မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Sunday, June 30, 2013

...သိမှတ်ဖွယ်ရာ အတိုအထွာလေးများ...


၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်...

၂) အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်...

၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်...

၎) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်...

၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်...

၆) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်းမြန်ပါတယ်...

၇) ငှက်ပျောသီးစားထားတဲ့သူတွေနားကို ခြင်တွေပိုလာပါတယ်...

၈) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်...

၉) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်...

၁၀) ပျားထီးတွေဟာ မျိုးပွားပြီး (လိင်ဆက်ဆံပြီး) ရင် သေပါတယ်...

၁၁) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်...

၁၂) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်...

၁၃) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ ပြန်သွားတတ်ပါတယ်...

၁၄) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်...

၁၅) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်...

၁၆) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်...

၁၇) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်...

၁၈) ဧဝရတ်တောင်ထိပ်မှာ သေဆုံးခဲ့ရသူ အယောက် ၂၀ လောက်ရှိပါတယ်...

၁၉) ကမ္ဘာ့နာနတ်သီးထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ဟာဝိုင်အီကျွန်းက ထုတ်လုပ်ပါတယ်...

၂၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီး စတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး...

၂၁) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်.
ဆက်ဖတ်ရန်

Tuesday, June 25, 2013

Firefox တစ်ခုလုံးကို မြန်မာလိုအသုံးပြုနိုင်ပြီ ( Unicode သမားများအတွက် )


Firefox တစ်ခုလုံးကိုမြန်မာလိုအသုံးပြုလို့ရပါပြီ..

ကိုယ့်ဘာသာစကားနဲ့ပဲ အသုံးပြုချင်သူတွေ အင်္ဂလိပ်စာအားနည်းတဲ့ အသုံးပြုသူတွေအတွက် ၀မ်းသာစရာပါပဲ..ဒါပေမယ့် ဇော်ဂျီသမားများကတော့ မဒေါင်းပါနဲ့ ဘာလို့လည်းဆိုတော့မြန်မာယူနီကုဒ် စာလုံးတွေနဲ့သာ ဖန်တီးထားခြင်းဖြစ်လို့ပါပဲ..ဒါကြောင့်ယူနီကုဒ်သမားများက လိုချင်ရင်တော့ အောက်မှာဒေါင်းပါ..
                                                      ဒီမှာဒေါင်းပါ

အားလုံးအဆင်ပြေကြပါစေဗျာ....
ဆက်ဖတ်ရန်

" စုံတွဲများအတွက် အချစ်ဥမင်တဲ့ "


အချစ်ဥမင် ဆိုတယ့် နေရာလေးကတော့ ယူကရိန်းနိုင်ငံမှာတည်ရှိပါတယ်..။မီးရထားလမ်းပိုင်းအဖြစ် အသုံးပြုတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်..။ဒါပေမယ့်အခုတော့ ကမ္ဘာပေါ်မှာ romantic အဆန်ဆုံး နေရာတစ်ခုထဲမှာ ပြောင်းလဲပါဝင်ခဲ့ပါပြီ..။

သစ်ပင်တွေက မီးရထားလမ်းတဖက်တစ်ချက်မှထွက်ပေါ်ပြီးတော့ မီးရထားက Kleven village forest ထဲကနေ တစ်နေ့အရှေ့အနောက် သုံးကြီမ် ဥမင်လိုဖြစ်နေတယ့် ထိုသစ်ပင်တွေအောက်က ဖြတ်သွားရသလိုဖြစ်နေပါတယ်..။



ယနေ့မှာတော့ အချစ်ဥမင် ဆိုတယ့် နေရာလေးက ချစ်သူစုံတွဲတွေကြားမှာ ရေပန်းအစားဆုံး နေရာတစ်ခု ဖြစ်နေပါပြီ..။ချစ်သူစုံတွဲတွေ တစ်ဦးလက်ကိုတစ်ဦးကိုင်ပြီး အဲနေရာလေးကို ဖြတ်လျောက်သွားကြမယ်ဆိုရင် သူတိုဆုတောင်းတွေ တကယ်ပြည့်လာတယ်လို့လဲ ယုံကြည်ကြပါသေးတယ်တဲ့..။
ကဲ သူငယ်ချင်းများလဲ တစ်ခေါက်လောက် မသွားချင်ကြဘူးလား ဆုတောင်းကတော့ ပြည့်ပြည့်မပြည့်ပြည့်ပေါ့နော်....

ဘာသာပြန်တာ အမှားအယွင်းရှိခဲ့ရင် ခွင့်လွတ်ကြပါနော်
                                                                  နေကောင်းကင်နီ
ဆက်ဖတ်ရန်

" ထူးထူးဆန်းဆန်းကျောက်တုံး "

ကျွန်တော်တို့အားလုံး ခေါင်းတွေကုတ်ရလောက်အောင် ကမ္ဘာမှာထူးခြားတဲ့ သဘာဝဖြစ်စဉ်တွေသေ သေချာချာကို ရှိပါတယ်..။

ဒီအထဲကတစ်ခုကတော့ သဘာဝရဲ့ အံ့သြဖွယ်ရာ Kummakivi  လိုအမည်ပေးထားတဲ့ ထိုအရာကိုဘူမိဗေဒပညာရှင်တွေက ဖင်လန်နိုင်ငံ ရှိ သစ်တောတစ်ခုအတွင်းမှာ ရှာတွေ့ခဲ့ပါတယ်...။


မြင်ကွင်းကထူးဆန်းအံ့သြဖွယ်ရာပါပဲ ကြီးမားလှတဲ့ ကျောက်တုံးကြီးတစ်တုံးက ကွေးပြီးခုံးထနေတဲ့ကျောက်တုံးတစ်ခုပေါ်မှာ ဟန်ချက်ညီညီနဲ့ ရှိနေပါတယ်..။
အဲဒီကျောက်တုံး ဘယ်လိုတည်ရှိနေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ တစ်ယောက်မှ မဆုံးဖြတ်နိုင်သေးပါဘူး။

ဖင်လန်ဘာသာစကားနဲ့ ထိုကျောက်တုံးကြီးကို “strange rock” လို့ပေးထားပါတယ်..။

ဒါမျိုးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ရှိပါတယ်...။

 http://unusualplaces.org/kummakivi/ မှဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်...။
                                                                                          နေကောင်းကင်နီ
ဆက်ဖတ်ရန်

" ကြက်ဟင်းခါးသီးအစွမ်း "


ကော်လိုရာဒို ကင်ဆာ လေ့လာရေး တက္ကသိုလ်မှ လေ့လာမှု တစ်ခုအရ ကြက်ဟင်းခါးသီး အရည်က ပန်ကရိယင်ဆာ ဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။


လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီး ထွက်ကုန်များက ရင်သား ကင်ဆာအပေါ် ကောင်းကျိုး သက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချို ကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်း ဆောင်တာကို ပြောင်းလဲ သွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်း တစ်မျိုးကို လှုံ့ဆော်ပေးသည့် အပြင် ပန်ကရိယ ဆဲလ်များမှ အင်ဆူလင် ထုတ်မှုအားလည်း မှန်ကန်စေသည်။

ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေး ထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။
ဆက်ဖတ်ရန်

Sunday, June 23, 2013

ပိန်းဥ (Yam)၏ ကောင်းကျိုးများ


၎င်းတွင် ကြွယ်ဝစွာပါဝင်သော vit B6 သည် သွေးကြောနံရံကို damage ဖြစ်စေသော homocysteine
 ကို ချေဖျက်ပေးသည်။ homocysteine များခြင်းသည် Heart Attack နှင့် Stroke လေဖြတ်ခြင်းကို ဖြစ်
 aစသဖြင့် Vit B6 ကြွယ်ဝစွာ ပါဝင်သော ပိန်းဥ သည် နှလုံးရောဂါကို ကာကွယ် ပေးသည်။Potassium
 မြောက်မြားစွာ ပါဝင်သောကြောင့် သွေးပေါင်ကို ကျစေသည်။ ၄င်းတွင်ပါဝင်သော dioscorin သည်
 လည်း ကျောက်ကပ် သို့ သွေးစီးအားကောင်းစေသဖြင့် သွေးပေါင်ကို ကျစေသည်။ခန္ဓာကိုယ်၏ကြွက်
 သားနှင့် Potassium လို အပ်ပါသည်။



Vit C ပါဝင်သဖြင့် ဓာတ်တိုး ပစ္စည်း များကို တိုက်ဖျက်သောကြောင့် ကင်ဆာကို ကာကွယ်ပေးသည်။
 vit E ထုတ်လုပ်ရန်အတွက်လည်း vit C ကို လိုအပ်သည်။fibre ကြွယ်ဝစွာပါဝင်သဖြင့် ဗိုက်နှင့် ခါးတွင်
 အဆီမစုစေပါ။၎င်း၌ပါဝင်သော ကာဗိုဟိုက် ဒြိတ်မှ သကြားဓာတ်သို့ ဖြည်းဖြည်း ချင်းသာ ပြောင်းလဲသ
 ဖြင့် သွေးချို တက်လွန်းခြင်း၊ ကျလွန်းခြင်းမဖြစ် စေပါ။ ကြွယ်ဝစွာပါဝင်သောမဂ္ဂနီး(စ)က ကာဗိုဟိုက်ဒြိတ်ေ
 ချဖျက်မှုကို ကူညီပေးသည်။ ခန္ဓာကိုယ်မှ စွမ်း အင် ထုတ်လုပ်သောအခါ၌လည်း အင်ဇိုင်းအပြင် မဂ္ဂနီး(စ)
 ကိုပါ တွဲ ဖက်လိုအပ်သည်။
ဆက်ဖတ်ရန်

ကြက်မောက်သီးနှင့် ကျန်းမာရေး


ကြက်မောက်သီး အခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင် သန်းနေပြီး အရသာ အနေနဲ့ ချိုမြပါတယ်။ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ
 ၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ်၁ဒသမ၄ဂရမ်၊ပရိုတင်းတစ်ဂရမ်တို့ပါဝင်ကြပြီးကိုလက်စထရော နဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ဒီလို အာဟာရ တန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေး စွမ်းပကားတွေကို ရရှိစေပါတယ်။


ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ် နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။

ကြက်မောက်သီးကိုမလေးရှားနဲ့အင်ဒိုနီးရှား နိုင်ငံတွေမှာရိုးရာဆေးတစ် လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ် ရိုတင်းတို့ များစွာ ပါဝင်တဲ့ အပြင်ဖလေဗိုးနွိုက်လို့ ခေါ်တဲ့အပင်ထွက်အင်တီ အောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေပြီးကင်ဆာဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။

ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင် လည်း ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက် သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ် အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူ နိုင်အောင်ကူညီ ပေးပါတယ်။

ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေးအတွက်လိုအပ် တဲ့ ကြေးနီဓာတ်အနည်းငယ်ပါဝင်ပါတယ်။ဒါ့အပြင်ခန္ဓာကိုယ်ကအင်ဇိုင်း တချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။

ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ် အရင်းအမြစ် ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာ ပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာ ရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်း တာကြောင့် မူးဝေတာ၊ နုံးချည့် ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့၎ဒသမ၃ရာခိုင်နှုန်းကိုရရှိစေပါတယ်။ ဖော့စ်ဖ ရပ်စ်ဟာ ကျောက်ကပ်ထဲကအညစ်အကြေးနဲ့စွန့်ပစ်ပစ္စည်းတွေကိုစွန့် ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။

ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့် ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာအာဟာရဆိုင်ရာအကျိုးကျေးဇူးတွေ အပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။

ကြက်မောက်သီးကိုစားပေးရင်အူလမ်းကြောင်းရှိကပ်ပါး ကောင်တွေကို သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေး အဖြစ်ကက်မောက်သီးကိုသုံးလေ့ရှိကာ ဖျားနာ နေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့နာမကျန်း ဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင် ဆွေးနွေးဖို့လိုပါတယ်။
ဆက်ဖတ်ရန်

ဂေါ်ရခါးသီးနှင့် ကျန်းမာရေး


ဂေါ်ရခါးသီး ကိုမြန်မာနိုင်ငံမှာ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။


ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ။

ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့။ စီးပွား ဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲမို့ တစ်နိုင်ငံလုံး ကိုတောင် ရောင်းချ နိုင်လောက်အောင် ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။

တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူ စားသုံး နိုင်လောက်အောင်ကို ဈေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲ ဆိုတာတော့ သတိထားမိတဲ့ သူရှားပါတယ်။ ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။

ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ် တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။

(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်း တည်ဆောက်မှု တို့ကို အကျိုးဖြစ်ထွန်း စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကို အလုံအလောက် စားပေးခြင်းဖြင့် မွေးဖွား လာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်း လိုသူများ အတွက် အထူးပင် သင့်လျော်ပါတယ် ။

(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာ ရောဂါများကို ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်း ပေးတာကိုတွေ့ရပါတယ် ။

(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။

(၅)ဂေါ်ရခါးသီးမှာ အမျှင်ဓါတ် ပေါကြွယ်ဝလို့ အူသိမ်၊ အူမတို့စွမ်းရည်ကို မြှင့်တင် ပေးတာကြောင့် ၀မ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါ လိမ့်မယ် ။

(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ စိတ်ကျ ရောဂါဝေဒနာ များကို ကာကွယ်တားဆီးပေး ပါတယ် ။
ဆက်ဖတ်ရန်

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီး အိမ်ရှင်ဂျပန်အသင်းနှင့် မြန်မာအသင်း ပွဲဦးထွက် ကစားရမည်



အာရှယူ-၁၉ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်း (ဓာတ်ပုံ-MFF)

၂၀၁၃ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဂျပန်အသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့်အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို တိုက်ရိုက်ကစားခွင့် ရရှိခဲ့သော တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာအသင်း အပါအ၀င် စုစုပေါင်း ခြောက်သင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲကို ခြောက်သင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာယူ-၁၉ အသင်းကို ဖွဲ့စည်းထားခြင်း မရှိသေးဘဲ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ ကူမာဒါကို ဆက်လက်တာဝန်ပေးခြင်းရှိ၊ မရှိကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၁၉ အသင်းသည် အာဆီယံ အသင်းများအနက် တစ်သင်းတည်းသော ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အသင်းဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ရေး နောက်ဆုံးအဆုံးအဖြတ်ပွဲ ဖြစ်သည့် ထိုင်းအသင်းနှင့် Play-Off ပွဲစဉ်တွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမအဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲများကို အဆင့်ဆင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး တရုတ်(တိုင်ပေ)၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခြေစစ်ပွဲဝင် အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ကူမာဒါက ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး အာရှခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ နောက်ဆုံးအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ရန်အတွက် မြန်မာအသင်းသည် ယခုဇွန်လ နောက်ဆုံးပတ်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်သည်။
ဆက်ဖတ်ရန်

Saturday, June 22, 2013

စာကြည့်တိုက် (၃၅)ခု၌ အင်တာနက် wifi အခမဲ့ အသုံးပြုနိုင်


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်း (၁၃) ခုရှိ ခရိုင်ပြန်/ဆက် စာကြည့်တိုက် (၃၅)ခု၌ ဇွန်လနောက်ဆုံးပတ်မှစတင်၍ အင်တာနက် wifi များ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

တနင်္ဂနွေနေ့မှ လွှဲ၍ တစ်ပတ်လျှင် (၆)ရက် ဖြစ်ပြီး နံနက် (၇)နာရီမှ  ည (၇)နာရီ အထိ အခမဲ့ အသုံးပြုနိုင်ခြင်းဖြစ်သည်။

“အစကတော့ password ခံထား သေးတယ်။ ဒီလ အလယ်လောက်က စပြီး အကုန်လုံး သုံးနိုင်ဖို့ ဖွင့်ချ လိုက်တာ။ ဒီမှာ သုံးလို့ရတာ မသိကြတော့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လာသုံးကြသေးတယ်။ ဖွင့်ပွဲ လုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ ညှိုတော့ မညှိရသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နှင့် ခရိုင်အုပ်ချုးပ်ရေးမှုး ရုံးတို့မှ အခမဲ့ wifi သုံးနိုင်ရန် စက်နှင့် ဆက်စပ် ပစ္စည်းများ ပံပိုးပေးခဲ့ပြီး ခရိုင်ပြန်ဆက်ရုံးမှ အဆောက်အဦးနှင့် အခြားမွန်းမံကုန်ကျ စရိတ်များကို ကျခံရမည်ဟု သိရသည်။

“ရန်ကုန်တောင်ပိုင်းနဲ့ အနောက်ပိုင်း ခရိုင်တို့က ADSL လိုင်းနဲ့ဆိုတော့ ဖုန်းလိုင်းမကောင်းရင် လိုင်းမကောင်း ဘူးပေါ့။ wifi သုံးတဲ့ စရိတ်ကို ရုံးက ဖုန်းဘေလ်ထဲကပဲ ကျခံတယ်။ စာကြည့်တိုက်ထဲမှာပဲ သုံးလို့ရတာ မဟုတ် ဘူး။ ၀ိုင်ဖိုင်မိတဲ့နေရာတွေ အားလုံးမှာ သုံးလို့ရပါတယ်။”  ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မှ ဦးစီး အရာရှိ ဦးလှမျိုးအောင်က ပြောသည်။

ခရိုင်ပြန်/ဆက် စာကြည့်တိုက်များတွင် အင်တာနက် wifi အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှ စ၍ လျှို့ဝှက်နံပါတ် (password) ဖြင့် အသုံးပြုနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် password များ ဖြုတ် ပေးကာ သုံးစွဲသူများ လွတ်လွတ်လပ်လပ် အသုံးပြုစေရန် ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“wifi သုံးတာက မြို့ကြီးတွေမှာ ရှိတဲ့ ဈေးဝယ်စင်တာတို့ ကော်ဖီဆိုင်တို့မှာပဲ သုံးလို့ရတာ။ အခု ပြန်ဆက်က လုပ်ပေးတာ နယ်တွေပါ ပါတယ်ဆိုတော့ ကောင်းတယ်။ လိုင်းကောင်းဖို့ပဲ လိုတာ။ နိုင်ငံတကာမှာဆို wifi free လွင့်ပေးထားတဲ့ နေရာတွေ အများကြီးပဲ။ အခုလိုဌာနဆိုင်ရာတွေမှာ သုံးလို့ရတော့ အဆင်ပြေတာပေါ့။” ဟု အလုံမြို့နယ်တွင် နေထိုင်သူ အသက်(၂၂)နှစ်အရွယ် မကျော့ကေခိုင်မှ ပြောသည်။

ခရိုင် ပြန်/ဆက် စာကြည့်တိုက်ရှိသည့် နေရာများမှာ ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်၊ ကယားတွင် လွိုက်ကော်၊ ကရင်တွင် ဘားအံ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်တွင် စစ်တွေ၊ ရှမ်းတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ နှင့် စစ်ကိုင်းတွင် မုံရွာ၊ တနင်္သာရီတွင် ထားဝယ်၊ ပဲခူးတိုင်းတွင် ပဲခူး၊ ပြည်၊ တောင်ငူ၊ မန္တလေးတိုင်းတွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး၊ မိတ္ထီလာ၊ မကွေးတိုင်းတွင် မကွေး၊ ရန်ကုန်တိုင်းတွင် အရှေ့ပိုင်း သင်္ဃန်းကျွန်း၊ အနောက်ပိုင်းတွင် ကျောက်တံတား၊ ပန်းဆိုးတန်း (e-library)၊ မြောက်ပိုင်းခရိုင်တွင် အင်းစိန်၊ တောင်ပိုင်းတွင် သန်လျှင်၊ ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သတ၊ ဖျာပုံ၊ လပွတ္တာ၊ နေပြည်တော် ကောင်စီနယ်မြေတွင် ဒက္ခိဏသိရိခရိုင်ရှိ ပျဉ်းမနား ပြည်သူ့စာကြည့်တိုက်တို့ ဖြစ်သည်။

ကျန်ရှိသည့် ပြန်/ဆက် ခရိုင်စာကြည့်တိုက်များ၌လည်း အင်တာနက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဆက်ဖတ်ရန်

Friday, June 21, 2013

ကမ္ဘာ့ပထမဆုံး ဝဘ်ဆိုဒ်နှင့် Browser

ကမ္ဘာ့ပထမဆုံး ဝဘ်ဆိုဒ်ကတော့ http://info.cern.ch/  ဖြစ်ပါတယ်။ ၁၉၈၉ မတ်လမှာ စတင်ဖန်တီးပြီး ၁၉၉၁ ခုနှစ်မှာ အောင်မြင်စွာ လွင့်တင်နိုင် ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး WorldWide Website လို့ လူသိများခဲ့ပါတယ်။

တီထွင်သူကတော့ ကွန်ပျူတာ သိပ္ပံပညာရှင် Tim Berners Lee ဖြစ်ပါ တယ်။ CERN အဖွဲ့အစည်းကဖြစ်ပြီး နိုင်ငံတကာ ရူပပေဒ စွမ်းအင် ရှာဖွေရေး သုတေသနဖြစ်ပါတယ်။ သူ World Wide Web ကိုစတင် ဖန်တီးတာ ဆွစ်ဇာလန်က ဂျနီဗာမြို့ မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ရူပဗေဒ ပညာရှင်များ အလွယ်တကူ ဆက်သွယ်၊ ပညာမျှဝေ၊ အချက်အလက်မျှဝေဖို့ ဖြစ်ပါတယ်။

ဒီတော့ ကမ္ဘာ့ပထမဆုံး Browser တစ်ခုကလည်း ရှေ့ ဆင့် နောက် ဆင့် ပေါ် လာပါတယ်။ ၁၉၉၃ ခုနှစ်မှာ ပေါ်ထွက်လာခြင်း ဖြစ်ပြီး တီထွင်သူကတော့ အမေရိကန်ဆော့ဖ်ဝဲအင်ဂျင်နေယာ Marc Andreessen ဖြစ်ပါတယ်။ Mosic အမည်ရ Browser ဖြစ်ပြီး ဝဘ်ဆိုဒ်လိပ်စာကတော့ www.ncsa.illinois.edu/ ဖြစ်ပါတယ်။ WorldWideWeb မှာ သတင်းအချက်အလက်များကို အလွယ်တကူပြန်လည် ရှာဖွေလို့ရအောင် ဆော့ဖ်ဝဲတစ်ခု အနေနဲ့ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။


http://info.cern.ch/   နဲ့ www.ncsa.illinois.edu/ မှာ သူတို့ရဲ့ အသေးစိတ် Profile များရေးသားထားပါတယ်။
ဆက်ဖတ်ရန်

Facebook Like လုပ်လျှင် အလိုအလျောက်ပွတက်လာမည့် အင်္ကျီ

တကယ် ရှိပါတယ်။ Facebook မှာ တစ်ယောက်ယောက်က ကိုယ့်တင်ထား တဲ့ ပိုစ့်၊ ဗီဒီယို၊ ဓာတ်ပုံ တစ်ခုခုကို Like လုပ်မယ်ဆိုရင် အလို အလျောက်ဖောင်းပွလာမယ့် အင်္ကျီ ဖြစ်ပါတယ်။ သူ့ကို Like A Huge လို့ အမည်ပေး ထားပါတယ်။


တီထွင်သူကတော့ အမေရိကန်က ဒီဇိုင်နာ Melissa Kic Cho ဖြစ်ပြီး MIT Media Lab က ပညာရှင် နှစ်ဦးရဲ့ အကူအညီလည်း ယူထားပါတယ်။ တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ အင်္ကျီကို Facebook အကောင့်နဲ့ တိုက်ရိုက် Link လုပ်ထားပေးမှာ ဖြစ်ပါတယ်။ Facebook ကို ဖုန်းနဲ့ပဲ သုံးသုံး၊ PC နဲ့ပဲသုံးသုံး ယင်းအိင်္ကျီက အလုပ်လုပ်ပါတယ်။ Bluetooth connection မှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အိင်္ကျီမှာ အာရုံခံ ကိရိယာလည်း ပါဝင်ပါတယ်။ အိင်္ကျီကို လေထိုးပေးမယ့် စက်လေးလည်း ပါရှိပါအုံးမယ်။ တစ်ယောက်ယောက်က Facebook မှာ မိမိတင်ထားတဲ့ တစ်ခုခုကို like လုပ်လိုက်ပြီဆိုရင် ယင်း Notification က အိင်္ကျီကို တိုက်ရိုက်ကူးဆက်ပြီး အိင်္ကျီကို အလိုအလျောက် လေထိုးပေးမှာ ဖြစ်ပါတယ်။

