Tuesday, June 18, 2013

" ကိုကိုမောင်မောင် တို့အတွက် အခြေခံအသားအရေ ထိန်းသိမ်းနည်း "


အမျိုးသားတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမွန်ပြီး အသား အရေ၊ ဆံကေသာ၊ လက်သည်းခြေသည်း တွေ ကြည့်ကောင်းနေစေဖို့ သိထားသင့် တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို ရေး သားလိုက်ရပါတယ်။

ထိန်းသိမ်းနည်း
(၁) အသားအရေ ကြေးချွတ် သန့်စင်ပါ
အမျိုးသား တွေအဖို့ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကို ကြေးချွတ်သန့်စင် ပေးသင့်ပါတယ်။ တကယ်လို့ သင့်အသားအရေက အလွန် အမင်း ကြမ်းတမ်း ခြောက်သွေ့ပျက်စီး နေရင် တစ်နေ့တစ်ကြိမ် ကြေးချွတ်သန့် စင်ပေးပါ။ ကြေးချွတ်ပေးတာကြောင့် အရေပြားဆဲလ်သေတွေကို ကင်းစင် စေပြီး အသားအရေ စိုပြည်လန်းဆန်း စေပါတယ်။ ဒါ့အပြင် အရေပြား ပေါ်မှာ အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမိုကောင်းမွန်စေပြီး စိုပြည် တင်းရင်း လှပစေပါတယ်။

ထန်းသိမ်းနည်း
(၂) အစိုဓာတ်ထိန်းရာတွင် လက်သည်း၊ ခြေသည်းကိုပါ မမေ့ပါနှင့်
ထိန်းပေးရုံ သာမက လက်သည်း၊ ခြေ သည်းခြောက်သွြေွ့ကပ်ဆတ်နေရင် ရေ နံဂျယ်လီခပ်ထူထူလိမ်းပြီး လက်သည်း၊ ခြေသည်းတစ်ဝိုက်မှာ အစိုဓာတ်ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ်ထိန်းပြီးရင် ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေစိုက်ပျိုးတဲ့အခါနဲ့ ကားရေဆေးတဲ့အခါတွေမှာ သားရေ လက်အိတ်စွပ်ပေးပါ။ ဒါဆိုရင် လက် အရေပြား ထိခိုက်မှု ကင်းစေပါတယ်။

ထိန်းသိမ်းနည်း
(၃) အသားအရေထိခိုက် ပျက်စီးစေသည့် အပြုအမူရှောင်ပါ
အမျိုးသားတွေအတွက် အသားအ ရေ ထိခိုက်စေတဲ့ အပြုအမူတွေက ဆေး လိပ်သောက်တာ၊ အရက်အလွန်အမင်း သောက်တာနဲ့ အကာအကွယ်မပါဘဲ နေ ပူထဲ ထွက်တာတို့ ဖြစ်ကြပါတယ်။ နံနက်စောစော နေခြည်နုနု ခံယူတာက အဆင်ပြေပေမယ့် နေပူရှိန်ပြင်းတဲ့ အချိန်အပြင်မှာ ခပ်ကြာကြာ နေတာမျိုး ကို ရှောင်ပါ။ နေပူရှိန်ပြင်းတဲ့အချိန်မှာ အပြင်ကို သွားရမယ်ဆိုရင် နေကာနိုင် စွမ်း SPF အဆ ၃၀ ပါတဲ့ နေကာခရင်မ် ကို လိမ်းသင့်ပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးစလုံးဟာ အသားအ ရေကို အလွန်အမင်း ထိခိုက်မူ ဖြစ်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။

ထိန်းသိမ်းနည်း
(၄) ဆံပင်ကို ကြက်ဥ၊ ဘဲဥသုံးပြီး ပေါင်းတင်ပါ
ရှမ်ပူအနည်းငယ်ထဲကို ကြက်ဥ ဒါမှ မဟုတ် ဘဲဥထည့်မွှေပြီး ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ အချိန် ငါးမိနစ်ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံပင် သားကို ပရိုတင်းဓာတ် ရရှိစေပါတယ်။

ထိန်းသိမ်းနည်း
(၅) မျက်နှာကို သဘာဝပစ္စည်းများသုံးပြီး ဆေးကြောသန့်စင်ပါ
မျက်နှာနဲ့ လည်ပင်းကို သဘာဝ အအေးခရင်မ် (Cold Cream) လိမ်းပြီး ဂလစ်ဆရင်းနှင်းဆီရေနဲ့ သန့်စင်ပါ။ မျက်နှာအရေပြားကို ထိခိုက်စေတဲ့ ကြေး တွေနဲ့ အညစ်အကြေးတွေကို ကင်းစင် စေပါတယ်။

ုlike လုပ်ခြင်းဖြင့်လဲအားပေးကြပါလို့ သူငယ်ချင်းများကို အသိပေးအပ်ပါသည်ခင်ဗျာ

BY GOOD HEALTH
ဆက်ဖတ်ရန်

" ထူးထူးဆန်းဆန်း ပန်းရောင်သန်းနေတဲ့ ရေကန် "


တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင် စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါး ဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့ Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။


ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ... ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင် ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရတာလဲဆိုတော့ ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး( Dunaliella salina )ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အဲဒီ Dunaliella salina တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။ အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့ ပန်းရောင် ရေကန်ဟာလည်း ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆ များလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။

နိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင် ရေကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကို ခံစားချင်သူတွေအတွက် အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။ ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက် ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။ ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။ နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။

ရေကန်စပ်မှာပင်လျှင် များပြားလှသော ဆားပွင့်ကလေးများကို တွေ့ရှိပါတယ်
ရေကန်ပတ်လည်မှာ ခုလို အမြုပ်ဖြူဖြူတွေ ဖွေးနေအောင် တွေ့ရပါတယ်

ဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေ မနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေက ဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာ အသက်မွေးဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။ ၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီး အမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။

၎င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာ နေရာလည်း ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ နေ့လည်ခင်းတွေမှာ ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန်ရဲ့ ကမ်းခြေမှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့ ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။ ထူးခြားတဲ့ ပန်းရောင် ရေကန်ဟာ ဆီနီဂေါလ်နိုင်ငံရဲ့ အမျိုးသားအမွေအနှစ်လည်း ဖြစ်ပါတယ်။

like လုပ်ခြင်းဖြင့်လဲအားပေးကြပါလို့ သူငယ်ချင်းများကို အသိပေးအပ်ပါသည်ခင်ဗျာ
ဆက်ဖတ်ရန်

" အလွယ်တကူရနိုင်သည့် ကနဖော့၏ အကျိုးကျေးဇူးများ "


၁။ ကနဖော့ရွက်ကို ကြိတ်ပြီး ခေါင်းမှာ အုံပေးရင် ခေါင်းကိုက်ပျောက်တယ်။ စာကျက်ရတာများလို့ ဦးဏှောက်ညောင်းညာ ပင်ပန်းတဲ့အခါ အဲဒီလို လုပ်ပေးသင့်ပါတယ်။ အရေပြားနဲ့ အကြောရောဂါတွေအတွက်လည်း သုံးကြတယ်။

၂။ ကနဖော့ရွက်အရည်ကို နွားနို့နဲ့ဖြစ်ဖြစ် ဆိတ်နို့နဲ့ဖြစ်ဖြစ် သောက်ပေးရင် ဆီးပူညောင်းကျနာ ပျောက်စေနိုင်တယ်။

၃။ ကနဖော့ကို ပြုတ်ပြီးတို့စားရင်ဖြစ်စေ၊ ကနဖော့ပြုတ်ရည်နဲ့ ချွေးအောင်းခဲ့ရင်ဖြစ်စေ ဖောရောင်ခြင်း ပျောက်ကင်းနိုင်တယ်။

၎။ ကနဖော့ ပဉ္စငါးပါးရည်ကို နည်းနည်းစီသောက်ပေးသွားရင် ကျောက်ဖြူပေါက်ရောဂါ၊ အရေပြားရောဂါ၊ ချဉ်ဆီတိုးတဲ့ ရောဂါတွေ ပျောက်ကင်းနိုင်ပါတယ်။

၅။ ကနဖော့ရည်ကို ပျားရည်နဲ့ ရောသောက်ရင် ကျောက်ရောဂါပျောက်ကင်းနိုင်တယ်။

၆။ ကနဖော့တစ်ပင်လုံးကို အမြစ်ပါမကျန် ယူ။ ရေစင်အောင်ဆေးပြီး ဆန်ဆေးရည်။ မုံညှင်းဆီတို့ ထည့်ပြုတ်ပြီး ဆားနည်းနည်းထည့်သောက်ရင် အသည်းအားနည်းတဲ့ ရောဂါကို ပျောက်ကင်းနိုင်ပါတယ်။



like လုပ်ပေးခြင်းဖြင့်လဲ အားပေးသွားကြပါလို့ သူငယ်ချင်းများကို အသိပေးပါတယ်ခင်ဗျာ
ဆက်ဖတ်ရန်

Monday, June 17, 2013

'Samsung Galaxy NX ကင်မရာ'


အခုတစ်လော Galaxy တွေအတန်းစီပြီး ထွက်နေလို့ ဝေဖန်သူတွေ ဆူညံနေတဲ့အချိန်မှာ ဒီတစ်ကြိမ်လည်း လာပြန်ပါပြီ၊ဒါပေမယ့် Android ဖုန်းအနေနဲ့လာတာမဟုတ်ပါဘူး၊ကင်မရာအနေနဲ့ထွက်ရှိလာမှာပါ၊


ထိတွေ့မျက်နှာပြင် Andorid OS နဲ့ထွက်ရှိလာတဲ့ Galaxy NX300 ကင်မရာဟာဆိုရင် မျက်နှာပြင်အကျယ် ၄.၃ လက်မ၊ ကင်မရာ mega pixel ကတော့ 20.3 MP နဲ့ထွက်ရှိလာပါတယ်၊

ဘတ္ထရီအားသွင်းတဲ့ စနစ်ဖြစ်ပြီး အင်တာနက် ချိတ်ဆက်အသုံးပြုလို့
ရနိုင်ပါတယ်၊စမတ်ဖုန်းတွေလို ဗီဒီယိုနှင့်သီချင်းများကိုပါ ကြည်ရှုခံစားလို့
ရမည့်အပြင် Android game များကိုပါထည့်သွင်းကစား လို့ ရစေမှာဖြစ်ပါတယ်၊

လာမယ့် ဇွန် ၂၀ ရက်နေ့ Samsung’s London Premier Event ပွဲမှာ မိတ်ဆက်ပြသ သွားမယ်လို့ ဆမ်ဆောင်းရဲ့ အကြီးကဲဖြစ်သူ CEO's JK Shin ကပြောကြားထားကြောင်းသိရပါတယ်၊
ဆက်ဖတ်ရန်

English လေ့လာသူများအတွက် အထောက်အကူပြု စကားလုံးများ ( 2 )


သူငယ်ချင်းများအဆင်ပြေအောင်လို့ နှစ်ပိုင်းခွဲပြီးတင်ထားပေးတာပါ
ဒါတောင်အတော်ရှည်နေသေးတယ်ဗျ.........:)

