွန်ပျူတာ မောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

သူ၏ တီထွင်မှုသည် ကွန်ပျူတာ လောက၀ယ် ကြီးစွာသောပြောင်းလဲမှု ဖြစ်စေ ခဲ့သဖြင့် ဆုငွေများ ချီးမြှင့်ခံ ခဲ့ရသည်။ 
သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာ ပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ 
ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြု သူ၏ ရွေးချယ်မှုကို လက်ဖြင့် လုပ်ဆောင်သော ကိရိယာ(Manually Operated User Selection Equipment) ဆိုသည့် အင်္ဂလိပ် ဝေါဟာရကို အတိုကောက်ပြု ထားခြင်း ဖြစ်သည်။ မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဆက်ဖတ်ရန်

Thursday, July 4, 2013

"' ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ '"


        ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။
ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။


(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
ဆက်ဖတ်ရန်

" သင့်ခန္တာကိုယ်က ဒါတွေ သင်သိရဲ့လား "


  • လူတစ်ယောက်ဟာ သူသက်တမ်းတစ်လျောက်မှာ ထွေးခဲ့တဲ့တံတွေးစက်ပေါင်းဟာ ရေကူးကန် နှစ်ကန်စာလောက် ရှိပါတယ်တဲ့
  • လူတစ်ယောက်ရဲ့အူအရှည်က ပေ၂၀ ကနေ ၂၃ ပေအထိပျဉ်းမျှ ရှိနိုင်ပါတယ်
  • လူတစ်ယောက်ရဲ့ လျာဗွေရာ နဲ့ လက်ဗွေရာက ထူးထူးခြားခြားတူညီနေပါသတဲ့
  • အကယ်ဤသာ အေးတဲ့အခန်းထဲမှာအိပ်ခဲ့ပါက အိမ်မက်ဆိုး မက်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်
  • ယောင်္ကျားလေးတွေရဲ့ တည်ဆောက်ခြင်းဟာ နာရီတိုင်းမှာ ဖြစ်ပေါ်နေပါတယ် တစ်ဝက်ကတော့ အိပ်နေတဲ့အချိန်မှာပါ
  • သာမာန်သူတစ်ယောက်က ပျဉ်းမျှအားဖြင့် တစ်ရက်လျင် ဆံပင် အချောင်း ၆၀ မှ ၁၀၀ အထိကျွတ်တတ်ပါတယ်
  • မွေးကင်းစ ကလေးတွေတိုင်းဟာ အကုန်လုံး မျက်ဝန်းပြာပြာလေးတွေ ရှိတတ်ကြပါတယ် (မှတ်ချက်။   ။ ထိုတွေ့ရှိအဆိုပြုချက်ဟာ သိပ်မမှန်ကန်ပါနိုင်ဘူး )
  • လူတစ်ယောက်ရဲ့ လေလည်မှုနှုန်းက ပျဉ်းမျှအားဖြင့် တစ်နေ့ကို ၁၄ ကြိမ်လောက် ရှိပါတယ်
  • သင့်ခန္တာကိုယ်ဟာ နေစဉ်နေ့တိုင်း သွေးနီဥဆဲလ်သစ်ပေါင်း 300 billion ကျော်လောက် ထုတ်ပေးပါတယ်
  • ဒါပေမယ့် 300 million လောက်ကလဲမိနစ်တိုင်း သေဆုံးနေကြပါတယ်
  • သင့်ရဲ့နှာခေါင်းဟာ မတူညီတဲ့အနံ့ပေါင်း 50,000 လောက်ကို မှတ်မိနိုင်ပါတယ်
  • လူ့ခန္တာကိုယ်ထဲက သွေးကြောတွေရဲ့ စုစုပေါင်း အရှည်က 60,000 miles လောက်တောင်ရှည်ပါသတဲ့
  • လူအရေပြားက အကြမ်းဖျင်းအားဖြင့် 27 ရက်တိုင်းမှာ တစ်ခါ ကျွတ်ထွက်ပြီး ပြန်လည်အသစ်ဖြစ်တတ်ပါသတဲ့
  • သင်ရယ်မောတဲ့အခါတိုင်းမှာ ကြွက်သားပေါင်း 17 ခုလှုပ်ရှားပြီးတော့ မဲ့လိုက်မယ်ဆိုရင် ကြွက်သားပေါင်း 43 ခု လှုပ်ရှားအလုပ်လုပ်ရပါတယ်
  • သင်မအိပ်ခင်အချိန်ကထက် သင်နိုးလာတဲ့အချိန်မှာ အရပ် 1 cm ပိုရှည်လာတာကိုတွေ့ရပါတယ်
  • သင့်ခန္တာကိုယ်ဟာ အစာအိမ်၊ သရက်ရွက်၊ ကျောက်ကပ်တစ်ခြမ်း၊ အူရဲ့ 80% ၊ အသည်းရဲ့ 75% မရှိပဲနဲ့ အသက်ရှင်နိုင်ပါတယ်
  • ဦးနှောက်မှတဆင့် နဗ်ကြောတွေဆီ အသွားအပြန် သွားတဲ့ လှုံ့ဆော်မှုဟာ တစ်နာရီကို မိုင် 170 သွားတဲ့ခရီးနှုန်းထက်ကို ပိုမြန်ပါတယ်
                                                                        နေကောင်းကင်နီ
ဆက်ဖတ်ရန်