ဒီတော့ အများစု စဉ်းစားလာတာက လူတစ်ဦးတစ်ယောက်မကတော့ပဲ Like လုပ်တဲ့သူတွေများပြားလာရင် အိင်္ကျီက ပိန်လိုက်ဖောင်းလိုက် အမြဲဖြစ်နေတော့မှာပဲ ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီတော့ ကိုယ်နှစ်သက်ရာ လူတစ်ဦးတစ်ယောက်ကို သို့မဟုတ် တစ်စုတစ်ဖွဲ့ကို Customize လုပ်ပြီးတော့လည်း Option ပေးထားမယ်လို့ ဆိုပါတယ်။

ထွင်တဲ့ ရည်ရွယ်ချက်က ဒီလိုပါ။ Facebook မှာ ကိုယ်တစ်ခုခု တင်လိုက်တဲ့ အခါ တစ်ယောက်ယောက်က like လုပ်ပေးရင် ကြည်နူးစရာလေး ဖြစ်ရ ပါတယ်။ တစ်ခါတစ်လေ ယင်းကြည်နူးစရာလေးဟာ မိမိရဲ့ ခဏတာ ဝမ်းနည်းမှုတွေ ပျောက်သွားပြီး Notification တွေကိုကြည့်ပြီး ပျော် တတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က မိမိတင်ထားတာကို Like လုပ်လိုက်တဲ့အခါ အင်္ကျီဟာ အလိုအလျောက်ဖောင်းလာပြီး နွေးထွေး မှုပေးမယ်လို့ ဆိုပါတယ်။ Melissa Kit က ယခုလိုရှင်းပြထားခြင်း ဖြစ်ပါတယ်။

လက်ရှိဖော်ပြထားတဲ့ အင်္ကျီ Like A Huge ကတော့ မိုးကာသား ဖြစ်ပုံရ ပါတယ်။ Prototype သဘောအရ တစ်ခုတည်းသာ ထုတ်လုပ်ထားရသေးပြီး ဆက်လက်ထုတ်လုပ်ဖွယ်ရှိမရှိကတော့ လက်ရှိအားပေးသူ များအပေါ်မှာ မူတည်တယ် လို့ သိရပါတယ်။


Like A Huge အား အသုံးနေပြု ကြော်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
RE...ရိုးရာလေးမှ
ဆက်ဖတ်ရန်

ကောသလအိပ်မက်(၁၆)ချက် အမေး အဖြေလင်္ကာကဗျာများ

မေး (၁) နွာနက်လေးခု ၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြပဲ၊ ရှောင်လွဲသည်မြင်။
ဖြေ -အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး ၊ မိုးဝေး       လွင့်ပျောက်စင်။

မေး (၂) မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်။
 ဖြေ- အရွယ်မမျှ၊ လုံမပျိုခင်၊ သမီးသား၊ လင်သားအိမ်ထောင်ဆင်။

မေး (၃) ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေတာ။
 ဖြေ- သမီးနှင့်သား၊ စီးပွားပိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရတာ။

မေး (၄) နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
 ဖြေ- ကြီးသူဖယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့တယ်။

မေး (၅) ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးလေသမျှ၊ မ၀နိုင်တာ။
 ဖြေ- မှုးမတ်မင်းစိုး၊ လာတ်ထိုးသူရှာ၊ နှစ်ဖက်စား၊ တရားစီရင်မှာ။

မေး (၆) ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
 ဖြေ- မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

မေး (၇) ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
 ဖြေ- လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား၊ မယားလောကွတ်ပို။

မေး (၈) အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။
 ဖြေ- ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်အတွက်၊ နှိပ်စက်ငွေကောက်ခံ။

မေး (၉) ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျှက်၊ ကမ်းဖက်ကြည်ပြန်။
 ဖြေ- မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စီကားရန်။

မေး (၁၀) တအိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ။
 ဖြေ- မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

မေး (၁၁) မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
 ဖြေ- အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

မေး (၁၂) သံကြေးမပေါင်း၊ ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
 ဖြေ- ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။

မေး (၁၃) အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖြာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လား။
 ဖြေ -ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်လာ။

မေး (၁၄) အဆိပ်ပြင်းထောက်၊ မြွေဟောက်ကြီးကို၊ ဖားမငယ်များ၊ ကိုက်ဝါးကာမျို။
 ဖြေ- ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

မေး (၁၅) အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
 ဖြေ- ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀တ်တွားနေရမှာ။

မေး (၁၆) ဆိပ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့ သစ် ကျား၊ ခုန်လွှားပြေးပြန်။
 ဖြေ- သူယုတ်မားများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်တောမြိုင်ယံ။


(၅၅၀- မဟာသုပိနဇာတ်)
ဆက်ဖတ်ရန်

Wednesday, June 19, 2013

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ


အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာ မာ နေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေရမယ့် အစားအစာများ ဖြစ်ပြီး အောက် ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။

Don't skimp on vegetables

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ်။

Eat yogurt

အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအား ကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

Have fish for dinner

တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ ငါးဆီများတဲ့ ဆောလမွန်ငါးတို့လိုက အိုမီဂါ-၃ fatty အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီး ရောင် ရမ်းခြင်းကို ဖြစ်စေတဲ့ ရောဂါအားလုံးကို လျော့ချပေးပါတယ်။

Go nuts

အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

Focus on fiber

ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ်က နေ့စဉ်စားသုံးနေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေရန် မလိုအပ်ပါဘူး။
high-fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။

တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက 'Eat food, not too much,' လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် အသက်ရှည်ရန်၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာများကို ယခုလို ဖော်ပြပေးလိုက် ရပါတယ်။

Ref: foxheaths

ဆက်ဖတ်ရန်

" သူတော်ကောင်းအင်္ဂါ လေးပါး "


      “သူတော်ကောင်း ” ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ “သပ္ပုရိသ”
လို့ ခေါ်ပါတယ်၊ “သန္တော ပုရိသော သပ္ပုရိသော” ဆိုတဲ့အတိုင်း ငြိမ်သက်
အေးချမ်းသောသူဟု အဓိပ္ပါယ် ရပါတယ်။
         မြန်မာလို သူတော်ကောင်းဆိုတာ တော်လည်းတော်၊ ကောင်းလည်း
ကောင်းတယ်လို့ ဆိုလိုပါတယ်။ တော်တယ်ဆိုတာ အရည်အချင်းရှိတာပါ။
ကောင်းတယ်ဆိုတာ စိတ်ထားကောင်းတာ၊ ကိုယ်ကျင့်တရား ကောင်းတာပါ။
          လူဆိုတဲ့သတ္တ၀ါဟာ လောကီ၊ လောကုတ္တရာနှစ်ဖြာ အကျိုးအတွက်
သူတော်ကောင်းကို ချည်းကပ်၊ ပေါင်းသင်းရပါမယ်။ ပေါင်းသင်းဖို့အတွက်
သူတော်ကောင်းတို့ရဲ့အင်္ဂါရပ်ကို သိနိုင်ရပါမယ်။ သူတော်တို့ရဲ့ အင်္ဂါရပ်
တွေကတော့=====

  ၁။သူတပါး၏ ဂုဏ်ကျေးဇူးမဲ့(မကောင်းကြောင်း)ကို မမေးလျှင် မပြော၊
  မေးလျှင်လည်း ချဲ့ကား၍မပြောဘဲ လျှော့ပေါ့၍ပြောဆိုခြင်း။

  ၂။သူတပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးဘဲနဲ့ပင် ပြောခြင်း၊
  မေးလျှင်လည်း မထိန်မချန်ဘဲ ပြည့်စုံစွာပြောခြင်း။

  ၃။မိမိ၏ဂုဏ် ကျေးဇူးမဲ့၊(မကောင်းကြောင်း)ကို မမေးဘဲနဲ့ ပင် ပြောခြင်း၊
  မေးလျှင်လည်း ထိန်ချန်မထားဘဲ ပြည့်စုံစွာပြောခြင်း။

  ၄။မိမိ၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးဘဲနဲ့မပြော၊ မေးလျှင်
  လည်း ချဲ့ကား၍မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း။

 တို့ ဖြစ်ကြပါတယ်။
 တရားချစ်ခင် သူတော်စင်တို့ကလည်း သူတော်ကောင်းတွေနဲ့
ပေါင်းသင်းနိုင်ကြပြီး တရားဓမ္မများကို ကျင့်ကြံအားထုတ်နိုင်ကာ ဗုဒ္ဓဘာ
သာဝင်တို့၏ပန်းတိုင် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
ဆက်ဖတ်ရန်

Tuesday, June 18, 2013

" ကိုကိုမောင်မောင် တို့အတွက် အခြေခံအသားအရေ ထိန်းသိမ်းနည်း "


အမျိုးသားတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမွန်ပြီး အသား အရေ၊ ဆံကေသာ၊ လက်သည်းခြေသည်း တွေ ကြည့်ကောင်းနေစေဖို့ သိထားသင့် တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို ရေး သားလိုက်ရပါတယ်။

ထိန်းသိမ်းနည်း
(၁) အသားအရေ ကြေးချွတ် သန့်စင်ပါ
အမျိုးသား တွေအဖို့ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကို ကြေးချွတ်သန့်စင် ပေးသင့်ပါတယ်။ တကယ်လို့ သင့်အသားအရေက အလွန် အမင်း ကြမ်းတမ်း ခြောက်သွေ့ပျက်စီး နေရင် တစ်နေ့တစ်ကြိမ် ကြေးချွတ်သန့် စင်ပေးပါ။ ကြေးချွတ်ပေးတာကြောင့် အရေပြားဆဲလ်သေတွေကို ကင်းစင် စေပြီး အသားအရေ စိုပြည်လန်းဆန်း စေပါတယ်။ ဒါ့အပြင် အရေပြား ပေါ်မှာ အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမိုကောင်းမွန်စေပြီး စိုပြည် တင်းရင်း လှပစေပါတယ်။

ထန်းသိမ်းနည်း
(၂) အစိုဓာတ်ထိန်းရာတွင် လက်သည်း၊ ခြေသည်းကိုပါ မမေ့ပါနှင့်
ထိန်းပေးရုံ သာမက လက်သည်း၊ ခြေ သည်းခြောက်သွြေွ့ကပ်ဆတ်နေရင် ရေ နံဂျယ်လီခပ်ထူထူလိမ်းပြီး လက်သည်း၊ ခြေသည်းတစ်ဝိုက်မှာ အစိုဓာတ်ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ်ထိန်းပြီးရင် ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေစိုက်ပျိုးတဲ့အခါနဲ့ ကားရေဆေးတဲ့အခါတွေမှာ သားရေ လက်အိတ်စွပ်ပေးပါ။ ဒါဆိုရင် လက် အရေပြား ထိခိုက်မှု ကင်းစေပါတယ်။

ထိန်းသိမ်းနည်း
(၃) အသားအရေထိခိုက် ပျက်စီးစေသည့် အပြုအမူရှောင်ပါ
အမျိုးသားတွေအတွက် အသားအ ရေ ထိခိုက်စေတဲ့ အပြုအမူတွေက ဆေး လိပ်သောက်တာ၊ အရက်အလွန်အမင်း သောက်တာနဲ့ အကာအကွယ်မပါဘဲ နေ ပူထဲ ထွက်တာတို့ ဖြစ်ကြပါတယ်။ နံနက်စောစော နေခြည်နုနု ခံယူတာက အဆင်ပြေပေမယ့် နေပူရှိန်ပြင်းတဲ့ အချိန်အပြင်မှာ ခပ်ကြာကြာ နေတာမျိုး ကို ရှောင်ပါ။ နေပူရှိန်ပြင်းတဲ့အချိန်မှာ အပြင်ကို သွားရမယ်ဆိုရင် နေကာနိုင် စွမ်း SPF အဆ ၃၀ ပါတဲ့ နေကာခရင်မ် ကို လိမ်းသင့်ပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးစလုံးဟာ အသားအ ရေကို အလွန်အမင်း ထိခိုက်မူ ဖြစ်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။