Do you mind if i butt in ? - ( ၀င်ပြောရင်စိတ်မရှိနဲ့ )
What a coincidence ! - ( တိုက်ဆိုင်လိုက်တာ)
What line are you in ? - (မင်းဘာစီးပွားရေးလုပ်လဲ)
That's not the way to do it - (ဒီလိုမလုပ်ရဘူး)
Can it be shown ? (သက်သေပြနိုင်လား)
So what ? (အဲဒီတော့ဘာဖြစ်လဲ)
Walls have ears ! (လူတွေကြားကုန်မယ်)
Let out - (လျှို့ ဝှက်ချက်ကိုပြောပြပါ)
A little bird told me - (သိနေတယ်လေ)
Just you wait - (မင်းသိမယ်)
Let's say grace - ( ဆုတောင်းလိုက်ကြစို့ )
I don't care for myself - ( ငါ့အတွက်ငါမပူဘူး)
It's nothing to do with you - (မင်းနဲ့ ဘာမှမဆိုင်ဘူး)
Don't feel backward - (တွန့် ဆုတ်တွန့် ဆုတ် လုပ်မနေနဲ့ )
Don't be afraid - ( ရဲရဲပြော ၊ ရဲရဲလုပ် ၊ အားမနာနဲ့ )
Without fail - (မပျက်မကွက်)
Can i make a bargain ? (ဈေးဆစ်လို့ ရမလား)
Be quiet - (တိတ်တိတ်နေ)
Keep quiet - ( ၊၊ )
Keep silent - ( ၊၊ )
Thank God - (တော်ပါသေးရဲ့)
What a relief ! ( ၊၊ )
Never say never again - ( စကားအကုန်မပြောနဲ့ )
To be honest - (ပွင့်ပွင့်လင်းလင်းပြောရရင်)
Home is where the heart is - ( စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ)
You are very curious - ( မင်းအရမ်းစပ်စုတာပဲ)
It'll go down in history - (သမိုင်းတွင်းကျန်ရစ်လိမ့်မည်)
Few and far between - (ရှားမှရှားပါပဲ)
May be - (ဟုတ်ချင်ဟုတ်မယ်)
I don't stand on your tongue - ( ငါသည်းမခံနိုင်တော့ဘူး)
Don't answer back - ( ပြန်မပြောနဲ့ )
Mind your own business - (ကိုယ့်အလုပ်ကိုယ်လုပ်ပါ)
It's not your business - ( မင်းအလုပ်မဟုတ်ပါဘူးကွာ)
Don't do like that - ( ဒီလိုမလုပ်နဲ့ )
Don't talk like that - ( ဒီလိုမပြောနဲ့ )
I'm rather tied up - ( ငါ့မှာ လုပ်စရာတွေတော်တော့်ကိုများနေတယ်)
What a laughing stock ! - ( ရယ်စရာကောင်းလိုက်တဲ့အကောင်)
What a shameless fellow !- (အရှက်မရှိလိုက်တဲ့အကောင်)
What a shameless gue ! - ( ။ )
So far - (ခုချိန်ထိ)
We're not on speaking terms -(ငါတို့ မခေါ်ကြဘူး စကားမပြောကြဘူး)
I'm getting tired of it - ( စိတ်ပျက် စိတ်ကုန်လာပြီ )
I'm sick of this - ( ၊၊ )
I'm fed up with it - ( ၊၊ )
Go on - ( ဆက်လုပ် / ဆက်ပြော)
Go ahead - ( ဆက်လုပ် / ဆက်ပြော)
Keep on - ( ဆက်လုပ် / ဆက်ပြော)
Carry on - ( ဆက်လုပ် / ဆက်ပြော)
Surprise ! Suprise ! - ( အံ့ရော အံ့ရော )
Words fail me ! - ( ။ )
That would be better - ( ဒါဆိုရင်ပိုကောင်းမယ်)
You are very childish _ ( မင်းသိပ်ကလေးဆန်တာပဲ)
It wasn't me - ( ကျွန်တော်မဟုတ်ရပါဗျာ)
Who did it ? - ( ဘယ်ကောင်လုပ်တာလဲ )
What a forgetful creature i am ! - (ငါဟာတော်တော်ကိုမေ့တက်တဲ့အကောင်ပဲ )
Oh ! how forgetful i am ! - ( ငါ့နှယ်နော်မေ့တက်လိုက်တာ )
What a fussy fellow ! - ( ပျာယီးပျာယာ နိုင်လိုက်တဲ့ကောင် )
How clumsy you are ! - ( ပုံပျက်ပန်းပျက် ကိုးရိုးကားရားနိုင်လိုက်တာ)
Do it before you forget - ( မမေ့ခင်လုပ်လိုက်အုံး)
He's a chip off the old block - (ဘမျိုးဘိုးတူပဲ )
Please , call a spade a spade - ( အရှိကိုအရှိအတိုင်းဗြောင်ဖွင့်ပြောပါ )
Lest you should forged it - ( မင်းမေ့သွားမှာစိုးလို့  )
It's just that i can't afford - ( ငါမတက်နိုင်လို့ ပါကွာ)
I haven't time to do it - ( အဲဒါလုပ်ဖို့  ငါ့မှာ အချိန်မရှိဘူး )
You really were taking liberties - ( မင်းဟာတကယ့်ကို ကဲလွန်းအားကြီးတယ်)
What do you take me for ? - ( မင်းငါ့ကိုဘာအောက်မေ့လို့ လဲ )
Knock it off - ( လုပ်မနေစမ်းပါနဲ့ )
Don't gossip about other - (သူများအတင်းမပြောနဲ့ )
There's nothing to be afraid - ( ဘာမှကြောက်စရာမရှိပါဘူး)
I can't bear to do so - ( ငါဒီလိုမလုပ်ရဲဘူး)
It's the chance of a lifetime - ( ဒါဟာတစ်သက်မှာတစ်ခါ၇တဲ့အခွင့်အရေးပဲ)
Do it any means - (ဘယ်နည်းနဲ့မဆို ဒါကိုလုပ်ပါ)
Such is life - ( ဘ၀ဆိုတာ ဒီလိုပါပဲကွာ)
I didn't bargain for such trouble - ( ဒီလိုဒုက္ခမျိုး ကြုံ့ မယ်လို့  ငါမထင်ခဲ့ဘူး)
Don't bully me - ( ငါ့ကိုဗိုလ်မကျနဲ့  ၊ အနိုင်မကျင့်နဲ့ )
Don't be conceited - ( ဘ၀င်မမြင့်နဲ့ )
Not as much as you think - ( မင်းထင်သလောက်မဟုတ်ပါဘူး)
I'm all against it - ( အဲဒါကိုငါလုံးဝ ဆန့် ကျင်တယ်)
I don't agree with you - ( မင်းကိုငါသဘောမတူဘူး)
Not like that - (အဲဒီလိုမဟုတ်ဘူး)
More than enough - ( လိုတာထက်တောင်ပိုသေး)
That's enough - ( တော်ပါပြီ )
Not so bad - (သိပ်မဆိုးပါဘူး)
You should - (မင်းလုပ်သင့်တယ်)
His life was in a mess - ( သူ့ ဘ၀ကတော့ ညစ်နေပြီ)
Have a heart - ( စာနာပါ ၊ သနားပါ )
Wait and see - ( စောင့်ကြည့်ဦးပေါ့ကွာ)
Not absolutely sure yet - ( လုံးဝမသေချာသေးဘူး)
Oh ! dear me - ( ဖြစ်မှဖြစ်ရလေကွာ)
That's really a pity - ( ဒါဟာတကယ့်ကို သနားစရာပဲ)
It depends - ( အခြေအနေအရပဲ)
It's up to you - (မင်းအပေါ်မူတည်တယ် )
Give me a hug - ( ကဲကဲ ကျေအေးလိုက်ကြစို့ )

Not again - ( တော်ပါတော့ ၊ မပြောပါနဲ့ တော့)
End of story - ( ။ )

I tell this in confidence - ( မင်းကိုယုံလို့ ပြောတာ လျှောက်မပြောနဲ့ )
Break it up - (ရန်ဖြစ်တာ တော်ကြတော့)
Not up to much - ( ကျေနပ်ဖွယ်ရာမရှိဘူး)

Do as you do - ( မင်းကြိုက်သလိုလုပ် )
Do as you like - ( ။ )

Thumbs up - ( အောင်ပြီဟေ့ )
All the best - ( အောင်မြင်ပါစေ)

Keep away - (အနားမကပ်နဲ့  ဝေးဝေးေ၇ှာင်)
Keep out - (အနားမကပ်နဲ့  ဝေးဝေးေ၇ှာင်)

Mum's the word - (ဒါကို လျှို့ ဝှက်ထား )

Don't be cocky - ( မာန်မတက်နဲ့ )

A deal is a deal - ( အပေးအယူလုပ်ပြီးသားက လုပ်ပြီးသားပဲ )

First come , first served ( ဦးရာလူ စနစ်ပဲ )
Everybody his due - ( သူ့ နေရာနဲ့ သူပဲ)

Keep your mind - (စိတ်ထိန်းပါ )
You shouldn't call people names - (မင်းလူတွေကိုနင်ပဲငဆ မပြောသင့်ဘူး)
Once in a blue moon - (ဖြစ်တောင့်ဖြစ်ခဲ တစ်သက်မှာတစ်ခါဆိုသလို)
He's under a cloud - (သူ့ ကို မယုံသင်္ကာ ဖြစ်နေတယ်)
I don't accept it - ( ငါလက်မခံဘူး)
Have a go - (လုပ်ကြည့်)

Shame on you - (မင်းရှက်ဖို့ ကောင်းတယ်)
What a shame ! (ရှက်စရာကောင်းလိုက်တာ)
If were in his place - ( ငါသာသူ့ နေရာမှာ ဆိုရင် )
If i were in your place - ( ငါသာမင်းနေရာမှာဆိုရင်)
I feel nothing special - (ထွေထွေထူးထူးမခံစားပါဘူး)
If i were you - (ငါသာမင်းဖြစ်ရင်)

Don't do as i do - ( ငါလုပ်သလို လိုက်မလုပ်နဲ့ )

Sooner or later - ( အနှေးနဲ့ အမြန်ဆိုသလိုပေါ့)
Once a thief , always a thief ( တစ်ခါခြံခုန်ဖူးတဲ့ နွား ၊ ဆက်ခုန်မှာပဲ )
How're things with you? (မင်းကောအားလုံးအဆင်ပြေရဲ့ လား)
How's everything? (အစစအရာရာ အဆင်ပြေရဲ့  လား )
Easy now - (စိတ်အေးအေးထားပါ)
Out you go - (ထွက်သွားစမ်း)
Oh ! quite - ( ငါသဘောတူတယ်)
I do - ( ငါသဘောတူတယ်)
I agree with you - ( ငါသဘောတူတယ်)

Don't worry . I' ve done this before - (မပူပါနဲ့  ၊ ဒါမျိုးအတွေ့ အကြုံ ရှိပြီးသား)

Take care - (သတိထား)

အဆင်ပြေကြပါစေနော်.......
ကူးယူဖော်ပြခွင့်ပေးတဲ့ပိုစ်ရှင် Hein Htet Aung ကိုလဲကျောဇူးတင်ပါတယ်ခင်ဗျာ
ဆက်ဖတ်ရန်

English လေ့လာသူများအတွက် အထောက်အကူပြု စကားလုံးများ ( 1 )