Monday, July 1, 2013

" သင်တို့သိကြရဲ့လား "


စတိဂျော့ကွယ်လွန်တဲ့အချိန်ကာလက အော်တိုဘာလ ၅ ရက်၊ ၂၀၁၁ ခုနှစ်၊ နောက်တစ်ဦး ဖြစ်တဲ့ Dennis Ritchie ကတော့ အောက်တိုဘာ လ ၁၂ ရက်၊ ၂၀၁၁ ခုနှစ် မှာ ကွယ်လွန်ပါတယ်။


သို့ပေမယ့် လူအများ သိထားမိလိုက်တာကတော့ Apple တည်ထောင် သူ စတိဗ်ဂျော့ကိုပဲ ဖြစ်ပြီး မီဒီယာများကလည်း အလေးပေး ဖော်ပြ ပါတယ်။ ဒီတော့ Dennis Ritchie ရဲ့  ကွယ်လွန်မှုကို သိရှိ၊အလေးထား သူ နည်းသွားပါတယ်။
စတိဗ်ဂျော့သာ မရှိခဲ့ရင် Apple ရဲ့  iPhone, iPod, iMac , iOS နဲ့ အခြားသော နာမည်ကြီး Apple ပစ္စည်းများ ဖြစ်လာဖို့ မသေချာပါဘူး။

Dennis Ritchie သာ မရှိခဲ့ဘူးဆိုရင်တော့

• No Windows.
• No Unix.
• No C.
• No Programs.
...
တကယ်ပါ။ C programming တီထွင်သူက Dennis ဖြစ်ပါတယ်။ Unix Operating System ကလည်း သူ့လက်ရာပါပဲ။ သူသာ မဖန်တီးဘူး ဆိုရင် Computing World ဟာ အတော်လေး ခေတ်နောက်ကျနေ အုံးမှာပါ။ Generic-text Languages ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ Language အားလုံးကို Binary နဲ့ပဲ ဖတ်ရမယ့် အနေအထား အထိတောင် ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

ကဲ Dennis ကိုကျွန်တော်တို့ ဒီနေရာကပဲ ၀မ်းနည်း ဂုဏ်ပြုလိုက်ကြရအောင်...။
ဆက်ဖတ်ရန်

" Sony Smartwatch 2 "


Mobile Asia Expo 2013 မှာ Sony Xpria Z Ultra ကို မိတ်ဆက်ပြသ လို့အပြီး ထပ်မံမိတ်ဆက်လိုက်တဲ့ Sony Smartwatch 2 ပါ၊


မျက်နှာပြင်အကျယ် ၁.၆ လက်မ၊LCD Display နှင့် Resoultion 220 x 176
ရှိမှာဖြစ်ပြီး version 4.0 နဲ့ထွက်ရှိလာမှာပါ၊ရေဆိုခံထုတ်လုပ်ထားတဲ့ ဒီ စမတ်နာရီဟာဆိုရင် ဖုန်းနှင့်ချိတ်ဆက်အသုံးပြုလို့ရမည့်အပြင် MP-3,MP-4 အစရှိတဲ့ ဗီဒီယိုဖိုင်များကိုပါ စမတ်နာရီကနေကြည့်ရှုလို့ရစေမှာဖြစ်ပါတယ်၊

ထို့အပြင် ဖုန်းမှလက်ခံရရှိလာတဲ့ အဝင်ခေါ်ဆိုမှုများ၊မက်ဆေ့စ်
ပေးပို့လာမှုများ ကို လက်ခံဖတ်ရှုလို့ရစေမှာဖြစ်ပါတယ်၊
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...