ထိန်းသိမ်းနည်း
(၄) ဆံပင်ကို ကြက်ဥ၊ ဘဲဥသုံးပြီး ပေါင်းတင်ပါ
ရှမ်ပူအနည်းငယ်ထဲကို ကြက်ဥ ဒါမှ မဟုတ် ဘဲဥထည့်မွှေပြီး ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ အချိန် ငါးမိနစ်ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံပင် သားကို ပရိုတင်းဓာတ် ရရှိစေပါတယ်။

ထိန်းသိမ်းနည်း
(၅) မျက်နှာကို သဘာဝပစ္စည်းများသုံးပြီး ဆေးကြောသန့်စင်ပါ
မျက်နှာနဲ့ လည်ပင်းကို သဘာဝ အအေးခရင်မ် (Cold Cream) လိမ်းပြီး ဂလစ်ဆရင်းနှင်းဆီရေနဲ့ သန့်စင်ပါ။ မျက်နှာအရေပြားကို ထိခိုက်စေတဲ့ ကြေး တွေနဲ့ အညစ်အကြေးတွေကို ကင်းစင် စေပါတယ်။

ုlike လုပ်ခြင်းဖြင့်လဲအားပေးကြပါလို့ သူငယ်ချင်းများကို အသိပေးအပ်ပါသည်ခင်ဗျာ

BY GOOD HEALTH
ဆက်ဖတ်ရန်

" ထူးထူးဆန်းဆန်း ပန်းရောင်သန်းနေတဲ့ ရေကန် "


တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင် စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါး ဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့ Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။


ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ... ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင် ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရတာလဲဆိုတော့ ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး( Dunaliella salina )ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အဲဒီ Dunaliella salina တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။ အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့ ပန်းရောင် ရေကန်ဟာလည်း ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆ များလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။

နိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင် ရေကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကို ခံစားချင်သူတွေအတွက် အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။ ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက် ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။ ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။ နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။

ရေကန်စပ်မှာပင်လျှင် များပြားလှသော ဆားပွင့်ကလေးများကို တွေ့ရှိပါတယ်
ရေကန်ပတ်လည်မှာ ခုလို အမြုပ်ဖြူဖြူတွေ ဖွေးနေအောင် တွေ့ရပါတယ်

ဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေ မနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေက ဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာ အသက်မွေးဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။ ၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီး အမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။

၎င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာ နေရာလည်း ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ နေ့လည်ခင်းတွေမှာ ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန်ရဲ့ ကမ်းခြေမှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့ ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။ ထူးခြားတဲ့ ပန်းရောင် ရေကန်ဟာ ဆီနီဂေါလ်နိုင်ငံရဲ့ အမျိုးသားအမွေအနှစ်လည်း ဖြစ်ပါတယ်။

like လုပ်ခြင်းဖြင့်လဲအားပေးကြပါလို့ သူငယ်ချင်းများကို အသိပေးအပ်ပါသည်ခင်ဗျာ
ဆက်ဖတ်ရန်

" အလွယ်တကူရနိုင်သည့် ကနဖော့၏ အကျိုးကျေးဇူးများ "


၁။ ကနဖော့ရွက်ကို ကြိတ်ပြီး ခေါင်းမှာ အုံပေးရင် ခေါင်းကိုက်ပျောက်တယ်။ စာကျက်ရတာများလို့ ဦးဏှောက်ညောင်းညာ ပင်ပန်းတဲ့အခါ အဲဒီလို လုပ်ပေးသင့်ပါတယ်။ အရေပြားနဲ့ အကြောရောဂါတွေအတွက်လည်း သုံးကြတယ်။

၂။ ကနဖော့ရွက်အရည်ကို နွားနို့နဲ့ဖြစ်ဖြစ် ဆိတ်နို့နဲ့ဖြစ်ဖြစ် သောက်ပေးရင် ဆီးပူညောင်းကျနာ ပျောက်စေနိုင်တယ်။

၃။ ကနဖော့ကို ပြုတ်ပြီးတို့စားရင်ဖြစ်စေ၊ ကနဖော့ပြုတ်ရည်နဲ့ ချွေးအောင်းခဲ့ရင်ဖြစ်စေ ဖောရောင်ခြင်း ပျောက်ကင်းနိုင်တယ်။

၎။ ကနဖော့ ပဉ္စငါးပါးရည်ကို နည်းနည်းစီသောက်ပေးသွားရင် ကျောက်ဖြူပေါက်ရောဂါ၊ အရေပြားရောဂါ၊ ချဉ်ဆီတိုးတဲ့ ရောဂါတွေ ပျောက်ကင်းနိုင်ပါတယ်။

၅။ ကနဖော့ရည်ကို ပျားရည်နဲ့ ရောသောက်ရင် ကျောက်ရောဂါပျောက်ကင်းနိုင်တယ်။

၆။ ကနဖော့တစ်ပင်လုံးကို အမြစ်ပါမကျန် ယူ။ ရေစင်အောင်ဆေးပြီး ဆန်ဆေးရည်။ မုံညှင်းဆီတို့ ထည့်ပြုတ်ပြီး ဆားနည်းနည်းထည့်သောက်ရင် အသည်းအားနည်းတဲ့ ရောဂါကို ပျောက်ကင်းနိုင်ပါတယ်။



like လုပ်ပေးခြင်းဖြင့်လဲ အားပေးသွားကြပါလို့ သူငယ်ချင်းများကို အသိပေးပါတယ်ခင်ဗျာ
ဆက်ဖတ်ရန်

Monday, June 17, 2013

'Samsung Galaxy NX ကင်မရာ'


အခုတစ်လော Galaxy တွေအတန်းစီပြီး ထွက်နေလို့ ဝေဖန်သူတွေ ဆူညံနေတဲ့အချိန်မှာ ဒီတစ်ကြိမ်လည်း လာပြန်ပါပြီ၊ဒါပေမယ့် Android ဖုန်းအနေနဲ့လာတာမဟုတ်ပါဘူး၊ကင်မရာအနေနဲ့ထွက်ရှိလာမှာပါ၊


ထိတွေ့မျက်နှာပြင် Andorid OS နဲ့ထွက်ရှိလာတဲ့ Galaxy NX300 ကင်မရာဟာဆိုရင် မျက်နှာပြင်အကျယ် ၄.၃ လက်မ၊ ကင်မရာ mega pixel ကတော့ 20.3 MP နဲ့ထွက်ရှိလာပါတယ်၊

ဘတ္ထရီအားသွင်းတဲ့ စနစ်ဖြစ်ပြီး အင်တာနက် ချိတ်ဆက်အသုံးပြုလို့
ရနိုင်ပါတယ်၊စမတ်ဖုန်းတွေလို ဗီဒီယိုနှင့်သီချင်းများကိုပါ ကြည်ရှုခံစားလို့
ရမည့်အပြင် Android game များကိုပါထည့်သွင်းကစား လို့ ရစေမှာဖြစ်ပါတယ်၊

လာမယ့် ဇွန် ၂၀ ရက်နေ့ Samsung’s London Premier Event ပွဲမှာ မိတ်ဆက်ပြသ သွားမယ်လို့ ဆမ်ဆောင်းရဲ့ အကြီးကဲဖြစ်သူ CEO's JK Shin ကပြောကြားထားကြောင်းသိရပါတယ်၊
ဆက်ဖတ်ရန်

English လေ့လာသူများအတွက် အထောက်အကူပြု စကားလုံးများ ( 2 )


သူငယ်ချင်းများအဆင်ပြေအောင်လို့ နှစ်ပိုင်းခွဲပြီးတင်ထားပေးတာပါ
ဒါတောင်အတော်ရှည်နေသေးတယ်ဗျ.........:)

Do you mind if i butt in ? - ( ၀င်ပြောရင်စိတ်မရှိနဲ့ )
What a coincidence ! - ( တိုက်ဆိုင်လိုက်တာ)
What line are you in ? - (မင်းဘာစီးပွားရေးလုပ်လဲ)
That's not the way to do it - (ဒီလိုမလုပ်ရဘူး)
Can it be shown ? (သက်သေပြနိုင်လား)
So what ? (အဲဒီတော့ဘာဖြစ်လဲ)
Walls have ears ! (လူတွေကြားကုန်မယ်)
Let out - (လျှို့ ဝှက်ချက်ကိုပြောပြပါ)
A little bird told me - (သိနေတယ်လေ)
Just you wait - (မင်းသိမယ်)
Let's say grace - ( ဆုတောင်းလိုက်ကြစို့ )
I don't care for myself - ( ငါ့အတွက်ငါမပူဘူး)
It's nothing to do with you - (မင်းနဲ့ ဘာမှမဆိုင်ဘူး)
Don't feel backward - (တွန့် ဆုတ်တွန့် ဆုတ် လုပ်မနေနဲ့ )
Don't be afraid - ( ရဲရဲပြော ၊ ရဲရဲလုပ် ၊ အားမနာနဲ့ )
Without fail - (မပျက်မကွက်)
Can i make a bargain ? (ဈေးဆစ်လို့ ရမလား)
Be quiet - (တိတ်တိတ်နေ)
Keep quiet - ( ၊၊ )
Keep silent - ( ၊၊ )
Thank God - (တော်ပါသေးရဲ့)
What a relief ! ( ၊၊ )
Never say never again - ( စကားအကုန်မပြောနဲ့ )
To be honest - (ပွင့်ပွင့်လင်းလင်းပြောရရင်)
Home is where the heart is - ( စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ)
You are very curious - ( မင်းအရမ်းစပ်စုတာပဲ)
It'll go down in history - (သမိုင်းတွင်းကျန်ရစ်လိမ့်မည်)
Few and far between - (ရှားမှရှားပါပဲ)
May be - (ဟုတ်ချင်ဟုတ်မယ်)
I don't stand on your tongue - ( ငါသည်းမခံနိုင်တော့ဘူး)
Don't answer back - ( ပြန်မပြောနဲ့ )
Mind your own business - (ကိုယ့်အလုပ်ကိုယ်လုပ်ပါ)
It's not your business - ( မင်းအလုပ်မဟုတ်ပါဘူးကွာ)
Don't do like that - ( ဒီလိုမလုပ်နဲ့ )
Don't talk like that - ( ဒီလိုမပြောနဲ့ )
I'm rather tied up - ( ငါ့မှာ လုပ်စရာတွေတော်တော့်ကိုများနေတယ်)
What a laughing stock ! - ( ရယ်စရာကောင်းလိုက်တဲ့အကောင်)
What a shameless fellow !- (အရှက်မရှိလိုက်တဲ့အကောင်)
What a shameless gue ! - ( ။ )
So far - (ခုချိန်ထိ)
We're not on speaking terms -(ငါတို့ မခေါ်ကြဘူး စကားမပြောကြဘူး)
I'm getting tired of it - ( စိတ်ပျက် စိတ်ကုန်လာပြီ )
I'm sick of this - ( ၊၊ )
I'm fed up with it - ( ၊၊ )
Go on - ( ဆက်လုပ် / ဆက်ပြော)
Go ahead - ( ဆက်လုပ် / ဆက်ပြော)
Keep on - ( ဆက်လုပ် / ဆက်ပြော)
Carry on - ( ဆက်လုပ် / ဆက်ပြော)
Surprise ! Suprise ! - ( အံ့ရော အံ့ရော )
Words fail me ! - ( ။ )
That would be better - ( ဒါဆိုရင်ပိုကောင်းမယ်)
You are very childish _ ( မင်းသိပ်ကလေးဆန်တာပဲ)
It wasn't me - ( ကျွန်တော်မဟုတ်ရပါဗျာ)
Who did it ? - ( ဘယ်ကောင်လုပ်တာလဲ )
What a forgetful creature i am ! - (ငါဟာတော်တော်ကိုမေ့တက်တဲ့အကောင်ပဲ )
Oh ! how forgetful i am ! - ( ငါ့နှယ်နော်မေ့တက်လိုက်တာ )
What a fussy fellow ! - ( ပျာယီးပျာယာ နိုင်လိုက်တဲ့ကောင် )
How clumsy you are ! - ( ပုံပျက်ပန်းပျက် ကိုးရိုးကားရားနိုင်လိုက်တာ)
Do it before you forget - ( မမေ့ခင်လုပ်လိုက်အုံး)
He's a chip off the old block - (ဘမျိုးဘိုးတူပဲ )
Please , call a spade a spade - ( အရှိကိုအရှိအတိုင်းဗြောင်ဖွင့်ပြောပါ )
Lest you should forged it - ( မင်းမေ့သွားမှာစိုးလို့  )
It's just that i can't afford - ( ငါမတက်နိုင်လို့ ပါကွာ)
I haven't time to do it - ( အဲဒါလုပ်ဖို့  ငါ့မှာ အချိန်မရှိဘူး )
You really were taking liberties - ( မင်းဟာတကယ့်ကို ကဲလွန်းအားကြီးတယ်)
What do you take me for ? - ( မင်းငါ့ကိုဘာအောက်မေ့လို့ လဲ )
Knock it off - ( လုပ်မနေစမ်းပါနဲ့ )
Don't gossip about other - (သူများအတင်းမပြောနဲ့ )
There's nothing to be afraid - ( ဘာမှကြောက်စရာမရှိပါဘူး)
I can't bear to do so - ( ငါဒီလိုမလုပ်ရဲဘူး)
It's the chance of a lifetime - ( ဒါဟာတစ်သက်မှာတစ်ခါ၇တဲ့အခွင့်အရေးပဲ)
Do it any means - (ဘယ်နည်းနဲ့မဆို ဒါကိုလုပ်ပါ)
Such is life - ( ဘ၀ဆိုတာ ဒီလိုပါပဲကွာ)
I didn't bargain for such trouble - ( ဒီလိုဒုက္ခမျိုး ကြုံ့ မယ်လို့  ငါမထင်ခဲ့ဘူး)
Don't bully me - ( ငါ့ကိုဗိုလ်မကျနဲ့  ၊ အနိုင်မကျင့်နဲ့ )
Don't be conceited - ( ဘ၀င်မမြင့်နဲ့ )
Not as much as you think - ( မင်းထင်သလောက်မဟုတ်ပါဘူး)
I'm all against it - ( အဲဒါကိုငါလုံးဝ ဆန့် ကျင်တယ်)
I don't agree with you - ( မင်းကိုငါသဘောမတူဘူး)
Not like that - (အဲဒီလိုမဟုတ်ဘူး)
More than enough - ( လိုတာထက်တောင်ပိုသေး)
That's enough - ( တော်ပါပြီ )
Not so bad - (သိပ်မဆိုးပါဘူး)
You should - (မင်းလုပ်သင့်တယ်)
His life was in a mess - ( သူ့ ဘ၀ကတော့ ညစ်နေပြီ)
Have a heart - ( စာနာပါ ၊ သနားပါ )
Wait and see - ( စောင့်ကြည့်ဦးပေါ့ကွာ)
Not absolutely sure yet - ( လုံးဝမသေချာသေးဘူး)
Oh ! dear me - ( ဖြစ်မှဖြစ်ရလေကွာ)
That's really a pity - ( ဒါဟာတကယ့်ကို သနားစရာပဲ)
It depends - ( အခြေအနေအရပဲ)
It's up to you - (မင်းအပေါ်မူတည်တယ် )
Give me a hug - ( ကဲကဲ ကျေအေးလိုက်ကြစို့ )