Business is business - (စီးပွားရေးက စီးပွားရေးပဲ)
Money talks - ( ပိုက်ဆံ စကားပြောတယ်)
Tall that to the marines - ( တောမှာသွားပြော)
Lead your own way - ( ကိုယ့်သမိုင်းကိုယ်ရေး)
Are you nuts? - ( မင်းရူးနေလား)
You are very talkative - (မင်းအရမ်းစကားများတာပဲ)
Behave yourself - ( ယဉ်ယဉ်ကျေးကျေးပြုမူပါ)
That's the beauty of it - ( အဲဒါလေးတွေချစ်ဖို့ ကောင်းတာ )
You stay out it - ( မင်းဝင်မပါနဲ့ )
Man matters most in life - (လူသာ ပဓာန ပါ )
Time out - ( ခဏရပ်နားပေးပါ )
There's one born every minute - ( အချဉ်ဖမ်းရတာလွယ်ပါတယ်)
You are shameless - ( မင်းဟာအရှက်မရှိဘူး)
Mind your p's and q's - (အနေအထိုင်ဆင်ခြင်နော်)
Age before beauty - ( အသက်ကြီးသူကိုဦးစားပေးပါ)
Don't do double - dealing - ( နှစ်ဖက်ချွန်မလုပ်နဲ့ )
Just as i thought - ( ထင်တဲ့အတိုင်းပဲ)
I'm buying - (ငါဒကာခံမယ်)
He was all ears - ( သူသိပ်သိချင်နေတယ်)
Don't talk rot - ( မဟုတ်တာမပြောနဲ့ )
Don't tell a lie - ( လိမ်မပြောနဲ့ )
I'm all ears - ( ငါနားထောင်နေပါတယ်)
Don't you see ? - ( မင်းနားလည်မယ်ထင်ပါတယ်)
Dead or alive - (အသေ ရရ အရှင် ရရ)
Let bygones be bygones - ( ပြီးတာတွေလည်းပြီးပါစေတော့ကွာ)
The point is - ( ငါဆိုလိုချင်တာက)
You're too big for your boots - ( မင်းတော်တော်ကြီးကျယ်တဲ့ကောင်ပဲ)
Get to the point - (လိုရင်းကိုပြောပါ)
That calls for celebration - ( မုန့် ကျွေးသင့်တယ်)
Every second counts - ( စက္ကန့် တိုင်းတန်ဖိုးရှိတယ်)
Give me a sec - ( တစ်စက္ကန့် လောက်အချိန်ပေးပါ)
Right away ! - (အခုချက်ခြင်းပဲ)
You heard me - ( ကြားတယ်နော်)
Perish the thought - ( မစဉ်းစားနဲ့ တော့ မေ့ပစ်လိုက်တော့ )
Too little too late - ( နည်းနည်းလေးနောက်ကျသွားတယ်)
That's a poser - ( ဒါဟာသိပ်ခက်တဲ့ မေးခွန်းပဲ)
Where the hell have you been ? ( မင်းဘယ်လျှောက်သွားနေတာလဲ)
It's all moonshine - ( လုံးဝအဓိပ္ပာယ်မရှိဘူး)
That 's why - ( အဲဒါကြောင့် ၊ ဒါကြောင့်)
The reason is that - ( အကြောင်းကတော့ဗျာ)
That's because - ( ဘာကြောင့်လဲဆိုတော့)
Don't disturb me - (ငါ့ကိုလာမနှောက်ယှက်နဲ့ )
Don't put blame upon other - ( သူများကိုလွှဲမချနဲ့ )
It's been said -( ပြောကြတာပဲလေ )
May i have a little chat- ( စကားနည်းနည်းလောက်ပြောပါ၇စေ)
Take care of yourself- (ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော်)
Won't you enjoy it? - (မင်းဒါကိုသဘောမကျဘူးလားးး)
Anything to please you? - (မင်းစိတ်ကြိုက်တွေ့ ရဲ့ လားး)
The best of my ability - (ငါ့အစွမ်းအကုန်ပ)ဲ
That's a deal - (ဒါအတည်ပဲ )
Need anything? - (ဘာလိုသေးလဲ)
So far so good - (အခုအချိန်ထိတော့ ဟုတ်နေသေးတယ် )
What a daft idea! (အဓိပ္ပာယ် မရှိလိုက်တဲ့ အတွေး)
Don't talk ill of others - (သူများမကောင်းကြောင်းမပြောနဲ့ )
Look here - (ဒီမယ် ငါပြောမယ်)
Think it over - ( ထပ်စဉ်းစားပါအုံး)
It's not that- (ဒီလိုမဟုတ်သေးဘူးလေ)
You have my word - (ကျွန်တော်ကတိပေးပါတယ်)
For your eyes only - (ဘယ်သူကိုမှမပြနဲ့ )
Fairly sensible - (အမြော်အမြင် တော်တော်ရှိတယ်)
Don't indulge your child - ( မင်းရဲ့  ကလေးကိုအလိုမလိုက်နဲ့ )
Just so - (ဒီလိုပဲဖြစ်ရမယ်လေ )
That's going beyond joke - ( နောက်တာလွန်လာပြီနော်)
Nonsense - (အဓိပ္ပာယ် မရှိဘူးကွာ)
You'd better treat me - (မင်းငါ့ကို ဧည့်ခံပြုစုရင် ကောင်းမယ်)
What a pity! - (သနားစရာကောင်းလိုက်တာ )
How absent-minded you are ! - (မင်းနှယ်ကွာ မေ့တက်လိုက်တာ)
You can say that again - (သိပ်ဟုတ်တာပေါ့ ၊ ဟုတ်လိုက်လေခြင်း)
What's the use of it? ( အဲဒါဘာအသုံးကျမှာမို့ လို့ လဲကွာ)
Do it at once - ( ခုချက်ခြင်းလုပ် )
Don't be reluctant - ( စိတ်မပါလက်မပါ ဖြစ်မနေနဲ့ )
The same as ever - ( ခါတိုင်းလိုပါပဲ)
What's available? - (ဘာရနိုင်ပါသလဲ ?)
Leave it to me - ( ငါ့တာဝန် ထားလိုက်စမ်းပါ )
Don't blame me - (ငါ့ကို အပြစ်လာမတင်နဲ့ )
It's not my fault - (ငါ့အမှားမဟုတ်ဘူး )
I don't have all day - (ငါတစ်နေကုန်အချိန်မရဘူး)
If you've got time - (မင်းအချိန်ရရင်)
Please make yourself at home - (ကိုယ့်အိမ်လိုပဲသဘောထားနော်)
Please come and join us - ( ငါတို့ ဆီကို လာပါ ၊ ဖိတ်ခေါ်ပါတယ်)
Nature calls ! - ( အိမ်သာသွားလိုက်အုံးမယ်)
Duty calls ! - ( ကိစ္စ ရှိလို့ သွားလိုက်အုံးမယ် )
Keep your nerve - (က္ကနြေ္ဒ မပျက်စေနဲ့ )
Don't take an air - (ဟိတ်ဟန်ထုတ်မနေနဲ့ )
့How much - ( ဘယ်လောက်ကျသလဲ)
Don't argue with me - (ငါ့ကိုလာမငြင်းနဲ့ )
Any time - (ဘယ်အချိန်မဆို)
Oh ! you dare say so - ( ပြောရဲ လိုက်တာ )
How dare you are ! (မင်းကရဲလှချည်လားးး)
Listen to me - (ငါပြောတာနားထောင်)
Look here -( ဒီမယ်ငါပြောမယ်)
Any thing? - (ဘာကိစ္စရှိလို့ လဲ )
Like father , like son - (ဖအေတူသားပဲ )
Don't dig your own grave - (ကိုယ့် သေတွင်း ကိုယ်မတူးနဲ့ )
Something wrong - (တစ်ခုခုမှားနေပြီ)
What's wrong? (ဘာများမှားသွားလဲ)
Not good enough - (သိပ်မကောင်းဘူး)
Don't be talkative - ( စကားမများနဲ့ )
Here comes - ( လာပါပြီ )
What's happened? ( ဘာဖြစ်ခဲ့တာလဲ )
How come ! ( ဘယ်လိုဖြစ်တာလဲ)
As ever - (အရင်အတိုင်းပဲ)
Don't interfere - (၀င်မပါနဲ့  ၀င်မစွက်နဲ့ )
This beats me - ( ဒါငါ့အတွက်သိပ်ခက်တယ်)
That is to say - ( ပြော၇မယ်ဆိုရင်တော့ )
You got a minute - ( အချိန်နည်းနည်းအားလား )
By the way - (စကားမစပ်)
As you see - (မင်းသိမြင်တဲ့အတိုင်းပဲ)
It goes without saying - (အထူးပြောနေစရာမလိုပါဘူးးးး)
Suit yourself - (စိတ်တိုင်းကျသလိုလုပ် )
Don't give me that - ( ငါ့ကို အငြင်းစကားတွေလာမမေးနဲ့ ) 
ဆက်ဖတ်ရန်

"မစ္ဆရိယ ငါးမျိုး သိကောင်းစရာ"


       ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယ ဟု ခေါ်ပါတယ်။ မစ္ဆရိယ
အားကြီးသူသည် ငရဲသို့ ကျရောက်ပါတယ်၊ ငရဲကလွတ်၍ လူဖြစ်လာလျှင်လည်း ငတ်
ပြတ်ဆင်းရဲပြီး အထီးကျန် တစ်ယောက်တည်း နေရတတ်ပါတယ်။ မစ္ဆရိယ ငါးမျိုးရှိပါ
တယ်၊ ယင်းတို့မှာ-==
     ၁။အာဝါသ မစ္ဆရိယ= အဆောက်အဦး ကောင်းကောင်းဖြင့်  ကိုယ်သာနေလိုပြီး
အခြားသူများ မနေစေလိုခြင်း။
     ၂။လာဘ မစ္ဆရိယ  = ကိုယ်သာ  လာဘ်လာဘ  စီးပွါးဥစ္စာ  ပေါများလိုပြီး  အခြား
သူများကို  မပေါများစေလိုခြင်း။
     ၃။ကုလ မစ္ဆရိယ   =ပေးကမ်းထောက်ပံ့ နိုင်သော ဆွေမျိုးများ၊  ဒကာများအား အခြား
သူများထံသို့   အသွားအလာ  အဆက်အသွယ်  မရှိစေလိုခြင်း။
     ၄။ဝဏ္ထ မစ္ဆရိယ    = ကိုယ့်ထက်သာသူ၏ ဂုဏ်ကျေးဇူးကို  မချီးမွမ်း နိုင်ခြင်း။
     ၅။ဓမ္မ မစ္ဆရိယ      =တရားသဘောကို  မိမိသိသလို  သူတစ်ပါးကို မသိစေလိုခြင်း။
တို့ဖြစ်ကြပါတယ်။
            ဒါကြောင့် မိမိတို့ကလည်း ကိုယ့်ထက်သာတဲ့သူအပေါ် “ မုဒိတာ ” ၀မ်းမြောက်
ဝမ်းသာဖြစ်ပြီး၊ ကိုယ့်ထက်နိမ့်တဲ့သူအပေါ် ဂရုဏာထားနိုင်ကာ တစ်ဆင့်ပြီးတစ်ဆင့်၊
ကောင်းသထက်ကောင်း၊ မြင့်သထက်မြင့်ကာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို မျက်
မှောက်ပြု ခံစားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။

  “ ဘာသာဝါဒ ရွေးချယ်ကြ ”
   ================
ဘာသာဝါဒ၊  ရွေးချယ်ကြ
မှန်မှ  ကျိုးများမည်။
အယူဝါဒ၊  မှားယွင်းက
မုချ  ကျိုးနည်းမည်။
အမှားအမှန်၊  ရွေးချယ်ရန်
စံမှန်  ရှိရမည်။
မှတ်ကျောက်မှာတင်၊  စံမှာယှဉ်
ရွေးလျှင်  မမှားပြီ။ ။
(ချမ်းမြေ့ဆရာတော်)

ဆက်ဖတ်ရန်

"တစ် နှစ် သုံး ပဟေဠိ ၏ မူလ အစ "