Not again - ( တော်ပါတော့ ၊ မပြောပါနဲ့ တော့)
End of story - ( ။ )

I tell this in confidence - ( မင်းကိုယုံလို့ ပြောတာ လျှောက်မပြောနဲ့ )
Break it up - (ရန်ဖြစ်တာ တော်ကြတော့)
Not up to much - ( ကျေနပ်ဖွယ်ရာမရှိဘူး)

Do as you do - ( မင်းကြိုက်သလိုလုပ် )
Do as you like - ( ။ )

Thumbs up - ( အောင်ပြီဟေ့ )
All the best - ( အောင်မြင်ပါစေ)

Keep away - (အနားမကပ်နဲ့  ဝေးဝေးေ၇ှာင်)
Keep out - (အနားမကပ်နဲ့  ဝေးဝေးေ၇ှာင်)

Mum's the word - (ဒါကို လျှို့ ဝှက်ထား )

Don't be cocky - ( မာန်မတက်နဲ့ )

A deal is a deal - ( အပေးအယူလုပ်ပြီးသားက လုပ်ပြီးသားပဲ )

First come , first served ( ဦးရာလူ စနစ်ပဲ )
Everybody his due - ( သူ့ နေရာနဲ့ သူပဲ)

Keep your mind - (စိတ်ထိန်းပါ )
You shouldn't call people names - (မင်းလူတွေကိုနင်ပဲငဆ မပြောသင့်ဘူး)
Once in a blue moon - (ဖြစ်တောင့်ဖြစ်ခဲ တစ်သက်မှာတစ်ခါဆိုသလို)
He's under a cloud - (သူ့ ကို မယုံသင်္ကာ ဖြစ်နေတယ်)
I don't accept it - ( ငါလက်မခံဘူး)
Have a go - (လုပ်ကြည့်)

Shame on you - (မင်းရှက်ဖို့ ကောင်းတယ်)
What a shame ! (ရှက်စရာကောင်းလိုက်တာ)
If were in his place - ( ငါသာသူ့ နေရာမှာ ဆိုရင် )
If i were in your place - ( ငါသာမင်းနေရာမှာဆိုရင်)
I feel nothing special - (ထွေထွေထူးထူးမခံစားပါဘူး)
If i were you - (ငါသာမင်းဖြစ်ရင်)

Don't do as i do - ( ငါလုပ်သလို လိုက်မလုပ်နဲ့ )

Sooner or later - ( အနှေးနဲ့ အမြန်ဆိုသလိုပေါ့)
Once a thief , always a thief ( တစ်ခါခြံခုန်ဖူးတဲ့ နွား ၊ ဆက်ခုန်မှာပဲ )
How're things with you? (မင်းကောအားလုံးအဆင်ပြေရဲ့ လား)
How's everything? (အစစအရာရာ အဆင်ပြေရဲ့  လား )
Easy now - (စိတ်အေးအေးထားပါ)
Out you go - (ထွက်သွားစမ်း)
Oh ! quite - ( ငါသဘောတူတယ်)
I do - ( ငါသဘောတူတယ်)
I agree with you - ( ငါသဘောတူတယ်)

Don't worry . I' ve done this before - (မပူပါနဲ့  ၊ ဒါမျိုးအတွေ့ အကြုံ ရှိပြီးသား)

Take care - (သတိထား)

အဆင်ပြေကြပါစေနော်.......
ကူးယူဖော်ပြခွင့်ပေးတဲ့ပိုစ်ရှင် Hein Htet Aung ကိုလဲကျောဇူးတင်ပါတယ်ခင်ဗျာ
ဆက်ဖတ်ရန်

English လေ့လာသူများအတွက် အထောက်အကူပြု စကားလုံးများ ( 1 )



Business is business - (စီးပွားရေးက စီးပွားရေးပဲ)
Money talks - ( ပိုက်ဆံ စကားပြောတယ်)
Tall that to the marines - ( တောမှာသွားပြော)
Lead your own way - ( ကိုယ့်သမိုင်းကိုယ်ရေး)
Are you nuts? - ( မင်းရူးနေလား)
You are very talkative - (မင်းအရမ်းစကားများတာပဲ)
Behave yourself - ( ယဉ်ယဉ်ကျေးကျေးပြုမူပါ)
That's the beauty of it - ( အဲဒါလေးတွေချစ်ဖို့ ကောင်းတာ )
You stay out it - ( မင်းဝင်မပါနဲ့ )
Man matters most in life - (လူသာ ပဓာန ပါ )
Time out - ( ခဏရပ်နားပေးပါ )
There's one born every minute - ( အချဉ်ဖမ်းရတာလွယ်ပါတယ်)
You are shameless - ( မင်းဟာအရှက်မရှိဘူး)
Mind your p's and q's - (အနေအထိုင်ဆင်ခြင်နော်)
Age before beauty - ( အသက်ကြီးသူကိုဦးစားပေးပါ)
Don't do double - dealing - ( နှစ်ဖက်ချွန်မလုပ်နဲ့ )
Just as i thought - ( ထင်တဲ့အတိုင်းပဲ)
I'm buying - (ငါဒကာခံမယ်)
He was all ears - ( သူသိပ်သိချင်နေတယ်)
Don't talk rot - ( မဟုတ်တာမပြောနဲ့ )
Don't tell a lie - ( လိမ်မပြောနဲ့ )
I'm all ears - ( ငါနားထောင်နေပါတယ်)
Don't you see ? - ( မင်းနားလည်မယ်ထင်ပါတယ်)
Dead or alive - (အသေ ရရ အရှင် ရရ)
Let bygones be bygones - ( ပြီးတာတွေလည်းပြီးပါစေတော့ကွာ)
The point is - ( ငါဆိုလိုချင်တာက)
You're too big for your boots - ( မင်းတော်တော်ကြီးကျယ်တဲ့ကောင်ပဲ)
Get to the point - (လိုရင်းကိုပြောပါ)
That calls for celebration - ( မုန့် ကျွေးသင့်တယ်)
Every second counts - ( စက္ကန့် တိုင်းတန်ဖိုးရှိတယ်)
Give me a sec - ( တစ်စက္ကန့် လောက်အချိန်ပေးပါ)
Right away ! - (အခုချက်ခြင်းပဲ)
You heard me - ( ကြားတယ်နော်)
Perish the thought - ( မစဉ်းစားနဲ့ တော့ မေ့ပစ်လိုက်တော့ )
Too little too late - ( နည်းနည်းလေးနောက်ကျသွားတယ်)
That's a poser - ( ဒါဟာသိပ်ခက်တဲ့ မေးခွန်းပဲ)
Where the hell have you been ? ( မင်းဘယ်လျှောက်သွားနေတာလဲ)
It's all moonshine - ( လုံးဝအဓိပ္ပာယ်မရှိဘူး)
That 's why - ( အဲဒါကြောင့် ၊ ဒါကြောင့်)
The reason is that - ( အကြောင်းကတော့ဗျာ)
That's because - ( ဘာကြောင့်လဲဆိုတော့)
Don't disturb me - (ငါ့ကိုလာမနှောက်ယှက်နဲ့ )
Don't put blame upon other - ( သူများကိုလွှဲမချနဲ့ )
It's been said -( ပြောကြတာပဲလေ )
May i have a little chat- ( စကားနည်းနည်းလောက်ပြောပါ၇စေ)
Take care of yourself- (ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော်)
Won't you enjoy it? - (မင်းဒါကိုသဘောမကျဘူးလားးး)
Anything to please you? - (မင်းစိတ်ကြိုက်တွေ့ ရဲ့ လားး)
The best of my ability - (ငါ့အစွမ်းအကုန်ပ)ဲ
That's a deal - (ဒါအတည်ပဲ )
Need anything? - (ဘာလိုသေးလဲ)
So far so good - (အခုအချိန်ထိတော့ ဟုတ်နေသေးတယ် )
What a daft idea! (အဓိပ္ပာယ် မရှိလိုက်တဲ့ အတွေး)
Don't talk ill of others - (သူများမကောင်းကြောင်းမပြောနဲ့ )
Look here - (ဒီမယ် ငါပြောမယ်)
Think it over - ( ထပ်စဉ်းစားပါအုံး)
It's not that- (ဒီလိုမဟုတ်သေးဘူးလေ)
You have my word - (ကျွန်တော်ကတိပေးပါတယ်)
For your eyes only - (ဘယ်သူကိုမှမပြနဲ့ )
Fairly sensible - (အမြော်အမြင် တော်တော်ရှိတယ်)
Don't indulge your child - ( မင်းရဲ့  ကလေးကိုအလိုမလိုက်နဲ့ )
Just so - (ဒီလိုပဲဖြစ်ရမယ်လေ )
That's going beyond joke - ( နောက်တာလွန်လာပြီနော်)
Nonsense - (အဓိပ္ပာယ် မရှိဘူးကွာ)
You'd better treat me - (မင်းငါ့ကို ဧည့်ခံပြုစုရင် ကောင်းမယ်)
What a pity! - (သနားစရာကောင်းလိုက်တာ )
How absent-minded you are ! - (မင်းနှယ်ကွာ မေ့တက်လိုက်တာ)
You can say that again - (သိပ်ဟုတ်တာပေါ့ ၊ ဟုတ်လိုက်လေခြင်း)
What's the use of it? ( အဲဒါဘာအသုံးကျမှာမို့ လို့ လဲကွာ)
Do it at once - ( ခုချက်ခြင်းလုပ် )
Don't be reluctant - ( စိတ်မပါလက်မပါ ဖြစ်မနေနဲ့ )
The same as ever - ( ခါတိုင်းလိုပါပဲ)
What's available? - (ဘာရနိုင်ပါသလဲ ?)
Leave it to me - ( ငါ့တာဝန် ထားလိုက်စမ်းပါ )
Don't blame me - (ငါ့ကို အပြစ်လာမတင်နဲ့ )
It's not my fault - (ငါ့အမှားမဟုတ်ဘူး )
I don't have all day - (ငါတစ်နေကုန်အချိန်မရဘူး)
If you've got time - (မင်းအချိန်ရရင်)
Please make yourself at home - (ကိုယ့်အိမ်လိုပဲသဘောထားနော်)
Please come and join us - ( ငါတို့ ဆီကို လာပါ ၊ ဖိတ်ခေါ်ပါတယ်)
Nature calls ! - ( အိမ်သာသွားလိုက်အုံးမယ်)
Duty calls ! - ( ကိစ္စ ရှိလို့ သွားလိုက်အုံးမယ် )
Keep your nerve - (က္ကနြေ္ဒ မပျက်စေနဲ့ )
Don't take an air - (ဟိတ်ဟန်ထုတ်မနေနဲ့ )
့How much - ( ဘယ်လောက်ကျသလဲ)
Don't argue with me - (ငါ့ကိုလာမငြင်းနဲ့ )
Any time - (ဘယ်အချိန်မဆို)
Oh ! you dare say so - ( ပြောရဲ လိုက်တာ )
How dare you are ! (မင်းကရဲလှချည်လားးး)
Listen to me - (ငါပြောတာနားထောင်)
Look here -( ဒီမယ်ငါပြောမယ်)
Any thing? - (ဘာကိစ္စရှိလို့ လဲ )
Like father , like son - (ဖအေတူသားပဲ )
Don't dig your own grave - (ကိုယ့် သေတွင်း ကိုယ်မတူးနဲ့ )
Something wrong - (တစ်ခုခုမှားနေပြီ)
What's wrong? (ဘာများမှားသွားလဲ)
Not good enough - (သိပ်မကောင်းဘူး)
Don't be talkative - ( စကားမများနဲ့ )
Here comes - ( လာပါပြီ )
What's happened? ( ဘာဖြစ်ခဲ့တာလဲ )
How come ! ( ဘယ်လိုဖြစ်တာလဲ)
As ever - (အရင်အတိုင်းပဲ)
Don't interfere - (၀င်မပါနဲ့  ၀င်မစွက်နဲ့ )
This beats me - ( ဒါငါ့အတွက်သိပ်ခက်တယ်)
That is to say - ( ပြော၇မယ်ဆိုရင်တော့ )
You got a minute - ( အချိန်နည်းနည်းအားလား )
By the way - (စကားမစပ်)
As you see - (မင်းသိမြင်တဲ့အတိုင်းပဲ)
It goes without saying - (အထူးပြောနေစရာမလိုပါဘူးးးး)
Suit yourself - (စိတ်တိုင်းကျသလိုလုပ် )
Don't give me that - ( ငါ့ကို အငြင်းစကားတွေလာမမေးနဲ့ ) 
ဆက်ဖတ်ရန်