ယနေ့ခေတ် လူရွှင်တော်များ "အတိုင်" နှင့် "အဖောက်" ပြက်လုံးပျက်တတ်သည့် ဟာသ ပျက်လုံးတစ်ချို့ ကို ဓမ္မမိတ်ဆွေများ ကြားဖူးကြပါလိမ့်မည်။ "တစ်=တစ်တီတူး ၊ နှစ်=ရေမှုတ် ၊ သုံး=ပိုက်ဆံ" အစရှိသဖြင့် ပေါ့။

တကယ်တမ်းပြောရလျှင် ဤသို့ အတိုင် နှင့် အဖောက် ပဟေဠိဖွက်ခြင်း ပုံစံ မျိုး မှာ ရှေးခေတ် အခါက ကျေးလက်နေ ကလေးငယ်လေးများ ၏ ဂဏန်းသချာင်္ တစ်,နှစ်,သုံး အဓိပ္ပါယ်ဖော် ကစားနည်းတစ်မျိုးလည်းရှိ ဖူးပါကြောင်း လေ့လာမှတ်သားရပါသည်။

ထေရ၀ါဒ ဗုဒ္ဓစာပေကျမ်းဂန် "ခုဒ္ဒကပါဋ္ဌပါဠိတော်" တွင် ဤကဲ့သို့ "တစ်,နှစ်,သုံး"နည်းဖြင့် "ဗုဒ္ဓမြတ်စွာဘုရားရှင်"တရားဟောတော်မူခဲ့သည်ကိုတွေ့မြင်ဖတ်ရှုလိုက်ရပါ၏။("ခုဒ္ဒကပါဋ္ဌပါဠိတော်"ဟူသည်မှာ"အတို
ထွာတရားစာများ ကို စုစည်းထားသောပါဠိတော်"ဟုဆိုရမည်။)

"ခုဒ္ဒကနိကာယ်"၏ပထမဆုံးကျမ်းစာဖြစ်ကာ ယင်းတွင်-"သရဏသုံးပါး,ဆယ်ပါးသီလ,သုံးဆယ့်နှစ်ကောဋ္ဌာသ"စသည်တို့
အပြင် "မင်္ဂလသုတ်,ရတနသုတ်,မေတ္တာသုတ်"ပရိတ်တော်များ နှင့်"နိဓိကဏ္ဍသုတ်"များလည်းပါဝင်ပါ၏။

ထို ပါဠိတော် တွင် "ကုမာရဥှာ"ဟူသော ကဏ္ဍလေးပါဝင်သည်ကိုတွေ့ရပါ၏။"ကုမာရပဥှာ"ဟူသောအဓိပ္ပါယ်မှာ"ကလေး
များ စကားထာဝှက် သောစာ" ဟူ၏။ဗုဒ္ဓမြတ်စွာဘုရားရှင် က သူ၏သားတော်လေး "ရာဟုလာ" ကိုရင်လေး ကိုသင်ပေးသည့် စကားတော်များဖြစ်ပါသည်။ ရှင်သာမဏေ(ကိုရင်ကလေး) ဟူသည်မှာ ငယ်ရွယ်သော ကလေးငယ်လေးများဖြစ်သဖြင့် ဟိုစကား, ဒီစကား မပြောမိအောင်၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် အမေး အဖြေ လုပ်ထား၍ ကလေးနှင့်လျော်ညီစွာ သင်ပေးခြင်းဖြစ် ပါသည်။

"ရှင်ရာဟုလာ" အပါအ၀င် အခြားသော ရှင်သာမဏေ ကလေးသူငယ်လေးများအနေဖြင့် ဂဏန်းသချာင်္ သင်ပြီးသားလည်းဖြစ်၊အမေး အဖြေလည်းတတ်သွား၊တရားဓမ္မ လည်း နားထဲဝင်သွားရန် ရည်ရွယ်ပါ၏။
"ရာဟုလာ မင်းသားလေး" ရှင်သာမဏေ (ကိုရင်)၀တ်ပြီးနောက် "ဗုဒ္ဓမြတ်စွာဘုရားရှင်" က ဤသို့ မေးခွန်းလေးများထုတ်၍ အဖြေပါ သင်ပေးပါသည်။

တစ်= တစ်ခု သောတရားမည်သည် အဘယ်နည်း?
-(သတ္တ၀ါဟူသမျှတို့သည် အကြောင်း "အာဟာရ" လျှင် တည်ရာရှိကုန်၏။)

(နေ့စဉ် ပြုလုပ် နေရသည့်၊ စားသုံးနေရသည့် စိတ်ပျက်ငြီးငွေ့စရာ ဒုက္ခ ကို တရားသံဝေဂ ရစိမ့်သောငှာ "ဗုဒ္ဓ" က ဂဏန်းနှင့်တွဲဖက် သင်ကြားခြင်းဖြစ်ပါ၏။)

နှစ်= နှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("ရုပ် နှင့် နာမ်" တည်း)

(အကျိုးမရှိတာတွေ မမှတ်စေပဲ အကျိုးရှိတာမှတ်စေရန် ရည်ရွယ်၍ လူ၏သန္တာန် တွင် "ရုပ် နှင့်နာမ် နှစ်ခုပဲ ရှိသည်" ဟု သင်ပေးခြင်း ဖြစ်ပါ၏။)

သုံး= သုံးခု သောတရားမည်သည် အဘယ်နည်း?
-( "ဝေဒနာ သုံး ပါး" တည်း။)

(အာရုံ နှင့်တွေ့သည့်အခါ "ခံစားချက် သုံးမျိုး" ဖြစ်ပါ၏။ကောင်းတာနှင့်တွေ့လျှင် ပျော်၏။ကြိုက်၏။ မကောင်းတာနှင့်တွေ့လျှင် စိတ်ညစ်တတ်၏။ကောင်းတာလည်း မဟုတ်၊မကောင်းတာလည်းမဟုတ် တွေ့လျှင် ပျော်သည်လည်း မဟုတ်၊စိတ်ညစ်သည်လည်းမဟုတ် ရှိတတ်သည်ကိုရည်ညွှန်း၍ သင်ပေးခြင်းဖြစ်ပါ၏။)

လေး= လေးခု သောတရားမည်သည် အဘယ်နည်း?
-(အရိယာတို့၏ အမှန်တရား၊ "သစ္စာ လေးပါး" တည်း။)

(လောက တွင် "တကယ့်အမှန်တရား လေးခု" ဖြစ်သော "ဒုက္ခ,သမုဒယ,နိရောဓ,မဂ္ဂ" ကို သာသင်ပေးလိုက်ခြင်းဖြစ်ပါ၏။)

ငါး= ငါးခု သောတရားမည်သည် အဘယ်နည်း?
-(စွဲလန်းမှု"ဥပါဒါနက္ခန္ဓာ ငါး ပါး" တို့တည်း။)

(လူများတွင် "တဏှာအမြင်""ဒိဋ္ဌိအမြင်"နှင့်စွဲလန်းသော"ဥပါဒါနက္ခန္ဓာငါးပါး"(ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဉ်)ကို
သင်ကြားပေးခြင်း ဖြစ်ပါ၏။)

ခြောက်= ခြောက်ခု သောတရားမည်သည် အဘယ်နည်း?
-(အတွင်း (အဇ္ဈတ္တိကာ-"အာယတန ခြောက် ပါး" တို့တည်း။)

(အာရုံတို့၏အခြေခံ၊အပြင်ဘက်မှအာရုံများနှင့်ဆက်သွယ်ဖို့ရာလိုအပ်သော"အင်္ဂါခြောက်ခု"(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊
ကိုယ်၊စိတ်) အဆင့်ဆင့် ကမ္မဋ္ဌာန်းပွားနိုင်လောက်သည်အထိ ကလေးငယ်နှင့်တန်ရုံ ဂဏန်းသဘောလေးများကို မှတ်ခိုင်းကာ တဖြည်းဖြည်း သင်ကြားပေးခြင်းဖြစ်ပါ၏။)

ခုနှစ်= ခုနှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("ဗောဇ္ဈင် ခုနှစ် ပါး" တို့တည်း။)

(အသိဉာဏ်ဖြစ်ပေါ်ဖို့ရာအတွက် (၁)သတိသမ္ဗောဇ္ဈင်,(၂)ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်,(၃)၀ီရိယ သမ္ဗောဇ္ဈင်,(၄)ပီတိ သမ္ဗောဇ္ဈင်,(၅)ပဿဒိ သမ္ဗောဇ္ဈင်,(၆)သမာဓိ သမ္ဗောဇ္ဈင်,(၇)ဥပေက္ခာ သမ္ဗောဇ္ဈင် စသည့် စွမ်းရည်သတ္တိနှင့်ကိုယ့်သန္တာန် တို့တွင် ပေါ်ပေါက်စေရန် သင်ကြားခြင်းဖြစ်ပါ၏။)

ရှစ်= ရှစ်ခု သောတရားမည်သည် အဘယ်နည်း?
-("အင်္ဂါ ရှစ်ပါး" ရှိသော အရိယာမဂ် တည်း။)

( "မဂ္ဂ" ဆိုသည်မှာ "လမ်းကြောင်း"၊ မည်သည့်နေရာသွားသည့်လမ်းကြောင်းလဲ ဟူမူ- နိဗ္ဗာန် သို့ သွားရန် လမ်းကြောင်းဖြစ်ပါ၏။
(၁)သမ္မာဒိဋ္ဌိ (၂) သမ္မာသင်္ကပ္ပေါ (၃)သမ္မာဝါစာ(၄)သမ္မာကမ္မန္တော (၅)သမ္မာ အာဇီဝေါ (၆)သမ္မာ ၀ါယာမော (၇)သမ္မာသတိ(၈) သမ္မာသမာဓိ အစရှိသော ထို မဂ္ဂင်ရှစ်ပါး စွမ်းအားများ မိမိ၏သန္တာန်တွင် ရလျှင် နိဗ္ဗာန် ထိအောင်ဆောင်နိုင်ကြောင်းသင်ကြားခြင်းဖြစ်ပါ၏။)

ကိုး= ကိုးခု သောတရားမည်သည် အဘယ်နည်း?
-(သတ္တ၀ါတို့၏တည်နေရာ "သတ္တ၀ါသ ကိုးပါး" ရှိသော တို့တည်း။)

(သတ္တ၀ါများကိုခြုံငုံကြည့်လိုက်လျှင် (သတ္တ+အာဝါသ)သတ္တ၀ါများနေထိုင်သော ဘုံ ကိုးမျိုးသာလျှင် ရှိပါ၏။
(၃၁ ဘုံ-ကို (၉) မျိုး ဖြစ်အောင်ချုံ့ပြောလိုက်ခြင်းပါ။ ဥပမာ အားဖြင့် (၁) နာနတ္တကာယ နာနတ္တသညီ၊
(၂) နာနတ္တကာယ ဧကတ္တသညီ(၃) ဧကတ္တကာယ နာနတ္တသညီ (၄) ဧကတ္တကာယ ဧကတ္တသညီ စသဖြင့်) သင်ကြားပေးခြင်းဖြစ်ပါ၏။)

တစ်ဆယ်= ဆယ်ခု သောတရားမည်သည် အဘယ်နည်း?
-(အင်္ဂါ ဆယ်ပါးနှင့် ပြည့်စုံသူ ကို "ရဟန္တာ" ဟု ဆိုအပ်၏။)

(မှန်ကန်သော ဓမ္မများကို ကျင့်ကြံ ဆောက်တည် သွားသည့်ရဟန္တာ ပုဂ္ဂိုလ် များသည် "အင်္ဂါဆယ်မျိုး"နှင့် ပြည့်စုံသွားသည် ဟု သင်ကြားခြင်းဖြစ်ပါ၏။ အတော်ခက်ပါသည်။( အင်္ဂါ ဆယ်မျိုး မှာ-မဂ္ဂင်(၈)ပါး+(၉)သမ္မာဉာဏ(မှန်မှန်ကန်ကန်သိမြင်သော အသိဉာဏ်) (၁၀)သမ္မာဝိမုတ္တိ(မှန်ကန်သော နည်းလမ်းဖြင့် ကိလေသာများမှ လွတ်မြောက်သွားခြင်း) တို့ ပါဝင်သွားခြင်း ဖြစ်ပါ၏။)

(မူရင်းပါဠိတော် တွင် "ဧကံ နာမ င်္ကိ ?" ဟုမေး၍ "သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ"စဖြင့် ဖြေကြားပါသည်။ ကျွန်တော့်အနေဖြင့် မူ အကျဉ်းခေါင်းစဉ်အတိုင်း အဓိပ္ပါယ်ပေါ်ရုံ မြန်မာပြန်သာ လိုတိုရှင်းဖော်ပြထားခြင်းဖြစ်၍ ဆိုင်ရာ အဋ္ဌကထာ တွင် အကျယ်ဖွင့်ဆိုထားပါသည်။)

"ရှင်ရာဟုလာ" ကို ထိုသို့ အမေး အဖြေ ပြုခဲ့ဖူးသလို "သောပါက"သူငယ် ကိုလည်းမေးခဲ့ပါသည်။
"သောပါက သူငယ်"ကို သေစေရန် သုဿန်၌ချည်နှောင် စွန့်ပစ် ထားရာ နောင်တွင် "ရဟန္တာ"ဖြစ်၍ "မဟာသာဝက"စာရင်းဝင်ဖြစ်မည့်"ဥပနိဿယ"ကို မြင်၍ "ဗုဒ္ဓမြတ်စွာဘုရားရှင်"ကိုယ်တော်တိုင်ကြွ ကာ ဤပြဿနာအတိုင်းပင် မေးခဲ့ပါ၏။

"သောပါက"သူငယ် က အထက်ပါ မေးခွန်း(၁၀)ခုကို မလွဲအောင် အစဉ်အတိုင်း ဖြေနိုင်သဖြင့်"ရဟန်း"အဖြစ်ခွင့်ပြုကြောင်း"အဋ္ဌကထာ"၌ ဖွင့်ဆိုထားပါသည်။ ကြည်ညိုဖွယ်ကောင်းလှချည့်။
"တစ် မှ တစ်ဆယ်"အထိ အဓိပ္ပါယ် မည်မျှ နက်နဲ လှသည် ဆိုသည်ကို ဓမ္မမိတ်ဆွေ သဘောပေါက်လောက်ပါပြီ။
"တစ် မှ ကိုး"အထိ သိနိုင်သည်ပဲ ထားပါတော့။ "တစ်ဆယ်"ဟူသော "ရဟန္တာ၏အင်္ဂါဆယ်ပါး"ဆိုတော့ ဘာမှန်းကိုမသိပါ။

ကျွန်တော် တင်ပြလိုရင်းမှာ-
ဤမေးခွန်း ဆယ်မျိုး ကို ဖြေဆိုနိုင်သဖြင့် "ဗုဒ္ဓမြတ်စွာဘုရားရှင်" လက်ထက်တော် ကာလ က "ခုနှစ်နှစ်သား ရဟန်းများ" ရှိနေပြီ ပါသည် တဲ့။

ဗုဒ္ဓကမ္ဘာဆိုဒ်ကိုညီညီတင်၏ဘလော့ကိုမျှဝေထားပါသည်

ဆက်ဖတ်ရန်

မိန်းမနဲ့ယောက်ျား ဘာတွေများ ကွာခြားပါသလဲ


လူသည် မွေးကတည်းက ယောက်ျားနှင့်မိန်းမဟူ၍ ကွဲပြားခဲ့ပါသည်။ အချစ်စိတ်၊ ကာမရာစိတ်မှာ အရွယ်
ရောက်လာမှ ဝင်ရောက်လာခြင်း ဖြစ်လေသည်။ သုတေသီများ၏ လေ့လာချက်အရ
၁။ အသက် အနည်းငယ် ငယ်ရလေသော် ကျား၊ မ မခွဲခြားဘဲ ကလေးများအချင်းချင်း ရောနှော ကစားတတ်ကြသည်။
၂။ အသက် (၁၀)နှစ်နှင့် (၁၂)နှစ်ကြားသို့ ရောက်လေသော် ယောက်ျားလေးအုပ်စုနှင့် မိန်းကလေးအုပ်စုတို့
အုပ်စုဖွဲ့၍ ရန်ဖြစ်လာတတ်ကြ၏။
၃။ အသက် ၈ နှစ်၌ ယောက်ျားလေးနှင့် မိန်းကလေးတို့သည် လိင်တူအချင်းချင်း ကစားလိုသောဆန္ဒ ရှိလာ ကြသည်။
၎။ မိန်းကလေးများသည် အသက် ၁၃ နှစ်နှင့် ၁၇ နှစ်၌ ယောက်ျားလေးများအပေါ် စိတ်ဝင်စား၍ သူတို့၏
အပြုအမူများကို အလေးထားစေချင် လာကြသည်။
၅။ ယောက်ျားလေးများသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်၌ မိန်းကလေးများကို စိတ်ဝင်စားလာကြသည်။
ယင်းလေ့လာချက်မှာ အနောက်နိုင်ငံများကို အခြေခံထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၌လည်း ယေဘုယျအားဖြင့် မကွာခြားပေ။ ကွာခြားသည်မှာ အနောက်နိုင်ငံများ၌ ရည်းစားထားခြင်းကို အားပေး၍ မြန်မာနိုင်ငံ၌ ကားယင်းကိစ္စကို အားမပေးပေ။
ယောက်ျားနှင့် မိန်းမ ကာမရာဂစိတ် ဖြစ်ပေါ်ခြင်းကို လေ့လာကြည့်သော အခါ၌လည်း ယောက်ျားက
မိန်းမထက် အရွယ်စော၍ ဖြစ်ပေါ်လေ့ရှိ၏။ အသက်အပိုင်းအခြားအားဖြင့် ယောက်ျားသည် အသက် ၂၀ မတိုင်မီ၌အမြင့်ဆုံးတက်ကြွ၍ မိန်းမသည် အသက် ၃၀ ခန့်၌ အမြင့်ဆုံး တက်ကြွ နေတတ်၏ ဖို-မ ဆက်ဆံရာ၌လည်ယောက်ျားသည် မိန်းမထက်စော၍ ရာဂပြေငြိမ်းပြီး မိန်းမသည် ယောက်ျားနောက်မှ ရာဂ ပြေငြိမ်းသည်။
ဤသည်မှာမိန်းမများ၏ သဘာဝသာ ဖြစ်သည်။
ဥပမာအားဖြင့် မိန်းမသည် ရေနှင့်တူ၍ ယောက်ျားသည် ကျောက်ခဲနှင့်တူ၏။ ရေကို မီးဖိုပေါ် တင်၍ကြိုလျှင်တော်တော်နှင့်မဆူပွက်။ ဆူပြီးနောက် မီးဖိုပေါ်မှချလျှင်လည်း ရုတ်တရက်မအေး။ ထိုနည်းတူ ပင် မိန်းမတို့၏အချစ်စိတ်သည် တဖြည်းဖြည်းကြွ၍ အချစ်စိတ်ထပြီး နောက်လည်း တဖြည်းဖြည်း လျောကျသည်။
ယောက်ျားကား ကျောက်ခဲနှင့်တူ၏။ ကျောက်ခဲကို မီးဖုတ်လျှင် အလျင်အမြန် ချက်ချင်းပူ၏။ ကျောက်ခဲကို
မီးဖိုမှ ဆွဲထုတ်လျှင် မကြာမီ အေးသွား၏။ ထိုနည်းတူပင် ယောက်ျားတို့၏ အချစ်စိတ်မှာ ထလွယ်၏။ ကျလွယ်၏။
သို့ဖြစ်၍ မိန်းမတို့မှာ အချစ်စိတ်ထကြွခြင်းကြောင့် အချစ်ကိစ္စကို ချုပ်တည်းနိုင်၊ အောင့်အည်းနိုင်ကြခြင်း ဖြစ်သည်။
ယောက်ျားတို့၌ အချစ်စိတ်သောင်းကျန်းမှု ဖြစ်တတ်သည်မှာ အချစ်စိတ် ထကြွလွယ်သောကြောင့် ဖြစ်၏။
ဤသို့အားဖြင့် ယောက်ျားနှင့်မိန်းမ ခြားနားပေ၏။
ဆက်ဖတ်ရန်

အိမ်ထောင်ဖက်ရွေးတဲ့အခါမှာ ဘာတွေကို သတိထားရမှာလဲ


တစ်မိသားနှင့် တစ်မိသား အချိန်တန် အရွယ်ရောက်လေသော် တစ်ဦးနှင့်တစ်ဦး အကြောင်းဆက်
ပေါင်းဖက် ကြရသည်မှာ ဓမ္မတာဖြစ်ပေသည်။ ဤ၌ ဘဝတစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခု
ဖြစ်နိုင်ဖို့ရာအတွက်...
၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။
၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။
၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။ တူနှစ်ကိုယ် တဲအိုပျက်၌ ထမင်းရည်
လျက်ရစေတာ့ဟူသည် သီချင်းထဲမှာပဲ ရှိပါသည်။
၎။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့၊ လူဝင်ဆံ့ဖို့လည်း လိုအပ်ပါသည်။
လူကောင်းသူကောင်းနှင့် ပေါင်းဖော်တတ်သူဖြစ်ဖို့ လိုပါသည်။
၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့်စာဂ စာရိတ္တ
ကောင်းမွန်သူ ဖြစ်ရန်လည်း အရေးကြီးပါ၏။
ဤ၌ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ “ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ
စကားလေးမှာလည်း မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။
“ပါသုံးပါ” ဟူသည်
၁။ အကြွေးတွေ ပါလာသူ
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမည့်သူ ပါလာသူ

“ချာသုံးချာ” ဟူသည်
၁။ ပညာအရည်းအချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဟူသည်
၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူ
တို့ ဖြစ်ကြသည်။
ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်ထောင်ရေးသည်
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်တတ်ကြပြီး ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ ၍
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလေသည်ဟု ဆိုသည်။
ဆက်ဖတ်ရန်

နာမည်ကျော်များ၏ အတွေးအခေါ် စာစုများ


I would prefer even to fail with honor than to win by cheating.
 Sophocles (496 BC-406 BC)
 ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
 (ဆိုဖကော်လ်စ်)

To know what you prefer, instead of humbly saying Amen to what the world
 tells you . you ought to prefer, is to have kept your soul alive.
 Robert Louis Stevenson (1850-1894)
 သူများက ကြိုက်သင့်တယ်ပြောလို့ လိုက်ပြီးကြိုက်လိုက်ရတာမျိုး မဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင်
 ဘာကြိုက်တယ်ဆိုတာကို သိခြင်းဟာ ကိုယ့်စိတ်ကို ရှင်သန်တက်ကြွလာအောင် လုပ်ပေးခြင်းပဲ။
 (ရောဘတ်လူးဝစ်စတီဗင်ဆန်)

Every man has his follies - and often they are the most interesting thing
 he has got.
 (Josh Billings)
 လူတိုင်းမှာ မိုက်မဲမှုလေးတွေ ကိုယ်စီရှိကြပါတယ်၊
 အဲဒီမိုက်မဲမှုလေးတွေဟာ သူတို့ပိုင်ဆိုင်တဲ့အရာတွေထဲမှာ
 စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။
 (ဂျိုရှ် ဘင်လင်းစ်)