"မစ္ဆရိယ ငါးမျိုး သိကောင်းစရာ"


       ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယ ဟု ခေါ်ပါတယ်။ မစ္ဆရိယ
အားကြီးသူသည် ငရဲသို့ ကျရောက်ပါတယ်၊ ငရဲကလွတ်၍ လူဖြစ်လာလျှင်လည်း ငတ်
ပြတ်ဆင်းရဲပြီး အထီးကျန် တစ်ယောက်တည်း နေရတတ်ပါတယ်။ မစ္ဆရိယ ငါးမျိုးရှိပါ
တယ်၊ ယင်းတို့မှာ-==
     ၁။အာဝါသ မစ္ဆရိယ= အဆောက်အဦး ကောင်းကောင်းဖြင့်  ကိုယ်သာနေလိုပြီး
အခြားသူများ မနေစေလိုခြင်း။
     ၂။လာဘ မစ္ဆရိယ  = ကိုယ်သာ  လာဘ်လာဘ  စီးပွါးဥစ္စာ  ပေါများလိုပြီး  အခြား
သူများကို  မပေါများစေလိုခြင်း။
     ၃။ကုလ မစ္ဆရိယ   =ပေးကမ်းထောက်ပံ့ နိုင်သော ဆွေမျိုးများ၊  ဒကာများအား အခြား
သူများထံသို့   အသွားအလာ  အဆက်အသွယ်  မရှိစေလိုခြင်း။
     ၄။ဝဏ္ထ မစ္ဆရိယ    = ကိုယ့်ထက်သာသူ၏ ဂုဏ်ကျေးဇူးကို  မချီးမွမ်း နိုင်ခြင်း။
     ၅။ဓမ္မ မစ္ဆရိယ      =တရားသဘောကို  မိမိသိသလို  သူတစ်ပါးကို မသိစေလိုခြင်း။
တို့ဖြစ်ကြပါတယ်။
            ဒါကြောင့် မိမိတို့ကလည်း ကိုယ့်ထက်သာတဲ့သူအပေါ် “ မုဒိတာ ” ၀မ်းမြောက်
ဝမ်းသာဖြစ်ပြီး၊ ကိုယ့်ထက်နိမ့်တဲ့သူအပေါ် ဂရုဏာထားနိုင်ကာ တစ်ဆင့်ပြီးတစ်ဆင့်၊
ကောင်းသထက်ကောင်း၊ မြင့်သထက်မြင့်ကာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို မျက်
မှောက်ပြု ခံစားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။

  “ ဘာသာဝါဒ ရွေးချယ်ကြ ”
   ================
ဘာသာဝါဒ၊  ရွေးချယ်ကြ
မှန်မှ  ကျိုးများမည်။
အယူဝါဒ၊  မှားယွင်းက
မုချ  ကျိုးနည်းမည်။
အမှားအမှန်၊  ရွေးချယ်ရန်
စံမှန်  ရှိရမည်။
မှတ်ကျောက်မှာတင်၊  စံမှာယှဉ်
ရွေးလျှင်  မမှားပြီ။ ။
(ချမ်းမြေ့ဆရာတော်)

ဆက်ဖတ်ရန်

"တစ် နှစ် သုံး ပဟေဠိ ၏ မူလ အစ "


ယနေ့ခေတ် လူရွှင်တော်များ "အတိုင်" နှင့် "အဖောက်" ပြက်လုံးပျက်တတ်သည့် ဟာသ ပျက်လုံးတစ်ချို့ ကို ဓမ္မမိတ်ဆွေများ ကြားဖူးကြပါလိမ့်မည်။ "တစ်=တစ်တီတူး ၊ နှစ်=ရေမှုတ် ၊ သုံး=ပိုက်ဆံ" အစရှိသဖြင့် ပေါ့။

တကယ်တမ်းပြောရလျှင် ဤသို့ အတိုင် နှင့် အဖောက် ပဟေဠိဖွက်ခြင်း ပုံစံ မျိုး မှာ ရှေးခေတ် အခါက ကျေးလက်နေ ကလေးငယ်လေးများ ၏ ဂဏန်းသချာင်္ တစ်,နှစ်,သုံး အဓိပ္ပါယ်ဖော် ကစားနည်းတစ်မျိုးလည်းရှိ ဖူးပါကြောင်း လေ့လာမှတ်သားရပါသည်။

ထေရ၀ါဒ ဗုဒ္ဓစာပေကျမ်းဂန် "ခုဒ္ဒကပါဋ္ဌပါဠိတော်" တွင် ဤကဲ့သို့ "တစ်,နှစ်,သုံး"နည်းဖြင့် "ဗုဒ္ဓမြတ်စွာဘုရားရှင်"တရားဟောတော်မူခဲ့သည်ကိုတွေ့မြင်ဖတ်ရှုလိုက်ရပါ၏။("ခုဒ္ဒကပါဋ္ဌပါဠိတော်"ဟူသည်မှာ"အတို
ထွာတရားစာများ ကို စုစည်းထားသောပါဠိတော်"ဟုဆိုရမည်။)

"ခုဒ္ဒကနိကာယ်"၏ပထမဆုံးကျမ်းစာဖြစ်ကာ ယင်းတွင်-"သရဏသုံးပါး,ဆယ်ပါးသီလ,သုံးဆယ့်နှစ်ကောဋ္ဌာသ"စသည်တို့
အပြင် "မင်္ဂလသုတ်,ရတနသုတ်,မေတ္တာသုတ်"ပရိတ်တော်များ နှင့်"နိဓိကဏ္ဍသုတ်"များလည်းပါဝင်ပါ၏။

ထို ပါဠိတော် တွင် "ကုမာရဥှာ"ဟူသော ကဏ္ဍလေးပါဝင်သည်ကိုတွေ့ရပါ၏။"ကုမာရပဥှာ"ဟူသောအဓိပ္ပါယ်မှာ"ကလေး
များ စကားထာဝှက် သောစာ" ဟူ၏။ဗုဒ္ဓမြတ်စွာဘုရားရှင် က သူ၏သားတော်လေး "ရာဟုလာ" ကိုရင်လေး ကိုသင်ပေးသည့် စကားတော်များဖြစ်ပါသည်။ ရှင်သာမဏေ(ကိုရင်ကလေး) ဟူသည်မှာ ငယ်ရွယ်သော ကလေးငယ်လေးများဖြစ်သဖြင့် ဟိုစကား, ဒီစကား မပြောမိအောင်၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် အမေး အဖြေ လုပ်ထား၍ ကလေးနှင့်လျော်ညီစွာ သင်ပေးခြင်းဖြစ် ပါသည်။

"ရှင်ရာဟုလာ" အပါအ၀င် အခြားသော ရှင်သာမဏေ ကလေးသူငယ်လေးများအနေဖြင့် ဂဏန်းသချာင်္ သင်ပြီးသားလည်းဖြစ်၊အမေး အဖြေလည်းတတ်သွား၊တရားဓမ္မ လည်း နားထဲဝင်သွားရန် ရည်ရွယ်ပါ၏။
"ရာဟုလာ မင်းသားလေး" ရှင်သာမဏေ (ကိုရင်)၀တ်ပြီးနောက် "ဗုဒ္ဓမြတ်စွာဘုရားရှင်" က ဤသို့ မေးခွန်းလေးများထုတ်၍ အဖြေပါ သင်ပေးပါသည်။

တစ်= တစ်ခု သောတရားမည်သည် အဘယ်နည်း?
-(သတ္တ၀ါဟူသမျှတို့သည် အကြောင်း "အာဟာရ" လျှင် တည်ရာရှိကုန်၏။)

(နေ့စဉ် ပြုလုပ် နေရသည့်၊ စားသုံးနေရသည့် စိတ်ပျက်ငြီးငွေ့စရာ ဒုက္ခ ကို တရားသံဝေဂ ရစိမ့်သောငှာ "ဗုဒ္ဓ" က ဂဏန်းနှင့်တွဲဖက် သင်ကြားခြင်းဖြစ်ပါ၏။)

နှစ်= နှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("ရုပ် နှင့် နာမ်" တည်း)

(အကျိုးမရှိတာတွေ မမှတ်စေပဲ အကျိုးရှိတာမှတ်စေရန် ရည်ရွယ်၍ လူ၏သန္တာန် တွင် "ရုပ် နှင့်နာမ် နှစ်ခုပဲ ရှိသည်" ဟု သင်ပေးခြင်း ဖြစ်ပါ၏။)