Reading makes a full man;
 conference a ready man;
 and writing an exact man.
 (Francis Bacon (1561-1626)
 စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူ ဖြစ်ရသည်၊
 ဆွေးနွေးခြင်းကြောင့် အဆင်သင့် ဆောင်ရွက်နိုင်သူ ဖြစ်ရသည်၊
 စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူ ဖြစ်ရသည်။
 (ဖရန့်စစ် ဘေကွန်)

It is a farce to call any being virtuous whose virtues do not
 result from the exercise of its own reason.
 Mary Shelley (1797-1851)
 ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို
 ကိုယ်ကျင့်တရား ကောင်းတယ်လို့ ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။
 (မေရီ ရှဲလီ)

A man's mind is wont to tell him more than seven watchmen sitting in a tower.
 Rudyard Kipling (1865-1936)
 လူတစ်ယောက်ရဲ့စိတ်ဟာ ကင်းတဲပေါ်က ကင်းစောင့်(၇)ယောက်ထက် ပိုပြီး ကိုယ့်ကိုယ်ကို
 သတိပေးလေ့ရှိတယ်။
 (ရ(ဒ်) ယာ့ဒ် ကစ်ပ်လင်)

Fashion is a form of ugliness so intolerable that we have to
 alter it every six months.
 (Oscar Wilde )
 ဖက်ရှင်ဆိုတာ ခြောက်လတစ်ကြိမ်ပြောင်းလဲနေရလောက်အောင်ကို
 သည်းမခံနိုင်စရာကောင်းတဲ့ အကျီးတန်ပုံစံတစ်မျိုးပဲ။
 (အော်စကာဝိုင်း)

I told the doctor I broke my leg in two places. He told me to
 quit going to those places.
 (Henny Youngman)
 ကျနော့်ခြေထောက်နှစ်နေရာမှာ ကျိုးသွားကြောင်း ဆရာဝန်ကို ကျနော်ပြောပြ
 လိုက်တယ်။ ဆရာဝန်က ဘာပြန်ပြောလဲဆိုတော့ အဲဒီနေရာတွေဆီ နောက်မသွားနဲ့တော့ တဲ့။
 (ဟဲနီ ယန်းမန်း)

Selfishness must always be forgiven you know, because there is no
 hope of a cure.
 Jane Austen (1775-1817)
 အတ္တဆန်မှုဆိုတာ အမြဲတစေ့ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲဆိုတော့
 ကုရာနတ္ထိ ဆေးမရှိဘူးလေ။
 (ဂျိန်းအော်စတင်)

One of the darkest evils of our world is surely the unteachable wildness of
 the Good.
 H.G. Wells (1866-1946)
 ကျွန်တော်တို့ကမ္ဘာလောကထဲရှိ အမိုက်မှောင်ဆုံး မကောင်းမှုတွေအနက် တစ်ခုကတော့
 လူကောင်းလူတော်ဆိုသူတွေရဲ့ သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုပဲ။
 (အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)

Never give up, for that is just the place and time that the tide will turn.
 Harriet Beecher Stowe (1811-1896)
 ဘယ်တော့မှ အားမလျှော့နဲ့၊ ကံကြမ္မာပြောင်းလဲမှုဆိုတာ ကာလဒေသအပေါ်မှာလဲ
 မူတည်တယ်။
 (ဟာရိုက်ဘီချာစတူး)

The words that enlighten the soul are more precious than jewels.
 Hazrat Inayat Khan
 စိတ်ကို အသိဉာဏ်ရစေတဲ့စကားလုံးတွေဟာ ရတနာတွေထက် ပိုတန်ဖိုးရှိတယ်။
 (ဟာ့ဇ်ရတ် အိုင်နယတ် ခန်)

The truth is the kindest thing we can give folks in the end.
 Harriet Beecher Stowe (1811-1896)
 ကျမတို့ နောက်ဆုံး လူတွေကို ပေးနိုင်တဲ့ အကြင်နာဆုံးအရာကတော့
 သစ္စာတရားပါပဲ။
 (ဟာရိုက် ဘီချာစတူး)

Malice is of the boomerang character,
 and is apt to turn upon the projector.
 William Makepeace Thackeray (1811-1863)
 ရန်ညှိုးဆိုတာ လက်နက်ပျံတစ်ခုလိုပဲ၊
 ပစ်တဲ့ ကာယကရှင်ဆီ ပြန်လည်လာတတ်တဲ့ သဘောရှိတယ်။
 (၀ီလီယံမိတ်ခ်ပီးစ်သက်ခရေး)

Better to be without logic than without feeling.
 Charlotte Bronte (1816-1855)
 ခံစားချက်မရှိခြင်းထက် ယုတ္တိမရှိခြင်းက ပိုကောင်းပါသေးတယ်။
 (ရှားလက်တ် ဘရွန့်တီ)

Fortitude is the marshal of thought, the armor of the will, and
 the fort of reason.
 Francis Bacon (1561-1626)
 သတ္တိဆိုတာ တွေးတောကြံစည်မှုရဲ့ အကြီးအချုပ်၊ စိတ်ဆန္ဒရဲ့ ချပ်ဝတ်မိန်ညို၊
 ဆင်ခြင်ဉာဏ်ရဲ့ ခံတပ်ပါပဲ။
 (ဖရန့်ဆစ်စ် ဘေကွန်)

Faith, as well intentioned as it may be, must be built on facts, not fiction-
 faith in fiction is a damnable false hope.
 (Thomas Alva Edison)
 ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်
 ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ
 အမှားဖြစ်ဖို့ နီးစပ်တယ်။
 (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်)

Thou shouldst eat to live; not live to eat.
 Socrates
 အသက်ရှင်ဖို့ စားတာမျိုးပဲ ဖြစ်သင့်တယ်။
 စားဖို့အသက်ရှင်နေတာမျိုး မဖြစ်သင့်ဘူး။
 (ဆော့ခရတ္တိ)

Time flies like an arrow. Fruit flies like a banana.
 Groucho Marx
 အချိန်ဟာ မျှားတစ်စင်းပစ်လွှတ်လိုက်သလို အကုန်မြန်တယ်။
 စည်းစိမ်ဆိုတာ ငှက်ပျောသီးတစ်လုံးစားလိုက်သလို အပြုန်းမြန်တယ်။
 (ဂရောင်ချို မာ့ခ်စ်)
ဆက်ဖတ်ရန်

Sunday, June 16, 2013

သီပေါမင်းပါတော်မူပြီးတဲ့နောက် အင်္ဂလိပ်နယ်ချဲ့ကို ဘယ်သူတွေ ဦးဆောင်တော်လှန်ခဲ့သလဲ



ဘိုးတော်ဘုရား၊ ဘကြီးတော်ဘုရားတို့ လက်ထက်ကပင်လျှင် နယ်ချဲ့အင်္ဂလိပ်တို့သည် ရေခံမြေခံ
ကောင်းမွန်လှသော သဘာဝမြေဆီသြဇာ ကြွယ်ဝလှသော မြေပေါ်မြေအောက် သယံဇာတများ ပေါကြွယ်ဝလှ
သော မြန်မာနိုင်ငံအား မျက်စိအကျကြီး ကျခဲ့ကြသည်။ သည့်အတွက် နည်းပရိယာယ် အသွယ်သွယ်သုံးလျက်
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ နောက်ဆုံး သီပေါဘုရင်လက်ထက်သို့ ရောက်သောအခါစစ်လက်နက်အင်အား များစွာဖြင့် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ရောက်စေခဲ့သည်။ မြန်မာဘုရင်
အရှင်သခင်တို့အား ဖမ်းဆီးချုပ်နှောင်ကာ တိုင်းခြားရေဝေးသို့ ပို့ဆောင်ခဲ့ကြသည်။
သူ့ကျွန် မခံလိုသောစိတ်ဓာတ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မျိုးချစ်တိုင်းရင်းသားခေါင်းဆောင် တို့သည်
လူသူလက်နက်များ စုစည်းကာ နယ်ချဲ့အင်္ဂလိပ်တို့အား တိုက်ခဲ့ကြပါသည်။ ထိုမျိုးချစ်သူရဲကောင်း ပုဂ္ဂိုလ်တို့ကား....
၁။ ဝန်းသိုနယ်မှ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်
၂။ ပုဂံနယ်မှ ဗိုလ်ချို
၃။ ဝဲလောင်နယ်မှ ဗိုလ်ရာညွန့်
၎။ မင်းတပ်နယ်မှ ဗိုလ်ဆွေ
၅။ နတ်မောက်နယ်မှ ဗိုလ်မင်းရောင်
၆။ ကယားပြည်နယ်မှ စောလှဘော်
၇။ ချင်းတောင်တန်းဒေသမှ တာရွန်းချင်းခေါင်းဆောင် ဗိုလ်ဆွန်ပက်
၈။ မိုးကောင်းနယ်မှ ဗိုလ်စော၊ ဗိုလ်ထီ
၉။ မြောက်ပိုင်း ရှမ်းပြည်နယ်မှ လင်းပင်းမင်းသားကြီး
၁၀။ တောင်ပိုင်း ရှမ်းပြည်နယ်မှ လင်းပင်းမင်းသားကြီး
၁၁။ မင်းဖြူနယ်မှ ဗိုလ်ဥတ္တမ
၁၂။ မင်းတုန်းနယ်မှ ဗိုလ်ရွဲ
၁၃။ ကျောက်ဆည်နယ်မှ ဗိုလ်သာကျွန်
၁၄။ ဆီးပင်နယ်မှ မြင်စိုင်းမင်းသားကြီး
၁၅။ ရွှေဘိုနယ်မှ ထိပ်တင်မှတ်
၁၆။ ပုပ္ပါးနယ်မှ ဗိုလ်နက်ကျော်
၁၇။ ရှိမ်းမကားနယ်မှ ဗိုလ်ရိမ်
၁၈။ ကျွမ်းခင်ကြီးနယ်မှ ဗိုလ်လှကျော်
၁၉။ ချောင်းခွမှမင်းသားစောရန်နိုင်တို့ ဖြစ်ကြသည်။
ဆက်ဖတ်ရန်

..ပိုးရတု ခြေလှမ်းသို့ ကဗျာ....(အဖေ)



အဖေ့သွေးနဲ့လောင်းခဲ့ လက်နှစ်သစ်လူ
လူတကာက မြှောက်ပင့်လိုက် ရိုက်ချလိုက်
မမြင်တာကြာပြီပေါ့…။
ခပ်နက်နက်တွင်းထဲမှာ ပျော်ရဲ့လား အဖေ
အချိုအခါးတွေ ကွဲပြားသေးရဲ့လား
ကျောခိုင်းထားတဲ့ မနက်ဖြန်
လမ်းညွှန်မယ့် သူတွေ့နေပြီလား
အ၀ိဇ္ဖာတွေ မီးထွန်းညှိပြီးပြီလား
အမှန်တရားကို ခေါင်းညှိတ်တတ်ပြီလား
ဒီလိုပဲ မွေးခွန်းတွေ
စကားပြောတိုင်း တစ်ပွက်ပွက်နဲ့
ဒူးထောက်ရင်း ထွက်ထွက်ကျလာတယ် အဖေ…။
နောင်တဆိုတာ တခါးမဖွင့်ပေးသင့်တဲ့
တရားဝင် ဧည့်သည်တဲ့..။
မှားပြီလားအဖေ…….
မှားခဲ့ပြီလား…..
ထားလိုက်ပါတော့…….
ဘယ်သူမှမမှန်တယ့် လောက
အဖေအမှားကို နတ်သကြားတောင်မမြင်ခဲ့တာ
သူလဲ မှားချင်မှားမှာပေါ့…။
အချိန်တွေ ကြာလာတော့လဲ
အပြွတ်အသိပ် ချဉ်ခြင်းတွေနဲ့
သားတစ်ယောက်ဘ၀ရဲ့ လမ်းပြမီးအိမ်
ဖြစ်စေချင်ခဲ့တယ်အဖေ….ရယ်…။
ကိုယ်မြင်းကိုယ်စိုင်းခဲ့တဲ့
အဖေရဲ့လက်တစ်စုံ
လက်ပြဖို့ပဲ နောက်ဆုံးဆိုတာ
မီးခိုးတွေနဲ့ ကျောက်စာတင်လိုက်တယ်...
မှန်ရဲ့လားဆို……
အဖေဆိုခဲ့တဲ့
ဘာမှအသုံးမကျတဲ့ သား….
သူကိုတစ်ချက်လောက်ပဲ
လာ…လှည့်…ကြည့်…ပေး…ပါ…အဖေ…..။