သုံး= သုံးခု သောတရားမည်သည် အဘယ်နည်း?
-( "ဝေဒနာ သုံး ပါး" တည်း။)

(အာရုံ နှင့်တွေ့သည့်အခါ "ခံစားချက် သုံးမျိုး" ဖြစ်ပါ၏။ကောင်းတာနှင့်တွေ့လျှင် ပျော်၏။ကြိုက်၏။ မကောင်းတာနှင့်တွေ့လျှင် စိတ်ညစ်တတ်၏။ကောင်းတာလည်း မဟုတ်၊မကောင်းတာလည်းမဟုတ် တွေ့လျှင် ပျော်သည်လည်း မဟုတ်၊စိတ်ညစ်သည်လည်းမဟုတ် ရှိတတ်သည်ကိုရည်ညွှန်း၍ သင်ပေးခြင်းဖြစ်ပါ၏။)

လေး= လေးခု သောတရားမည်သည် အဘယ်နည်း?
-(အရိယာတို့၏ အမှန်တရား၊ "သစ္စာ လေးပါး" တည်း။)

(လောက တွင် "တကယ့်အမှန်တရား လေးခု" ဖြစ်သော "ဒုက္ခ,သမုဒယ,နိရောဓ,မဂ္ဂ" ကို သာသင်ပေးလိုက်ခြင်းဖြစ်ပါ၏။)

ငါး= ငါးခု သောတရားမည်သည် အဘယ်နည်း?
-(စွဲလန်းမှု"ဥပါဒါနက္ခန္ဓာ ငါး ပါး" တို့တည်း။)

(လူများတွင် "တဏှာအမြင်""ဒိဋ္ဌိအမြင်"နှင့်စွဲလန်းသော"ဥပါဒါနက္ခန္ဓာငါးပါး"(ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဉ်)ကို
သင်ကြားပေးခြင်း ဖြစ်ပါ၏။)

ခြောက်= ခြောက်ခု သောတရားမည်သည် အဘယ်နည်း?
-(အတွင်း (အဇ္ဈတ္တိကာ-"အာယတန ခြောက် ပါး" တို့တည်း။)

(အာရုံတို့၏အခြေခံ၊အပြင်ဘက်မှအာရုံများနှင့်ဆက်သွယ်ဖို့ရာလိုအပ်သော"အင်္ဂါခြောက်ခု"(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊
ကိုယ်၊စိတ်) အဆင့်ဆင့် ကမ္မဋ္ဌာန်းပွားနိုင်လောက်သည်အထိ ကလေးငယ်နှင့်တန်ရုံ ဂဏန်းသဘောလေးများကို မှတ်ခိုင်းကာ တဖြည်းဖြည်း သင်ကြားပေးခြင်းဖြစ်ပါ၏။)

ခုနှစ်= ခုနှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("ဗောဇ္ဈင် ခုနှစ် ပါး" တို့တည်း။)

(အသိဉာဏ်ဖြစ်ပေါ်ဖို့ရာအတွက် (၁)သတိသမ္ဗောဇ္ဈင်,(၂)ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်,(၃)၀ီရိယ သမ္ဗောဇ္ဈင်,(၄)ပီတိ သမ္ဗောဇ္ဈင်,(၅)ပဿဒိ သမ္ဗောဇ္ဈင်,(၆)သမာဓိ သမ္ဗောဇ္ဈင်,(၇)ဥပေက္ခာ သမ္ဗောဇ္ဈင် စသည့် စွမ်းရည်သတ္တိနှင့်ကိုယ့်သန္တာန် တို့တွင် ပေါ်ပေါက်စေရန် သင်ကြားခြင်းဖြစ်ပါ၏။)

ရှစ်= ရှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("အင်္ဂါ ရှစ်ပါး" ရှိသော အရိယာမဂ် တည်း။)

( "မဂ္ဂ" ဆိုသည်မှာ "လမ်းကြောင်း"၊ မည်သည့်နေရာသွားသည့်လမ်းကြောင်းလဲ ဟူမူ- နိဗ္ဗာန် သို့ သွားရန် လမ်းကြောင်းဖြစ်ပါ၏။
(၁)သမ္မာဒိဋ္ဌိ (၂) သမ္မာသင်္ကပ္ပေါ (၃)သမ္မာဝါစာ(၄)သမ္မာကမ္မန္တော (၅)သမ္မာ အာဇီဝေါ (၆)သမ္မာ ၀ါယာမော (၇)သမ္မာသတိ(၈) သမ္မာသမာဓိ အစရှိသော ထို မဂ္ဂင်ရှစ်ပါး စွမ်းအားများ မိမိ၏သန္တာန်တွင် ရလျှင် နိဗ္ဗာန် ထိအောင်ဆောင်နိုင်ကြောင်းသင်ကြားခြင်းဖြစ်ပါ၏။)

ကိုး= ကိုးခု သောတရားမည်သည် အဘယ်နည်း?
-(သတ္တ၀ါတို့၏တည်နေရာ "သတ္တ၀ါသ ကိုးပါး" ရှိသော တို့တည်း။)

(သတ္တ၀ါများကိုခြုံငုံကြည့်လိုက်လျှင် (သတ္တ+အာဝါသ)သတ္တ၀ါများနေထိုင်သော ဘုံ ကိုးမျိုးသာလျှင် ရှိပါ၏။
(၃၁ ဘုံ-ကို (၉) မျိုး ဖြစ်အောင်ချုံ့ပြောလိုက်ခြင်းပါ။ ဥပမာ အားဖြင့် (၁) နာနတ္တကာယ နာနတ္တသညီ၊
(၂) နာနတ္တကာယ ဧကတ္တသညီ(၃) ဧကတ္တကာယ နာနတ္တသညီ (၄) ဧကတ္တကာယ ဧကတ္တသညီ စသဖြင့်) သင်ကြားပေးခြင်းဖြစ်ပါ၏။)

တစ်ဆယ်= ဆယ်ခု သောတရားမည်သည် အဘယ်နည်း?
-(အင်္ဂါ ဆယ်ပါးနှင့် ပြည့်စုံသူ ကို "ရဟန္တာ" ဟု ဆိုအပ်၏။)

(မှန်ကန်သော ဓမ္မများကို ကျင့်ကြံ ဆောက်တည် သွားသည့်ရဟန္တာ ပုဂ္ဂိုလ် များသည် "အင်္ဂါဆယ်မျိုး"နှင့် ပြည့်စုံသွားသည် ဟု သင်ကြားခြင်းဖြစ်ပါ၏။ အတော်ခက်ပါသည်။( အင်္ဂါ ဆယ်မျိုး မှာ-မဂ္ဂင်(၈)ပါး+(၉)သမ္မာဉာဏ(မှန်မှန်ကန်ကန်သိမြင်သော အသိဉာဏ်) (၁၀)သမ္မာဝိမုတ္တိ(မှန်ကန်သော နည်းလမ်းဖြင့် ကိလေသာများမှ လွတ်မြောက်သွားခြင်း) တို့ ပါဝင်သွားခြင်း ဖြစ်ပါ၏။)

(မူရင်းပါဠိတော် တွင် "ဧကံ နာမ င်္ကိ ?" ဟုမေး၍ "သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ"စဖြင့် ဖြေကြားပါသည်။ ကျွန်တော့်အနေဖြင့် မူ အကျဉ်းခေါင်းစဉ်အတိုင်း အဓိပ္ပါယ်ပေါ်ရုံ မြန်မာပြန်သာ လိုတိုရှင်းဖော်ပြထားခြင်းဖြစ်၍ ဆိုင်ရာ အဋ္ဌကထာ တွင် အကျယ်ဖွင့်ဆိုထားပါသည်။)

"ရှင်ရာဟုလာ" ကို ထိုသို့ အမေး အဖြေ ပြုခဲ့ဖူးသလို "သောပါက"သူငယ် ကိုလည်းမေးခဲ့ပါသည်။
"သောပါက သူငယ်"ကို သေစေရန် သုဿန်၌ချည်နှောင် စွန့်ပစ် ထားရာ နောင်တွင် "ရဟန္တာ"ဖြစ်၍ "မဟာသာဝက"စာရင်းဝင်ဖြစ်မည့်"ဥပနိဿယ"ကို မြင်၍ "ဗုဒ္ဓမြတ်စွာဘုရားရှင်"ကိုယ်တော်တိုင်ကြွ ကာ ဤပြဿနာအတိုင်းပင် မေးခဲ့ပါ၏။

"သောပါက"သူငယ် က အထက်ပါ မေးခွန်း(၁၀)ခုကို မလွဲအောင် အစဉ်အတိုင်း ဖြေနိုင်သဖြင့်"ရဟန်း"အဖြစ်ခွင့်ပြုကြောင်း"အဋ္ဌကထာ"၌ ဖွင့်ဆိုထားပါသည်။ ကြည်ညိုဖွယ်ကောင်းလှချည့်။
"တစ် မှ တစ်ဆယ်"အထိ အဓိပ္ပါယ် မည်မျှ နက်နဲ လှသည် ဆိုသည်ကို ဓမ္မမိတ်ဆွေ သဘောပေါက်လောက်ပါပြီ။
"တစ် မှ ကိုး"အထိ သိနိုင်သည်ပဲ ထားပါတော့။ "တစ်ဆယ်"ဟူသော "ရဟန္တာ၏အင်္ဂါဆယ်ပါး"ဆိုတော့ ဘာမှန်းကိုမသိပါ။

ကျွန်တော် တင်ပြလိုရင်းမှာ-
ဤမေးခွန်း ဆယ်မျိုး ကို ဖြေဆိုနိုင်သဖြင့် "ဗုဒ္ဓမြတ်စွာဘုရားရှင်" လက်ထက်တော် ကာလ က "ခုနှစ်နှစ်သား ရဟန်းများ" ရှိနေပြီ ပါသည် တဲ့။

ဗုဒ္ဓကမ္ဘာဆိုဒ်ကိုညီညီတင်၏ဘလော့ကိုမျှဝေထားပါသည်

ဆက်ဖတ်ရန်

မိန်းမနဲ့ယောက်ျား ဘာတွေများ ကွာခြားပါသလဲ


လူသည် မွေးကတည်းက ယောက်ျားနှင့်မိန်းမဟူ၍ ကွဲပြားခဲ့ပါသည်။ အချစ်စိတ်၊ ကာမရာစိတ်မှာ အရွယ်
ရောက်လာမှ ဝင်ရောက်လာခြင်း ဖြစ်လေသည်။ သုတေသီများ၏ လေ့လာချက်အရ
၁။ အသက် အနည်းငယ် ငယ်ရလေသော် ကျား၊ မ မခွဲခြားဘဲ ကလေးများအချင်းချင်း ရောနှော ကစားတတ်ကြသည်။
၂။ အသက် (၁၀)နှစ်နှင့် (၁၂)နှစ်ကြားသို့ ရောက်လေသော် ယောက်ျားလေးအုပ်စုနှင့် မိန်းကလေးအုပ်စုတို့
အုပ်စုဖွဲ့၍ ရန်ဖြစ်လာတတ်ကြ၏။
၃။ အသက် ၈ နှစ်၌ ယောက်ျားလေးနှင့် မိန်းကလေးတို့သည် လိင်တူအချင်းချင်း ကစားလိုသောဆန္ဒ ရှိလာ ကြသည်။
၎။ မိန်းကလေးများသည် အသက် ၁၃ နှစ်နှင့် ၁၇ နှစ်၌ ယောက်ျားလေးများအပေါ် စိတ်ဝင်စား၍ သူတို့၏
အပြုအမူများကို အလေးထားစေချင် လာကြသည်။
၅။ ယောက်ျားလေးများသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်၌ မိန်းကလေးများကို စိတ်ဝင်စားလာကြသည်။
ယင်းလေ့လာချက်မှာ အနောက်နိုင်ငံများကို အခြေခံထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၌လည်း ယေဘုယျအားဖြင့် မကွာခြားပေ။ ကွာခြားသည်မှာ အနောက်နိုင်ငံများ၌ ရည်းစားထားခြင်းကို အားပေး၍ မြန်မာနိုင်ငံ၌ ကားယင်းကိစ္စကို အားမပေးပေ။
ယောက်ျားနှင့် မိန်းမ ကာမရာဂစိတ် ဖြစ်ပေါ်ခြင်းကို လေ့လာကြည့်သော အခါ၌လည်း ယောက်ျားက
မိန်းမထက် အရွယ်စော၍ ဖြစ်ပေါ်လေ့ရှိ၏။ အသက်အပိုင်းအခြားအားဖြင့် ယောက်ျားသည် အသက် ၂၀ မတိုင်မီ၌အမြင့်ဆုံးတက်ကြွ၍ မိန်းမသည် အသက် ၃၀ ခန့်၌ အမြင့်ဆုံး တက်ကြွ နေတတ်၏ ဖို-မ ဆက်ဆံရာ၌လည်ယောက်ျားသည် မိန်းမထက်စော၍ ရာဂပြေငြိမ်းပြီး မိန်းမသည် ယောက်ျားနောက်မှ ရာဂ ပြေငြိမ်းသည်။
ဤသည်မှာမိန်းမများ၏ သဘာဝသာ ဖြစ်သည်။
ဥပမာအားဖြင့် မိန်းမသည် ရေနှင့်တူ၍ ယောက်ျားသည် ကျောက်ခဲနှင့်တူ၏။ ရေကို မီးဖိုပေါ် တင်၍ကြိုလျှင်တော်တော်နှင့်မဆူပွက်။ ဆူပြီးနောက် မီးဖိုပေါ်မှချလျှင်လည်း ရုတ်တရက်မအေး။ ထိုနည်းတူ ပင် မိန်းမတို့၏အချစ်စိတ်သည် တဖြည်းဖြည်းကြွ၍ အချစ်စိတ်ထပြီး နောက်လည်း တဖြည်းဖြည်း လျောကျသည်။
ယောက်ျားကား ကျောက်ခဲနှင့်တူ၏။ ကျောက်ခဲကို မီးဖုတ်လျှင် အလျင်အမြန် ချက်ချင်းပူ၏။ ကျောက်ခဲကို
မီးဖိုမှ ဆွဲထုတ်လျှင် မကြာမီ အေးသွား၏။ ထိုနည်းတူပင် ယောက်ျားတို့၏ အချစ်စိတ်မှာ ထလွယ်၏။ ကျလွယ်၏။
သို့ဖြစ်၍ မိန်းမတို့မှာ အချစ်စိတ်ထကြွခြင်းကြောင့် အချစ်ကိစ္စကို ချုပ်တည်းနိုင်၊ အောင့်အည်းနိုင်ကြခြင်း ဖြစ်သည်။
ယောက်ျားတို့၌ အချစ်စိတ်သောင်းကျန်းမှု ဖြစ်တတ်သည်မှာ အချစ်စိတ် ထကြွလွယ်သောကြောင့် ဖြစ်၏။
ဤသို့အားဖြင့် ယောက်ျားနှင့်မိန်းမ ခြားနားပေ၏။
ဆက်ဖတ်ရန်

အိမ်ထောင်ဖက်ရွေးတဲ့အခါမှာ ဘာတွေကို သတိထားရမှာလဲ


တစ်မိသားနှင့် တစ်မိသား အချိန်တန် အရွယ်ရောက်လေသော် တစ်ဦးနှင့်တစ်ဦး အကြောင်းဆက်
ပေါင်းဖက် ကြရသည်မှာ ဓမ္မတာဖြစ်ပေသည်။ ဤ၌ ဘဝတစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခု
ဖြစ်နိုင်ဖို့ရာအတွက်...
၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။
၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။
၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။ တူနှစ်ကိုယ် တဲအိုပျက်၌ ထမင်းရည်
လျက်ရစေတာ့ဟူသည် သီချင်းထဲမှာပဲ ရှိပါသည်။
၎။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့၊ လူဝင်ဆံ့ဖို့လည်း လိုအပ်ပါသည်။
လူကောင်းသူကောင်းနှင့် ပေါင်းဖော်တတ်သူဖြစ်ဖို့ လိုပါသည်။
၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့်စာဂ စာရိတ္တ
ကောင်းမွန်သူ ဖြစ်ရန်လည်း အရေးကြီးပါ၏။
ဤ၌ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ “ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ
စကားလေးမှာလည်း မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။
“ပါသုံးပါ” ဟူသည်
၁။ အကြွေးတွေ ပါလာသူ
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမည့်သူ ပါလာသူ

“ချာသုံးချာ” ဟူသည်
၁။ ပညာအရည်းအချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဟူသည်
၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူ
တို့ ဖြစ်ကြသည်။
ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်ထောင်ရေးသည်
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်တတ်ကြပြီး ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ ၍
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလေသည်ဟု ဆိုသည်။
ဆက်ဖတ်ရန်

နာမည်ကျော်များ၏ အတွေးအခေါ် စာစုများ


I would prefer even to fail with honor than to win by cheating.
 Sophocles (496 BC-406 BC)
 ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
 (ဆိုဖကော်လ်စ်)

To know what you prefer, instead of humbly saying Amen to what the world
 tells you . you ought to prefer, is to have kept your soul alive.
 Robert Louis Stevenson (1850-1894)
 သူများက ကြိုက်သင့်တယ်ပြောလို့ လိုက်ပြီးကြိုက်လိုက်ရတာမျိုး မဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင်
 ဘာကြိုက်တယ်ဆိုတာကို သိခြင်းဟာ ကိုယ့်စိတ်ကို ရှင်သန်တက်ကြွလာအောင် လုပ်ပေးခြင်းပဲ။
 (ရောဘတ်လူးဝစ်စတီဗင်ဆန်)

Every man has his follies - and often they are the most interesting thing
 he has got.
 (Josh Billings)
 လူတိုင်းမှာ မိုက်မဲမှုလေးတွေ ကိုယ်စီရှိကြပါတယ်၊
 အဲဒီမိုက်မဲမှုလေးတွေဟာ သူတို့ပိုင်ဆိုင်တဲ့အရာတွေထဲမှာ
 စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။
 (ဂျိုရှ် ဘင်လင်းစ်)

Reading makes a full man;
 conference a ready man;
 and writing an exact man.
 (Francis Bacon (1561-1626)
 စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူ ဖြစ်ရသည်၊
 ဆွေးနွေးခြင်းကြောင့် အဆင်သင့် ဆောင်ရွက်နိုင်သူ ဖြစ်ရသည်၊
 စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူ ဖြစ်ရသည်။
 (ဖရန့်စစ် ဘေကွန်)

It is a farce to call any being virtuous whose virtues do not
 result from the exercise of its own reason.
 Mary Shelley (1797-1851)
 ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို
 ကိုယ်ကျင့်တရား ကောင်းတယ်လို့ ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။
 (မေရီ ရှဲလီ)

A man's mind is wont to tell him more than seven watchmen sitting in a tower.
 Rudyard Kipling (1865-1936)
 လူတစ်ယောက်ရဲ့စိတ်ဟာ ကင်းတဲပေါ်က ကင်းစောင့်(၇)ယောက်ထက် ပိုပြီး ကိုယ့်ကိုယ်ကို
 သတိပေးလေ့ရှိတယ်။
 (ရ(ဒ်) ယာ့ဒ် ကစ်ပ်လင်)

Fashion is a form of ugliness so intolerable that we have to
 alter it every six months.
 (Oscar Wilde )
 ဖက်ရှင်ဆိုတာ ခြောက်လတစ်ကြိမ်ပြောင်းလဲနေရလောက်အောင်ကို
 သည်းမခံနိုင်စရာကောင်းတဲ့ အကျီးတန်ပုံစံတစ်မျိုးပဲ။
 (အော်စကာဝိုင်း)

I told the doctor I broke my leg in two places. He told me to
 quit going to those places.
 (Henny Youngman)
 ကျနော့်ခြေထောက်နှစ်နေရာမှာ ကျိုးသွားကြောင်း ဆရာဝန်ကို ကျနော်ပြောပြ
 လိုက်တယ်။ ဆရာဝန်က ဘာပြန်ပြောလဲဆိုတော့ အဲဒီနေရာတွေဆီ နောက်မသွားနဲ့တော့ တဲ့။
 (ဟဲနီ ယန်းမန်း)

Selfishness must always be forgiven you know, because there is no
 hope of a cure.
 Jane Austen (1775-1817)
 အတ္တဆန်မှုဆိုတာ အမြဲတစေ့ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲဆိုတော့
 ကုရာနတ္ထိ ဆေးမရှိဘူးလေ။
 (ဂျိန်းအော်စတင်)

One of the darkest evils of our world is surely the unteachable wildness of
 the Good.
 H.G. Wells (1866-1946)
 ကျွန်တော်တို့ကမ္ဘာလောကထဲရှိ အမိုက်မှောင်ဆုံး မကောင်းမှုတွေအနက် တစ်ခုကတော့
 လူကောင်းလူတော်ဆိုသူတွေရဲ့ သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုပဲ။
 (အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)

Never give up, for that is just the place and time that the tide will turn.
 Harriet Beecher Stowe (1811-1896)
 ဘယ်တော့မှ အားမလျှော့နဲ့၊ ကံကြမ္မာပြောင်းလဲမှုဆိုတာ ကာလဒေသအပေါ်မှာလဲ
 မူတည်တယ်။
 (ဟာရိုက်ဘီချာစတူး)

The words that enlighten the soul are more precious than jewels.
 Hazrat Inayat Khan
 စိတ်ကို အသိဉာဏ်ရစေတဲ့စကားလုံးတွေဟာ ရတနာတွေထက် ပိုတန်ဖိုးရှိတယ်။
 (ဟာ့ဇ်ရတ် အိုင်နယတ် ခန်)

The truth is the kindest thing we can give folks in the end.
 Harriet Beecher Stowe (1811-1896)
 ကျမတို့ နောက်ဆုံး လူတွေကို ပေးနိုင်တဲ့ အကြင်နာဆုံးအရာကတော့
 သစ္စာတရားပါပဲ။
 (ဟာရိုက် ဘီချာစတူး)

Malice is of the boomerang character,
 and is apt to turn upon the projector.
 William Makepeace Thackeray (1811-1863)
 ရန်ညှိုးဆိုတာ လက်နက်ပျံတစ်ခုလိုပဲ၊
 ပစ်တဲ့ ကာယကရှင်ဆီ ပြန်လည်လာတတ်တဲ့ သဘောရှိတယ်။
 (၀ီလီယံမိတ်ခ်ပီးစ်သက်ခရေး)

Better to be without logic than without feeling.
 Charlotte Bronte (1816-1855)
 ခံစားချက်မရှိခြင်းထက် ယုတ္တိမရှိခြင်းက ပိုကောင်းပါသေးတယ်။
 (ရှားလက်တ် ဘရွန့်တီ)

Fortitude is the marshal of thought, the armor of the will, and
 the fort of reason.
 Francis Bacon (1561-1626)
 သတ္တိဆိုတာ တွေးတောကြံစည်မှုရဲ့ အကြီးအချုပ်၊ စိတ်ဆန္ဒရဲ့ ချပ်ဝတ်မိန်ညို၊
 ဆင်ခြင်ဉာဏ်ရဲ့ ခံတပ်ပါပဲ။
 (ဖရန့်ဆစ်စ် ဘေကွန်)

Faith, as well intentioned as it may be, must be built on facts, not fiction-
 faith in fiction is a damnable false hope.
 (Thomas Alva Edison)
 ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်
 ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ
 အမှားဖြစ်ဖို့ နီးစပ်တယ်။
 (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်)

Thou shouldst eat to live; not live to eat.
 Socrates
 အသက်ရှင်ဖို့ စားတာမျိုးပဲ ဖြစ်သင့်တယ်။
 စားဖို့အသက်ရှင်နေတာမျိုး မဖြစ်သင့်ဘူး။
 (ဆော့ခရတ္တိ)

Time flies like an arrow. Fruit flies like a banana.
 Groucho Marx
 အချိန်ဟာ မျှားတစ်စင်းပစ်လွှတ်လိုက်သလို အကုန်မြန်တယ်။
 စည်းစိမ်ဆိုတာ ငှက်ပျောသီးတစ်လုံးစားလိုက်သလို အပြုန်းမြန်တယ်။
 (ဂရောင်ချို မာ့ခ်စ်)
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...