                                     နေကောင်းကင်နီ

ဆက်ဖတ်ရန်

သိင်္ဂုတ္တရကုန်းတော်နဲ့ပတ်သက်လို့ အမည်ဘယ်လောက်ရှိသလဲ



လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီး ကိန်းဝပ်စံပ္ပယ်တော်မူသော ကုန်းမြေကို သိင်္ဂုတ္တကုန်းတော်ဟု ခေါ်ဆိုပါပါသည်။

ထိုသိင်္ဂုတ္တ ကုန်းတော်သည် အမည်(၇)ပါးတွင်၏။ ၎င်းတို့ကား...
 ၁။ တရိဟကုမ္ဘ
 ၂။ သတ္တဘုမ္မိ
 ၃။ ဓညဝတီ
 ၄။ ပေါက္ခရဝတီ
 ၅။ ဘူရိဒတ္တ
 ၆။ သီဟရာဇာ
 ၇။ သိင်္ဂုတ္တရ တို့ ဖြစ်ကြသည်။
 - တရိဟကုမ္ဘ ဟု တွင်သည်ကား ဟိမဝန္တတောင်၏ အဆုံးဖြစ်သော တောင်စွယ်တောင်ထိပ် သုံးလုံး တို့သည်
 ဤကုန်းကို ညွတ်တွား ဦးခိုက် နေသကဲ့သို့ ရှိသောကြောင့် ဖြစ်၏။
 - သတ္တဘုမ္မိဟု တွင်သည်ကား ရွှေ၊ ငွေ၊ အနီ၊ အဖြူ၊ အမည်းအဆင်းများနှင့် ချဉ်သော၊ ဖန်သော အရသာများ ရှိသည်။
 မြေခုနှစ်မျိုး ပါဝင်သော ကုန်းတော်ဖြစ်သောကြောင့် ဖြစ်၏။
 - ဓညဝတီဟု တွင်သည်ကား ကောက်နှံ၊ ရတနာပစ္စည်း၊ သစ်ပင်၊ ပန်းမန်တို့ ပေါများကြွယ်ဝ သောကြောင့် ဖြစ်၏။
 - ပေါက္ခရဝတီ ဟုတွင်သည်ကား သိင်္ဂုတ္တရကုန်းတော်ကို ၉၉ ကုံးရံ၍နေသောကြောင့်ဖြစ်၏။
 - ဘူရိဒတ္တဟု တွင်သည်ကား ဤကုန်းသို့ ရောက်လာသော သတ္တဝါတို့သည် ရန်သူပင် ဖြစ်သော် လည်း
 ရန်ပြေငြိမ်းစေတတ် သောကြောင့်ဖြစ်၏။
 - သီဟရာဇာဟု တွင်သည်ကား ထိုကုန်းကိုမြင်လျှင် ရဲရင့်ခြင်းနှင့် ပြည့်စုံသောကြောင့်ဖြစ်၏။
 - သိဂုင်္တ္တရဟု တွင်သည်ကား ထိုအရပ်၌ တစ်ခုသော ကင်းကြီးသည် ဆင်များကို သတ်ဖြတ် စားသောက်၍
 အစွယ်များကို စုပုံထားရာ ဖြစ်သောကြောင့် ကင်းကြီးနှင့် ဆင်စွယ်များကို အကြောင်းပြု၍ မှည့်ခေါ်ခြင်း ဖြစ်သည်။
 (အဆိုပါ သိင်္ဂုတ္တကုန်းတော်ကို သိကြားမင်း၏ အမိန့်ဖြင့် ဝိသကြုံနတ်သား ရှင်းလင်းသောည၌
 တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် တောင်ကုန်းကို မိမိတို့ကိုယ်တိုင် တွေ့ရှိရပြီဟု အိပ်မက်မြင်မက် ကြလေသည်။ နံနက် မိုးသောက်သည်နှင့် ထိုနေရာသို့ သွားကြသောအခါ စည်မျက်နှာကဲ့သို့ ညီညာပြန့်ဖြူးစွာ ရှင်းလင်းထားသောကုန်းမြေကို အံ့ဘွယ် တွေ့ရှိရလေသည်။ )
ဆက်ဖတ်ရန်

အလောင်းမင်းတရားကြီးရဲ့ လက်ရွေးစင်သူရဲကောင်းတွေ ၆-ကျိပ်ကျော်ဆိုတာ ဘယ်သူတွေလဲ



တတိယမြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်မူခဲ့သည့် အလောင်းမင်းတရားကြီး၏ ငယ်ကျွန်
 လူယုံတော် လက်ရွေးစင် သူရဲကောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဗိုလ်တွန်၂။ ဗိုလ်ကောင်း၃။ ဗိုလ်ကျားကြီး၎။ ဗိုလ်ကျားလေး

၅။ ဗိုလ်မဲတူ ၆။ ဗိုလ်ညိုစိန် ၇။ ဗိုလ်ပြန့် ၈။ ဗိုလ်တောက်

၉။ ဗိုလ်ငမန်း ၁၀။ ဗိုလ်အံ့ကျော် ၁၁။ ဗိုလ်ပေလိပ် ၁၂။ ဗိုလ်ရဲသူ

၁၃။ ဗိုလ်ကျော်ဇံ ၁၄။ ဗိုလ်ထွန်း ၁၅။ ဗိုလ်ပြား ၁၆။ ဗိုလ်ကျောက်မီး

၁၇။ ဗိုလ်ပေါအီ ၁၈။ ဗိုလ်ထင် ၁၉။ ဗိုလ်နောက် ၂၀။ ဗိုလ်ဖိုးနွား

၂၁။ ဗိုလ်ကျွဲကြီး ၂၂။ ဗိုလ်ကွန်းဇော် ၂၃။ ဗိုလ်သာလှ ၂၄။ ဗိုလ်မြိုင်

၂၅။ဗိုလ်ပန်းလှ ၂၆။ ဗိုလ်ထိန် ၂၇။ ဗိုလ်ထွေး ၂၈။ ဗိုလ်ခိုင်

၂၉။ ဗိုလ်နိုင် ၃၀။ ဗိုလ်အေး ၃၁။ ဗိုလ်ထွားကြီး ၃၂။ ဗိုလ်ပိုးမျှင်

၃၃။ ဗိုလ်စံသိန်း ၃၄။ ဗိုလ်စံညိန်း ၃၅။ ဗိုလ်နက် ၃၆။ ဗိုလ်ငမိုး

၃၇။ ဗိုလ်ငတော ၃၈။ ဗိုလ်စော ၃၉။ ဗိုလ်ကြောင် ၄၀။ ဗိုလ်ပန်းမွှေး

၄၁။ ဗိုလ်ဖိုးငါး ၄၂။ ဗိုလ်ကံကြီး ၄၃။ ဗိုလ်စွာ ၄၄။ ဗိုလ်စံပ

၄၅။ ဗိုလ်ငတု ၄၆။ ဗိုလ်အောင် ၄၇။ ဗိုလ်ပန်းဖူး ၄၈။ ဗိုလ်ပေါက်

၄၉။ ဗိုလ်ငညို ၅၀။ ဗိုလ်ကြွား ၅၁။ ဗိုလ်ကြွက်နီ ၅၂။ ဗိုလ်လွန်း

၅၃။ ဗိုလ်မှန်း ၅၄။ ဗိုလ်ကြွယ် ၅၅။ ဗိုလ်ဟောက် ၅၆။ ဗိုလ်ကျယ်

၅၇။ ဗိုလ်သန့် ၅၈။ ဗိုလ်ရန်ဝေး ၅၉။ ဗိုလ်ကျော် ၆၀။ ဗိုလ်သာတင်

၆၁။ ဗိုလ်မောက် ၆၂။ ဗိုလ်သံဒိုင် ၆၃။ ဗိုလ်ဆက် ၆၄။ ဗိုလ်တက်

၆၅။ ဗိုလ်ငအုံး ၆၆။ ဗိုလ်ပေါလူ ၆၇။ ဗိုလ်မြ ၆၈။ ဗိုလ်ဝ

တို့ဖြစ်ကြပါကြောင်း။ . . . ..
ဆက်ဖတ်ရန်

Saturday, June 15, 2013

၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ ၁၀ နိုင်ငံကိုပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီ


၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း code များမှာ


Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063, တို့ဖြစ်ပါတယ်။

ယင်း 0100 code နဲ့ နိင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။

ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက်ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

http://aungthetkhing.blogspot.com/2013/06/blog-post_6336.html မှမျှဝေထားခြင်း ဖြစ်ပါသည်
ဆက်ဖတ်ရန်

ပစ္စည်းအားလုံးကို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်


အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။


တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့  လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာ- စန္တယားတီးတဲ့ ဂိမ်းတစ်ခုကို အင်တာနက်မှာ ရှာပြီး ကိုယ်တိုင်တီး မယ်ဆိုရင် USB နဲ့ ယင်းဆားကစ်ကို ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ် အသုံးပြုချင်တဲ့ ပစ္စည်းများကို အသုံးပြုနိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် ဆားကစ်မှာ ကြိုးသလို ဖြည့်ဆွက်နိုင်ပါတယ်။ ငှက်ပျောသီး ငါးလုံးနဲ့ တီးမယ်ဆိုရင်လည်း ဆားကစ်က ထွက်တဲ့ ကြိုးနဲ့ ငှက်ပျောသီး ငါးလုံးပေါ် ညှပ်ထားရုံပဲ ဖြစ်ပါတယ်။

စန္တယားကို လှေကား အထစ်လေးတွေနဲ့ တီးချင်ရင် လှေကား အထစ်တွေဆီ ကြိုးတပ်ရုံပဲ ဖြစ်ပါတယ်။ လှေကား တစ်ထစ်ပြီး တစ်ထစ် တက်လိုက်ဆင်း လိုက် လုပ်တိုင်း အသံထွက်နေမှာ ဖြစ်ပါတယ်။

အဓိက အသုံးပြုတဲ့ နည်းပညာ Concept ကတော့ လူမှာ ရှိနေတဲ့ လျှပ်စစ်ဓာတ်နဲ့ အရာဝတ္တုတစ်ခုခုကို ထိတွေ့တဲ့ ယင်းအရာဝတ္ထုက ပြန်လည် တန်ပြန် တုန့်ပြန်မှုပေးတဲ့ သဘောတရား ဖြစ်ပါတယ်။ ယင်း Sensitive ဖြစ်မှု ကို အထင်ရှားဆုံးဖြစ်လာအောင် Makey Makey အမည်ရ ဆားကစ်က ဖန်တီးပေးတာ ဖြစ်ပါတယ်။ တီထွင်သူ Jay Sliver ရဲ့  ဖန်တီးချက်ကို အား လုံး အံ့သြမင်သက် ခဲ့ရပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပါဘူး။ ဘာ Application မှ Install လုပ်စရာ မလိုပါဘူး။ တကယ် ခပ်ရှင်းရှင်း ဆားကစ် တစ်ခုမျှ သာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း ဖန်တီးနိုင်ပါတယ်လို့တောင် Sliver ကဆိုထားပါတယ်။ http://makeymakey.com/ ဒီဝဘ်ဆိုဒ်မှာ သူအသေး စိတ်ရှင်းလင်း ပြ သထားပါတယ်။ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Makey Makey (Make everything a key) အမည်ရ ဆားကစ်က ဘယ်လို အလုပ်လုပ်ဆိုတာ စမ်းသပ်ပြသထာတဲ့ အောက်ပါ ဗီဒီယိုမှာ လေ့လာကြည့် ရှုနိုင်ပါတယ်။

ဗွီဒီယိုကိုဒီမှာကြည့်ပါ

ရိုးရာလေးရဲ့နည်းပညာမှ ဝေမျှထားပါသည်။။
ဆက်ဖတ်ရန်

Friday, June 14, 2013

အဆိပ်အတောက်ရှိသော မစားကောင်းသည့် မှို အမှတ်လက္ခဏာများ


အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို များတွင် အောက်ပါ အမှတ် လက္ခ ဏာ များ ပါရှိမည် ဖြစ်
 သည်။ သယ် ရင်း တို့ ဗဟုသုတ ရအောင် ဖော်ပြလိုက်ပါသည်။


၁။ မှိုကို ချိုး ၍ လျှာ ဖြင့် တို့ ကြည့် ပါက အလွန်ပူပြီး ငရဲ မီးနံ့  ထွက် နေလျှင် မစားသင့် ပါ။
 ၂။ မှိုကို ချိုးလိုက်ပါက အလွန်ဖြူ ၍ ပျစ်သော နွားနို့ နှင့် တူသော အစေးများ ထွက်လာလျှင် မစားသင့် ပါ။
 ၃။ မှိုပေါ်တွင် ဆားအနည်း ငယ် ဖြူး ကြည့် ခြင်း၊ ဆားရည်တွင် စိမ်ကြည့် ခြင်း ဖြင့် ညို ၊ ပြာ၊ နက် အရောင်များဖြစ်ခဲ့ သော် ထို မှို ကို မစားသင့် ပါ။
 ၄။မှို၏ အရိုးတံကို ခြေ ကြည့် ခြင်း ဖြင့် ကြွေမွ သွားသော် ထိုမှိုကို မစားသင့်ပါ။
 ၅။ မှိုတစ်ပွင့်လုံး ကို လက်နှင်ပ ခြေ ကြည့် ခြင်းဖြင့် အနီရောင် အရည်များ ထွက်လာသော် မစားသင့်ပါ။
 ၆။မှို၏ အရိုးကို ဓါးနှင့်ဖြတ် ကြည့်ပြီး ဖြတ်စသည် ညို၊ ပြာ၊ သွားသော် မစားသင့်ပါ။
 ၇။ အ၀ါရောင် ၊ အနီရောင် ၊ အပြာရောင် စသည့် တောက်ပြောင် ထင်ရှားသော အရောင်များ ရှိသည့် မှိုကို မစားသင့်ပါ။
 ၈။ မှို မျိုး မှုန် (Sponre) အစိမ်းရောင် သန်းနေလျှင် ထိုမှိုကို မစားသင့်ပါ။
 ၉။ ပန်းရောင်ရှိသော စပိုး (Spore ) ပါရှိသည့် မှိုကို မစားသင့်ပါ။
 ၁၀။ မှို ခြေ ကျင်း နှင့် မှို ခွက် နှစ်ခု စလုံး ပါပြီး အဖြူရောင် ပါးဟက်မျိုး ပါတတ်သည့် မှို မျိုး ကို မစားသင့်ပါ။
 ၁၁။ ပိုးမွှား ကျရောက်၍ သွန်နေသော မှိုမျိုး ကိုလည်း မစားသင့်ပါ။
 ၁၂။ သဲမြေ တွင် သိပ်မ၀င်သော (သို့ ) မြေ မျက်နှာ ပြင်ပေါ်တွင် ရှိသော အပွင့် သေးသည့် မှို များကို မစားသင့်ပါ။
 ၁၃။ လွန်စွာ လင်းရိပ်ကျပြီး မည်းမှောင်သော နေရာတွင် ပေါက်သည့် မှို များကို မစားသင့်ပါ။
 ၁၄။ အရွယ်မရောက်သေးသည့် မှိုလုံး ကလေး များသည် မှိုအင်္ဂါ ရပ်များကို အပြည့်အစုံ မဖော်ပြ သေးသဖြင့် စားသင့်၊ မစားသင့် ကို ခွဲ ခြား ရန် ခက်သဖြင့် ဤ မှို ကို မစားသင့်ပါ။
 ၁၅။ အချို့  သော မှို များသည် တစ်ဦးကို အဆိပ်မဖြစ် စေတတ်သော် လည်း အခြား တစ်ဦး ကိုမှု အဆိပ် ဖြစ်စေ တတ်သဖြင့် စားနေကျ မှို မျိုး မဟုတ်လျှင် လုံးဝ မစား ခြင်း သည် အကောင်းဆုံး ဖြစ်သည်။
ဆက်ဖတ်ရန်

Heart Attack ရခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ???

Heart Attack ရခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ???
===========================


Heart Attack ဖြစ်တဲ့ လူနာအတော်များများဟာ တစ်ယောက်တည်းရှိနေချိန်မျိုးမှာ Heart Attack ရတာ များပါတယ်...
Heart Attack ရကာနီး လူတစ်ယောက်ဟာ နှလုံးခုန် မမှန်မှုကြောင့် အားလျော့မူးဝေပြီး သတိလက်လွတ် ဖြစ်မသွားခင် ၁၀ စက္ကန့်လောက်သာ မိမိကိုယ်ကို ကယ်တင်ဖို့ အချိန်ရပါတယ်...

Heart Attack ကိုခံစားရတဲ့ လူနာအနေနဲ့ နှလုံးခုန်မူမမှန်မှုနဲ့ မူးလဲချင်သလို ခံစားရတဲ့အခါ အဆက်မပြတ်နဲ့ ပြင်းပြင်းထန်ထန် ချောင်းဆိုးပေးရပါမယ်... ချောင်းမဆိုးခင်မှာ အသက်ကိုဝအောင် ရှူပြီး ချောင်းကိုဆက်တိုက်ကြာကြာ (သလိပ်ကပ်တဲ့အခါ သလိပ်ရအောင် ဆိုးသလိုမျိုး) ဆိုးရမှာ ဖြစ်ပြီး "အဟွတ်!!!!!!!!!!" ဆိုပြီး ချောင်းတစ်ချက်တည်းကို ရှည်ရှည်ဆွဲပြီး ဆိုးရမှာ ဖြစ်ပါတယ်...

ဒီလို အသက်ရှူခြင်းနဲ့ ချောင်းဆိုးခြင်းကို ၂ စက္ကန့်ခြား တစ်ခါနှုန်းနဲ့ ကြားထဲမှာလစ်ဟာချိန်မရှိစေဘဲ အကူအညီရောက်လာတဲ့ အချိန်အထိ (သို့) နှလုံးခုန် မူမှန်သွားတဲ့အချိန်ထိ ပြုလုပ်ရမှာပါ...

ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းတွေကို ပြောရရင် အသက်ပြင်းပြင်းရှူခြင်းက Oxygen ကို အဆုတ်တွေဆီ လုံလောက်စွာ ပို့ဆောင်ပေးနိုင်ပါတယ်... ချောင်းပြင်းပြင်းထန်ထန် ဆိုးခြင်းကတော့ နှလုံးရဲ့ ညှစ်အားကို ကောင်းစေပြီး သွေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကူညီပေးသလို နှလုံးရဲ့ခုန်နှုန်း ပြန်လည်မှန်ကန်လာစေဖို့လည်း အထောက်အပံ့ပေးပါတယ်... ဒီလိုနည်းနဲ့ Heart Attack ခံစားရတဲ့ လူနာဟာ ဆေးရုံကိုရောက်တဲ့အထိ မိမိကိုယ်ကို သတိလက်လွတ်မဖြစ်သွားအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်...

=========================================

ဆက်ဖတ်ရန်

အစားထိုး ကျောင်းတက်ပေးမည့် စက်ရုပ် VGo တဲ့



ရုပ်ရှင်တွေထဲမှာ အစားထိုးတဲ့ စက်ရုပ်နဲ့တော့ မတူပါဘူး။ ၂၀၀၉ ခုနှစ်က ဘရု(စ်)ဝီလီ
သရုပ်ဆောင်တဲ့ Surrogates ရုပ်ရှင်ထဲမှာဆိုရင် လူနေရာ အစားထိုးတဲ့ စက်ရုပ်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လူက အိမ်မှာ ပဲ နေပြီး မိမိစက်ရုပ်ကို အလိုအလျောက် ထိန်းချုပ်ရတာ မျိုး ဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲကလို မဟုတ်ပေမယ့် အိမ်မှာနေမယ့် ထိန်းချုပ်လို့ရမယ့် စက်ရုပ်ကိုတော့ တကယ် တီထွင်အောင်မြင်ပြီး ဖြစ်ပါတယ်။ သူ့ကို VGo (Roboswot) လို့ အမည်ပေးထားပါတယ်။
ပုံမှာကတော့ ဖျားလို့ အတန်းမတက်နိုင်တဲ့ ၇ နှစ်အရွယ် အမေရိကန် ကျောင်းသားလေး Devon က သူ့အစား VGo စက်ရုပ်လွတ်ထားခြင်း ဖြစ်ပါတယ်။ စက်ရုပ်မှာ ကင်မရာပါပါတယ်။ တီဗီ Screen ပါပါတယ်။ ဖန်သားပြင်က VGo စက်ရုပ်ကို ထိန်းချုပ်နေသူရဲ့ ရုပ်ကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ အိမ်ကနေပဲ ကွန်ပျူတာထိန်းချုပ်မောင်းနှင်ပြီး အတန်းတက်စေပါတယ်။ အတန်းထဲမှာ သူ့အတွက် လည်း နေရာပေးထားရပါတယ်။ အခြား အတန်းဖော်တွေအနေနဲ့ ယင်းစက်ရုပ်ကို သူ့တို့ သူငယ်ချင်းလို့ ထင်မြင်မှတ် ယူ ဖို့တော့ လိုအပ်ပါတယ်။ အတန်းထဲမှာ သင်ကြားသမျှစာကိုလည်း ကင်မရာနဲ့ တိုက်ရိုက်ကြည့်ရှုပြီး တကယ့် အပြင်မှာ စာသင်ကြားသလို သင်ကြားလို့ ရတယ်လို့ ဆိုပါတယ်။ တကယ့် လူအစစ်လောက် လုပ်ဆောင်ချက် မမြန်ဆန်ဘူး- မကောင်းမွန်ဘူး ဆိုရင်တောင်မှ ဖျားနာသူ၊ ကူးဆက်ရောဂါရှိသူ၊ မသန်စွမ်းသူတို့အတွက် အသုံးတည့် မယ့် စက်ရုပ် ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၃၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
----
Ref:Roboswot

ဆက်ဖတ်ရန်

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...